Infinity Online Market

Infinity Online Market Hi Everyone. Welcome to InfinityOM💟

Fast Air Order Arrival✈️5 လပိုင်းထဲက တခါရောက်တပုံးနှုန်းနဲ့ရောက်နေတာကို မင်ခရီးရက်ရှည်သွားနေတာရော ကြားထဲ ticket ဂယက်ထလို...
15/06/2026

Fast Air Order Arrival✈️

5 လပိုင်းထဲက တခါရောက်တပုံးနှုန်းနဲ့ရောက်နေတာကို မင်ခရီးရက်ရှည်သွားနေတာရော ကြားထဲ ticket ဂယက်ထလို့ ပစ္စည်းမပို့ဖစ်တာကြောင့်ရော အခုတော့ ငွေလွှဲဝင်သမျှ အကုန်အပ်ပီးပီနော် နောက်ထပ်အပ်ဖို့ကျန်တာတွေလဲ ဒီတပတ်အပီးထပ်အပ်ပေးပါ့မယ်ရှင့်🙇🏻‍♀️💜

13 နှစ်တာခရီးစဉ်ကြီးက ပြန်တွေးရင် ခနလေးလိုပဲနော် BTS ARMY တို့ရဲ့ လူငယ်ဘဝနဲ့ရင်းခဲ့ရတဲ့ ပျော်ရွှင်မှု ဝမ်းနည်းမှုအကုန် တ...
13/06/2026

13 နှစ်တာခရီးစဉ်ကြီးက ပြန်တွေးရင် ခနလေးလိုပဲနော်
BTS ARMY တို့ရဲ့ လူငယ်ဘဝနဲ့ရင်းခဲ့ရတဲ့ ပျော်ရွှင်မှု ဝမ်းနည်းမှုအကုန် တန်ဖိုးထားကြောင်း ကျန်တဲ့ life မှာလဲ သူတို့ပျော်ရွှင်မှုကိုပဲ လိုလားကြောင်း အကိုတွေကို သိစေချင်တယ် သူတို့ချစ်ခြင်းမေတ္တာကို ကိုယ်တွေခံစားရသလို ARMY တွေရဲ့ မေတ္တာကြောင့် အမြဲအေးချမ်းစေချင်တယ်💟

Producer Bang Sihyuk ဟာ
အသက် ၁၆ နှစ်အရွယ်ပဲ ရှိသေးတဲ့ Underground Rapper လေး Kim Namjoon (RM) ရဲ့ ပါရမီကို မြင်ပြီး "ဒီကလေးကို ဗဟိုပြုပြီး ဂီတအဖွဲ့တစ်ဖွဲ့ ထောင်မယ်" ဆိုတဲ့ ဆုံးဖြတ်ချက်ကနေ BTS ဆိုတာ စတင် အသက်ဝင်လာခဲ့တယ်။ RM သာ မရှိရင် BTS ဆိုတာ ရှိလာစရာ အကြောင်းမရှိခဲ့ဘူး။

​အဲ့ဒီနောက်မှာတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လူရွေးပွဲတွေကတစ်ဆင့်...
​Daegu မြို့က ဉာဏ်ကြီးရှင် Beatmaker/Rapper လေး Min Yoongi (SUGA) ရောက်လာခဲ့တယ်။

​Gwangju မြို့က Street Dancer လေးအဖြစ် နာမည်ရပြီးသားဖြစ်တဲ့ Jung Hoseok (j-hope) ရောက်လာခဲ့တယ်။

​အစပိုင်းမှာ Rap သီးသန့် Hip-Hop အဖွဲ့အဖြစ် ရည်ရွယ်ခဲ့ပေမယ့်၊ နောက်ပိုင်းမှာ Performance ပါပြနိုင်တဲ့ Idol Group အဖြစ် လမ်းကြောင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့ကြပြီး Vocal နဲ့ Visual အဖွဲ့ဝင်တွေကို ထပ်မံ ရှာဖွေစုဆောင်းခဲ့တယ်။

​ဘတ်စ်ကားပေါ်ကအဆင်းမှာ visual ကောင်းလွန်းလို့ ကမ်းလှမ်းခံရတဲ့ Kim Seokjin (Jin)။

​ကမ်းလှမ်းကြတဲ့Entertainment တွေအများကြီးထဲကမှ RM ရဲ့ Rap ဆိုပုံကို သဘောကျလို့ ကုမ္ပဏီအသေးလေးကိုပဲ ရွေးခဲ့တဲ့ Jeon Jungkook (Jungkook)။

​သူငယ်ချင်းအဖော်လိုက်ရင်းနဲ့မှ မထင်မှတ်ပဲ Audition ဝင်ဖြေခဲ့ပြီးအဖွဲ့ရဲ့ လျှို့ဝှက်လက်နက်အဖြစ် အရွေးခံရတဲ့ Kim Taehyung (V)။

​Busan အနုပညာကျောင်းက Modern Dance ထိပ်တန်းကျောင်းသားဖြစ်တဲ့ Park Jimin (Jimin)။

​ဒီလိုနဲ့ RM, Jin, SUGA, j-hope, Jimin, V, Jungkook ဆိုတဲ့ အဖွဲ့ဝင် ၇ ယောက်ဟာအဆောင်အခန်းကျဉ်းလေးတစ်ခုထဲမှာ အတူတူ နေထိုင်ရင်း "Bangtan Sonyeondan" (ကျည်ကာလူငယ်များ) ဆိုတဲ့ အမည်နဲ့ အဖွဲ့ကို တရားဝင် တည်ထောင်ခဲ့ကြပါတယ်။

၂၀၁၃ မှာ Debut ခဲ့ပေမယ့် အစစ်အမှန် ဒုက္ခတွေက အဲ့ဒီအချိန်ကမှ စတာ ဖြစ်တယ်။ နာမည်ကြီး ကုမ္ပဏီကြီးတွေ ကြီးစိုးထားတဲ့ ဂီတလောကထဲမှာ ကုမ္ပဏီအသေးလေးက လာတဲ့ BTS အတွက် နေရာတစ်နေရာရဖို့ တစ်စက်ကလေးမှမလွယ်ကူခဲ့ဘူး။

​အဖွဲ့ဝင် ၇ ယောက်လုံးဟာ အဝတ်အစားတွေ သေတ္တာတွေ ပြည့်နှက်နေတဲ့ အိပ်ခန်းကျဉ်းလေး တစ်ခုတည်းမှာပဲ တိုးဝှေ့ပြီး အတူတူ အိပ်ခဲ့ရတယ်။

ကုမ္ပဏီမှာ ဘတ်ဂျက်မရှိလို့ Music Video ရိုက်ရင် မန်နေဂျာတွေရဲ့ ကိုယ်ပိုင်ကားတွေကို အသုံးပြုခဲ့ရပြီး၊ အဝတ်အစားတွေကိုလည်း အလှည့်ကျ မျှဝေဝတ်ဆင်ခဲ့ရတယ်။ ထမင်းဖိုး ချွေတာဖို့အတွက် ကုမ္ပဏီအောက်က စားသောက်ဆိုင်လေးမှာပဲ နေ့တိုင်း ပုံမှန် စားသောက်ခဲ့ရတယ်။

အဆက်အသွယ်မရှိတဲ့ ကုမ္ပဏီငယ်လေးက ဖြစ်တာကြောင့် Music Show တွေမှာ ဖျော်ဖြေခွင့်ရဖို့ တောင်းပန်ခဲ့ရပါတယ်။ တခြားနာမည်ကြီးအဖွဲ့တွေ ရောက်လာရင် သူတို့ရဲ့ ဖျော်ဖြေမှုကို ဖြတ်ချခံရတာ၊ အစီအစဉ် ပယ်ဖျက်ခံရတာမျိုးတွေ ခန့်မှန်းရခက်အောင် ကြုံခဲ့ရပြီး၊ တခြားအဖွဲ့တစ်ခုခု ပျက်ကွက်မှ အစားထိုး ဝင်ဆိုခွင့်ရတဲ့ အခြေအနေမျိုးတွေအထိ နှိမ်ချခြင်း ခံခဲ့ရပါတယ်။😔

​အစပိုင်းမှာ သူတို့ရဲ့ Hip-Hop Concept၊ သူတို့ရဲ့ ရုပ်ရည်တွေနဲ့ "Bangtan Sonyeondan" (ကျည်ကာလူငယ်များ) ဆိုတဲ့ နာမည်အပေါ် ဂီတလောကနဲ့ Netizen တွေက ပြက်ရယ်ပြု လှောင်ပြောင်ခဲ့ကြပါတယ်။ ကောင်လေးတွေဟာ သူတို့ ဘာမှမမှားဘဲနဲ့ အမုန်းစကား (Hate Comments) တွေကို နေ့ညမပြတ် ခံစားခဲ့ရပြီး RM နဲ့ SUGA တို့ဟာ Studio အခန်းလေးထဲမှာ သီချင်းရေးရင်း စိတ်ဒဏ်ရာတွေကို အံကြိတ်ဖြတ်ကျော်ခဲ့ရပါတယ်။

"ငါတို့အဖွဲ့ ရှေ့ဆက်နိုင်ပါဦးမလား" ဆိုတဲ့ သံသယတွေ၊ စိုးရိမ်စိတ်တွေနဲ့ အဆောင်မှာ အတူတူ ငိုခဲ့ကြဖူးပါတယ်။ ဒါဟာ နောက်ဆုံး Album ဖြစ်သွားနိုင်တယ်ဆိုတဲ့ စိတ်နဲ့ အသေအလဲကြိုးစားခဲ့ရတယ်။

​သူတို့ရဲ့ ဒုတိယမြောက် Album မထွက်ခင်... LA မှာ အခမဲ့ Concert (Free Concert) တစ်ခု လုပ်ဖို့ အခွင့်အရေး ရခဲ့ပါတယ်။
​ဒါပေမဲ့ အဲ့ဒီ Concert ကို လူလာကြည့်ဖို့အတွက် ၇ ယောက်လုံးဟာ LA ရဲ့ ပူပြင်းတဲ့ နေရောင်အောက်မှာ... လက်ကမ်းစာစောင် (
တွေကို ကိုယ်တိုင် ကိုင်ပြီး လမ်းသွားလမ်းလာတွေကို လိုက်ဝေခဲ့ရပါတယ်။

​💔 "Please come to our concert..." (ကျွန်တော်တို့ Concert ကို လာကြည့်ပေးပါ)
​အင်္ဂလိပ်စာ ကောင်းကောင်းမတတ်သေးတဲ့ အခြေအနေမှာ... လူဖြူတွေ၊ လူမည်းတွေ၊ နိုင်ငံခြားသားတွေကို ချဉ်းကပ်ပြီး
"Please come to our concert, it's free..." (ကျွန်တော်တို့ Concert ကို လာကြည့်ပေးပါ၊ အခမဲ့ပါဗျာ) ဆိုပြီး လက်ကမ်းစာစောင်လေးတွေ ကမ်းပေးကာ တစ်ယောက်ချင်းစီကို လိုက်ပြီး ဖိတ်ခေါ်ခဲ့ရတာပါ။

​ဒီလို ခက်ခဲတဲ့ကြားကပဲ သူတို့ရဲ့ ထူးခြားပြင်းထန်တဲ့ Performance တွေအရည်အချင်းအစစ်တွေကြောင့် ဂီတလောကက သူတို့ကို စတင်သတိပြုမိလာခဲ့ပါတယ်။
​BTS ရဲ့ ပထမဆုံး အောင်မြင်မှုက တဖြည်းဖြည်း တက်လာတာပါ။ Debut လုပ်ပြီး ၁ နှစ်၊ ၂ နှစ်အတွင်းမှာ အရမ်းကြီး မအောင်မြင်သေးပေမယ့် ကြိုးစားမှုတွေက အသီးအပွင့် စပေးလာခဲ့တယ်။ 💜

No More Dream၊ N.O နဲ့ Boy In Luv တို့ကြောင့် BTS ကို လူငယ်ပရိသတ်တွေ စသတိထားမိလာကြတယ်။
အဲ့ဒီအချိန်မှာ BTS ရဲ့ သီချင်းတွေက ကျောင်းသားဘဝ ဖိအားတွေ၊ အိပ်မက်တွေ၊ လူငယ်တွေရဲ့ ပြဿနာတွေကို ပြောထားတာကြောင့် အခြားအဖွဲ့တွေနဲ့ ကွဲပြားနေခဲ့လို့ပဲ။

2013 ခုနှစ်အကုန်မှာ BTS ဟာ Rookie of the year (အကောင်းဆုံးအနုပညာရှင်အသစ် ) ဆု ရရှိခဲ့တယ်။
အဲဒီဆုက BTS အတွက် အရေးကြီးခဲ့တယ်၊ ဘာလို့လဲဆိုတော့ "ငါတို့ရဲ့ ကြိုးစားမှုကို လူတွေ မြင်လာပြီ" ဆိုတဲ့ ယုံကြည်မှု ရခဲ့လို့ပါ။

2015 I Need U နဲ့ BTS ဟာ Music Show တစ်ခုမှာ ပထမဆုံး နံပါတ် ၁ ရခဲ့တယ်။

အဲ့ဒီနေ့က အဖွဲ့ဝင်တွေ မျက်ရည်ကျခဲ့ရတဲ့မမေ့နိုင်တဲ့နေ့လေးပေါ့။
ဘာလို့လဲဆိုတော့ Debut လုပ်ပြီး ၂ နှစ်ကျော် ကြိုးစားခဲ့တဲ့ ရလဒ်ကို ပထမဆုံးအကြိမ် ရခဲ့လို့ပဲ။

Dope ရဲ့ Dance Video က YouTube မှာ အရမ်းပျံ့နှံ့သွားပြီး နိုင်ငံခြားပရိသတ်တွေ အများကြီး တိုးလာခဲ့တယ်။
အဲဒီအချိန်ကစပြီး BTS ဟာ "ကိုရီးယားမှာပဲ နာမည်ကြီးတဲ့ အဖွဲ့" မဟုတ်တော့ဘဲ နိုင်ငံတကာ Fan Base ရှိလာခဲ့တယ်။

BTS အတွက် အရေးကြီးဆုံးအချိန်
ပရိသတ်အများစုက BTS ရဲ့ တကယ့် အလှည့်အပြောင်းကို 2015 ခုနှစ် I Need U နဲ့ စတင်တယ်လို့ သတ်မှတ်ခဲ့ကြတယ်။
အဲ့ဒီမတိုင်ခင်က BTS ဟာ "အဖွဲ့သစ်" ဖြစ်ပေမယ့်၊ အဲ့ဒီနောက်ပိုင်းမှာတော့ "ထိပ်တန်းအဖွဲ့ ဖြစ်လာနိုင်တဲ့ အဖွဲ့" အဖြစ် လူတွေ စတင်မြင်လာခဲ့ကြတယ်။

အဲဒီကနေ ၂၀၁၆ ခုနှစ်မှာ "Wings" (Blood Sweat & Tears) Album နဲ့အတူ ပြည်တွင်းရဲ့ အမြင့်ဆုံး "Daesang" ဆုကြီးကို ပထမဆုံး ဆွတ်ခူးခဲ့တယ်။

​၂၀၁၇ ခုနှစ်မှာ "DNA" သီချင်းနဲ့ Billboard စင်မြင့်ထက်ကို စတင်ခြေချခဲ့တယ်။
​၂၀၂၀ ခုနှစ်မှာတော့ "Dynamite" နဲ့အတူ Billboard Hot 100 ရဲ့ နံပါတ် ၁ နေရာကို အကြိမ်ကြိမ် သိမ်းပိုက်ပြီး ကမ္ဘာကျော် ထိပ်တန်းအဆင့်Artistအဖြစ် သမိုင်းတွင်ခဲ့ပါတယ်။

​BTS ရဲ့ အောင်မြင်မှုဟာ သီချင်းဆိုတာထက် ပိုမိုနက်ရှိုင်းလာခဲ့ပါတယ်။
​UN (ကုလသမဂ္ဂ) မိန့်ခွန်း:
UNICEF နဲ့ ပူးပေါင်းပြီး ကမ္ဘာတစ်ဝှမ်းက လူငယ်တွေအတွက် "Love Yourself / Speak Yourself" ဆိုတဲ့ စိတ်ခွန်အားဖြည့် မိန့်ခွန်းတွေကို ကုလသမဂ္ဂအထွေထွေညီလာခံစင်မြင့်ထက်မှာ ၃ ကြိမ်တိုင်တိုင် သွားရောက်ပြောကြားခဲ့ပါတယ်။

​အိမ်ဖြူတော် (White House) သို့ ဖိတ်ကြားခံရခြင်း:
အမေရိကန်သမ္မတ Joe Bidenရဲ့ အထူးဖိတ်ကြားချက်အရ အိမ်ဖြူတော်သို့ သွားရောက်ကာ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး (Anti-Asian Hate Crimes) နဲ့ပတ်သက်ပြီး လူငယ်ကိုယ်စားလှယ်များအဖြစ် ရဲရဲဝံ့ဝံ့ စကားပြောဆိုနိုင်ခဲ့ကြပါတယ်။

​​၂၀၂၂ ခုနှစ်နှောင်းပိုင်းကစပြီး အဖွဲ့ဝင်တွေဟာ နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ဖြစ်တဲ့ စစ်မှုထမ်းတာဝန်တွေကို အသီးသီး ထမ်းဆောင်ခဲ့ကြပါတယ်။ ဒါပေမဲ့ အဲ့ဒီကာလတွေမှာလည်း အဖွဲ့ဝင်တစ်ယောက်ချင်းစီရဲ့ Solo Album တွေဟာ Billboard မှာ နံပါတ် ၁ ရခြင်း၊ စံချိန်အသစ်တွေ တင်ခြင်းနဲ့အတူ BTSရဲ့ အရှိန်အဟုန်ဟာ စစ်တပ်ထဲမှာရှိနေရင်းတောင် လျော့မသွားကြောင်း သက်သေပြခဲ့ပါတယ်။

​ယခု ၂၀၂၆ ခုနှစ်၊ ၁၃ နှစ်ပြည့်မြောက်တဲ့အချိန်မှာတော့ အဖွဲ့ဝင်တွေအားလုံးဟာ တာဝန်တွေကို အောင်မြင်စွာ ထမ်းဆောင်ပြီး ကမ္ဘာတစ်ဝှမ်းက ARMY တွေ မျှော်လင့်စောင့်စားနေတဲ့ OT7 ပြန်လည်ဆုံစည်းမှုကြီးနဲ့အတူ ပိုမိုကြီးမားတဲ့ အောင်မြင်မှု အခန်းကဏ္ဍသစ်ဆီသို့ ဦးတည် ခုတ်မောင်းနေကြပြီ ဖြစ်ပါတယ်။
​

BTSဟာ သီချင်းဆို ကပြရုံသက်သက် Idol တွေ မဟုတ်ပါဘူး။ ကမ္ဘာတစ်ဝှမ်းက သန်းနဲ့ချီတဲ့ လူငယ်တွေရဲ့ စိတ်ဒဏ်ရာ၊ စိုးရိမ်ပူပန်မှုတွေနဲ့ ဖိအားတွေကို ရင်ဖွင့်စရာ သီချင်းစာသားတွေအဖြစ် ပြောင်းလဲပေးခဲ့ပြီး "Love Yourself" ဆိုတဲ့ သဝဏ်လွှာနဲ့ လူ့အသက်ပေါင်းများစွာကို ကယ်တင်ခဲ့ကြပါတယ်။

ကမ္ဘာ့ထိပ်ဆုံး ဘဝကို ရောက်သွားတဲ့အထိ ၇ ယောက်လုံးရဲ့ စည်းလုံးမှုနဲ့ နှိမ့်ချမှုဟာ အစကတည်းကအတိုင်း တစ်စက်ကလေးမှ မပြောင်းလဲခဲ့ပါဘူး။ အောင်မြင်မှုတွေ ဘယ်လောက်ပဲ ရရ၊ ဆုတွေ ဘယ်လောက်ပဲ သိမ်းပိုက်နိုင်ပါစေ... စင်ပေါ်တက်တိုင်း ပထမဆုံးအကြိမ် အော်ခေါ်လေ့ရှိတာကတော့ သူတို့ရဲ့ အသက်သွေးကြောဖြစ်တဲ့ "ARMY" ဆိုတဲ့ နာမည်လေးပါပဲ။🥺

​အဆောင်ခန်းကျဉ်းလေးကနေ စတင်ခဲ့တဲ့ ခြေလှမ်းတွေဟာ ကမ္ဘာ့ဂီတလောကရဲ့ သမိုင်းကို ပြောင်းလဲပစ်ခဲ့တဲ့အထိ အံ့သြစရာ ကောင်းလွန်းပါတယ်။

ဒါ့ကြောင့်မို့လို့ပဲ BTSရဲ့ အောင်မြင်မှုဟာ တို့အတွက်တော့ ဆုတံဆိပ်တွေ၊ စံချိန်တွေထက် ပိုပါတယ်။
​ဒါဟာ သူတို့ရဲ့ သွေးသားထက်မက နက်ရှိုင်းတဲ့ မိသားစု သံယောဇဉ်ကြီးတစ်ခုပါ။ ကမ္ဘာကြီးက သူတို့ကို ကျောခိုင်းထားခဲ့တဲ့ အချိန်မှာ တစ်ယောက်ရဲ့ ဒဏ်ရာကို တစ်ယောက်ကဖေးမရင်း၊ တစ်ယောက်လက်ကို တစ်ယောက် မြဲမြဲတွဲပြီး အမှောင်ဆုံးညတွေကို အတူတူ ဖြတ်ကျော်ခဲ့ကြတာ မဟုတ်လား...။

၁၃ နှစ်တိုင်တိုင် နောက်မဆုတ်သွားဘဲ အတူတူ လက်တွဲလာပေးလို့၊ ငါတို့ရဲ့ လူငယ်ဘဝတွေကို သီချင်းတွေနဲ့ အဖော်ပြု နှစ်သိမ့်ပေးခဲ့လို့ ကျေးဇူးအများကြီး တင်ပါတယ်။ စတင်တည်ထောင်ခဲ့တဲ့ နေ့ရက်ကနေ ယနေ့အထိ၊ နောင်နှစ်ပေါင်းများစွာအထိ... မပြောင်းလဲတဲ့ သစ္စာတရားတွေနဲ့ အတူတူ ဆက်ရှိနေကြမယ်။
BTSရဲ့ 13ကြိမ်မြောက်နှစ်ပတ်လည်ကိုဂုဏ်ပြုရင်း...
​Happy 13th Anniversary to BTS & ARMY! 💜

GOYANG concert မှာ LS pick up ဝယ်ထားတဲ့ ငယ်လေးတွေ ဒီတပတ်ရောက်မယ်နော် မင်ခရီးရက်ရှည်သွားနေလို့ cargo မှာပစ္စည်းမယူဖစ်သေးတ...
04/06/2026

GOYANG concert မှာ LS pick up ဝယ်ထားတဲ့ ငယ်လေးတွေ ဒီတပတ်ရောက်မယ်နော် မင်ခရီးရက်ရှည်သွားနေလို့ cargo မှာပစ္စည်းမယူဖစ်သေးတာပါ ရောက်တာနဲ့ တယောက်ချင်းစီလာပြောပေးမှာမလို့ ပွဲမမှီမှာ စိတ်မပူပါနဲ့နော်🙇🏻‍♀️

Hello ငယ်လေးတို့ မင်လကုန်ထိ deli အပို့နားထားပါမယ်နော် အိမ်လာယူမယ်ဆိုလဲ မရပါရှင့် မင်ခရီးရက်ရှည်သွားစရာရှိလို့ပါ 6လပိုင်းလဆန်းမှ deli ပြန်အပ်ပေးပါ့မယ်နော် ငယ်လေးတို့🙇🏻‍♀️🤍💜

Hello ငယ်လေးတို့ မင်လကုန်ထိ deli အပို့နားထားပါမယ်နော် အိမ်လာယူမယ်ဆိုလဲ မရပါရှင့် မင်ခရီးရက်ရှည်သွားစရာရှိလို့ပါ 6လပိုင်း...
20/05/2026

Hello ငယ်လေးတို့ မင်လကုန်ထိ deli အပို့နားထားပါမယ်နော် အိမ်လာယူမယ်ဆိုလဲ မရပါရှင့် မင်ခရီးရက်ရှည်သွားစရာရှိလို့ပါ 6လပိုင်းလဆန်းမှ deli ပြန်အပ်ပေးပါ့မယ်နော် ငယ်လေးတို့🙇🏻‍♀️🤍💜

Fast Air Order Arrival ✈️သင်္ကြန်မတိုင်ခင်က ရောက်နေတဲ့ပစ္စည်းလေးတွေနဲ့ ဒီနေ့မှရောက်တဲ့ Deluxe Vinyl လေးပါ အရင် 6/7 လပိုင...
01/05/2026

Fast Air Order Arrival ✈️

သင်္ကြန်မတိုင်ခင်က ရောက်နေတဲ့ပစ္စည်းလေးတွေနဲ့ ဒီနေ့မှရောက်တဲ့ Deluxe Vinyl လေးပါ အရင် 6/7 လပိုင်းပိတ်မိနေတဲ့ ပစ္စည်းတချို့ cargo မှာရောက်နေတယ်လို့ပြောပါတယ် မင့်ဆီတော့ အခုထိမရောက်လာသေးဘူးရှင့် ဘာပစ္စည်းပါလာမလဲ မသိရသေးတဲ့အတွက်လာတော့မမေးပါနဲ့နော် မင်ပစ္စည်းရောက်မှစစ်ပီး လာပြောပေးပါ့မယ်လို့ 🙇🏻‍♀️

BTS ARIRANG Album 🤍💜မင့်ကာလေးရဲ့ review လေးပါရှင့် own acc နဲ့ဝယ်ပီး Vocal line ကြီးပဲ Win သွားလို့ ပျော်နေတာ အတိုင်းထပ်...
30/04/2026

BTS ARIRANG Album 🤍💜

မင့်ကာလေးရဲ့ review လေးပါရှင့် own acc နဲ့ဝယ်ပီး Vocal line ကြီးပဲ Win သွားလို့ ပျော်နေတာ အတိုင်းထပ်အလွန် မင်အတတ်နိုင်ဆုံး ဘစိထည့်ပေးနေပေမယ့် random လာတာမလို့ ဘစိမလာခဲ့ရင်လဲ စိတ်မဆိုးကြပါနဲ့နော် EBG+Pog အပါ Full set ယူချင်သေးရင် မင့်ဆီမှာ Instock ရှိပါသေးတယ်ရှင့် အများကြီးမကျန်တော့လို့ မြန်မြန်မှာမှ စိတ်ချရမယ်နော်

❗️မင့် customer ပုံလေးတွေ ယူသုံးခြင်းသည်းခံပါနော်❗️

https://m.facebook.com/story.php?story_fbid=1440386611434797&id=100063904160180

BTS ARIRANG ALBUM INSTOCK ✨💟🍎Arirang Fullset (Weverse verအပါ) + POG + Early Bird >> 1set ❌🍎Arirang Fullset (Weverse verမ...
27/04/2026

BTS ARIRANG ALBUM INSTOCK ✨💟

🍎Arirang Fullset (Weverse verအပါ) + POG + Early Bird >> 1set ❌
🍎Arirang Fullset (Weverse verမပါ) +POG + Early Bird >> 2set ✅❌

✨instockမလို့ ပိုက်ဆံချေပြီး၅ရက်တွင်းအပ်ပေးလို့ ရပါတယ်ရှင့် စျေးစုံစမ်းမယ်ဆို cbလာခဲ့ပေးနော် ငယ်လေးတို့🫶🏻

Address

Insein
Yangon

Telephone

+959978964212

Website

Alerts

Be the first to know and let us send you an email when Infinity Online Market posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Infinity Online Market:

Shortcuts

Share