BUBBlE’s skincare cosmetic’s Online Shop

BUBBlE’s skincare cosmetic’s Online Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from BUBBlE’s skincare cosmetic’s Online Shop, Shopping & retail, Yangon.

Hello Guys...🤗စွဲမက်စရာ အနံ(4)မျိုးနဲ့ ရေမွှေးလိုသုံးလို့ရတဲ့ Body spray အသစ်ကလေးလာပြီဗျို့💙ကြိုက်တဲ့အနံ့ရွေးချယ်လို့ရပြ...
07/06/2025

Hello Guys...🤗

စွဲမက်စရာ အနံ(4)မျိုးနဲ့ ရေမွှေးလိုသုံးလို့ရတဲ့ Body spray အသစ်ကလေးလာပြီဗျို့💙

ကြိုက်တဲ့အနံ့ရွေးချယ်လို့ရပြီး ဘူးပုံစံ၊အနံ့ကအစ luxury ဆန်ဆန်အသုံးပြုချင်သူတွေအတွက် လုံးဝအဆင်ပြေပါတယ်

ချွေးနံ့အရမ်းပြင်းတဲ့သူတွေ၊ရေမွှေးသုံးဖို့အဆင်မပြေတဲ့သူတွေ အတွက် လုံးဝအဆင်ပြေတဲ့ product လေးပါ

ဘယ်အချိန်သုံးမလဲ သုံးတဲ့အချိန်ကနေစပြီး 24 နာရီ ခံလို့ လုံးဝ အဆင်ပြေတယ်နော်⏰

250mlတောင်ပါလို့ အကြိုက်သုံး အကြိုက်ဖြန်း အေးဆေးပဲနော်💐

stock ရှိတာမို့ ချက်ချင်းရမှာပါနော်
Welcome to order

နယ်ဝေး orderများအတွက်‌ငွေလွှဲဝင်တာနဲ့ကားဂိတ် သို့မဟုတ် Delivery way နဲ့ ပို့ပေးပါတယ်။

=65,000ks

Ph09663624273

Maxim Mocha Gold Mild Coffee Mix💛သောက်ပြီးတိုင်းစွဲသွားစေမဲ့ Koreaရဲ့ no.1 Maxim Coffeeလေး instockရောက်ထားပါတယ်ရှင့်🫶🏻🫶🏻...
07/06/2025

Maxim Mocha Gold Mild Coffee Mix💛

သောက်ပြီးတိုင်းစွဲသွားစေမဲ့ Koreaရဲ့ no.1 Maxim Coffeeလေး instockရောက်ထားပါတယ်ရှင့်🫶🏻🫶🏻

ကော်ဖီမကြိုက်တဲ့သူတွေတောင် အနံ့နဲ့တင်သောက်ချင်စိတ်တစ်ဖွားဖွားဖြစ်လာစေမဲ့ကော်ဖီလေးပါနော်
ကိုရီးယားရဲ့အကောင်းဆုံးနဲ့လူကြိုက်အများဆုံးဖြစ်တဲ့အပြင်k dramaတွေတော်တော်များများထဲမှာတွေ့နေရတဲ့ကော်ဖီလေးမို့သောက်ကြည့်သင့်ပါတယ်နော်😋

သူက3မေိုးထွက်ထားပေမယ့် ဒီအဝါလေးကတော့လူကြိုက်အများဆုံးပါပဲရှင်

သူက အချိုအရသာပိုကဲပြီး မိုခါးအရသာစိမ့်စိမ့်လေးကြိုက်သူတွေအတွက်ပါရှင်
ကော်ဖီမှုန့်၊ ခရင်မ် ၊သကြား တို့ကို အချိုးကျ ရောစပ်ထားလို့ခါးချိုစိမ့်မွှေးလေးနော်

Halal အဖြစ် သတ်မှတ်ထားလို့ လူမျိုးမရွေး ဘာသာ မရွေး သောက်သုံးလို့ ရပါတယ်နော်

ရင်လည်းမတုန်ဘူး တခွက်သောက်ပြီးတာနဲ့ တနေကုန်လန်းဆန်းနေစေမှာပါ
Ice coffeeအဖြစ်လဲ သောက်လို့ အဆင်ပြေပါတယ်
ကော်ဖီစစ်စစ်မလို့ ကျန်းမာရေးအတွက်လဲစိတ်ချလက်ချသောက်သုံးလို့ရတာမို့ ဆီးချိုသမားတွေနဲ့ အသက်ကြီးသူတွေအတွက် အရမ်းကိုအဆင်ပြေတဲ့Maximကော်ဖီလေးပါနော်

သူ့ထဲမှာ Casein ပါဝင်ပါတယ်
Casein ဆိုတာကတော့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့မရှိမဖြစ်အမိုင်နိုအက်ဆစ်တွေပါဝင်တဲ့ ပရိုတင်းဓာတ်တမျိုးပါ

ပြီးတော့ သူ့မှာပါဝင်တဲ့ creamerကိုခန္ဓာကိုယ်မှ လွယ်လွယ်ကူကူချေဖျက်နိုင်တဲ့ fatty acid ပါ
တဲ့ coconut oil နဲ့ ပြုလုပ်ထားပါတယ်

Trans fat လုံးဝမပါဝင်လို့ ဝိတ်ချနေတဲ့သူတွေကအစသောက်လို့ရပါတယ်

Phenolic polyphenol ပါဝင်ပါတယ်
Polyphenol ဆိုတာကတော့ဆဲလ်များ ပျက်စီးပြီးအိုမင်းရင့်ရော်မှုကိုဖြစ်စေတဲ့ free radical တွေကို တားဆီးပေးတဲ့ antioxidant တစ်မျိုးပါ

ရင်တုန်မှုကင်းဝေးပြီး Kcalလဲနည်း၊ဆီးချိုလဲမတက်တော့ dietလုပ်နေတဲ့သူတွေနဲ့ လူကြီးတွေကအစသောက်သုံးလို့ရပါတယ်

စမ်းသောက်ကြည့်ချင်တဲ့သူတွေအတွက် တစ်ထုပ်ချင်းစီလဲခွဲရောင်းပေးပါတယ်
အတုအပ လုံး၀ မရောင်းပါ❌❌

100% authentic Korea madeဖြစ်လို့ယုံကြည်စိတ်ချစွာနဲ့၀ယ်ယူအားပေးနိုင်ပါတယ်
Phone -09663624273/Viber-09697601501

MIQBA Hair and skincare setMade in korea 🇰🇷 စက်ရုံတိုက်ရိုက် ဖြန့်ချီခြင်းဖြစ်သည်                    Hair Shampooအဓိက ဂျ...
05/06/2025

MIQBA Hair and skincare set
Made in korea 🇰🇷 စက်ရုံတိုက်ရိုက် ဖြန့်ချီခြင်းဖြစ်သည်

Hair Shampoo
အဓိက ဂျင်ဆင်းနဲ့ ပြုလုပ်ထားခြင်းကြောင့်
ဆံသားကြမ်တဲ့သူတွေအတွက်အရမ်းကောင်တယ်နော်
ဆံပင်ပြန်မပေါက်တဲ့သူတွေ ဗောက်ထတဲ့သူတွေ
အတွက်အထူးသင့်လျှော်ပါတယ်
လျှော်ပီးတာနဲ့ ခေါင်းကိုပေါ့ဆင်းသွားမှာဖြစ်ပါတယ်....

Hair Treatment
ခေါင်းကို shampoo ဖြင့်လျှော်ပီးတာနဲ့ ပေါင်ဆေးကိုအသုံး‌ပြုပေးရပါတယ်နော်.....
ဒီပေါင်းဆေးက တစ်ခြားပေါင်းဆေးတွေနဲ့မတူတဲ့အချက်က အရမ်းကိုကောင်းလွန်ပါတယ်
ပေါင်းတဲ့အခါမှာ အရင်းကနေ လက်3လုံးလောက်ခွာပြီး အဖျားထိသုပ်လိမ်း‌ပေးရပါမယ်
ပြီးတာနဲ့ သူ့မှာပါလာတဲ့‌ေခါင်းစွပ်လေးနဲ့ 3/4/5 မိနစ်လောက်ပေါင်းပေးထားမယ်ဆိုရင် ဖြောင့်ဆင်းတဲ့ဆံသားကိုရမှာဖြစ်ပါတယ်

Hair Tonic
ခေါင်းမလျှော်ခင်မှာ အသုံးပြုရခြင်းဖြစ်ပါတယ်နော်...
ဘာလိုလဲဆိုရင် ဦးရေပြားထဲကိူဖျန်းထည့်ပီး လက်လေးဖြင့်အသေချာနှိပ်နယ်ပေးမယ်ဆိုရင် ဦးခေါင်းအကြောလေးတွေသန်မာလာပြီး ဆံသားအသစ်တွေပြန်လည်ထွက်လာမှာဖြစ်ပါတယ်...

Hair Essence
ခေါင်းလျှော်ပီးသွားတာနဲ့ ရေမခြောက်တစ်ခြောက်ဖြစ်သွားပီဆိုရင်တော့ ခု essence လေးအသုံးပြုပေးရမှာဖြစ်ပါတယ်.....

Face Toner
ဒီတိုနာလေးကတော့ အသားရည်ခြောက်သွေ့ခြင်း/
ဝက်ခြံထွက်ခြင်း/အမဲစက်ထွက်ခြင်း/
များအထူကောင်းမွန်ပါသည်။

Face Emulsion
သူကတော့ နို့ရည်လေးဘဲဖြစ်ပါတယ်
ဒီနို့ရည်လေးကတော့ သူရဲ့အရည်ကအကြည်လေးဖြစ်ပီးတော့သုံးရတဲ့နေရာမှာ ကြည်ကြည်အေးအေးလေးဖြစ်သွားမှာဖြစ်ပါတယ်
အသားခြောက်ခြင်း/ဝက်ခြံထွက်ခြင်း အတွက်ကောင်းပါတယ်နော်.....

FACE Cream
ဒီcream ကတော့ အရမ်းသုံးလို့ကောင်းပါတယ်
အသုံးပြုမယ်ဆိုရင် Day / Night အကုန်အသုံးပြုလို့ရပါတယ်နော်
ကောင်းကြိုးကတော့ သူကအသားခြောက်တဲ့ သူတွေအတွက်ဘဲဖြစ်ပါတယ်......

သူက အဆက်လိုက် လာတာဖြစ်တဲ့ အတွက် တစ်ဆက်လုံး ပုံမှန် အသေအချာလေးသုံးသွားမယ်ဆိုရင် ဦးခေါင်းနဲ့မျက်နှာနှစ်ခုလုံးကို နုပျိုလှပနေမှာဖြစ်ပါတယ်

# =230,000ks
Ph=09451436824

#လိုအပ်တဲ့တစ်မျိုးချင်းဆီကိုလည်းဝယ်ယူအားပေးလိုရတယ်နော်။

မင်္ဂလာပါရှင့်နေ့သစ်တစ်ခု အစပြုတိုင်းမှာ 🌸☘️ကိုယ့်ရဲ့ မျက်နှာလေးကိုကြည့်ပြီး အမြဲကျေနပ်နေဖို့ဆိုရင်  ☺️နုပျိုတင်းရင်းပြီ...
03/06/2025

မင်္ဂလာပါရှင့်
နေ့သစ်တစ်ခု အစပြုတိုင်းမှာ 🌸☘️
ကိုယ့်ရဲ့ မျက်နှာလေးကိုကြည့်ပြီး
အမြဲကျေနပ်နေဖို့ဆိုရင် ☺️

နုပျိုတင်းရင်းပြီး
ဖြူစင်ကြည်လင်နေတဲ့အသားရည်ကို
ပိုင်ဆိုင်နိုင်စေမယ့်Valu:Ever
Whitening Collagen Cream လေးနဲ့
မျက်နှာလေးကို အားပြန်ဖြည့်ဖို့ လိုအပ်ပါမယ်နော် 🥰

နေ့ရော ညပါ လိမ်းလို့ရတာဆိုတော့
မနက်သစ်ရောက်တိုင်း
စိတ်ကျေနပ်စေမှာဖြစ်လို့ အမြန်ဆုံး သုံးကြည့်လိုက်တော့နော် 🤗

All Skin Type သုံးလို့ရပြီး ကိုရီးယားနိုင်ငံရဲ့
အဆင်မြင့် ဆေးဝါးအလှကုန် ထုတ်လုပ်တဲ့
ကုမ္ပဏီမှ ထုတ်လုပ်ထားတဲ့ Valu:ever
အလှကုန်တွေအသုံးပြုပြီး သင့်ရဲ့ အသားရည်
လှပနုပျိူမှုကို ရယူပိုင်ဆိုင်လိုက်ကြရအောင်နော်။

Priceတစ်ဘူးဈေး=55000 ks
တစ်ထုတ်ဈေး=3000 ks

Phone-Viber-09663624273

SNP Shampoo Bar & SNP Treatment Barkorea brand ကနေ အသစ်ထွက်ရှိလာတရ်SNP Shampoo Soap လေးနဲSNP Treatment Soap လေးဟာဆိုရင် ...
03/06/2025

SNP Shampoo Bar & SNP Treatment Bar

korea brand ကနေ အသစ်ထွက်ရှိလာတရ်
SNP Shampoo Soap လေးနဲ
SNP Treatment Soap လေးဟာဆိုရင်
ဆံသားဗောက်ထခြင်း ဆံသား ခြောက်သူတွေအတွက် ဆံသားကိုရေဓာတ်ပြန်ဖြည့်ပေးတဲ့ soap လေးပါနော်

SNP Shampoo Bar Price-20,000 ks
SNP Treatment Bar Price-18,000ks

ရာသီဥတုရဲ့အပြောင်းလဲတွေကြားမှာမျက်နှာလေး ညိုညစ်ကြမ်းတမ်းမသွားပဲယုံကြည်မှုရှိရှိလေး လှနေဖို့ လိုအပ်ပါတယ် 💁‍♀️သဘာဝ ရှားစော...
03/06/2025

ရာသီဥတုရဲ့အပြောင်းလဲတွေကြားမှာ
မျက်နှာလေး ညိုညစ်ကြမ်းတမ်းမသွားပဲ
ယုံကြည်မှုရှိရှိလေး လှနေဖို့ လိုအပ်ပါတယ် 💁‍♀️

သဘာဝ ရှားစောင်းလက်ပတ်ရဲ့အထိတွေ့အေးအေးလေးနဲ့ ဖြူဖွေး နုနု အသားရည်လေးပိုင်ဆိုင်နိုင်အောင် ဖန်တီးပေးနိုင်တဲ့ Valu:Ever ရဲ့ သဘာဝ အသားဖြူ
ရှားစောင်းခရင်မ်လေးကို နေ့တိုင်းလိမ်းပေးရုံပါပဲနော်။
Whitening အပြင် Brightening နဲ့ Pore Tightening Effect တို့လည်း ပါဝင်တာကြောင့် အသားရည်ကို
တင်းရင်းစေပြီး ချွေးပေါက်ကျယ်ခြင်းတွေကိုပါ ထိန်းချူပ်ပေးလို့ ယုံကြည်မှုရှိရှိလှစေမှာပါနော်🥰

All Skin Type သုံးလို့ရပြီး ၊
ကိုရီးယားနိုင်ငံရဲ့ အဆင်မြင့် ဆေးဝါးအလှကုန် ထုတ်လုပ်တဲ့ ကုမ္ပဏီမှ ထုတ်လုပ်ထားတဲ့
Valu:Ever အလှကုန်တွေအသုံးပြုပြီး သင့်ရဲ့
အသားရည်လှပနုပျိူမှုကို ရယူပိုင်ဆိုင်လိုက်ကြရအောင်နော်။

Price တစ်ဘူဈေး=55000ks
တစ်ထုတ်ဈေး=3000ks
#09663624273ကိုဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်
#အိမ်ရောက်ငွေချေပို့ဆောင်ပေးပါတယ်နော်🍓

❣️
18/05/2023

❣️

“အနည်းဆုံး​တော့ ကိုယ့်ကိုယ်ကိုယ် မညာဖို့ လိုမယ်”◾️လူတွေမှာ အကြောင်းပြချက် ၂ မျိုးပဲ ရှိတတ်ကြတယ်။ ဘာတွေလဲဆိုတော့ Good rea...
18/05/2023

“အနည်းဆုံး​တော့ ကိုယ့်ကိုယ်ကိုယ် မညာဖို့ လိုမယ်”

◾️လူတွေမှာ အကြောင်းပြချက် ၂ မျိုးပဲ ရှိတတ်ကြတယ်။ ဘာတွေလဲဆိုတော့ Good reason နဲ့ Real reason တဲ့။

ဥပမာ ရည်းစားကို ဖြတ်တော့မယ် ဆိုပါတော့။ ငါက မင်းနဲ့ မတန်ပါဘူး၊ ကြာလေ မင်းထိခိုက်လေ ဖြစ်မှာမို့ လမ်းခွဲရအောင်ပါ ဆိုတာက Good reason ။ တကယ့်အကြောင်းရင်းမှန်ကတော့ စိတ်ကုန်လာလို့ ဖြတ်ချင်တာပေါ့။

အလှူလုပ်တယ်ဆိုလည်း Good reason ကတော့ နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ ဖြစ်ပါစေပေါ့။ တကယ်တမ်းကျ နောက်ဘ၀ ချမ်းသာချင်တာ၊ ဒီဘဝမှာ သူများကို ကြွားချင်တာ၊ နာမည်တည်ဆောက်ချင်တာ စသဖြင့် ဖြစ်နိုင်တယ်။

ရာထူးတိုး ဝင်ဖြေတယ်။ ဒီတစ်ကြိမ်မှာ Candidate တွေ တအားများလို့ ဘာညာဆိုတာက လျှောက်ပြောတာ။ တကယ်က နင် အသုံးမကျလို့ မရွေးတာဟေ့ လို့ ပြောတာပဲ။

တစ်ခုခုကို လေ့လာသင်ယူဖို့ ပျက်ကွက်နေတယ်။ ကျန်းမာရေးအတွက် အချိန်မပေးဖြစ်ဘူး။ ဟုတ်တယ်။ အလုပ်တွေ တအားများနေလို့။ အဲဒါက Good reason ။ Real reason ကတော့ သင်ယူလိုစိတ် မရှိသေးတာ။ ကျန်းမာရေးကို အရေးမကြီးဘူး ထင်နေတာ စသဖြင့်ပေါ့။

ဆင်းရဲတယ်။ ဘဝက နိမ့်ကျနေတယ်။ Good reason က သေရင်လည်း ထားခဲ့ရတာပဲ၊ မြဲမှမမြဲတာတဲ့။ တကယ်တော့ ကြိုးစားလိုစိတ် မရှိလို့ ဘဝက နွမ်းပါးနေတာကို အာသာဖြေ ပြောနေတာသာ ဖြစ်တယ်။

◾️ပြောချင်တာက ကျွန်တော်တို့ဟာ ပတ်ဝန်းကျင်ကို ညာတတ်ကြတယ်။ တစ်ခါတလေလည်း ကိုယ့်ကိုယ်ကိုယ် ညာတယ်။ အဆိုးဆုံးက ညာနေတာကို ညာနေမှန်းတောင် ကိုယ့်ဟာကိုယ် မသိတော့တာပဲ။

တချို့အခြေအနေတွေမှာတော့ ဟန်ကိုယ့်ဖို့ လုပ်ရတဲ့အတွက် Good reason ကိုပဲ ထုတ်ပြောရတာ ရှိတာပေါ့။ ယဉ်ကျေးအောင်၊ ကြားကောင်းအောင် ပြောရတာလည်း ရှိမယ်။ သို့သော် Real reason ကို ကိုယ့်ဟာကိုယ်တော့ သိနေဖို့ လိုလိမ့်မယ်။

အရွယ်တစ်ခု ရောက်လာတဲ့အခါ ရိုးသားခြင်းဟာ လူတွေကို အတော်ကူညီရာ ရောက်ပါလား ဆိုတာ ပိုပိုသိလာတယ်။ ဒါကြောင့် မေတ္တသုတ်မှာ ‘ဥဇူစ၊ သုဟုဇူစ’ ရိုးဖြောင့်ဖို့ လိုတယ်၊ အလွန်ရိုးဖြောင့်ဖို့ လိုတယ်လို့ ၂ ခါတောင် ထည့်ပြောထားတာ နေမယ်။

ကိုယ် ဒီလူ့အပေါ် တကယ်မေတ္တာရှိတယ်ဆို ရိုးသားပေးဖို့ အရေးကြီးတယ်။ အများအပေါ် မေတ္တာထားချင်တယ်ဆိုလည်း ရိုးသားပေးဖို့ လိုအပ်တယ်။

◾️ကြုံဖူးကြမယ်။ တချို့လူတွေကျ Real reason ကိုပဲ ဒဲ့ပြောတာ။ အဲဒီအခါ အောင့်သက်သက်ကြီး ခံစားရတယ်။ ဆက်ဆံရေး မပြေပြစ်ဘူး။ အပေါက်ဆိုးတယ် စသဖြင့် အပြောခံကြရတယ်။ ဒါပေမဲ့ ရေရှည်အတွက်ကျ ကောင်းတယ်။ အလုပ်လုပ်လို့လည်း ကောင်းတယ်။ ပွင့်ပွင့်လင်းလင်း ရှိတယ်။

တချို့ကျတော့ အားနာတတ်တယ်။ No လို့ ပြောဖို့ကို အတော်တွန့်ဆုတ်တယ်။ ဒီအခါ တစ်ခုခုဆို Good reason တွေ ပတ်ရှာနေရရော။ တစ်ဖက်လူကလည်း ကိုယ်ဘာဖြစ်လို့ ဖြစ်နေမှန်းမသိနဲ့ ဆက်ဆံရ အတော်ခက်တယ်။

ဒါကြောင့် လူမှုဆက်ဆံရေးမှာဖြစ်ဖြစ်၊ အလုပ်ခွင်မှာဖြစ်ဖြစ်၊ အများကိုရော၊ ကိုယ့်ကိုယ်ကိုယ်ပါ မညာကြရင် အကောင်းဆုံးပါပဲ။

◾️ကိုယ် ဘာပဲလုပ်လုပ်၊ ဘာကိုပဲ မလုပ်မလုပ်၊ ဘာကိုပဲ ရွေးချယ်ရွေးချယ်၊ ဘာကိုပဲ ငြင်းပယ်ငြင်းပယ်၊ Reason ၂ ခုရှိတယ်။ Real reason ကို ကိုယ့်ဟာကိုယ် သိဖို့ လိုသလို၊ တစ်ဖက်က ပြောလာတဲ့ Good reason တွေကိုလည်း ကျော်လွန်ပြီး ကြည့်တတ်ဖို့ လိုပါလိမ့်မယ်။

ဒေါက်တာ ဖြိုးသီဟ
၁၈.၅.၂၀၂၃

Photo credit - Pixabay

Address

Yangon

Website

Alerts

Be the first to know and let us send you an email when BUBBlE’s skincare cosmetic’s Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share