Secret.Mystique

Secret.Mystique “Unveiling the hidden truths and inner magic within your soul.”
သင့်စိတ်ဝိဉာဉ်အတွင်းက လျှို့ဝှက်ဆန်းပြားတဲ့ အမှန်တရားတွေကို ဖော်ထုတ်ပေးမယ်

12/07/2026

အထက်ဆရာတို့၏ အမိန့်အရ
၈ရက်သားသမီးတို့ကို ကယ်တင်ရန်အလိုငှါဒါနအဖြစ်
သိလိုရာမေးခွန်းတစ်ခု စတိအလှူ၁၀၀၀ ကျပ်နဲ့
ဒီနေ့ည၁၀နာရီမှ၁၅ရက်နေ့ည၁၀နာရီအတွင်း
ဟောပေးပါမည်

အားလုံးစိိတ်ချမ်းသာ ကိုယ်ကျန်းမာလိုရာဆန္ဒပြည့်ကြပါစေ

#သိလိုရာမေး #ဒါနအလှူအောင်လံထူ

12/07/2026

ဒီရက်ထဲ ဆရာမmanifestation လုပ်နေတယ်
အားလုံးလည်း လိုချင်တာမန့်ပြီး
စိတ်အာရုံနဲ့ အရယူကြမယ်
လိုရာပစ္စည်း ၃ကြိမ်မန့်ပြီး မျက်လုံးထဲရနေပြီမြင်ယောင်ကာ ပစ္စည်းနာမည်တနေ့အခါ ၃၀ ရွတ်ပါ
#ဆုတောင်းပြည့်ဆွဲဆောင်ခြင်းနိယာမသဘော

10/07/2026

မနက်ဖြန်စနေနေ့မှာ
မိမိမွေးနံဒေါင့်ဘုရားမှာ
ရွှေပန်း သို့မဟုတ် ဗုဒ္ဓဟူးနံပန်း ကပ်လှုပေးပါ
နေ့ရက်အခါကောင်းမို့ ဗုဒ္ဓဟူးနံအကျိုးပေးပါသည်
လာဘ်လာဘရွှင်ပြီး ရွှေငွေ ဝင်လာမစဲ တသဲသဲဖြစ်စေမည်
#ယတြာအတိုအထွာ
#ဗုဒ္ဓဟူးနံ

#တားရော့

ခုတလော Angel Number                 1111                 222                 333                 555နံပါတ်ပူးတွေပဲတွေ့နေ...
10/07/2026

ခုတလော Angel Number
1111
222
333
555
နံပါတ်ပူးတွေပဲတွေ့နေရတယ်

Universe က တခုခုကို သတင်းပေးနေတာဖြစ်မယ်

တားရော့နဲ့ သေချာဟောပေးမယ်
နောက်နေ့ video တင်ပေးမယ်

Followers တို့ရော ဘယ်လို နံပါတ်အပူးတွေ
တွေ့နေရလဲ……

သိချင်တာမေးထားခဲ့ပါ


#သိလိုရာမေးတားရော့

08/07/2026

မအိပ်ခင်….

ဘုရားသောက်တော်ရည် တစ်ခွက်ကပ်
သံဗု​ဒ္ဒေဂါထာတော်ကို သက်စေ့ရွတ်ပြီး
အရေးကြီးလိုရာဆုတစ်ခုအဓိဌာန်ပါ 🙏🏻

၇ရက်ဆက်တိုက် ရေမွှေးဆွတ်ပါ

တစ်ပတ်အတွင်း ဆန္ဒပြည့်လာပါလိမ့်မယ်

ဆုတောင်းပြည့်ရင် 🍀 လာပြောပြကြအုန်းနော်

#အဓိဌာန်

07/07/2026

🌌 [သန်းခေါင်ယံမှာ ရောက်လာတဲ့ Ancestors message] 🌌
တစ်ခါတလေ ညဉ့်နက်တဲ့အခါ အကြောင်းရင်းမရှိဘဲ လန့်နိုးလာတာမျိုး၊ စိတ်ထဲ တစ်ခုခုကို သတိရတမ်းတမိတာမျိုး ကြုံဖူးပါသလား? အဲဒါ သင့်နောက်ကွယ်က ကာကွယ် စောက်ရှောက်နေတဲ့အစောင့်အရှောက်တွေဆီက "Midnight Notification" ပေးနေတာ ဖြစ်နိုင်ပါတယ်။
ဒီညမှာတော့ သူတို့က သင့်ကို ဒီ Message လေး ပေးချင်နေပါတယ် -
"မင်း လျှောက်နေတဲ့လမ်းမှာ ပင်ပန်းနေမှန်း၊ အားငယ်နေမှန်း ငါတို့သိပါတယ်။ ဒါပေမဲ့ မင်းက အားလုံးကို ကျော်ဖြတ်နိုင်တဲ့ သတ္တိရှိတဲ့သူပါ။ အတိတ်က စိတ်ဒဏ်ရာတွေကို အိပ်မက်ဆိုးတစ်ခုလို ထားပစ်ခဲ့ပြီး မနက်ဖြန်မှာ အလင်းရောင်အသစ်နဲ့ နိုးထပါ။ မင်းရဲ့ ခြေလှမ်းတိုင်းမှာ ငါတို့ရဲ့ အကာအကွယ်နဲ့ ကောင်းချီးတွေ အမြဲရှိနေပါတယ်။"
ဒီစာလေးကို မြင်တွေ့လိုက်ရတဲ့အချိန်ကစပြီး သင့်ရဲ့ ပူပန်မှုတွေ အားလုံး လွင့်ပျောက်ပြီး ကောင်းမွန်တဲ့ Energy တွေပဲ ရရှိပါစေ။ 🍀

(ဒီညမှာ ကိုယ့်ရဲ့ Ancestor တွေဆီက ပေးတဲ့ Message ကို ခံစားမိရင် "လက်ခံရရှိပါတယ်" လို့ Comment မှာ ရေးသားပြီး Energy တွေကို Share သွားနိုင်ပါတယ်)



#တားရော့

06/07/2026

Hidden Energy & Psychic Energy Reading - Giveaway
Tarot page ကို Follow လုပ်ထားကြတဲ့ သူများထဲကမှ ကံအကောင်းဆုံး Lucky Person (၅) ဦး ကို သိလိုရာ မေးခွန်း (၃) ခု တိတိကျကျ အခမဲ့ ဖတ်ပေးသွားပါမယ်

လိုအပ်ရင် လုပ်ရမယ့်ယတြာကိုပါ မေတ္တာလက်ဆောင် အဖြစ် ထည့်သွင်းပေးသွားဦးမှာပါနော်။ 🌟

ကံထူးရှင် ဖြစ်ဖို့အတွက် -
ဒီ Page လေးကို Follow လုပ်ထားဖို့ လိုအပ်ပါတယ်။
ဒီ Post လေးကို Like & Share လုပ်ပြီး Comment မှာ မိမိသိလိုတဲ့ အကြောင်းအရာ (သို့) "ရွေးချယ်ခံရပါစေ" လို့ ရေးပေးခဲ့ရုံပါပဲ။

အားလုံးပဲ ကောင်းမွန်သော ကံတရားရဲ့ အထောက်အပံ့တွေ ရရှိနိုင်ကြပါစေ 🍀
#
#တားရော့ #ကောင်းမွန်သောကံတရားရဲ့အထောက်အပံ့

05/07/2026

🔮 [ယနေ့အတွက် စကြဝဠာရဲ့ လမ်းညွှန်ချက် - Pick a Card] 🔮
တစ်ခါတလေကျရင် လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာတွေ၊ ရှေ့ဆက်ရမယ့် လမ်းစတွေအတွက် စကြဝဠာကြီးက ကျွန်တော်တို့ဆီကို Message လေးတွေ ပို့ပေးတတ်ပါတယ်။
ဒီနေ့ သင့်ဆီရောက်လာမယ့် စကားလုံးက ဘာဖြစ်မလဲ?
မျက်လုံးလေးခဏမှိတ်၊ စိတ်ကိုအေးအေးထားပြီး ပုံထဲက Tarot ကတ် (၃) ကတ်ထဲက သင့်ကို အဆွဲဆောင်နိုင်ဆုံး ကတ်တစ်ကတ်ကို ရွေးချယ်ပေးပါ။

ရွေးပြီးရင်တော့ Comment မှာ မိမိရွေးချယ်တဲ့ ကတ်နံပါတ်လေး ချန်ခဲ့ပြီး အောက်က အဖြေကို ဖတ်ကြည့်လိုက်ပါ။

Pile 1: ကတ်နံပါတ် (၁) ရွေးချယ်သူများ

The Star (မျှော်လင့်ချက်နှင့် ပြန်လည်ဆန်းသစ်ခြင်း)
အခြေအနေ: မကြာခင်ကမှ စိတ်ညစ်စရာ၊ ပင်ပန်းစရာတွေ ကြုံထားရလို့ အားငယ်နေပါသလား?
လမ်းညွှန်ချက်: ကတ်လေးက ပေးချင်တဲ့ Message ကတော့ "မုန်တိုင်းပြီးရင် လေပြေလာမယ်" ဆိုတာပါပဲ။ သင့်ဘဝရဲ့ အမှောင်ဆုံးအချိန်တွေ ပြီးဆုံးသွားပါပြီ။ အနာဂတ်အတွက် မျှော်လင့်ချက်အသစ်တွေ၊ အခွင့်အလမ်းကောင်းတွေ အံ့ဩဖို့ကောင်းလောက်အောင် ပေါ်လာပါလိမ့်မယ်။ မိမိကိုယ်ကိုယ် ယုံကြည်မှု ပြန်မွေးဖွားပါ။ သင်လိုချင်တဲ့ အရာတစ်ခုက လက်တစ်ကမ်းကို ရောက်လာတော့မှာပါ။

Pile 2: ကတ်နံပါတ် (၂) ရွေးချယ်သူများ
The Chariot (အောင်ပွဲနှင့် ရှေ့သို့ချီတက်ခြင်း)
အခြေအနေ: လက်ရှိမှာ ဆုံးဖြတ်ချက်မပြတ်နိုင်ဘဲ ဝေခွဲမရဖြစ်နေတာမျိုး၊ ဒါမှမဟုတ် စိန်ခေါ်မှုတွေကြားထဲ ရုန်းကန်နေရတာမျိုး ရှိနေနိုင်ပါတယ်။
လမ်းညွှန်ချက်: အချိန်ဆွဲမနေဘဲ ကိုယ့်ရဲ့ ရည်မှန်းချက်ကို ပြတ်ပြတ်သားသား ဇောက်ချလုပ်ကိုင်ဖို့ အချိန်တန်ပါပြီ။ အတားအဆီးတွေ ရှိနေပေမယ့် သင့်မှာ အားလုံးကို ကျော်ဖြတ်နိုင်တဲ့ စွမ်းအင်နဲ့ သတ္တိ ရှိပါတယ်။ ဒီနေ့ကစပြီး ဇွဲမလျှော့ဘဲ ရှေ့ဆက်တိုးပါ။ အောင်မြင်မှုက သင့်လက်ထဲမှာပဲ ရှိနေပါတယ်။

Pile 3: ကတ်နံပါတ် (၃) ရွေးချယ်သူများ
The Empress (ပြည့်စုံကြွယ်ဝခြင်းနှင့် ဖန်တီးနိုင်စွမ်း)
အခြေအနေ: အလုပ်တွေ အရမ်းများပြီး ပင်ပန်းနေတာမျိုး၊ ဒါမှမဟုတ် တစ်ခုခုကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့အချိန် ဖြစ်နိုင်ပါတယ်။
လမ်းညွှန်ချက်: ငွေကြေး၊ စီးပွားရေးနဲ့ စိတ်ချမ်းသာမှုပိုင်းမှာ တိုးတက်မှုတွေ ရလာမယ့် အလားအလာရှိပါတယ်။ ဒီအချိန်မှာ အကြံဉာဏ်သစ်တွေ ထွက်လာတတ်ပြီး အသီးအပွင့် ခံစားရမယ့် အချိန်ပါ။ ဒါပေမဲ့ အရေးကြီးဆုံးက အလုပ်တွေချည်းပဲ လုပ်မနေဘဲ သင့်ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကိုပါ အနားပေးဖို့၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ မမေ့ပါနဲ့ဦး။

သင်ရွေးချယ်လိုက်တဲ့ ကတ်ရဲ့ Message က လက်ရှိ သင့်အခြေအနေနဲ့ ကိုက်ညီမှု ရှိရဲ့လား?
Comment မှာ မျှဝေပေးခဲ့ပါဦး။

ကံကောင်းခြင်းတွေပိုင်ဆိုင်နိုင်ကြပါစေ🍀
🍀 #တားရော့

Address

Yangon

Opening Hours

Monday 07:00 - 11:00
Tuesday 07:00 - 11:15
Wednesday 07:00 - 11:00
Thursday 07:00 - 11:00
Friday 07:00 - 11:00
Saturday 07:00 - 12:00
Sunday 07:00 - 12:00

Website

Alerts

Be the first to know and let us send you an email when Secret.Mystique posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share