Snow Outlets and Vintage Clothing

Snow Outlets and Vintage Clothing thank you all

14/07/2022
သူတို့ ဘာကြောင့် ကျန်းမာနေကြတာလဲ။ခပ်နည်းနည်းပဲစားတဲ့Styleမိတ်ဆွေများကိုကမ္ဘာပေါ်မှာခေတ်စားလာမယ့်အကောင်းဆုံးStyleတစ်ခုနဲ့...
08/07/2022

သူတို့ ဘာကြောင့် ကျန်းမာနေကြတာလဲ။

ခပ်နည်းနည်းပဲစားတဲ့Style

မိတ်ဆွေများကိုကမ္ဘာပေါ်မှာခေတ်စားလာမယ့်အကောင်းဆုံးStyleတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။အဲဒီ Styleလေးကခပ်နည်းနည်းပဲစားတဲ့ Style ဖြစ်ပြီးအကျိုးကျေးဇူးသိပ်များပါတယ်။အဲဒီStyleကိုလုပ်လိုက်ပြီဆိုတာနဲ့ကျန်တဲ့Styleတွေပါအလိုအလျောက်ပါလာမယ်ဆိုတာကိုဒီpostဖတ်ရင်းနဲ့သိသွားပါလိမ့်မယ်။

ကျနော်တို့ဟာနေ့စဉ်အစားအသောက်တွေကိုစားသောက်ကြရတယ်။အဲဒီလိုစားရာမှာရသတဏှာကိုဦးစားပေးပြီးဗိုက်ဝအောင်စားရမှကျေနပ်ကြတယ်။အသက်ရှင်ဖို့စားတာမဟုတ်ဘဲစားဖို့အသက်ရှင်နေသလိုဖြစ်နေကြတယ်။အဲဒါသည်ကျနော်တို့အတွက်အမှားကြီးမှားနေတာပြဲဖစ်တယ်။လူတစ်ယောက်အသက်ရှင်ရပ်တည်ဖို့အတွက်စားသင့်တဲ့အတိုင်းအတာကသူ့အစာအိမ်ပမာဏလောက်ပြဲဖစ်တယ်။အစာအိမ်ပမာဏကဂရိတ်ဖရုသီးတစ်လုံးအတိုင်းအတာလောက်ပဲရှိတာဖြစ်တယ်။ဒါကြောင့်တစ်ခါစားရင်ဂရိတ်ဖရုသီးတစ်လုံးစာလောက်ပဲစားရမယ်။

အဲ့လိုမစားဘဲဗိုက်ကြီးပြဲကားအောင်စားနေကြတော့ဘာဖြစ်လာသလဲ။ကိုယ်တွင်းကလီစာတွေကစားလိုက်တဲ့အစာတွေကြေညက်အောင်ချက်တဲ့အလုပ်ကိုပင်ပန်းစွာလုပ်ရပါတယ်။အစာခြေရည်တွေအများကြီးထုတ်ရတယ်၊သည်းခြေရည်တွေထုတ်ရတယ်၊နှလုံးကလည်းပိုအလုပ်လုပ်ရတယ်၊ကျောက်ကပ်ကလည်းပိုဆေးရတယ်၊အသည်းကလည်းပိုပြီးအဆိပ်ဖြေပေးရတယ်။အူတွေကလည်းအလုပ်ပိုလုပ်ရတယ်။ကြာတော့ကလီစာတွေသိပ်ပင်ပန်းကြတယ်။နှစ်ရှည်မခံတော့ဘူး။

စားသင့်တဲ့အတိုင်းအတာထက်ပိုစားတဲ့အစာတွေကကိုယ့်အတွက်အကျိုးမရှိဘူး။ပိုတဲ့အစာတွေကအဆိပ်အပုပ်တွေဖြစ်သွားတယ်။Free Radical တွေပိုထွက်လာစေတယ်။ရောဂါတွေကိုဖြစ်စေတာပဲအဖတ်တင်တယ်။ဘာမှကိုအကျိုးမရှိဘူး။

အစားကြူးတဲ့သူတွေကိုလေ့လာကြည့်ပါ။သူတို့ဟာရောဂါသိပ်များတယ်။အစောကြီးသေကြတယ်။ရုပ်ရည်အားဖြင့်လည်းကြည့်ရဆိုးတယ်။ဘဝအရည်အသွေးမကောင်းဘူးဆိုတာတွေ့ရလိမ့်မယ်။

လူတွေကအများကြီးစားနိုင်မှအားရှိတယ်လို့ထင်နေကြတယ်။တကယ်တော့အပူအပုပ်ကင်းပြီးပေါ့ပါးလန်းဆန်းခြင်းသည်သာအားရှိခြင်းဖြစ်ပါတယ်။သွက်လက်ဖြတ်လတ်ခြင်းသည်သာအားရှိခြင်းဖြစ်တယ်။

ကဲ....ဒါဆိုဘယ်လိုစားရမလဲပြောမယ်နော်....မြန်မာလူမျိုးတွေဖြစ်တဲ့အတွက်စားနေကျမြန်မာစာတွေကိုပဲသင့်ရုံစားသွားဖို့ပါပဲ။အထွေအထူးပြောင်းစားဖို့မဟုတ်ဘူး၊စားမယ့်Meal potion amount ကိုသာသင့်ရုံစားဖို့ဖြစ်ပါတယ်။ဂရိတ်ဖရုတစ်လုံးစာလောက်ပေါ့။စားတာကအကုန်စားလို့ရတယ်နော်။အဆီ၊အခေါက်၊အသား၊ကလီစာ၊အသီးအရွက်၊မြေအောက်ဥ၊ကောက်နှံ၊ပဲမျိုးစုံကြိုက်တာသာစား။

Breakfast စားမယ်ဆိုရင်မုန့်ဟင်းခါးသင့်ရုံတစ်ပွဲပေါ့။၂ပွဲမဖြစ်စေနဲ့။အီကြာကွေးဆိုလည်းတစ်ချောင်းပေါ့၊ပေါက်ဆီဆိုလည်းတစ်လုံးပေါ့၊
ကြက်ဥပေါင်မုန့်တစ်ချပ်ပေါ့၊နံပြားပြဲပုတ်ဆိုလည်းတစ်ချပ်ပေါ့။တော်ပီလေတစ်ပွဲ၊ကော်ဖီလည်းတစ်ခွက်ပဲပေါ့။

Lunchစားမယ်ဗျာ။ထမင်းတစ်လုံးအသားငါးဟင်း၂တုံး၊အရွက်ကြော်သင့်ရုံပေါ့။ခေါက်ဆွဲကြော်ထမင်းကြော်ဆိုရင်လည်းပွဲသေးပေါ့။ဆီချက်ဆိုလည်းတစ်ပွဲပေါ့။သင့်ရုံပဲ။

Dinnerစားမယ်ဗျာ။ဘိုစာဆိုလည်းတစ်ပွဲစာလောက်ပဲ။ကြာဆံကြော်ဆိုလည်းတစ်လုံးလောက်ပဲ။ကြက်သားpuffဆိုလည်း၂ခုလောက်ပေါ့။ဘာစားစားကြိုက်တာသာစားဗျာ၊အတိုင်းအတာကဂရိတ်ဖရုတစ်လုံးစာလောက်ပြဲဖစ်ရမယ်။ဗိုက်ဆာရင်ရေသောက်ပေါ့။

ဂရိတ်ဖရုတစ်လုံးစာလောက်ပဲစားရမယ်ဆိုတော့ဗိုက်ပြည့်ပါ့မလားပေါ့။အစာအိမ်ကသိပ်အံ့သြစရာကောင်းတယ်။ဂရိတ်ဖရုတစ်လုံးစာလောက်ပဲစားတဲ့အလေ့အကျင့်လုပ်ပေးရင်အစာအိမ်ကသူ့ဟာသူသေးသွားရောဗျ။တစ်ပတ်ဆယ်ရက်တော့အချိန်ပေးပြီးစောင့်ရတယ်။တစ်ပတ်အတွင်းမှာတော့စားရတာတင်းတိမ်မှာမဟုတ်ပေမဲ့ဆယ်ရက်လောက်မှာကျင့်သားရပြီးမဆာတော့ဘူး။နည်းနည်းပိုစားမိရင်တောင်အစာအိမ်ကလက်မခံချင်တော့လောက်အောင်အကျင့်ကောင်းသွားပြီ။အဲဒါဆိုအေးအေးဆေးဆေးပဲ။

ရေကတော့Bodyရဲ့လိုအပ်ချက်အတိုင်းသောက်ပေးဖို့လိုတယ်။ပေါင်၅၀ကိုတစ်လီတာနှုန်းနဲ့သောက်ရမယ်။ပေါင်၁၅၀ဆိုရင်တစ်နေ့ကို၃လီတာအနည်းဆုံးပဲ။ရေသောက်ရင်မနက်စောစောကလွဲလို့ကျန်တဲ့အချိန်တွေမှာနည်းနည်းနည်းနည်းနဲ့ခဏခဏသောက်ပေးတာပိုကောင်းပါတယ်။စားထားတဲ့အစာဟောင်းတွေအကုန်ပြန်ထုတ်ဖို့ကရေကိုပြည့်မီအောင်သောက်ဖို့လိုတယ်။

အဲဒီလိုခပ်နည်းနည်းပဲစားတဲ့styleနဲ့သွားရင်Bodyကတဖြည်းဖြည့်းသွယ်လျလာလိမ့်မယ်။ကိုယ်တွင်းမှာအဆိပ်အပုပ်တွေကင်းတဲ့အတွက်အသားရေကြည်လင်လှပလာလိမ့်မယ်။ပေါ့ပါးသွက်လက်တက်ကြွလာလိမ့်မယ်။မကောင်းတဲ့ကော်လက်စတြောတွေမရှိလို့မျက်နှာကအစ်ထစ်မနေတော့ဘဲပိုချောလာလိမ့်မယ်။Bodyလှလာတဲ့အတွက်ဝတ်စားဆင်ယင်မှုကလည်းအလိုလိုstyleကျနေလိမ့်မယ်။ဥာဏ်ရည်လည်းကောင်းလာလို့လုပ်ငန်းလုပ်လို့ပိုအဆင်ပြေလာလိမ့်မယ်။တရားထိုင်ရတာလည်းသိပ်ကောင်းလိမ့်မယ်။ရုပ်ပိုင်းဆိုင်ရာသာမကစိတ်ပိုင်းဆိုင်ရာလည်းမိမိကိုယ်မိမိယုံကြည်မှုတွေတိုးလာလိမ့်မယ်။မမျှော်မှန်းထားတဲ့အကျိုးကျေးဇူးတွေရလာတာကိုအံ့သြစွာကြုံလာရပါလိမ့့်မယ်။

ရန်ကုန်မြို့ကကြယ်၅ပွင့်ဟိုတယ်ကြီးတစ်ခုမှာဘူဖေးညစာသွားစားဖူးပါတယ်။အဲ့မှာပြင်သစ်၂ယောက်ကိုတွေ့တယ်။သူတို့ဘယ်လိုစားလည်းလေ့လာကြည့်တယ်။အစားအစာတွေကိုပန်းကန်လှရုံပဲထည့်စားပြီးပြန်သွားကြတယ်။ကျနော်တို့မြန်မာတွေကတော့ပန်းကန်အမောက်ကြီးတွေ၂ခါ၃ခါထပ်ထည့်စားပြီးဗိုက်ပြဲကားမှအိမ်ပြန်ကြပါတယ်။အဲဒါကိုသတိထားမိတယ်။

ကျနော်စင်္ကာပူမှာနေတုန်းကနေ့တိုင်းစားတဲ့ထမင်းဆိုင်ကတရုတ်လင်မယားကကျနော်စားတာကိုနေ့တိုင်းကြည့်နေကြတယ်။ထမင်းကို၃ပန်းကန်လောက်စားတာကိုး။ခြောက်လလောက်ကြာတော့သူတိ့နဲ့ခင်သွားတယ်။သူတို့ကဘာပြောသလဲဆိုရင်မင်းအဲ့လောက်စားနေရင်ရောဂါတွေဖြစ်လာလိမ့်မယ်တဲ့။သင့်ရုံပဲစားတဲ့။ဟုတ်တယ်ဗျ၊စလုံးကလူတွေထမင်းတစ်လုံးပဲစားကြလို့ရောဂါကင်းပြီးသွယ်လျကြတာတွေ့ရတယ်။

ကမ္ဘာကျော်မင်းသားမင်းသမီးတော်တော်များများဒီအတိုင်းခပ်နည်းနည်းစားတဲ့Styleကိုကျင့်သုံးနေကြတယ်။ဘောလိဝုဒ်မင်းသားမင်းသမီးတွေတောင်အရင်လိုဗိုက်မပူကြတော့ဘူးဗျ။မြန်မာပြည်မှာလည်းကြည့်။သာသနာရေးမှာဆိုရင်ပါချုပ်ဆရာတော်ကြီးပေါ့၊နိုင်ငံရေးလောကမှာဆိုအမေစုလိုပုဂ္ဂိုလ်မျိုးပေါ့၊အနုပညာလောကမှာဆိုလည်းဒါရိုက်တာဦးအောင်ကိုလတ်တို့လိုပုဂ္ဂိုလ်တွေပေါ့၊ပန်းချီဦးစိုးမိုးလိုပုဂ္ဂိုလ်မျိုးပေါ့၊စီးပွားရေးလောကမှာဆိုဦးမောင်ဝိတ်တို့လိုပေါ့။ဘယ်လောက်ကြည့်ကောင်းပြီးအောင်မြင်နေကြလဲဆိုတာ။ဒါကထင်ရှားတဲ့သူအချို့ကိုပြောတာ။အခြားပြည်တွင်းပြည်ပကလူတွေအများကြီးရှိပါသေးတယ်။

ကဲ...မိတ်ဆွေများ....အခုကJuly လပေါ့ဗျာ။အခုကစပြီးခပ်နည်းနည်းပဲစားတဲ့styleကိုလုပ်ကြည့်ကြမလား။နောက်နှစ်Julyလဒီအချိန်လေးမှာအဖြေထုတ်ကြည့်ကြမယ်။တကယ်ဖြစ်ချင်ရင်တကယ်လုပ်-အဟုတ်ဖြစ်ရမည်တဲ့။နေမကောင်းဘူးဆိုတာမရှိစေရ။ကျန်းမာပြီးရောဂါကင်းတဲ့ဘဝ၊သွယ်လျပြီးလှပတဲ့ဘဝ၊တိုးတက်ပြီးအောင်မြင်တဲ့ဘဝ၊စိတ်ချမ်းသာပြီးပျော်ရွှင်တဲ့ဘဝကိုတကယ်လိုချင်သူတွေအတွက်.....

CHALLENGE.......!!!

ချစ်ခင်လေးစားလျှက်........
#မူရင်းရေးသားတင်ပြသူ
စာရေးဆရာမင်းကျော်ဝင်း

😁😁
08/07/2022

😁😁

 #အပူချိန်အရမ်းမြင့်တက်နေပါတယ်။ဒီနေ့ အပူချိန်ဟာ ၄၃ ´C အထိ တက်လာပါပြီ။ဒီအတိုင်း ဆက်တက်နေရင် ၄၅-၄၇´C အထိ ရောက်နိုင်ပါတယ်။အ...
26/04/2022

#အပူချိန်အရမ်းမြင့်တက်နေပါတယ်။

ဒီနေ့ အပူချိန်ဟာ ၄၃ ´C အထိ တက်လာပါပြီ။
ဒီအတိုင်း ဆက်တက်နေရင် ၄၅-၄၇´C အထိ
ရောက်နိုင်ပါတယ်။

အပူချိန် တက်နှုန်းတွေကိုလေ့လာကြည့်ရင်
ယခက်က ၁´C တက်ဖို့ ၁၀ နှစ် ကြာပါတယ်။

အခု ၃ နှစ် အတွင်း ၂`C တက်လာပါတယ်။

အပူချိန် ၁´C တက်လာတိုင်း
ပျမ်းမျှအသက် ၂ နှစ် လျော့စေပါတယ်။

အထူးသတိထားကြပါ။ မြန်မာတွေရဲ့ပျမ်းမျှအသက်ဟာ
ကျား ၅၃၊ မ ၅၇ ဖြစ်ပါတယ်။

အခု အပူချိန် ၂´C တက်လာမှုကြောင့်
၄ နှစ် ထပ်လျော့သွားနိုင်ပါတယ်။

စိုထိုင်းဆလည်း အရမ်းလျော့နည်းနေပါတယ်။
ဒီအခြေအနေဟာ တော်သေးတယ်လို့
ပြောလို့ ရပေမယ့်အပူဒဏ်ပို ခံစားရနိုင်ပါတယ်။

ဒီအချိန်မှာ အစားအစာ၊ အနေအထိုင်သတိပြုကြပါ။
အအေးစာတွေက အပူစုပ်နိုင်ပေမယ့်
အပူရှပ်ခြင်းကိုအဓိက ဖြစ်စေပါတယ်။

အရေးကြီးတာကနေပူထဲမှာ
နံက် ၁၁ နာရီမှ ညနေ ၃ နာရီအတွင်း
သွားလာ လှုပ်ရှားအလုပ်လုပ်ကိုင်ခြင်း ရှောင်ကြဉ်ကြပါ။

ဗမာချည်သား အဝတ်ထူထူတွေက
အပူဒဏ်ကို ကာကွယ်ပေးနိုင်ပါတယ်။

အပူက ပြန်ရောက်လာစဉ်
အဝတ်များ ချွတ်ခြင်း၊ ရေခဲရေသောက်ခြင်း၊
ရေချိုးခြင်းတို့ ရှောင်ပါ။

ဆားနှင့် ရေသောက်ခြင်းကိုလည်း
မပြုလုပ်ကြပါနဲ့။

အပူက ပြန်ရောက်စဉ် ၅ မိနစ်ခန့်
ပြန်လာစဉ်ကအတိုင်း နေပေးကြပါ။
အဲယားကွန်းခန်းအတွင်း အဝင်အထွက် လုပ်ကိုင်သွားလာနေရသူများသတိပြုကြပါ။

အပူမှ ပြန်ရောက်ချိန်
အဲကွန်းခန်းအတွင်းရုတ်တရက် ဝင်ရောက်ပါက
ခန္ဒာကိုယ်အရေပြားမှ သွေးများ ဗဟို သွေးလှည့်အဖွဲ့ထဲ
ရောက်ရှိပြီးရုတ်တရက် သွေးပေါင်တက်ကာ
လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပေါက်ခြင်းတို့
ဖြစ်တတ်ပါတယ်။

အဲကွန်းခန်းထဲ ကြာရှည်နေရသူများ
အပူထဲသို ထွက်ချိန်မှာသွေးပေါင်ထိုးကျပြီး
မူးဝေတတ်ပါတယ်။

ရေများများ သောက်ပါ။
အငန်/အချိုလျော့စားကြပါ။

ချွေးထွက်လွန်သူမှ လွဲ၍
ဓာတ်ဆားရေ သောက်ခြင်း လျော့ပါ။
ဟင်းကျန်ထမင်းကျန်များ စားခြင်း ရှောင်ပါ။

ဟင်းကျန်များ နွေးရာတွင်
ရေဖြည့်ထည့်၍ နွေးပါ။
လက်သုပ်များ လျော့စားပါ။
မိဘပြည်သူအများ ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေ။

လေးစားစွာဖြင့်ပေးပါသည်။

ဘေးကင်းပါစေ ဧရာဝတီဒေသခံများ 🙏🙏🙏မူလလမ်းကြောင်းအတိုင်းဆိုပါက မော်တင်စွန်းကနေ ဖြတ်သန်းနိုင်ပြီး လမ်းကြောင်းသွေဖယ်မည်ဆိုပါက ...
21/03/2022

ဘေးကင်းပါစေ ဧရာဝတီဒေသခံများ 🙏🙏🙏

မူလလမ်းကြောင်းအတိုင်းဆိုပါက မော်တင်စွန်းကနေ ဖြတ်သန်းနိုင်ပြီး လမ်းကြောင်းသွေဖယ်မည်ဆိုပါက
လပွတ္တာ ပြင်စလူဘက်ကနေ ရွေ့လျားနိုင်ပါတယ်

ဘယ်လိုဘဲဖြစ်ဖြစ် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဟာ မုန်တိုင်းဖြတ်သန်းမယ့် လမ်းကြောင်းပေါ်မှာ ရောက်နေခဲ့ပါပြီ။

မုန်တိုင်းအခြေအနေကို တိုက်ရိုက်ကြည့်ရှုလို့ရနိုင်မယ့် Link ဖြစ်ပါတယ်

https://earth.nullschool.net/ /wind/surface/level/orthographic=-263.69,12.06,911

မုန်တိုင်း Windy လမ်းကြောင်းကို အဆက်မပြတ် ကြည့်ရှုနေပါ ဒီကနေ့ည (ဦးပိုင်း) အထိပြင်ဆင်ချိန်တွေ ရွှေ့ပြောင်းချိန်တွေအများကြီးကျန်ပါသေးတယ်။

https://www.windy.com/?12.125,94.867,6,m:d5GaiNk

စိတ်အေးအေးထားပြီး ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ပါ ပြန်လည်ထူထောင်ရေးအတွက် အားလုံးကရှိနေမှာပါ

Cyclone ကိုဘေးကင်းစွာ ကျော်ဖြတ်နိုင်ဖို့

🆘မိမိတို့ ခတ္တခိုလှုံရာ နေရာနှင့် အနီးဆုံးရှိမည့် ပေ၂၀ အထက် ကုန်းမြင့်တစ်ခုအား ရှာဖွေထားပါ
🆘အဆိုပါကုန်းသို့ သွားရန် အတိုဆုံးလမ်းကြောင်းအားရှာဖွေထားပါ
🆘ဘေးအန္တရာယ်ဖြစ်ပွါးပါက အဆိုပါကုန်းမြေသို့သာပြေးပါ၊ (အများပြေးသော နေရာအနိမ့်များအား လိုက်ပါမပြေးရ)
🆘မိသားစုများ ကွဲပြားခဲ့ပါက ပြန်ဆုံရန် ဆုံမှတ်တစ်ခု ကြိုတင်သတ်မှတ်ပါ
🆘ရေပေါ်တွင် ပေါလာပေါနိုင်မည့် ကော်ပုံးကဲ့သို့ ပစ္စည်းများအားရှာဖွေပါ
🆘ဖုန်းနဲ့အရေးကြီးစာရွက်များအား ရေလုံအိတ်ထဲသို့ ထည့်ကာ လည်ပင်း၌ဆွဲထားပါ

ကိုယ်ချစ်ရတဲ့သူငယ်ချင်းမိတ်ဆွေများကိုဆက်ဝေမျှပေးပါဗျ ။

အားလုံးပို့သတဲ့မေတ္တာများနဲ့ ဧရာဝတီမြေ
ဘေးကင်းပါစေ🙏

We all with you, Ayeyarwady




Crd: Wai Yan Moe

ငယ်ငယ် ကတည်းက သိချင်ခဲ့တဲ့ မိသားစုမုန့်ပုံးရဲ့ နောက်ကြောင်းရာဇဝင်                 စိတ်ဝင်စားဖို့ကောင်းတဲ့သမိုင်းတွေရှိပါ...
07/03/2022

ငယ်ငယ် ကတည်းက သိချင်ခဲ့တဲ့ မိသားစုမုန့်ပုံးရဲ့
နောက်ကြောင်းရာဇဝင်

စိတ်ဝင်စားဖို့ကောင်းတဲ့သမိုင်းတွေရှိပါတယ်။ ဒုတိယ ကမ္ဘာစစ်ဖြစ်ကြီးဖြစ်ပြီး ၂နှစ်အကြာ နာဇီတွေကဂျူးလူမျိုးတွေကို Genocide (လူမျိုးတုန်းသတ်ဖြတ်) လုပ်တော့ ဂျာမနီ Cottbus ဆိုတဲ့ မြို့လေးတစ်မြို့က တူရကီနွယ်ဖွားမိသားစုတစ်စုဟာ အိမ်တစ်အိမ်ထဲမှာ တစ်ယောက်ထဲငိုနေတဲ့ ဂျူး ကလေးလေးကို တွေ့ရှိခဲ့ပါတယ်။ ဒါနဲ့ပဲ အဖြစ်မှန်သိသွားပြီးတော့ ကလေးလေးကို သူတို့ သား လိုပဲ အသိပေးပြီးမွေးစားခဲ့ပါတယ်။ နောက် ၄ နှစ်အကြာ ဆိုဗီယက်တွေ ဘာလင်ကို သိမ်းပြီး စစ်ပြီးတဲ့အချိန် အရှေ့ဂျာမနီမှာ ရှိနေတဲ့ အဲ့ဒီ့မိသားစုကို အမေရိကန် သတင်းထောက်တစ်ဦးက ၁၉၅၀ ပြည့်နှစ်လောက်မှာ တွေ့တော့ ဓာတ်ပုံရိုက်ပြီး သတင်းမှာဖော်ပြခဲ့ပါတယ်။

ဒီလိုနဲ့ပဲ လူမျိုးဘာသာမခွဲခြားဘဲ အသက်အန္တရာယ်ကို မငဲ့ဘဲ ကယ်တင်မှုနဲ့ မိသားစုဆန်မှုကို လေးစားတဲ့အနေနဲ့ သူတို့ပုံရိပ်နဲ့ Family ဆိုတဲ့ Food Product တစ်မျိုးကို စတင်ထုတ်လုပ်ပါတော့တယ်။

Crd ပေးပါတယ် 🙂

👏👏ရှပ် လက်တို လက်ရှည်လေးတွေ ရောက်တယ်နော်👏👏😱😱စွန်းတန် စွန်းလန်း လေးတွေနော် 😱😱👉polo /uniqlo/crocodine /zara /gap အစုံပဲနော...
20/01/2022

👏👏
ရှပ် လက်တို လက်ရှည်လေးတွေ ရောက်တယ်နော်👏👏

😱😱စွန်းတန် စွန်းလန်း လေးတွေနော် 😱😱

👉polo /uniqlo/crocodine /zara /gap အစုံပဲနော်

✅✅✅ကြိုက်တာယူ 5000 ks✅✅✅

(edit sold out)လန်းလန်းလေး တထည် လာပီနော် 😘ရှေ့က ဒူးနားလောက်ထိ  နှစ်ဖက် အခွဲလေးနဲ့ပါရှင်lb 115,120 ထိတော်မယ်နော် 😍😍price ...
22/12/2021

(edit sold out)
လန်းလန်းလေး တထည် လာပီနော် 😘

ရှေ့က ဒူးနားလောက်ထိ နှစ်ဖက် အခွဲလေးနဲ့ပါရှင်

lb 115,120 ထိတော်မယ်နော် 😍😍

price 7000 ks

ဆိုဒ်ပြည့်မမတွေတော့ ဝင်ရွေးလိုက်တော့နော် 😍😍✅ygn cash on deliနယ်သမားလေးတွေကတော့ ငွေကြိုလွှဲပေးရပါမယ်နော်cb pay wave kbz p...
17/12/2021

ဆိုဒ်ပြည့်မမတွေတော့ ဝင်ရွေးလိုက်တော့နော် 😍😍
✅ygn cash on deli

နယ်သမားလေးတွေကတော့ ငွေကြိုလွှဲပေးရပါမယ်နော်

cb pay
wave
kbz pay
ရပါတယ်နော် 😍😍

ဖလံ မေးနေတဲ့ သဲလေးတို့အတွက် ဖလံ ဖလံ လေးတွေရမယ်ရှင့် 5000 ks 😍😍
29/11/2021

ဖလံ မေးနေတဲ့ သဲလေးတို့အတွက်

ဖလံ ဖလံ လေးတွေရမယ်ရှင့်

5000 ks 😍😍

115 lb ထိပဲတော်မယ်ရှင့်Price 3500 ks😍😍(edit sold out)
29/11/2021

115 lb ထိပဲတော်မယ်ရှင့်

Price 3500 ks😍😍

(edit sold out)

Address

Aungoawbar Street
Yangon

Telephone

+959967845673

Website

Alerts

Be the first to know and let us send you an email when Snow Outlets and Vintage Clothing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Snow Outlets and Vintage Clothing:

Shortcuts

Share