Ni Ni May Online shop

Ni Ni May Online shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ni Ni May Online shop, Shopping Service, Yangon.

Hi
25/04/2026

Hi

📌သိမှတ်စရာ ဆားခါး(Epsom Salt)အကြောင်းလူကြီးအများစုကတော့ ဆားခါးရဲ့ကျိုးကျေးဇူးများကို သိရှိကြသော်လည်း လူလတ်ပိုင်းနှင့် လူ...
20/12/2023

📌သိမှတ်စရာ ဆားခါး(Epsom Salt)အကြောင်း

လူကြီးအများစုကတော့ ဆားခါးရဲ့ကျိုးကျေးဇူးများကို သိရှိကြသော်လည်း လူလတ်ပိုင်းနှင့် လူငယ် အများစုကတော့ ဆားခါးရဲ့ အသုံးဝင်ပုံများကို လျစ်လျူရှုနေတတ်ကြပါ
တယ်။

💥ဆားခါးက ကျန်းမာရေးအတွက်ရော အလှအပရေးရာအတွက်ပါအသုံးဝင်တယ်ဆိုရင် ယုံကြည်လိုက်ပါ။
ဒါ့ကြောင့် အခုဖော်ပြချင်တဲ့ အကြောင်းအရာကတော့
ဆားခါးရဲ့ အသုံးဝင်ပုံများနှင့် ဆားခါးကို အိမ်တိုင်းမှာ ဆောင်ထားသင့်ကြောင်းပါ...

1️⃣ #အညောင်းပြေစေခြင်း✅
ရေခပ်နွေးနွေးထဲမှာ ဆားခါး တစ်ဇွန်းလောက်ထည့်ပြီး
ခြေထောက်ကို ခြေမျက်စိမြုပ်တဲ့အထိစိမ်ပေးပြီးခြေထောက် ချင်းနှိပ်နယ်ပေးမယ်ဆိုရင် တစ်နေ့တာလုံးပင်ပန်းထားတာကို ပြေလျော့စေမှာဖြစ်ပါတယ်။ ခြေထောက်ကို သန့်စင်စေတဲ့အပြင် ခြေထောက်အရေပြားပေါ်ကဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးနိုင်ပါသေးတယ်။

2️⃣ #အစာကြေစေနိုင်ခြင်း✅
ဆားခါးကိုမနက်ခင်းတိုင်းအရည်ဖျော်ပြီး သောက်သုံးပေးတာက အစာခြေဖျက်နိုင်စွမ်းကိုတိုးတက်စေနိုင်ပြီး အစာချေလမ်း ကြောင်းတစ်လျှောက်က အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်ပါတယ်။

3️⃣ #သည်းခြေကျောက်ကိုဖယ်ရှားပေးနိုင်ခြင်း✅
ဆားခါးကအဆိပ်အတောက်ကို ပြေစေနိုင်ပါတယ်။
ဆံချည်မျှင်သွေးကြောလေးတွေကို ပွင့်စေနိုင်စွမ်း ရှိတာကြောင့်သည်းခြေကျောက်တွေကို ဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။

4️⃣ #ကြွက်သားနာတာကိုသက်သာစေနိုင်ခြင်း✅
ဆားခါးက အရေပြားပေါ်က အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်သလို ဆားခါးရည်စိမ်ပေးမယ်ဆိုရင်
ကြွက်သားတွေ နာကျင်တာနဲ့ တောင့်တင်းတာတွေကို
လျော့ပါးသက်သာစေနိုင်ပါတယ်။

5️⃣ #စိတ်ဖိစီးမှုကိုလျော့ပါးသက်သာစေနိုင်ခြင်း✅
ဆားခါးနဲ့ ရေချိုးမယ်ဆိုရင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့
မဂ္ဂနီဆီ ယမ်ဓာတ်ကိုရရှိစေနိုင်တဲ့အပြင် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ပြေလျော့စေနိုင်ပြီး စိတ်ဖိစီးမှုကိုလည်း သက်သာစေနိုင်ပါတယ်။ ဆားခါးနဲ့ ရေစိမ်ချိုးတာက
စိတ်ခံစားမှုကိုကောင်းမွန်စေပြီး ခန္ဓာကိုယ်ကို အနားရစေနိုင်ပါတယ်။

6️⃣ #သွေးလှည့်ပတ်မှုကိုတိုးစေခြင်း✅
မဂ္ဂနီဆီယမ်လုံလောက်စွာရရှိမှုက သွေးလှည့်ပတ်မှုကိုတိုးစေနိုင်ပြီး သွေးတိုးကျစေနိုင်တာကြောင့် နှလုံးကိုကျန်းမာစေနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အင်ဆူလင်အသုံးချနိုင်စွမ်းကိုတိုးစေနိုင်သလို သွေးတွင်းကယ်လ်ဆီယမ်ပမာဏကိုထိန်းပေးရာမှာလည်း အထောက်အကူပြုပေးနိုင်ပါတယ်။

7️⃣ #လိပ်ခေါင်းအတွက်အသုံးပြုနိုင်ခြင်း✅
ရေအနည်းငယ်နှင့် ဆားခါးကို ရောစပ်ပြီး ဂွမ်းစနှစ်ပြီး ရေပြန်ညှစ်ပေးပါ။ ထို့နောက် လိပ်ခေါင်းကို မကြာခဏ အုံပေးထားပါ။လိပ်ခေါင်းသေးလျှင် ပျောက်သွားနိုင်ပြီး လိပ်ခေါင်းကြီးလျှင် သေးသွားနိုင်ပါတယ်။

💥ဖော်ပြပါ အချက်များအပြင်
ဆားခါးကို ဆံသား၊ အရေပြားများအတွက်လည်း အသုံးပြုနိုင်ပါတယ်။

💥ပုံမှန် သုံးနေကျ ခေါင်းလျှော်ရည်၊
essential oil ၊ မျက်နှာသစ်ဆေး စတာတွေနဲ့ တွဲဖက်ပြီးတော့ သုံးစွဲမယ်ဆိုရင် အလှအပရေးရာအတွက် ပိုပြီး အကျိုးသက်ရောက်မှု ရှိစေနိုင်ပါတယ်။

အားလုံးပဲ ကျန်းမာရေး ဗဟုသုတများ တိုးပွားပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာနှင့် သာယာပျော်ရွှင်နိုင်ကြပါစေရှင်။

Credit to Orginal Poster

#လင်းလက်သဘာဝထုတ်ကုန်
#ဘက်စုံသုံးကျန်းမာရေးဆားခါး
☎️ 09783097058

ကရမက်လိမ်းနည်းမေ့နေသူများအတွက်အပူထွက်အောင်ကရမက်ကိုဒီလိုလိမ်းပါ။✔️ပထမဦးစွာ ဘယ်ခြေကိုအရင်လိမ်း ပြီးဒုတိယ ညာလက်ကိုလိမ်းရပါမ...
07/12/2023

ကရမက်လိမ်းနည်းမေ့နေသူများအတွက်

အပူထွက်အောင်ကရမက်ကိုဒီလိုလိမ်းပါ။

✔️ပထမဦးစွာ ဘယ်ခြေကိုအရင်လိမ်း
ပြီးဒုတိယ ညာလက်ကိုလိမ်းရပါမည်။

‌✔️နောက်ထပ်တစ်ကြိမ် ဘယ်ခြေ ညာလက်ကို နှစ်ကြော့လိမ်း/ခြောက်သွားရင် ဘယ်ခြေနဲ့ညာလက်ကို ထပ်လိမ်းရပါမည်။

✔️ဘယ်ခြေ ညာလက်3ကြိမ်လိမ်းပြီးရင်
ညာခြေ ဘယ်လက်ကိုလည်း3ကြိမ်လိမ်းကျံပေးရပါမည်။

✔️ပြီးမှ ခန္ဓာကိုယ်အနှံ့ဖြန့်လိမ်းရပါမယ်။
လိမ်းနည်းစနစ်မှန်ကန်ရင်ရှိတဲ့အပူစုပ်ထုတ်သွားပါလိမ့်မည်။

အပူလွန်ရောဂါခံစားရသူများအားလုံး
အေးမြသောကရမက်နှင့်သနပ်ခါးကိုပဲ
ဆေးအဖြစ်မှီဝဲပါ။

အပူဆို ဘယ်အပူမှမလိမ်းကျံပါနဲ့။
လိမ်းရင်ကျောက်ကပ်ထိနိုင်ပါတယ်။
နံသာဖြူ အပူ /တောင်နံကြီး /တောင်နံကတိုးတို့သည် အပူပါ ရောဂါကိုပိုဆိုးလာဖို့ပဲရှိပါတယ်ပိုကောင်းစေချင်ရင် ကရမက်၊ဝါးမင်းသနပ်ခါးခဲ၊သနပ်ခါး အပွေးအမြစ်ခဲပဲလိမ်းပါ။

❌ရောဂါ ဖစ်သည့်နေရာကို စမလိမ်းရပါဘူး

✔️အစွန်အဖျားကနေ စလိမ်းရပါမယ်။

ခြေထောက်ဆို ခြေဖမိုးကစ
ခြေသလုံး၊ ပေါင် ၊တင်ပါးတစ်ဆင့်စီလိမ်း
လက်ဆို လက်ဖမိုးကစ လက်ဖျံလက်မောင်းပုခုံး
တစ်ဆင့်စီလိမ်းခြင်းအားဖြင့်သိသာသက်သာစေပါတယ်။

အထက်ပါနည်း၂နည်းထဲက ကြိုက်နှစ်သက်ရာနည်းအတိုင်း ဂရုတစိုက်ဖတ်ရှု့၍လိမ်းကျံပေးပါ။ သိသာစွာရောဂါများပျောက်ကင်းပါလိမ့်မည်။

#လင်းလက်သဘာဝထုတ်ကုန်များ
ဆက်သွယ်မှာယူလိုပါက

☎️ 09783097058 or cb pls.

crd # ပင်လုံစာပေမှ ဩ/သုဆရာကြီး
ဦးရန်အောင်‌ ပြောကြားထားသောကရမက်၊
သနပ်ခါးလိမ်းနည်းများ

02/12/2023

ဆောင်းရာသီမှာ ကျန်းမာစေဖို့..

☃️ဆောင်းရာသီမှာ အရေပြားတွေ ခြောက်သွေ့အက်ကွဲလွယ်သလို၊ နှုတ်ခမ်းသားကွဲခြောက်မှုတွေလည်း ဖြစ်ပေါ်တတ်ပါတယ်။ အဲဒါအပြင် လည်ချောင်းနာခြင်းကလည်း အဆစ်ပါလာနိုင်ပါသေးတယ်နော်။ 🤧အအေးမိခြင်း၊ ချောင်းဆိုးခြင်းတွေလည်း ဖြစ်နိုင်ပါတယ်။ အဲဒါကြောင် ဆောင်းရာသီမှာ ကျန်းမာစေဖို့ အလွယ်ဆုံးလိုက်နာသင့်တဲ့ နည်းလမ်းလေးတွေဖော်ပြပေးလိုက်ပါတယ်။

1️⃣အရေပြားအစိုဓာတ်ထိန်း ခရမ်တွေလိမ်းပါ။
2️⃣ရေများများသောက်ပေးပါ။ တစ်နေ့လျှင် ရေ ၈ - ၁၀ဖန်ခွက်ထိသောက်ပေးနိုင်ပါတယ်။
3️⃣နှုတ်ခမ်းသားအစိုဓာတ်ထိန်းခရမ် (သို့) နှုတ်ခမ်းနီအဆီပုံစံမျိုးလိမ်းပေးပါ။
4️⃣ရေနွေးနဲ့ရေချိုးခြင်းက အရေပြားခြောက်သွေ့စေနိုင်ပါတယ်။
5️⃣အမွှေးနံ့မပါတဲ့ ရေချိုးဆပ်ပြာမျိုးသုံးပေးပါ။
6️⃣နေရောင်ကာ ခရမ်လိမ်းပေးပါ။
7️⃣ရေဓာတ်ပါဝင်တဲ့ အစားအစာတွေစားသုံးပေးပါ။
8️⃣ဟင်းသီးဟင်းရွက်နဲ့အသီးအနှံမျှတအောင်စားပေးပါ။
9️⃣ဗီတာမင်ဒီရရှိစေဖို့ နေပူဆာလှုံပေးပါ။
🔟အာဟာရမျှတတဲ့ စွပ်ပြုတ်မျိုး သောက်ပေးပါ။

29/11/2023

#ရောင်းမလောက်တဲ့ လင်းလက်လေးတွေ stock ဖြည့်ထားပါတယ်
#ပင်ရင်းမှာတောင် ထုတ်မလောက်ဖြစ်နေပြီး Leader ကြီးတွေတောင်တန်းစီမှာယူနေရလို့ လင်းလက်ချစ်သူလေးတွေကတော့ NiNiMay ဆီမှာ ကြိုတင်မှာယူထားဖို့တော့လိုမယ်နော်
📲 09783097058 or cb pls.

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Ni Ni May Online shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share