20/07/2026
မင်္ဂလာပါရှင့်💜
CHEIK ပါ
မတွေ့တာကြာပြီနော်……….
ကျွန်မတို့ CHEIKရဲ့ ဒီလအတွက်
အချိတ်အဆင်လေးကတော့
ထိပ်ခေါင်တင်ကြိုးလေးနဲ့ခြောက်စင်းလိမ်ကြိုးလေးကိုရောခတ်ထားတဲ့
ချည်သားချိတ်လေးပဲဖြစ်ပါတယ်ရှင့်
အဆင်အသွေးအနေနဲ့ကြည့်ရင်လည်း
ပန်းခရမ်းရယ် အနက်ရယ် ကြက်ပေါက်ရောင်လေးရယ်ပေါင်းစပ်ထားတာမို့ ခန့်ထည်တည်ငြိမ်တဲ့အလှပေါ် အယဉ်ဆင့်ထားသလို
ခံစားမှုကိုရရှိစေမှာပါ
အဲ့ချိတ်အဆင်လေးကိုမှ ပန်းခရမ်းချည်သားရင်ဖုံးလေးနဲ့တွဲဖက်ပြပေးထားပါတယ်ရှင့်
📌ချည်သားချိတ်အစစ်လေးမို့ ရေလျှော်လို့လည်းရပါတယ်ရှင့်
📌ယက္ကန်းချည်ချိတ်လေးမို့အတွင်းချည်မရှုပ်ပေမယ့် ကော်ပိတ်လေးခံချုပ်ရင်တော့ပိုဝတ်လို့ကောင်းပါတယ်နော်
CHEIK ကအထည်လေးတွေဟာ
Adminကိုယ်တိုင်ကြိုက်နှစ်သက်လို့
ဝတ်ဖို့ဝယ်ရင်းရောင်းတာမို့
အသားအနား အသွေးအမွေးကို ကိုယ်တိုင်ရွေးချယ်ကိုင်တွယ်ဝယ်ယူရသလိုခံစားရစေဖို့ကတော့ တာဝန်ယူပါတယ်ရှင့်