Shwe Hinthar

Shwe Hinthar ဆန်၊ ဆီ နှင့် စားသောက်ကုန် မျိုးစုံကို ရောင်းချပေးလျက်ရှိပါသည်။

တောင်ပျံမွှေး(ထူးရှယ်)==================ဖြူဖြူဖွေးဖွေး တောင့်တောင့်ဖြောင့်‌ဖြောင့်မှ ကြိုက်တယ်ဆိုသူများအတွက် တောင်ပျံမွှ...
02/09/2026

တောင်ပျံမွှေး(ထူးရှယ်)
==================

ဖြူဖြူဖွေးဖွေး တောင့်တောင့်ဖြောင့်‌ဖြောင့်မှ ကြိုက်တယ်ဆိုသူများအတွက်
တောင်ပျံမွှေး(ထူးရှယ်)နဲ့ မိတ်ဆက်ပေးပါရစေ။

"တောင်ပျံမွှေး"ဆိုတဲ့အတိုင်း ထမင်းမွှေးမွှေးလေး နဲ့ အဆီအနှစ်မများတဲ့အပြင် ထမင်းက ဓာတ်ပုံမှာ မြင်ရတဲ့အတိုင်း ရှည်ရှည်လေး ဖြစ်နေလို
သေချာပေါက် အကြိုက်တွေ့စေမယ့် ဆန်ပါ။ပေါင်းအိုးနဲ့ ချက်ထားတဲ့ အနေအထားပါ။

တောင်ပျံမွှေး(ထူးရှယ်) 24 ပြည်အိတ်ကို -185,000 ကျပ်၊ 12 ပြည်အိတ်ကို 94,000 ကျပ်နဲ့ရောင်းပေးမှာပါ။ဆိုင်မှာလာဝယ်ချင်တယ်ဆိုရင်တော့ အမှတ် ၇၃၉ ငထွေရူးလမ်း လာရောက်ဝယ်ယူနိုင်ပါတယ်။

ထမင်းကောင်းရစေမည့်ချက်နည်းများ
https://www.facebook.com/share/p/1D3kMLrYzy/

📞0️⃣9️⃣7️⃣9️⃣5️⃣2️⃣5️⃣9️⃣7️⃣5️⃣5️⃣

📞0️⃣9️⃣2️⃣6️⃣3️⃣2️⃣0️⃣0️⃣0️⃣9️⃣0️⃣

ကြားပျံမွှေး (ထူးထူးရှယ်)--------------------------------------- ထမင်းမွေးပြီး ရှည်တာမှ စားချင်တဲ့သူတွေ ၊ ထမင်းအဆူခံပြီး...
28/08/2026

ကြားပျံမွှေး (ထူးထူးရှယ်)
---------------------------------------

ထမင်းမွေးပြီး ရှည်တာမှ စားချင်တဲ့သူတွေ ၊ ထမင်းအဆူခံပြီး အိုးတက်တာကို လိုချင်တဲ့သူတွေအတွက် ပါ။

ကြားပျံမွှေး"ဆိုတဲ့အတိုင်း ရနံကမွှေးတဲ့အပြင် ပေါင်းအိုးနဲ့ချက်တာတောင် ထမင်းရှည်ရှည်လေးမို့ ဆန်ကောင်းကြိုက်တဲ့ မိတ်ဆွေများ စိတ်တိုင်းကျ
ဖြစ်စေမှာပါ ။

ဆန်ဟောင်းဖြစ်လို အိုးတက်မယ့်အပြင်ပိုးတက်မှာကို လုံးဝ စိတ်ပူစရာမလိုကြောင်း အာမခံပါရစေ။ဆန်သားအနေအထား နဲ့ ထမင်းက
အခုပုံထဲ့က အတိုင်း သေချာပေါက် ဖြစ်စေရမယ်။(အခု ဓာတ်ပုံက ပေါင်းအိုးနဲ့ချက်ထားတာပါ)။

စျေးနှုန်းကလည်း ၂၄ပြည်တအိတ်ကို -၁၈၅,၀၀၀ ကျပ်၊၁၂ ပြည်ကို ၉၃,၀၀၀ ကျပ်ပဲရှိတာဖြစ်လို ပေးရတဲ့စျေးနှုန်းနဲ့ ထိုက်တန်တဲ့ဆန်ပါ ။

ဆိုင်မှာလာဝယ်ချင်တယ်ဆိုရင်တော့ ရွှေဟင်္သာ ဆန် ၊ ဆီ ရောင်းဝယ်ရေးအမှတ် ၇၃၉ ငထွေရူးလမ်း၊ (၇) ရပ်ကွက်၊ဒဂုံအရှေ့မြို့နယ်ကိုလာရောက်ဝယ်ယူနိုင်ပါတယ်င်ပါတယ်။

ဖုန်းဆက်မှာချင်တယ်ဆို
☎️0️⃣9️⃣4️⃣5️⃣0️⃣5️⃣5️⃣5️⃣5️⃣0️⃣1️⃣
☎️0️⃣9️⃣2️⃣6️⃣3️⃣2️⃣0️⃣0️⃣0️⃣9️⃣0️⃣
ကိုဆက်သွယ်မှာယူနိုင်ပါတယ်။

ပိုးမတက်အောင် ဆန်ကို ဘယ်လိုထားကြမလဲ
https://www.facebook.com/photo?fbid=1434143122068121&set=a.614954480653660


#ရွှေဟင်္သာ
#ဆန်ဆီရောင်းဝယ်ရေး

ထမင်းကောင်းရစေမည် ချက်နည်းများ ----------------------------------------၁။ ထမင်းကောင်းရဖို့အတွက် ဆန်ကောင်းနေရုံ တစ်ခုထဲနဲ...
27/08/2026

ထမင်းကောင်းရစေမည် ချက်နည်းများ
----------------------------------------

၁။ ထမင်းကောင်းရဖို့အတွက် ဆန်ကောင်းနေရုံ တစ်ခုထဲနဲ့ မလုံလောက်ပါဘူး။ ဆန်ဘယ်လောက်ပဲ ကောင်းကောင်း ချက်နည်းမမှန်ရင် ထမင်းကောင်းရလာမှာ မဟုတ်ပါဘူး။ ထမင်းကောင်းဖို့အတွက် ရေချိန် ပမာဏကို သင့်‌တော်သလို ထည့်ပေးဖို့လိုသလို မီးအားကိုလည်း ချိန်ညှိပေးဖို့ လိုပါတယ်။

၂။ ပေါင်းအိုးနဲ့ ထမင်းချက်သူတွေအနေနဲ့ ရေအနည်း အများက ပုံသေမှတ်ထားလို့ ရတာမျိုးမဟုတ်ဘဲ ဆန်အသစ် အဟောင်းနဲ့ အချိန်ကာလကို လိုက်ပြီးညှိပေးရတာပါ။ ရေချိန် ပမာဏနည်းရင် ထမင်းမာတာ ထမင်းလုံး မရှည်တာဖြစ်တတ်ပြီး ရေချိန် များပြန်ရင်လည်း ထမင်း ပျော့ပြဲသွားတာ၊ ထမင်း လုံးထွေးထွေး ဖြစ်သွားနိုင်ပါတယ်။။ နောက်ထပ် အလေးထားရမယ့်အချက်က ပေါင်းအိုးခလုတ် တက်ပြီးတာ လျှပ်စစ်မီးကို ချက်ချင်း မပိတ်လိုက်ဘဲ ၅ မိနစ်လောက် ဆက်ဖွင့်ထားပေးလိုက်ရင် ထမင်း ပိုကောင်းလာမှာပါ။

၃။ ရေငှဲ့ချက် ချက်ကြမယ်ဆိုရင် ရေများတဲ့အခါ ထမင်းပိုရှည်လာပေမဲ့ ရေနည်းသွားရင် ထမင်း ချွဲပျစ်‌နေတတ်ပါတယ်။ ရေငှဲ့ချက်တာ ထမင်းပိုကောင်းတယ်ဆိုပေမဲ့ အခုချိန်ကပြီး ပြာသိုလအထိ ဆန်ဟောင်းတွေ ရေငှဲ့ချက်တဲ့အခါ ဆန်မှာပါတဲ့ အဆီဓာတ်တွေ ပါသွားနိုင်တဲ့အတွက် ရေခန်းချက်ခြင်းက ပိုသင့်တော်ပါတယ်။

၄။ လျှပ်စစ်မီးဖို / ဂတ်စ်မီးဖိုကိုသုံးပြီး ရေငှဲ့ချက် ရေခန်းချက်ချက် ထမင်းနပ်တဲ့အဆင့်ရောက်ရင် ထမင်းချိုး မကပ်ဖို့အတွက် မီးအားကို လျော့ချပေးဖို့လိုပါတယ်။ မီးသွေးမီး၊ ထင်းမီးနဲ့ ချက်တဲ့အခါ‌မှာလည်း ရေငှဲ့ပြီးတာနဲ့ အပေါ်မီး၊ အောက်မီးနဲ့ နှပ်ထားပေးဖို့လိုပါတယ်။

၅။ ပေါင်းအိုးသုံးပြီး ချက်ချက် / ဂတ်စ်မီး မီးသွေးမီး၊ ထင်းမီးနဲ့ ချက်ချက် ထမင်းနပ်တဲ့အဆင့်က အရေးအကြီးဆုံးဖြစ်လို့ ထမင်းနှပ်ဖို့ အချိန်ပေးပြီး စောင့်စေချင်ပါတယ်။ အဲလိုမျိုး စောင့်ပေးခြင်းအားဖြင့် ထမင်း ဖွာတာ၊ မနပ်တာ၊ ရေကျန်တာမျိုး မဖြစ်တော့ဘဲ ထမင်းကောင်းမှာပါ။

ပိုးမတက်အောင် ဆန်ကို ဘယ်လိုထားကြမလဲ
https://www.facebook.com/photo?fbid=1434143122068121&set=a.614954480653660

ရွှေဟင်္သာ ဆန် ဆီ ရောင်းဝယ်ရေး
အမှတ် ၇၃၉ ငထွေရူးလမ်း၊ (၇) ရပ်ကွက်၊ ဒဂုံအရှေ့မြို့နယ်၊ ရန်ကုန်မြို့

☎️0️⃣9️⃣4️⃣5️⃣0️⃣5️⃣5️⃣5️⃣5️⃣0️⃣1️⃣
☎️0️⃣9️⃣2️⃣6️⃣3️⃣2️⃣0️⃣0️⃣0️⃣9️⃣0️⃣


#ရွှေဟင်္သာ
#ဆန်ဆီရောင်းဝယ်ရေး

ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့ )တွင် မြန်မာနိုင်ငံသူ၊နိုင်ငံသားများအားလုံး ကပ်ကြီး သုံးပါးနှင့် ရန်သူမျိုး ငါးပါး တို့၏...
28/07/2026

ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့ )တွင် မြန်မာနိုင်ငံသူ၊နိုင်ငံသားများ
အားလုံး ကပ်ကြီး သုံးပါးနှင့် ရန်သူမျိုး ငါးပါး တို့၏ ဘေးရန်မှ ကင်းဝေးကာ
စားဝတ်နေရေးအတွက် မပူမပင် မကြောင့်မကြ အမြန်ဆုံး နေထိုင်နိုင်ကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သအပ်ပါသည်။

🙏🙏🙏

📭 ရွှေဟင်္သာ ဆန် ဆီ ရောင်းဝယ်ရေး
📭 အမှတ် ၇၃၉ ၊ ငထွေရူးလမ်း၊ (၇) ရပ်ကွက်၊

ဒဂုံအရှေ့မြို့နယ်၊ရန်ကုန်မြို့



#ရွှေဟင်္သာ

#ဆန်ဆီရောင်းဝယ်ရေး

#ရန်ကုန်

ပိုးမတက်အောင် ဆန်ကို ဘယ်လိုထားမလဲ==============================အခုလို စိုထိုင်းဆများတဲ့ မိုးရာသီကာလမျိုးမှာ ထားသိုသိမ်းဆ...
21/07/2026

ပိုးမတက်အောင် ဆန်ကို ဘယ်လိုထားမလဲ
==============================

အခုလို စိုထိုင်းဆများတဲ့ မိုးရာသီကာလမျိုးမှာ ထားသိုသိမ်းဆည်းနည်း
မမှန်ရင် ဆန်တွေ ပိုးတက်လွယ်ပါတယ်။ ဆန်ကို ကြာရှည်အထားခံအောင် ထားသို့ သိမ်းဆည်းနည်းများနှင့် အကြောင်းအမျိုးကြောင့် ဆန်ပုံး/ ဆန်အိုးထဲ ပိုးတက်လာပြီးဆိုရင် အလွယ်တကူ ဖယ်ရှားနိုင်တဲ့ နည်းလမ်များကို ဖော်ပြပေးလိုက်ပါတယ်။

၁။မိသားစု စားသုံးနိုင်မှု ပမာဏာ အပေါ် မူတည်၍ ဆန်ကို လိုသလောက်သာ ဝယ်ယူပါ။ဆန်ကြိတ်သား အရည်အသွေးပေါ်မူတည်၍ နှစ်လ၊ သုံးလကျော်လျင် ပိုးတက်ပါသည်။အိတ်သားတက်နေသော အရောင်ညစ်နေသော ဆန်များမှာ ပိုးတက်ရန် အချိန်နီးကပ်နေသဖြင့်မဝယ်သင့်ပါ။

၂။ဆန်ကို နှုတ်ခမ်းဝကျဥ်းပြီး လေလုံသော ပုံးများ ၊ အိုးများနှင့်သာ သိမ်းပါ။ အဝကျယ်သောပုံးများ အိုးများမှာ ဆန်ထည့်ရန် မသင့်ပါ။
ဆန်မထည့်ခင် အိုးများ ၊ပုံးများကို အမှုန့်အမွာကင်းအောင် ၊ ခြောက်သွေ့အောင် သန့်ရှင်ရေးလုပ်ပါ။အထူးသဖြင့် လက်ကျန်ဆန်ဟောင်းများနှင့်အတူ ထပ်ရော်မထည့်မိစေရန် ဂရုပြုပါ။

၃။ ပုံး/ အိုး ထဲမထည့်ခင် အိတ်လိုက် ယာယီထားမည်ဆိုပါက ကြမ်ခင်းပေါ်တွင် ၄ လက်မအမြှင့်ရှိသော အခင်းတစ်ခု ခံ၍ဖြစ်စေ၊ နံရံ မှ အနည်းဆုံး ၆ လက်မ အကွာတွင်ဖြစ်စေထားရှိရမည်။

၄။ ဆန်အိုး၊ ဆန်ပုံးအတွင်းသို့ ကရဝေးရွက်၊ ဂျင်းတက် ၊ထင်းရှူးဆီ ၊ငရုတ်သီးခြောက်၊ လောက်သေရွက် .ကြက်သွန်နီ၊ စသည်တိုကို့ ထည့်ထားခြင်း အတိုင်းအတာတစ်ခုအထိကြိုတင်ကာကွယ်နိုင်ပါသည်။


ဆန်ပိုးများ ဖယ်ရှားခြင်း

၁။ပိုးတက်နေသော ဆန်များအပေါ်တွင် စွပ်ကျယ်စ ဖြစ်စေ ၊ အဖြူရောင် အဝတ်စဖြစ်စေ အုပ်ပေးထားလိုက်ပါ ခဏနေလျင် အဝတ်စပေါ်သို့ ဆန်ပိုးများ တက်လာပါလိမ့်မည်။ အဝတ်ပေါ်မှ
ပိုးများကို ဖယ်ရှားပြီး ထပ်အုပ်ထားပေးပါ။

၂။ဆန်ကို ၁၅ မိနစ်ခန့် နေရောင်ပြထားပေးပါ ။ ယင်းနောက် စကောဖြင့် ဆန်ကိုပြာတီးလိုက်လျင် အလယ်၌ ဆန်ပိုးများ စုလာပါလိမ့်မယ်။ သတိပြုရန်မှာ ဆန်များကို ၁၅ မိနစ် ၊ မိနစ် ၂၀ ထက်
ပိုပြီး နေပူ မလှန်းသင့်ပါ။

၃။ ရှာလကာရည်ခွက်ကို ပိုးတက်နေသော ဆန်များအပေါ်တွင်ထား၍ ဖြစ်စေ၊ စတီးဇွန်းကို
ဆန်ထဲ့ စိုက်ထည့်ထား၍ ဖြစ်စေ ဆန်ပိုးများ ပြေးစေနိုင်ပါသည်။

( ကိုယ်တိုင်တွေ့ရှိထားသောအချက်အလက်များနှင့် ဆန်ပိုးနှင့် ပတ်သက်၍အွန်းလိုင်းပေါ်တွင်
တွေ့ရှိထားသော အချက်အလက်များကို ပြန်လည်စုစည်းရေသားထားခြင်းဖြစ်ပါသည်။)

ရွှေဟင်္သာ ဆန် ဆီ ရောင်းဝယ်ရေး
အမှတ် ၇၄၁ ငထွေရူးလမ်း၊ (၇) ရပ်ကွက်၊
ဒဂုံအရှေ့မြို့နယ်၊ ရန်ကုန်မြို့
0️⃣9️⃣2️⃣6️⃣3️⃣2️⃣0️⃣0️⃣0️⃣9️⃣0️⃣
0️⃣9️⃣4️⃣5️⃣0️⃣5️⃣5️⃣5️⃣5️⃣0️⃣1️⃣


မေထုန်ရာသီဖွားတွေ အတွက် နစ်တိုင်းလုပ်ပေးနေကျ အထူးဈေးနဲ့ ရောင်းပေးတဲ့ အစီအစဉ်ကို ဒီနှစ် တော့  မေလ ၃၀ နဲ့ ၃၁ ရက်မှာ လုပ်ပေ...
21/05/2026

မေထုန်ရာသီဖွားတွေ အတွက် နစ်တိုင်းလုပ်ပေးနေကျ အထူးဈေးနဲ့ ရောင်းပေးတဲ့ အစီအစဉ်ကို ဒီနှစ် တော့ မေလ ၃၀ နဲ့ ၃၁ ရက်မှာ လုပ်ပေးသွားမှာပါ။

ရွှေဘို ပေါ်ဆန်းမွှေး  (ထိပ်စ)---------------------------------ရွှေဘို ပေါ်ဆန်းမွှေးကိုပဲ စားနေကျသူတွေဆိုရင် ဒီဆန်အိတ်မြ...
20/05/2026

ရွှေဘို ပေါ်ဆန်းမွှေး (ထိပ်စ)

---------------------------------
ရွှေဘို ပေါ်ဆန်းမွှေးကိုပဲ စားနေကျသူတွေဆိုရင် ဒီဆန်အိတ်မြင်တာနဲ့ အမည်ပြောနိုင်တဲ့အထိ ဆန်ကောင်းကြိုက်သူတွေ ရင်းရင်းနှီးနှီးသိကြပါတယ်။

အကောင်းဆုံးပါလို မ‌ပြောလိုပါဘူး တစ်ကြိမ်ပဲမှာစားကြည့်ပေးပါ။ ဟင်းဘယ်လောက်ကောင်းကောင်း ထမင်းမကောင်းရင် စားလိုမဝင်ဘူးဆိုတဲ့ မိတ်ဆွေများအတွက် ဒီဆန်ကိုမျက်စိမှိတ်ရွေးဝယ်လိုက်ပါလို အာမခံပါရစေ ။

ရွှေဟင်္သဆိုင်ရဲ့ ငါးနစ်ကျော်သက်တမ်းအတွင်း ရွှေဘို ပေါ်ဆန်းမွှေး ဆန်တွေ့မှာ ဝယ်ယူသူအများဆုံးက အကြိုက်ဆုံးပဲလို မှတ်ချက်ပေးခံရတဲ့ ဆန်ဖြစ်ပါတယ်။

နှစ်သက်ရာ ရွေးလိုရအောင် ရွှေဘိုပေါ်ဆန်းမွှေးအပြင် အခြားသော ဆန် ၊ဆီ အမျိုးမျိုးရဲ့ ဈေးနှုန်းတွေကို သိရှိဖို့အတွက် လင့်လေးပေးထားပါတယ်။

https://www.facebook.com/share/p/1LH8DmpCnC/

ရွှေဟင်္သာ ဆန် ဆီ ရောင်းဝယ်ရေး
အမှတ် ၇၃၉ ငထွေရူးလမ်း၊ (၇) ရပ်ကွက်၊
ဒဂုံအရှေ့မြို့နယ်၊ ရန်ကုန်မြို့။

0️⃣9️⃣2️⃣6️⃣3️⃣2️⃣0️⃣0️⃣0️⃣9️⃣0️⃣
0️⃣9️⃣7️⃣9️⃣5️⃣2️⃣5️⃣9️⃣7️⃣5️⃣5️⃣

Edit - May 20 ============ ဆန်နဲ့ ဆီဝယ်ဖို့ အတွက်  ဖုန်းလေးဆက်လိုက်ရုံနဲ့  အိမ်အရောက်ပို့ဆောင်ပေးမှာပါ။ ၊နှစ်သက်ရာ စိတ်က...
22/04/2026

Edit - May 20
============
ဆန်နဲ့ ဆီဝယ်ဖို့ အတွက် ဖုန်းလေးဆက်လိုက်ရုံနဲ့ အိမ်အရောက်ပို့ဆောင်ပေးမှာပါ။ ၊နှစ်သက်ရာ စိတ်ကြိုက်ရွေးချယ်လိုရအောင် ဆန်နဲ့ဆီ အမျိုးမျိုးရဲ့ စျေးနှူန်းလေးတွေကိုလည်း ဖော်ပြပေးထားပါတယ်။



ဇီယာ (ရှယ်)
၂၄ပြည် - ၈၅,၀၀၀ကျပ်
၁၂ပြည် - ၄၃,၀၀၀ကျပ်

ရက်ကိုးဆယ် (ရှယ်)
၂၄ပြည် -၁၁၀,၀၀၀ကျပ်
၁၂ပြည် - ၅၄,၀၀၀ကျပ်

ဆင်းသွယ် (ရှယ်)
၂၄ပြည် -၁၁၅,၀၀၀ကျပ်
၁၂ပြည် - ၅၈,၀၀၀ကျပ်

မွှေးကြီး
၂၄ပြည် -၁၂၆,၀၀၀ကျပ်
၁၂ပြည် - ၆၃,၀၀၀ကျပ်

ဧရာပဒေသာ
၂၄ပြည် -၁၂၈,၀၀၀ကျပ်
၁၂ပြည် - ၆၅,၀၀၀ကျပ်

ပေါ်ဆန်းမွှေး
၂၄ပြည် -၁၄၄,၀၀၀ကျပ်
၁၂ပြည် - ၇၂,၀၀၀ကျပ်

ကြားပျံမွှေး
၂၄ပြည် -၁၅၀,၀၀၀ကျပ်
၁၂ပြည် - ၇၅,၀၀၀ကျပ်

ပေါ်ဆန်းမွှေး (ရှယ်)
၂၄ပြည် -၁၆၃,၀၀၀ကျပ်
၁၂ပြည် - ၈၂,၀၀၀ကျပ်

ကြားပျံမွှေး (ရှယ်)
၂၄ပြည် -၁၇၀,၀၀၀ကျပ်
၁၂ပြည် - ၈၅,၀၀၀ကျပ်

ပေါ်ဆန်းမွှေး (ထူးရှယ်)
၂၄ပြည် -၁၇၅,၀၀၀ကျပ်
၁၂ပြည် - ၈၈,၀၀၀ကျပ်

ကြားပျံမွှေး (ထူးရှယ်)
၂၄ပြည် -၁၇၇,၀၀၀ကျပ်
၁၂ပြည် - ၈၉,၀၀၀ကျပ်

ပေါ်ဆန်းမွှေး (ထူးထူးရှယ်)
၂၄ပြည် -၁၇၈,၀၀၀ကျပ်
၁၂ပြည် - ၈၉,၀၀၀ကျပ်

ကြားပျံမွှေး (ထူးထူးရှယ်)
၂၄ပြည် -၁၈၀,၀၀၀ကျပ်
၁၂ပြည် - ၉၀,၀၀၀ကျပ်

ရွှေဘိုပေါ်ဆန်းမွှေး(ရှယ်)
၂၄ပြည် -၁၉xx,၀၀၀ကျပ်
၁၂ပြည် - ###,၀၀၀ကျပ်

ရွှေဘိုပေါ်ဆန်းမွှေး ( ရှယ်)
၂၄ပြည် -၂xx,၀၀၀ကျပ်
၁၂ပြည် - ###,၀၀၀ကျပ်

ရွှေဘိုပေါ်ဆန်းမွှေး( ထူးထူးရှယ်)
၂၄ပြည် -၂xx,၀၀၀ကျပ်
၁၂ပြည် - ၁xx,၀၀၀ကျပ်

ရွှေဘိုပေါ်ဆန်းမွှေး(ထိပ်စ)
၂၄ပြည် -၂xx,၀၀၀ကျပ်
၁၂ပြည် - ၁xx,၀၀၀ကျပ်

ဆီစျေးနှုန်းများ
======================
မြေပဲဆုံဆီ (တစ်ပိဿာ) -၂၇ ,၀၀၀ကျပ်
နေကြာဆီ (တစ်ပိဿာ) -၂၆ ,၀၀၀ကျပ်
မြေပဲစက်ကြိတ်ဆီ (တစ်ပိဿာ) -၂၅,၀၀၀ကျပ်

Meizan(ဟင်းရွက်ဆီ)
(18 လီတာ- ပိသာ ၁၀ ) -၁၇၀,၀၀၀ ကျပ်

ရွှေဟင်္သာဆိုင်ကနေ စဥ်ဆက်မပြတ် ဝယ်ယူအားပေးခဲ့ကြတဲ့ မိတ်ဆွေများနှင့် ပြည်တွင်း ပြည်ပ နေရာအသီးသီးမှာ ရောက်ရှိနေထိုင်ကြတဲ့ မြန်မာနိုင်ငံသားများ အားလုံး ‌နွေအပူ၊ စိတ်သောက အပူများမှ ကင်းဝေး၍ ကောင်းသော လိုရာဆန္ဒများ အမြန်ဆုံး ပြည့်ဝခံစားနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

ရွှေဟင်္သာ ဆန် ဆီ ရောင်းဝယ်ရေး
အမှတ် ၇၃၉ ငထွေရူးလမ်း၊ (၇) ရပ်ကွက်၊
ဒဂုံအရှေ့မြို့နယ်၊ ရန်ကုန်မြို့။

0️⃣9️⃣2️⃣6️⃣3️⃣2️⃣0️⃣0️⃣0️⃣9️⃣0️⃣
0️⃣9️⃣7️⃣9️⃣5️⃣2️⃣5️⃣9️⃣7️⃣5️⃣5️⃣

မြန်မာ ရိုးရာနှစ်သစ်ကူး အခါသမယတွင် မြန်မာ နိုင်ငံသူ၊ နိုင်ငံသားများအားလုံး  ဘေးရန်အန္တရာယ်များမှ ကင်းလွတ်၍ ကောင်းသော လို...
17/04/2026

မြန်မာ ရိုးရာနှစ်သစ်ကူး အခါသမယတွင် မြန်မာ နိုင်ငံသူ၊ နိုင်ငံသားများအားလုံး ဘေးရန်အန္တရာယ်များမှ ကင်းလွတ်၍ ကောင်းသော လိုရာဆန္ဒများ အမြန်ဆုံးပြည့်ဝကာ ငြိမ်းချမ်းအေးမြကြစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပေသည်။

ရွှေဟင်္သာ (ဆန်၊ ဆီနှင့် စားသောက်ကုန်)
ဖုန်းဆက်မှာယူချင်တယ်ဆိုရင်တော့ -
09-795259755,
09-263200090 ကို ဆက်သွယ်မှာယူနိုင်ပါတယ်..
ဆိုင်မှာလာဝယ်ချင်တယ်ဆိုရင်တော့
အမှတ် (၇၃၉)၊ တပင်ရွှေထီးလမ်း (7) ရပ်ကွက်၊ ဒဂုံအရှေ့မြို့နယ်၊ ရန်ကုန်တွင် လာရောက်ဝယ်ယူနိုင်ပါပြီ။

အညာသား (ရှယ်)ဒီလောက်ရုပ်ထွက်လှတဲ့ ဆန်ကို ဘယ်သူတွေကများ အညာသားလို အမည်ပေးခဲ့တာလဲမသိ။ခွံနီ၊မွှေးကြီး  ဆန်တွေကို ချက်ရင် ဒီ...
06/04/2026

အညာသား (ရှယ်)

ဒီလောက်ရုပ်ထွက်လှတဲ့ ဆန်ကို ဘယ်သူတွေကများ အညာသားလို အမည်ပေးခဲ့တာလဲမသိ။

ခွံနီ၊မွှေးကြီး ဆန်တွေကို ချက်ရင် ဒီလောက်ရုပ်ထွက်မလှပါဘူး။ကိုယ်တိုင် မချက်ထားရင်
ပေါ်ဆန်မွေးဆန်ကို ချက်တဲ့ ထမင်းလို ထင်မိမှာပါ။


ပေါင်းအိုးနဲ့ ချက်တဲ့အနေအထားတောင် ဒီလောက်ကောင်းနေရင် ရေငဲ့ချက်မယ်ဆို ထမင်းက ရှည်ရှည်လေးနဲ့ အိအိလေးဖြစ်‌နေမှာပါ။

စျေးနှုန်းကလည်း ၂၄ပြည်တအိတ်ကို -၁၁၅,၀၀၀ ကျပ်၊၁၂ ပြည်ကို ၅၈,၀၀၀ ကျပ်ပဲရှိတာဖြစ်လို ပေးရတဲ့စျေးနှုန်းနဲ့ ထိုက်တန်တဲ့ဆန်ပါ ။

ဆိုင်မှာလာဝယ်ချင်တယ်ဆိုရင်တော့ ရွှေဟင်္သာ ဆန် ၊ ဆီ ရောင်းဝယ်ရေးအမှတ် ၇၃၉ ငထွေရူးလမ်း၊ (၇) ရပ်ကွက်၊ဒဂုံအရှေ့မြို့နယ်ကိုလာရောက်ဝယ်ယူနိုင်ပါတယ်။

ဖုန်းဆက်မှာချင်တယ်ဆို
09-795259755၊ 09-263200090 ကို
ဆက်သွယ်မှာယူနိုင်ပါတယ်။

Address

NO. 739, NgahtweYuu Street, 7 Ward , East Dagon
Yangon
11451

Telephone

+959450555501

Website

Alerts

Be the first to know and let us send you an email when Shwe Hinthar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share