04/09/2026
မကြာခင် ဝါထွက်တော့မယ် သီတင်းကျွတ်တော့မယ်
လူကြီး မိဘတွေကို အရိုသေပေး ၊ လက်ဆောင်ပို့ ကန်တော့ကြတဲ့ရာသီကို ရောက်တော့ပါမယ်
လက်ဆောင်ဆိုတာ ပေးသူရဲ့ မေတ္တာ ၊ လက်ခံသူရဲ့ ပီတိ ကိုဖော်ပြတဲ့အရာပေါ့
သူပေးတဲ့ လက်ဆောင်ကလေးကို သိပ်ကြိုက်တာပဲဆိုပြီး နေ့တိုင်း သတိတရရှိနေမယ် ရိုးရှင်းတဲ့ အရာလေးက Green tea ပါ
ရေနွေးမသောက်တဲ့ လူကြီးဆိုတာ မရှိသလောက်ပါပဲနော်
ခုနောက်ပိုင်းဆို လူငယ်တွေကအစ ကျန်းမာရေးအတွက် Tea , flower tea တွေသောက်တဲ့ အလေ့ထတွေ ရှိလာကြပါပြီ
ရေနွေးထဲ လက်ဖက်ခြောက် ခပ်ရုံနဲ့ ရေနွေးကြမ်းဖြစ်တာပဲ ဘာတွေ ဇာချဲ့နေမလဲဆိုပေမယ့်
အနံ့ နဲ့ အရသာ ကွာပါတယ်
လက်ဖက်ရွက်က လက်ဖက်ပင်ကရတာပဲ
လက်ဖက်ခြောက်ချင်းအတူတူ ဘာကွာလို့လဲဆိုရင်တော့ ပြောစရာက အများကြီးပါပဲ
လက်ဖက်ရွက်အနု ၊ လက်ဖက်ရွက် အရွက်ရင့် ၊ လက်ဖက်ရွက် အညွန့် .. ကနေ ၊ အရွက်ခူးတဲ့ရာသီ ၊ လက်ဖက်ခြောက်ပြုလုပ်ပုံ ၊ နေလှမ်းလား ၊ မီးသင်းနဲ့ လှော်လား ၊ နေမထိ လေမထိနဲ့ မီးခိုးကြပ်တင်တာလား... စသည်ဖြင့် ပြုလုပ်နည်းတွေမတူပါဘူး
အဲ့တော့ ရလာတဲ့ လက်ဖက်ခြောက်ခြင်း ၊ အရောင် ၊ အနံ့ ၊ အရသာဟာလည်း အများကြီးကွာသွားပြီး
စျေးနှုန်းအရ စျေးအချိုဆုံး ၊ အလယ်အလတ် ၊ စျေးအမြင့်ဆုံး Quality တွေ ကွဲသွားပါတယ်
A Sleepy Town ရဲ့ Green tea ကတော့ စျေးအကောင်းဆုံး အမျိုးစားထဲက ဖြစ်ပါတယ်
စရောင်းထဲက အရည်သွေးကိုပဲရောင်းခဲ့တာပါ
အရည်သွေးနောက်မှ လက်ဖက်က လိုက်တာပါ
Green tea က လူကြီး ၊ လူငယ်မရွေး ကြိုက်တဲ့ အနံ့ အရသာပါ
အရောင်ကြည်ကြည် ၊ အနံ့မွှေးမွှေး ၊ အရသာ ဆိမ့်ဆိမ့်ထွက်ပါတယ်
ရေနွေးတစ်အိုးဆို လက်ဖက်ခြောက်အများကြီး မထည့်ရပါဘူး သူက လက်ဖက်ညွန့်ကလေးတွေကို လုံးထား လိပ်ထားတဲ့ လက်ဖက်လုံးလေးမို့ ကြည့်ရင်တော့ သေးသေးလေးတွေပါပဲ
ရေပူထဲရောက်မှ အရွက်ကလေးဖြစ်သွားတာပါ
နည်းနည်းထည့်ရုံနဲ့ အရသာပေါ်ပါတယ်
ရေနွေးအိုးထဲ ရေထပ်ဖြည့်ပြီး ၂ ရေ ၃ ရေထိ သောက်လို့ရပါတယ်
ပြီးတော့ Green Tea ရဲ့ လက်ဖက်ခြောက်အရောင်က ဖွေးဖွေးလေးနော် မှိုတတ်တယ်ထင်မှာစိုးလို့ပါ
သူက လက်ဖက်ညွှန့်အလိပ်လေးတွေမို့ လုံးကျစ်နေပါတယ် အကြေတွေ ထည့်ထားတာ ထင်မှာစိုးလို့နော်
တစ်ဗူး -၁၀၀၀၀ ပါ
ဖန်အိုးလေးနဲ့ ထည့်ထားပြီး သူ့ရဲ့အပြင်မှာ စက္ကူဗူး ပါကင်နဲ့ ထည့်တာပါ
လက်ဆောင်ပစ္စည်းအတွက် ရည်ညွှန်းပြီး ထုတ်တာမို့ ရိုးရှင်းပြီး သေသေသပ်သပ်လုပ်ထားပါတယ်
ဒါလေးကတော့ အမြဲရဖို့ မသေချာပါဘူး
ဖန်အိုးတွေက တော်ရုံဝယ်မရလို့ပါ
မဖီတို့ ခုလို သီတင်းကျွတ်ရာသီမှာရောင်းဖို့ ဖန်အိုးတွေကို မနည်းစုထားရတာပါ
Limited edition ပေါ့ကွယ် ပုလင်း -၅၀၀ စာပဲ ထုတ်ပါတယ် ကုန်ရင်ထပ်မရှိတော့ဘူးနော်
လက်ဖက်က 100 g လောက်ပဲ ပါပါတယ်
ဖန်အိုးရဲ့စျေးနဲ့ သယ်ယူခကြောင့် ဒီစျေးနဲ့ရောင်းတာပါရှင်
ဖန်အိုးနဲ့ မဟုတ်ပဲ ပုံမှန်ရောင်းနေကြအိတ်နဲ့ဆိုရင်တော့ Green tea -15 ကျပ်သားပါ
တစ်ထုပ်ကို ၈၀၀၀ ပဲ ကျပါတယ် အဲ့တာလည်းရှိတယ်နော်
Tea ခြင်းတူတူပဲ ထုပ်ပိုးမှုပုံစံပဲ ကွဲသွားတာပါရှင်
နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်
ဖန်အိုးနဲ့ လက်ဆောင်ပေးဖို့ အရေတွက်များများဝယ်သူများကိုလည်း - Green tea ၅ အိုးယူရင် ၁ အိုး လက်ဆောင် ထည့်ပေးပါမယ်နော်
သီတင်းကျွတ်လက်ဆောင်ပေါ့ရှင်