Laie Laie Wai Consultant Coach

Laie Laie Wai Consultant Coach Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Laie Laie Wai Consultant Coach, Shopping & retail, Yangon.

18/06/2026

အတည်ပြုခန့်ထားခြင်း

ဝန်ထမ်းအဖွဲအစည်းတရပ်ရပ်၏ ဖွဲစည်းပုံအတွင်း မည်သည့်ဝန်ထမ်းတစ်ဦးမျှ ရာထူးနွယ် ပိုင်ဆိုင်ခြင်း မရှိသည့် လစ်လပ်ရာထူးအား ခန့်ထားခြင်းဖြစ်သည်။
**(အချက်၃ချက် _ ဖွဲ့စည်းပုံအတွင်း၊ ရာထူးနွယ်၊ လစ်လပ်ရာထူး )**

28/05/2026

Accounting နဲ့Finance ကဘာ ကွာခြား လဲ

Accountingဆိုတာ က ပြီးခဲ့တဲ့အချိ န်
ကာလ တစ်ခုမှာဘာ တွေဖြ စ်ခဲ့လဲ
ဆိုတာကိုပြော ပြ တာ ဖြ စ်ပါတယ်။ဒီ
လိုပြော ပြ နိုင်ဖို့ဆိုရင်နေ့ စဥ်းအ
ရော င်း၊အကြွေး ပေး ၊ ပစ္စည်းဝယ်
၊အကြွေး ယူစတဲ့transaction စာ ရင်း
တွေကိုနေ့ စဥ်recordမှတ်ထား ရပါ
မယ်။ပြီးရင်statement တွေဖြ စ်တဲ့
Profit and lossstatement အမြ တ်
အရှုံးစာ ရင်း၊ Balance sheet statement၊ cash flowstatementတွေကိုလအလို
က်ဖြ စ်စေ ၊ ၃လတစ်ကြိမ်ဖြ စ်စေ ၊ ၆လဖြ စ်စေ ၊ နှစ်အလိုက်ဖြ စ်စေ ပေး လေ့ရှိပါတယ်။နော က်accounting တခြား salesdepartmentနဲ့တွဲပြီးအကြွေး ရော င်း
ထား တဲ့customer တွေဘယ်customerတွေ
က အကြွေး မရသေး ဘူးစသဖြ င့်ပြော ရသလိုကိုယ်တိုင်လည်းငွေသွားသိ
မ်းရတာ တွေလုပ်ရပါတယ်။Financeကတော့accountက ထုပ်ပေး တဲ့
statement ၃ခုကိုကြည့်ပြီးအခြေ အနေ တွေကိုသုံးသပ်လေ့လာ ရမှာဖြ စ်ပါ
တယ်။နော က်တစ်နှစ်ဖြ စ်စေ ၊၃နှစ်
ဖြ စ်စေ ငွေဘယ်လော က်လိုမလဲ၊ ငွေ
တွေဘယ်နေ ရာ တွေမှာပိုပြီးရင်းနှီး
မြှပ်နှံမလဲစတာ တွေကိုအနာ ဂတ်
အတွက်စဥ်းစား ပြီးစီမံရလေ့ရှိပါ
တယ်။Financeသမား က statement ၃ခု
ဖြ စ်တဲ့
- Profit and Loss statement
- Balance sheet statement
- Cash flow statementတွေ
ကိုကော င်းစွားနား လည်ထား ရမှာ
ဖြ စ်ပါတယ်။

28/05/2026

Finance department ကဘာ တွေလုပ်လဲ
Finance departmentတွေက များ သော အား ဖြ င့်သူ့အော က်မှာAccountingရှိပါတယ်
တချို့ လုပ်ငန်းတွေမှာ Financeဆိုတာ ကို
မထား ပဲ account departmentဆိုပြီးလည်း
ရှိလေ့ရှိပါတယ်။
Financedepartmentအနေ နဲ့လုပ်ရတာ တွေ
ကလုပ်ငန်းရဲ့ငွေကြေး တွေကို စီမံခန့်ခွဲ
ရပြီး ဒီငွေတွေကို ဘယ်ကရှာမလဲ financing၊ ဘယ်နေ ရာ မှာရင်းနှီးမြှပ်
နှံမလဲinvesting၊ Shareholderတွေကို
dividendဆိုတဲ့အမြ တ်ငွေတွေဘယ်လို
ခွဲပေး မလဲဆိုတာ တွေကို သေ ချာ စဥ်း
စား ပြီးပြု လုပ်ရမှာဖြ စ်ပါတယ်။
နော က်နေ့ တိုင်းဖြ စ်ပေါ်နေ တဲ့စာ ရင်း
တွေကိုaccountingကနေ ပြီးrecordingလုပ်
ပေး ကာ ထုပ်ပေး တဲ့reportတွေရှိမှာ
ဖြ စ်ပါတယ်။

10/08/2023

2020 တုန်းက

10/08/2023

Depreciation အကြောင်း

Depreciation (တန်ဖိုးလျော့ခြင်း) ဆိုသည်မှာ စက်ပစ္စည်း၊ မော်တော်ယာဉ်၊ အဆောက်အအုံကဲ့သို့သော ရေရှည်တည်တံ့သော ပိုင်ဆိုင်မှုများ (Fixed Assets) ကို ရေရှည်အသုံးပြုခြင်းကြောင့် သက်တမ်းကြာလာသည်နှင့်အမျှ ၎င်းတို့၏တန်ဖိုး တဖြည်းဖြည်းလျော့နည်းသွားခြင်းဖြစ်သည်။ ၎င်းသည် ရရှိလာသောဝင်ငွေနှင့် ကိုက်ညီအောင် ကုန်ကျစရိတ်ကို ခွဲဝေတွက်ချက်ခြင်းဖြစ်ပြီး အခွန်လျှော့ပေါ့မှုနှင့် စစ်မှန်သောမြတ်စွန်းမှုကို သိရှိနိုင်ရန် အရေးကြီးသည်။

Depreciation အကြောင်း အသေးစိတ်အချက်အလက်များ
အဓိပ္ပါယ်: ပိုင်ဆိုင်မှုတစ်ခုကို အသုံးချခြင်း၊ ခေတ်နောက်ကျခြင်း သို့မဟုတ် သက်တမ်းကုန်ဆုံးခြင်းတို့ကြောင့် တန်ဖိုးလျော့နည်းသွားခြင်း ဖြစ်သည်။
တွက်ချက်ပုံနည်းလမ်းများ:
Straight-Line Method: ပိုင်ဆိုင်မှုသက်တမ်းတစ်လျှောက် နှစ်စဉ်တန်ဖိုးလျော့နှုန်း အတူတူပင်တွက်ချက်ခြင်း။
Declining Balance Method: အစောပိုင်းနှစ်များတွင် တန်ဖိုးလျော့နှုန်း ပိုများပြီး နောက်ပိုင်းနှစ်များတွင် လျော့နည်းသွားသည့်နည်းလမ်း။
Units of Production Method: ပိုင်ဆိုင်မှုကို အမှန်တကယ်အသုံးပြုသည့် ပမာဏ (သို့) ထုတ်လုပ်သည့်ပမာဏပေါ်မူတည်၍ တွက်ချက်ခြင်း။
အရေးကြီးပုံ:
ကုန်ကျစရိတ်ခွဲဝေမှု: ပိုင်ဆိုင်မှုကို ဝယ်ယူသည့်နှစ်တွင် ကုန်ကျစရိတ်တစ်ခုလုံးကို မပြဘဲ အသုံးဝင်မည့်သက်တမ်းအလိုက် ခွဲဝေပြသခြင်း။
အခွန်သက်သာခြင်း: တန်ဖိုးလျော့စရိတ်ကို အမြတ်မှနုတ်ယူနိုင်သဖြင့် အခွန်ပေးဆောင်ရမှု လျော့နည်းစေသည်။
တိကျသောစာရင်း: လုပ်ငန်း၏ စစ်မှန်သောပိုင်ဆိုင်မှုတန်ဖိုးနှင့် အမြတ်ကို ဖော်ပြနိုင်ခြင်း။

အခြေခံမှတ်ချက်များ
Salvage Value (အရောင်းတန်ဖိုး): ပိုင်ဆိုင်မှုသက်တမ်းကုန်ဆုံးချိန်တွင် ပြန်လည်ရောင်းချနိုင်သည့် မျှော်မှန်းတန်ဖိုးကို မူလတန်ဖိုးမှ နုတ်ယူရသည်။
Depreciation vs Amortization: ရုပ်ဝတ္ထုပစ္စည်းများအတွက် depreciation ကိုသုံးပြီး၊ intangible assets (မူပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ်) များအတွက် amortization ကိုသုံးသည်။

07/01/2022

Accountant ဆိုသည်မှာ
စာရင်းကိုင်ပညာဖြင့်အသက်မွေး၀မ်းကြောင်းမည့်သူများဗဟုသုတတိုးပွားစေရန် ရည်ရွယ်ပြီး Bookkeeper ဆိုတာဘာလဲ Accountant ဆိုတာဘာလဲ ဒီ(၂မျိုး)ဟာ ဘယ်လိုကွဲပြားမှုရှိသလဲဆိုတာကို ရှင်းပြပေးချင်ပါတယ်...

Bookkeeper နဲ့ Accountant အကြောင်းကို ပြောဖို့အတွက်ဆိုရင် ပထမဆုံး Bookkeeper ဆိုတာ Bookkeeping ပညာကိုအသုံးချပြီး အလုပ်လုပ်ကိုင်သူဖြစ်ကြောင်းနဲ့ Accountant ဆိုတာ Accounting ပညာကို အသုံးချပြီး အလုပ်လုပ်ကိုင်သူဖြစ်ကြောင်းကို စပြောရမယ်ထင်ပါတယ်...

အဲ့နောက်ကမှ Bookkeeping ဆိုတာဘာလဲ ဘာတွေလုပ်ရတာလဲ...

Accounting ဆိုတာဘာလဲ ဘာတွေလုပ်ရတာလဲ ဆိုတာကို လေ့လာကြည့်ကြရအောင်...

What is Bookkeeping? (Bookkeeping ဆိုတာဘာလဲ?) Bookkeeping (စာရင်းရေးပညာ) Definition of Bookkeeping (စာရင်းရေးပညာ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်) Bookkeeping is the process of recording, in chronological order, the daily transactions of a business entity and it forms part of the accounting information system.

စာရင်းရေးပညာသည် စီးပွားရေး လုပ်ငန်းတစ်ခု၏ နေ့စဉ်လုပ်ဆောင်ချက်များကို မှတ်တမ်းများတွင် မှတ်တမ်းတင် ရေးသွင်းသည့် ပညာရပ်ဖြစ်ပြီး စာရင်းပညာဆိုင်ရာ သတင်းအချက်အလက် နည်းစနစ်၏ အစိတ်အပိုင်း တခုဖြစ်သည်။

What is Accounting?(Accounting ဆိုတာဘာလဲ?)

Accounting (စာရင်းကိုင် ပညာ)

Definition of Accounting (စာရင်းကိုင်ပညာ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်)

Accounting is an information system – includes the process of recording, classifying, summarizing, reporting, analyzing and interpreting the financial condition and performance of a business – in order to communicate it to stakeholders for business decision making.

စာရင်းကိုင်ပညာ ဆိုသည်မှာ စီးပွားရေးလုပ်ငန်းတစ်ခု၏ လုပ်ဆောင်ချက်များနှင့် ဘဏ္ဍာရေးဆိုင်ရာ အခြေ အနေများကို မှတ်တမ်းတင်ခြင်း၊အမျိုးအစားခွဲခြင်း၊အနှစ်ချုပ်ခြင်း၊တင်ပြခြင်း၊ခွဲခြမ်းစိတ်ဖြာလေ့လာသုံးသပ်ခြင်း၊ အဓိပ္ပာယ်ပြန်ဆိုခြင်းများဖြင့် အစုရှယ်ရှာ၀င်များ အချင်းချင်းဆက်သွယ်ရ်ျ စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်များပြုလုပ် နိုင်ရန်အတွက် သတင်းအချက်အလက် နည်းပညာတခု ဖြစ်ပါသည်။

အထက်ဖော်ပြပါ Bookkeeping နဲ့ Accounting တို့ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ တနည်းအားဖြင့် သူတို့အသီးသီးရဲ့ လုပ်ဆောင်ချက်ပုံစံတွေကို သိရှိပြီးသွားပြီဆိုရင်တော့ Bookkeeping ပညာနဲ့အလုပ်လုပ်ရင် ဘယ်လိုပုံစံAccounting ပညာနဲ့ အလုပ်လုပ်ရင် ဘယ်လိုပုံစံရှိမယ် ဆိုတာလေးကို တီးမိခေါက်မိရှိလာမယ်ထင်ပါတယ်။

ဒါထက်ပိုပြီး ရှင်းလင်းတိကျစွာပြောပြပေးရမယ်ဆိုရင်တော့... Purposes of Accounting (စာရင်းကိုင်ပညာ၏ ရည်ရွယ်ချက်များ)ကို လေ့လာကြည့်မိတဲ့အခါမှာ...

စီးပွားရေးလုပ်ငန်းဆောင်ရွက်ချက်များကို စာရင်းမှတ်တမ်းများတွင် စနစ်တကျ ရေးသွင်းမှတ်တမ်းတင်တတ်ရန်နှင့်စာရင်းကာလ (Accounting Period) တစ်ခုအတွင်း မည်မျှ မြတ်မည်၊ရှုံးမည်၊ ရရန် ၊ပေးရန်နှင့် လုပ်ငန်း ၏ပိုင်ဆိုင်မှု ရင်းနှီးငွေမည်မျှရှိသည် တနည်းအားဖြင့် လုပ်ငန်း၏ ဘဏ္ဍာရေးအခြေအနေများကို ဖော်ပြသည့် စာရင်းရှင်းတမ်းများကို (Financial Statements) များရေးဆွဲထုတ်ပြန်နိုင်ရန် အဓိကရည်ရွယ်ခြင်းဖြစ်ပါသည် ဟူရ်ျလေ့လာသိရှိလိုက်ရတဲ့အခါမှာတော့ စာရင်းကိုင်တစ်ယောက်ဆိုတာ စာရင်းကိုင်ပညာရဲ့ရည်ရွယ်ချက်တွေကို အောင်မြင်အောင်လုပ်ဆောင်ပေး နိုင်ရင် Accountant လို့ သတ်မှတ်ခံရမှာဖြစ်ပြီး လုပ်ငန်းတစ်ခုရဲ့ဘဏ္ဍာရေး ရှင်းတမ်းများထွက်ပေါ်လာသည်အထိ တာ၀န်ခံလုပ်ကိုင်ရခြင်းမရှိဘဲနေ့စဉ်မှတ်တမ်းရေးသွင်းခြင်းလုပ်ငန်းစဉ်များကိုသာ လုပ်ကိုင်နေရသည့်သူများကို Assistant Accountant (or) Bookkeeper များဟုသာ သတ်မှတ်ခေါ်တွင်ရမည်သာဖြစ်ပါသည်။

An Accountant (စာရင်းကိုင် တစ်ဦး)ဟာလုပ်ငန်းရဲ့ဘဏ္ဍာရေးရှင်းတမ်းများကို ရေးဆွဲသည့်အခါမှာလည်းအောက်ဖော်ပြပါ စာရင်းစည်းမျဉ်းများ နည်းစနစ်များနှင့်အညီရေးဆွဲ ထုတ်ပြန်နိုင်ရမှာဖြစ်ကြောင်း အတိအလင်းကန့်သတ်ထားချက်ကို သိရှိလိုက်နာရပြန်ပါသည်။ ထို့ကြောင့်ပင် Bookkeeper တစ်ယောက်နှင့်Accountant တစ်ယောက်ရဲ့ လုပ်ဆောင်ချက်များနှင့်တာ၀န်များကို ကွဲပြားစွာမြင်တွေ့ရမှာဖြစ်ပြီး Bookkeeper နှင့် Accountant မတူကြောင်းကိုသိမြင်လာပါလိမ့်မည်။

အောက်ပါစာပိုဒ်သည် စာရင်းကိုင်တစ်ယောက် ဘဏ္ဍာရေးရှင်းတမ်းများရေးဆွဲသည့်အခါ GAAP System ဟုခေါ်သော နိုင်ငံတကာမှအတည်ပြုလက်ခံကျင့်သုံးသောစာရင်းစည်းမျဉ်းများအတိုင်းရေးဆွဲရမှာဖြစ်ကြောင်းကို ကန့်သတ်ထားခြင်းဖြစ်ပါသည်။ယခုနောက်ပိုင်းတွင် စီးပွားရေးလုပ်ငန်းများ၏ Globalize ဖြစ်လာမှုကြောင့် Accounting Harmonization ဖြစ်စေရန် ထပ်မံကျင့်သုံးနေသည့် Accounting System မှာ IFRS ဖြစ်ပြီး GAAP ကို upgrade လုပ်ထားခြင်းဖြစ်သည်.

မြန်မာနိုင်ငံသည်လည်း IFRS System ကိုကျင့်သုံးသော နိုင်ငံဖြစ်သည်

These financial reports must be prepared in accordance with generally accepted accounting principles often referred to as GAAP or US GAAP. This part of accounting is referred to as financial accounting.

အောက်ပါစာပိုဒ်သည် စာရင်းကိုင်တစ်ယောက်ဟာ Bookkeeping များ ဘက်မှ ကဏ္ဍပြီးဆုံးပါမှ Accounting ကဏ္ဍကိုစတင်လုပ်ကိုင်ရကြောင်းနှင့် စာရင်းကိုင်များဟာ Accrual Basic of Accounting နည်းစနစ်အရ ဘဏ္ဍာရေးရှင်းတမ်းများရေးဆွဲထုတ်ပြန်ရတာဖြစ်လို့ လိုအပ်တဲ့ Adjusting Entries တွေကို ပြန်လည်ပြုလုပ်ရသေးကြောင်းကို အတိအလင်းဖော်ပြထားပြီး ထိုကဲ့သို့ စာရင်းညှိုနှိုင်းချက်များပြုလုပ်ပြီးမှ ညီမျှခြင်းစာရင်းပုံစံတခု ဖြင့်(တနည်းဆိုရလျှင်)စာရင်းကိုင်တိုင်းသိထားသော Balance Sheet ကိုက်ညီသော ပုံစံဖြင့် ဘဏ္ဍာရေးရှင်းတမ်းများကို ရေးဆွဲထုတ်ပြန်ပေးရသည်ဟု ဆိုလိုခြင်းဖြစ်သည်။

After locating and correcting the errors the bookkeeping phase was completed and the accounting phase began. It began with an accountant preparing adjusting entries so that the accounts reflected the accrual basis of accounting. After all of the adjustments were made, the accountant presented the adjusted account balances in the form of financial statements.

ညှိနှိုင်းချက်စာရင်းများဟာ ဘယ်လိုအချက်မျိုးတွေကြောင့် ပြုလုပ်ရတယ်ဆို တာကိုတော့ အောက်ပါအတိုင်း လေ့လာနိုင်ကြပါလိမ့်မယ်...

Adjusting entries were necessary for the following reasons:

additional revenues and assets may have been earned but were not recorded
additional expenses and liabilities may have been incurred but were not recorded
some of the amounts that had been recorded by the bookkeeper may have been prepayments which are no longer prepaid
depreciation and other non-routine adjustments needed to be computed and recorded
အထက်ပါအကြောင်းများကို လေ့လာသုံးသပ်ကြည့်ပါက စာရင်းရေးပညာနှင့် လုပ်ငန်းခွင်တွင်လုပ်ကိုင်နေကြသူများမှာ Accountant များဟုအလွယ်တကူသတ်မှတ်ခေါ်တွင်ကြသော်လည်း တကယ်တမ်းမှာ Bookkeeper (Assistant Accountant ) များသာဖြစ်ပြီး Accounting ပညာရပ်နှင့် စာရင်း စည်းမျဉ်းများအတိုင်း ဘဏ္ဍာရေးရှင်းတမ်းများထုတ်ပြန်နိုင်တဲ့အထိ အပြည့်အစုံတာ၀န်ယူ လုပ်ကိုင်နိုင်သူများကိုသာ Accountant ဟု သတ်မှတ်ခေါ်တွင်ရမည်ဖြစ်ကြောင်း Bookkeeper နှင့် Accountant တမူကွဲပြားကြောင်းကို ဗဟုသုတအဖြစ်သိရှိပြီး အောင်မြင်သော ထူးချွန်သော Accountant များအဖြစ် ရပ်တည်နိုင်ကြစေရန် ရည်ရွယ်ရ်ျ က်ျစာစုအား ရေးသားဖော်ပြပေးလိုက်ခြင်းဖြစ်ပါသည်

Send a message to learn more

27/10/2021

Costing တွက်ရခြင်း၏ ရည်ရွယ်ချက်
Scribd
Scribd
အမြတ်အစွန်း သိရှိရန်: ထုတ်ကုန်တစ်ခုချင်းစီမှ အမြတ်မည်မျှရသည်ကို တွက်ချက်နိုင်ရန်။
ဈေးနှုန်းသတ်မှတ်ရန်: ယှဉ်ပြိုင်နိုင်သော ရောင်းဈေး (Selling Price) ကို သတ်မှတ်နိုင်ရန်။
စရိတ်လျှော့ချရန်: မလိုအပ်ဘဲ ကုန်ကျနေသော စရိတ်များကို စိစစ်ဖော်ထုတ်ရန်။
ဆုံးဖြတ်ချက်ချရန်: လုပ်ငန်းတိုးချဲ့ရန် သို့မဟုတ် ထုတ်ကုန်ပုံစံပြောင်းရန် ဆုံးဖြတ်ချက်များတွင် အသုံးပြုရန်။
စက်မှုလုပ်ငန်းများ၊ စားသောက်ဆိုင်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် စနစ်တကျ Costing တွက်ချက်ခြင်းသည် လုပ်ငန်းအမြတ်အစွန်းအတွက် အလွန်အရေးကြီးပါသည်။

Send a message to learn more

16/10/2021

Costing အမျိုးအစားများ (Costing Methods)
Facebook
Facebook
Unit Costing: ထုတ်ကုန်တစ်ခုချင်းစီအတွက် တွက်ချက်ခြင်း။
Job Costing: မှာယူမှုတစ်ခုချင်းစီ (Job) အလိုက် တွက်ချက်ခြင်း။
Process Costing: ထုတ်လုပ်မှုအဆင့်ဆင့် (Process) အလိုက် တွက်ချက်ခြင်း။
Operating Costing: ဝန်ဆောင်မှုလုပ်ငန်းများ (ဥပမာ- သယ်ယူပို့ဆောင်ရေး) အတွက် တွက်ချက်ခြင်း။

Send a message to learn more

16/10/2021

Income Tax (ဝင်ငွေခွန်) ဆိုတာ ဘာလဲ၊ ဘာလို့ဆောင်နေရတာလဲ?
HR / Payroll / PEO
Income Tax (ဝင်ငွေခွန်) ဆိုတာ ဘာလဲ၊ ဘာလို့ဆောင်နေရတာလဲ?
Date Published8 September 2022
AuthorHaymar SuSuSan
လူရယ်လို့ဖြစ်လာရင် မလွဲမသွေကြုံရမယ့်ကိစ္စနှစ်ခုရှိပါတယ်။ သေခြင်းတရားနဲ့အခွန်ဆောင်ခြင်းပါ။ လူတွေဟာ အောက်ဆီဂျင်ရှိမှ အသက်ရှင်နိုင်မယ်ဆိုတာကိုနားလည်ပေမယ့် အလကားရတဲ့လေကို သတိမပြု၊ ကျေးဇူးမတင်မိကြသလိုမျိုးပဲ ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင့်တွေကို မသိမသာရော၊ သိသိသာသာရော ငယ်စဉ်ကတည်းက ထိတွေ့ခံစားခဲ့ကြရပါတယ်။ အခွန်ဆောင်ရခြင်းနဲ့ပတ်သက်ပြီး “ဆောင်ဆိုလို့သာ ဆောင်လိုက်ရတယ်၊ ဘာမှန်းမသိလိုက်ဘူး” ဆိုတဲ့သူတွေအတွက် စိတ်သက်သာရာရစေဖို့ (သို့မဟုတ်) အဖြေတစ်ခုခုရနိုင်ဖို့ ဒီ Blog လေးကို တင်ဆက်လိုက်ရပါတယ်။

ယေဘုယျအနေနဲ့ဆိုရင် နိုင်ငံတစ်ခုမှာရှိရမယ့် ဂုဏ်အင်္ဂါရပ်တွေဖြစ်တဲ့ လမ်း၊ တံတားတွေ၊ ကျောင်းတွေ၊ အပန်းဖြေစရာနေရာတွေ၊ ဗဟုတသုတအတွက်ပြတိုက်တွေ၊ ဆေးရုံ၊ ဆေးပေးခန်းတွေ၊ စစ်ဖက်ဆိုင်ရာလိုအပ်ချက်ဖြည့်ဆည်းခြင်းတွေ၊ နိုင်ငံ့ဝန်ထမ်းတွေအတွက် လစာနဲ့အကျိုးပြုလုပ်ငန်းတွေအတွက် ချီးမြှင့်ခြင်း၊ ထောက်ပံ့ခြင်းတွေ စသဖြင့် ကိစ္စရပ်တိုင်းအတွက် ငွေလိုအပ်ပါတယ်။ ဖော်ပြခဲ့တဲ့အရာတွေဟာ အဲဒီနိုင်ငံမှာ နေထိုင်တဲ့ပြည်သူအားလုံးအကျိုးအတွက် ရည်ရွယ်တာဖြစ်လို့ တစ်ဦးတစ်ယောက်တည်းကပဲ လိုအပ်သမျှ ငွေတွေကိုပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး၊ တရားမျှတမှုလည်းရှိမှာမဟုတ်ပါဘူး။ ဥပမာအားဖြင့် လူတစ်ယောက်တည်းကပဲ ၁ သိန်းပေးရမယ်ဆိုရင် များပေမယ့် လူ ၁၀ ယောက်ဆိုရင်တော့ တစ်ယောက်ကို ၁ သောင်းဆီပဲဆိုရင် ထည့်ဝင်ရမယ့်ပမာဏက ပိုပြီးမျှတလာတာကို တွေ့ရမှာပါ။ ဒါပေမယ့် ထပ်ပြီးတော့ အဲဒီ ၁၀ ယောက်မှာ ၃ ယောက်က လုံးဝမထည့်ဘူး၊ ၅ ယောက်လောက်က ၁ သောင်း အပြည့်အဝမထည့်ဘဲ ၃ ထောင်၊ ၅ ထောင် စသဖြင့် လိမ်ညာပြီးထည့်မယ်ဆိုရင် အဲဒီရဲ့ အကျိုးဆက်ကိုတော့ ၁၀ ယောက်စလုံးက ခံစားရမှာဖြစ်ပါတယ်။ နိုင်ငံ့အနေအထားအရ မှန်မှန်ကန်ကန် ၁ သောင်းထည့်တဲ့သူနဲ့ အဆင်ပြေသလိုထည့်နေတဲ့သူကို အသေအချာစီစစ်အရေးယူခြင်းတွေ ၁၀၀ ရာခိုင်နှုန်းပြည့် မလုပ်ဆောင်နိုင်ခဲ့ရင်တောင် ဒီရဲ့ အကျိုးဆက်ဟာ ကိုယ်တစ်ယောက်တည်းတင်မကပဲ တခြားပြည်သူတွေအပေါ်ကိုပါ သက်ရောက်မှုရှိတယ်ဆိုတာ နားလည်စေချင်ပါတယ်။

၀င်ငွေခွန် (Income Tax) ရဲ့ အမှန်တရားကတော့ ကိုယ်နည်းနည်းရရင် နည်းနည်းပဲပေးရမှာဖြစ်ပြီး၊ များများရရင် များများပေးရမှာဖြစ်ပါတယ်။ နိုင်ငံတစ်ခုနဲ့တစ်ခုပေးဆောင်ရတဲ့ပမာဏနဲ့ ဥပဒေတွေ အနည်းငယ်ကွာခြားမှုရှိပါတယ်။ အခြေခံသဘောတရားနဲ့ရည်ရွယ်ချက်ကတော့ တူညီပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် အခွန်ဆောင်ရမယ့်ကာလအပိုင်းအခြားအတွင်းမှာ ( ဥပမာ လက်ရှိဆိုရင် ဧပြီလ ၂၀၁၈ ကနေ မတ်လ ၂၀၁၉ အထိ) တွက်ကြည့်လိုက်လို့ ကိုယ့်ရဲ့ စုစုပေါင်းဝင်ငွေက သိန်း ၂၀ အောက်မှာပဲရှိတယ်ဆိုရင် အခွန်ဆောင်စရာ မလိုအပ်သေးပါဘူး။ သိန်း ၂၀ ကနေ ၅၀ အတွင်းဆို ၅%၊ သိန်း ၅၀ ကနေ ၁၀၀ အတွင်းဆို ၁၀%၊ သိန်း ၁၀၀ ကနေ ၂၀၀ အတွင်းဆို ၁၅%၊ သိန်း ၂၀၀ ကနေ ၃၀၀ အတွင်းဆို ၂၀%၊ သိန်း ၃၀၀ နဲ့ အထက်ဆိုရင်တော့ ၂၅% ဆောင်ရမှာ ဖြစ်ပါတယ်။ တချို့နိုင်ငံတွေမှာဆိုရင် အမြင့်ဆုံးဆောင်ရတဲ့ ပမာဏက ၄၀% လောက်ထိတောင် ရှိတတ်ပါတယ်။ အခွန်ဆောင်တဲ့နေရာမှာ မျှတမှုရှိစေဖို့ အဖေ၊ အမေသက်ရှိထင်ရှားရှိတယ်ဆိုရင် ၁၀ သိန်း၊ အိမ်ထောင်ဖက်ရှိတယ်ဆိုရင် ၁၀ သိန်း၊ ကလေးရှိတယ်ဆိုရင် တစ်ယောက်ကို ၅ သိန်းစသဖြင့် အခွန်ကင်းလွတ်ခွင့်နှုန်းထားများကိုလည်း သတ်မှတ်ထားပါသေးတယ်။ ကိုယ့်ရဲ့ လစာအရ အခွန် ဘယ်လောက်အထိအဖြတ်ခံရနိုင်တယ်ဆိုတာသိဖို့ Tax Calculator တွေ အများကြီးရှိပါတယ်။ အဲဒီအထဲကမှ လွယ်ကူရှင်းလင်းပြီး လူတိုင်းအဆင်ပြေပြေသုံးလို့ရတဲ့ Link တစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။ https://kanaung.com/mmtax/ #/calculatorကို ၀င်ရောက်ပြီး အကြမ်းဖျင်းတွက်ချက်ကြည့်လို့ရပါတယ်။ (Original Website Provider, Kanaung ကိုလည်း Credit ပေးချင်ပါတယ်။) သူက Quarterly ဆောင်ရတာဖြစ်ပြီး တစ်လမှာ ဘယ်လောက်ဆောင်ရမယ်ဆိုတာထက် တစ်နှစ်လုံးစာဆောင်ရမယ့် ပမာဏပြည့်ရင် အဆင်ပြေတဲ့အတွက် ကုမ္ပဏီတစ်ခုနဲ့တစ်ခု လစဉ်တွက်တဲ့၊ ဖြတ်တဲ့ပမာဏက အနည်းငယ်ကွာဟမှု ရှိနိုင်ပါတယ်။

မွေးဖွားလာကတည်းက လူတိုင်းမှာ တာဝန်ကိုယ်စီပါလာကြပါတယ်။ ဒါပေမယ့် တာဝန်သိတတ်စိတ်ကတော့ လူတိုင်းဆီမှာပါလာဖို့ မသေချာပါဘူး။ ကမ္ဘာကြီးက ပင်လယ်ပြင်ကြီးလို့ ဆိုကြပါစို့။ နိုင်ငံတွေကတော့ ပင်လယ်ထဲမှာသွားလာနေတဲ့လှေတွေ၊ သဘောင်္ကြီးတွေလို့ မြင်ကြည့်ကြရအောင်။ ကိုယ်လိုက်ပါလာတဲ့ လှေဝမ်းပေါက်နေတဲ့အခါ ၀ုိင်းဝန်းပြီး ကူညီဖာထေးမလား၊ အပြစ်ပြောပြီး ဘေးထွက်ထိုင်နေမလားဆိုတာ ကိုယ့်ရဲ့ ရွေးချယ်မှုပါပဲ။ ဘေးထွက်ထိုင်တဲ့သူတွေ များလာရင်တော့ တဖြည်းဖြည်းနဲ့ နောက်ဆုံးမှာလှေနစ်သွားမှာသေချာပါတယ်။ အချောင်ခိုချင်တဲ့စိတ်နဲ့ တာဝန်ယူတတ်တဲ့စိတ်ကို အသိဉာဏ်ဆိုတဲ့အရာက ပိုင်းခြားပေးပါတယ်။ ဒီအသိဉာဏ်ကိုရဖို့ ငယ်စဉ်ကတည်းက မှန်ကန်တဲ့ထိန်းကျောင်းပြုပြင်ခြင်းတွေ လိုအပ်ပါတယ်။ နောက်ပြီး အရည်အချင်းပြည့်ဝတဲ့လူ့စွမ်းအားအရင်းအမြစ်တစ်ခုကသာ နိုင်ငံကို တိုးတက်အောင်၊ မဆုတ်ယုတ်အောင် ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ အနည်းဆုံး ကိုယ့်အတွက်မဟုတ်ရင်တောင် ကိုယ့်ရဲ့ နောက်မျိုးဆက်တွေအတွက် ဒီနိုင်ငံကို ပိုကောင်းတဲ့နေရာတစ်ခုအဖြစ် ချန်ထားခဲ့ကြရအောင်ပါ။ သူများကို မကြည့်ဘဲ သူများကို မပြောဘဲ ကိုယ်တစ်ယောက်တည်းရဲ့ နိုင်ငံ့သားတာဝန်လေးတော့ ကျေအောင် ထမ်းဆောင်ကြရအောင်ပါ

Send a message to learn more

Address

Yangon

Telephone

+959961847669

Website

Alerts

Be the first to know and let us send you an email when Laie Laie Wai Consultant Coach posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Laie Laie Wai Consultant Coach:

Shortcuts

Share