Dagon Logistics & Transport

Dagon Logistics & Transport 🚚 Dagon Logistics & Transport
Fast • Safe • Reliable Delivery Across Myanmar

ဂရုစိုက် ကြပါ။
15/09/2026

ဂရုစိုက် ကြပါ။

တာချီလိတ်-မန္တလေး၊ လားရှိုး-မန္တလေး ကုန်သယ်ပေးမယ် ဆိုပြီး စစ်ပြေး ဗိုလ်တစ်ဦးက လိမ်လည်

နေပြည်တော်၊ စက်တင်ဘာ ၁၅

တာချီလိတ်-မန္တလေး၊ လားရှိုး- မန္တလေး လမ်းပိုင်းမှာ နေပြည်တော်က စစ်ဗိုလ်ချုပ်တစ်ဦးရဲ့ PA ဆိုပြီး ကုန်သယ်ပေးမယ် ‌ဆိုကာ ငွေကြိုယူတဲ့အပြင် ကုန်တွေကိုပါ ရောင်းစားခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

ဗိုလ်ကြီးအောင်ကျော်သက် ဆိုတဲ့ အမည်နဲ့ စစ်ဗိုလ်ချုပ်ကြီးတစ်ဦး၏ PA ဟု ဆိုကာ နယ်စပ်က‌နေ ကုန်စည်သယ်ယူပို့ဆောင်ရေးတွေ လိမ်လည် လုပ်ကိုင်နေတာပါ။

၎င်းဟာ DSTA အပါတ်စဉ် ၁၆ ဆင်း၊ ဆလအခွဲ-၉၆၄ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲမှာ ၂၀၂၂ ခုနှစ်ကတည်းက တပ်ပြေး ဖြစ်နေသူလို့ သိရပါတယ်။

ကုန်သည်တစ်ဦးရဲ့ အဆိုအရ အောင်ကျော်သက်ကို Logistics လုပ်နေသူ အိုင်ရင်းခင် ဆိုသူရဲ့ မိတ်ဆက်ပေးမှုအရ တာချီလိတ်မှ မန္တလေးကို ကုန်စည်သယ်ပေးရန် ချိတ်ဆက်ခဲ့ပြီး ကားနှစ်စီးအတွက် ကျပ်သိန်း ၁၁၅၀ ကို ၂၀၂၆ ခုနှစ် မေလ ၁၄ ရက်နေ့က ရန်ကုန်မြို့၊ ရှစ်မိုင်ရှိ Junction 8 Center မှာ စာချုပ်ချုပ်ပေးအပ်ခဲ့တယ် လို့ ဆိုပါတယ်။

အဆိုပါ ကုန်ကား နှစ်စီးမှာလည်း မန္တလေးမြို့ကို မရောက်လာသည့်အပြင် နောက်ထပ် လားရှိုးဘက်မှ ကုန်စည်များ ပို့ဆောင်ပေးမည် ဖြစ်ကာ ချိက်ဆက်ဖို့ ထပ်မံ တိုက်တွန်းလာတယ် လို့ ဆိုပါတယ်။

လားရှိုးလမ်းအတွက် ကုန်ကား ၅ စီးစာ နှင့် ငွေကြေးတောင်းဆိုတာကြောင့် ယုံကြည်အပ်နှံခြင်း စာချုပ်ချုပ်ဆိုဖို့ ၂၀၂၆ ခုနှစ် ဇွန်လ ၈ ရက်နေ့က တပ်ပြေးဖြစ်သူ အောင်ကျော်သက်ကို နေပြည်တော်၊ သပြေကုန်းရှိ လက်ဖက်ရည်ဆိုင်တခုမှာ လုပ်ငန်းအပ်နှံခဲ့တယ် လို့ ဆိုပါတယ်။

ဒါပေမယ့် ကုန်စည်တွေ ရောက်မလာတာကြောင့် ဇူလိုင်လ ၂၃ ရက်နေ့က ထပ်မံမေးမြန်းရာမှာ ကုန်ပစ္စည်းအတွက် တာဝန်ယူပြီး လကုန်ရင် အကုန်အပ်နှံမယ်လို့ ဆိုပြန်ပါတယ်။

ဒါပေမယ့် ကုန်သည်က စုံစမ်းကြည့်တဲ့အခါ ကုန်ပစ္စည်းတွေ အခိုးခံရပြီး ရောင်းစားခံနေရကြောင်း သိရှိရတယ် လို့ ဆိုပါတယ်။

နောက်ပိုင်းမှ အောင်ကျော်သက်ဆိုသူ အကြောင်းကို စုံစမ်းရာမှာ တပ်ပြေးဖြစ်နေပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တိုမှာ ကျင်လည်ကျက်စားနေကာ အရေးယူခံရမှု မရှိတဲ့သူလို့ သိရတယ် လို့ဆိုပါတယ်။

အောင်ကျော်သက်ဆိုသူက ကုန်စည်တွေ အခိုးခံ ရောင်းစားခံရတာတွေနဲ့ ပါက်သက်ပြီး တာဝန်ယူမှု တာဝန်ခံမှု မရှိပဲ ရှောင်ပြေးနေတယ် လို့လည်း ပြောဆိုထားပါတယ်။

တပ်ပြေးအောင်ကျော်သက် ဆိုသူဟာ ကိုယ့်ကိုကိုယ် နေပြည်တော်က စစ်ဗိုလ်ချုပ်တစ်ဦးရဲ့ PA လို့ မိတ်ဆက်လေ့ ရှိသူဖြစ်ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပါက်သက်ပြီး စစ်အုပ်စုကို တိုင်ကြားပေမယ့် နယ်စပ်သွင်းကုန်ပစ္စည်း ဖြစ်နေတာရယ်၊ တရားမဝင် သယ်ဆောင်ပေးတဲ့ အမှု ဖြစ်နေတာရယ်ကြောင့် ကုန်သည်တွေခမျာ စုပ်လည်း စူး၊ စားလည်း ရူး ဖြစ်နေကြရတာပါ။

ကုန်ကား ၇ စီးစာ ပစ္စည်းတွေအပြင် သယ်ယူပို့ဆောင်ဖို့အတွက် ငွေကြေးသိန်းထောင်ချီကို အလွဲသုံးစား လုပ်သွားတာကြောင့် နစ်နာဆုံးရှုံးမှု ကြီးတယ် လို့ ကုန်သည်က ဆိုပါတယ်။

#ကုန်သွယ်ရေးသတင်း #တာချီလိတ် #ရှမ်းမြောက် #လားရှိုး #ကုန်သည် #ထိုင်းကုန်စည်

အန္တရာယ် ကင်း ပါစေ🙏🏻
14/09/2026

အန္တရာယ် ကင်း ပါစေ🙏🏻

ညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာထိုင်းကုန်စည်တွေဖမ်းဆီးမှုတင်းကျပ်

စက်တင်ဘာ - ၁၃ ၊၂၀၂၆ ၊နိုင်ပကောင်း/People's Spring

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

ညောင်ခါးရှည်ကျေးရွာမှာရှိတဲ့ စစ်ဆေးရေးဂိတ်မှာ နေပြည်တော်ကနေ လာတဲ့စစ်ဆေးရေးအဖွဲ့ကစက်တင်ဘာလဆန်းပိုင်းကစတင်ပြီး ကုန်ကား၊ ခရီးသည်တင်ကားနဲ့ အိမ်စီးကားအားလုံးကို တင်းတင်းကျပ်ကျပ်စစ်ဆေးခဲ့တာပါ။

ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတာကိုတွေ့ရင် သိမ်းဆည်းတဲ့အပြင် ကားတွေကိုပါ သိမ်းယူလိုက်တယ်လို့ ညောင်ခါးရှည်ဂိတ်ကို ဖြတ်သန်းသွားလာသူတွေက ပြောပါတယ်။

ထိုင်းကုန်ပစ္စည်းတင်ဆောင်လာတဲ့ ခရီးသည်တင်ကားနဲ့ ကုန်ကား အစီးရေ ၁၀၀ ခန့်ကို ထိုင်းကုန်ပစ္စည်းနဲ့အတူ အခုလဆန်းပိုင်းမှာ ဖမ်းဆီးသိမ်းဆည်းထားတယ်လို့သိရပါတယ်။

ညောင်ခါးရှည်စစ်ဆေးရေးဂိတ်ဝင်းထဲမှာ ဖမ်းဆီးသိမ်းဆည်းရမိတဲ့ ထိုင်းကုန်ပစ္စည်းတွေနဲ့ အကောက်ခွန်မဲ့ပစ္စည်းတွေသယ်ဆောင်လာတဲ့ကားတွေ အများအပြားဖမ်းထားတာပါ။

အဲဒီလို ဖမ်းဆီးသိမ်းဆည်းထားတာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ ပဲခူး တိုင်းအစိုးရအဖွဲ့က မကြာခဏလေလံတင်ပြီး ပြန်လည်ရောင်းချတာကြောင့်ပစ္စည်းဆုံးရှုံးမခံလိုတဲ့ကုန်သည်တချို့က လေလံပြန်ဆွဲဝယ်ယူနေကြတာတွေ ရှိပါတယ်။

ညောင်ခါးရှည်စစ်ဆေးရေးဂိတ်သာမကာ မွန်ပြည်နယ် သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ ကျိုက်မရောမြို့နယ်နဲ့ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ထဲမှာလည်း ပြီးခဲ့တဲ့ ဩဂုတ်လကုန်နဲ့ စက်တင်ဘာလပထမပတ်အတွင်း ထိုင်းကုန်ပစ္စည်းတွေကို စစ်တပ်ကအရှိန်မြှင့်ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးခံရရငကုန်ပစ္စည်းတွေနဲ့ကားကိုပါသိမ်းရုံတင်မကဘဲလူကိုပါ တရားစွဲထောင်ချတာတွေ လုပ်ဆောင်တာလို့ ကုန်ကားသမားသတင်းရင်းမြစ်အချို့ကပြောပါတယ်။

ညောင်ခါးရှည်စစ်ဆေးဂိတ်မှာ စစ်ဆေးနေပုံ ( ပုံဟောင်း)
ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး

မြဝတီ-ရန်ကုန် စိတ်ချ လက်ချ ကုန်အပ် လို့ ရပါသည်။ 🙏🏻- Way Report များ တင်ပေးခြင်း-Parking List ဖြင့် စျေး နှုန်း များ တွက်...
14/09/2026

မြဝတီ-ရန်ကုန်
စိတ်ချ လက်ချ ကုန်အပ် လို့ ရပါသည်။ 🙏🏻

- Way Report များ တင်ပေးခြင်း

-Parking List ဖြင့် စျေး နှုန်း များ တွက်ချက် ပြီး ၊ အလျော်အစား ကို လည်း Parking List အတိုင်း ဝယ်စျေး အတိုင်း ပေး လျော် ပေး ခြင်း

- #ရုံး နှင့် #ဂိုထောင် က မြဝတီ မှာ ရှိ တဲ့ အတွက် စိတ်ချ လက်ချ ဆက်သွယ် နိုင်ပါတယ်။

**အကျိုးတူ ကိုယ်စားလှယ်ကြီး များ ၊ အပိုင်းများ ကို လည်း လေးစားစွာ ဖိတ်ခေါ် ပါတယ်**

CB က ဆက်သွယ် နိုင် သလို

09 89 30 15 662

(Viber) သို့ တိုက်ရိုက် ဆက်သွယ် စုံစမ်း နိုင်ပါတယ်။

#ကုန်လမ်း
#မြဝတီ #ကုန်သယ်

 #မြဝတီ -  #ရန်ကုန် ကုန်သည်ကြီး များ အတွက်...     အချိန် တိုင်း ကြိုးစား နေ လျှက် ရှိပါတယ်။အခက်ခဲ တွေ ကြား ရုန်းကန် နေရ ...
12/09/2026

#မြဝတီ - #ရန်ကုန်
ကုန်သည်ကြီး များ အတွက်...
အချိန် တိုင်း ကြိုးစား နေ လျှက် ရှိပါတယ်။

အခက်ခဲ တွေ ကြား ရုန်းကန် နေရ တာ မို့ ... ကျေးဇူးရှင်ထမင်းရှင်ကြီး များ နားလည် ပေး ကြပါ နော်။ 🙏🏻🙏🏻🙏🏻

- Way Report များ တင်ပေးခြင်း

-Parking List ဖြင့် စျေး နှုန်း များ တွက်ချက် ပြီး ၊ အလျော်အစား ကို လည်း Parking List အတိုင်း ဝယ်စျေး အတိုင်း ပေး လျော် ပေး ခြင်း

- ရုံး အထိုင် က မြဝတီ မှာ ရှိ တဲ့ အတွက် စိတ်ချ လက်ချ ဆက်သွယ် နိုင်ပါတယ်။

**အကျိုးတူ ကိုယ်စားလှယ်ကြီး များ ၊ B2B အပိုင်းများ ကို လည်း လေးစားစွာ ဖိတ်ခေါ် ပါတယ်**

CB က ဆက်သွယ် နိုင် သလို

09 89 30 15 662

(Viber) သို့ တိုက်ရိုက် ဆက်သွယ် စုံစမ်း နိုင်ပါတယ်။

#ကုန်လမ်း
#မြဝတီ

အခက်ခဲ တွေ ကြား ကြိုးစား ရုန်းကန် နေလျက်...Dagon Team အဖွဲ့ သား များ ပါ။ကုန် ပစ္စည်း များ ယုံကြည် စွာ အပ်ပေး ကြသော ထမင်း...
10/09/2026

အခက်ခဲ တွေ ကြား ကြိုးစား ရုန်းကန် နေလျက်...

Dagon Team အဖွဲ့ သား များ ပါ။

ကုန် ပစ္စည်း များ ယုံကြည် စွာ အပ်ပေး ကြသော ထမင်းရှင်ကြီး များ အထူး ကျေးဇူးတင်ရှိပါတယ် 🙏🏻

ကုန်ပစ္စည်း များ စိတ်ချ ယုံကြည် စွာ အပ်နှံ လို ရပါတယ်။ရှင့်

Chatbox မှ တဆင့် ဖြစ်စေ၊
09 89 30 15 662 (Viber) သို့ ဖြစ်စေ စုံစမ်း နိုင်ပါသည်။

#မြဝတီ
#မဲဆောက်
#ကုန်သွယ်ရေး
#ကုန်လမ်း #ပို့ဆောင်ရေး

10/09/2026
09/09/2026

-မဲဆောက် ~ မြဝတီ ကမ်းကူး​ပေးပါတယ်။ကမ်းကူး Service လိုအပ်သူများဆက်သွယ်နိုင်ပါတယ်ရှင်။

-မြဝတီ ~ ရန်ကုန် ကုန်သယ်ချင်သူများလည်း လာ​ရောက်ဆက်သွယ်နိုင်ပါပြီ။

ကုန်စည်များကို အာမခံ အ​လျော်အစားနဲ့သယ်​ပေးတာ Dagon Logistics ​နော်။

CB (or) 09 8930 15662



#ကုန်စည်သယ်ယူပို့ဆောင်ရေး
#မဲဆောက် #မြဝတီ #ရန်ကုန်

27/08/2026

ကုန်သွယ်ရေးလမ်းကြောင်းတွေပေါ်မှာ မလိုလားအပ်တဲ့ စစ်ဆေးရေးဂိတ်တွေ လျှော့ချပြီး ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့အောင် လုပ်ဆောင်ဖို့ ဦးမင်းအောင်လှိုင်က ဩဂုတ် ၂၅ ရက်နေ့က ပြုလုပ်တဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ညွှန်ကြားလိုက်ပါတယ်။
အဓိက ကုန်စည်စီးဆင်းရာ လမ်းကြောင်းတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲနဲ့ ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးဂိတ်တွေက ကုန်တင်ယာဉ်တွေဆီကနေ ငွေကြေးအဆမတန် ကောက်ခံနေတယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြနေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်က ကျင်းပခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာလည်း သီပေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကောင်းသက်စံက ရှမ်းပြည်နယ်နဲ့ မန္တလေးကို ဆက်သွယ်ထားတဲ့ သီပေါတံတားကို ပိတ်ထားပေမဲ့ မှောင်ခိုလမ်းကနေ ကားတွေ နေ့ရောညပါ ဖြတ်သန်းနေကြောင်း ထောက်ပြခဲ့ပါတယ်။ ဒီလိုဖြတ်သန်းရာမှာ လားရှိုးကနေ ပြင်ဦးလွင်အထိ ကားတစ်စီးကို လမ်းကြေး ငွေကျပ်သိန်း ၁,၂၀၀ ပေါက်ဈေးရှိနေပြီး တစ်နေ့ကို အနည်းဆုံး ကား ၃ စီး ဖြတ်သန်းနေတဲ့အတွက် တစ်ရက်တည်းနဲ့တင် ငွေကျပ်သိန်း ၃,၆၀၀ ဖိုးလောက် တရားမဝင် လာဘ်စားမှုတွေ ရှိနေတယ်လို့ ထောက်ပြခဲ့ပါတယ်။
တဖက်မှာ စစ်အာဏာရှင်က တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးနဲ့ စစ်ဆေးရေးဂိတ်တွေ လျှော့ချဖို့ ပြောဆိုနေပေမဲ့ အောက်ခြေမှာတော့ ပိတ်ဆိုကန့်သတ်မှုတွေကြောင့် လာဘ်ပေးလာဘ်ယူမှုတွေ ပိုဆိုးရွားလာနေပါတယ်။ ဒါ့အပြင် လမ်းခရီး ကုန်ကျစရိတ်တွေ မြင့်တက်လာတာကြောင့် ကုန်ဈေးနှုန်းတွေလည်း ၂ ဆကနေ ၃ ဆအထိ ခုန်တက်နေတယ်လို့ ကုန်သည်တွေက ဝေဖန် ထောက်ပြနေကြပါတယ်။
ဒါ့အပြင် တရားမဝင်ကုန်သွယ်မှုတွေကြောင့် အခွန်အခတွေ ထိခိုက်နစ်နာရသလို ပြည်သူတွေလည်း ဈေးကြီးပေးပြီး ဝယ်ယူနေရကြောင်းနဲ့ တရားမဝင် ကုန်သွယ်မှုတွေကို အလေးထား ကြပ်မတ်ဖို့လည်း ဦးမင်းအောင်လှိုင်က ညွှန်ကြားခဲ့ပါသေးတယ်။

မြဝတီ-ရန်ကုန် ကုန်ပစ္စည်း စိတ်ချ စွာ အပ်နှံ ပေး သော Customer ကြီး များ ကို အထူးကျေးဇူးတင်အပ်ပါတယ်။- အလျော်အစား အာမခံ ပေး...
04/08/2026

မြဝတီ-ရန်ကုန်
ကုန်ပစ္စည်း စိတ်ချ စွာ အပ်နှံ ပေး သော Customer ကြီး များ ကို အထူးကျေးဇူးတင်အပ်ပါတယ်။

- အလျော်အစား အာမခံ ပေး ခြင်း

- ဂိုထောင် အရောက် ပို့ ပေး ခြင်း

- Customer များ ကို အမြဲ Report တင်ပေး ခြင်း

- ပစ္စည်း သယ် ချိန် ၂ ပတ် မှ ၁လ အတွင်း အမြန်ဆုံး စိတ်ချ စွာ ပို့ဆောင်ပေးခြင်း

ကုန်​အပ်​တွေလည်းလက်ခံ​​ပေးနေပါတယ်။
CB (or) 09 8930 15662 (Viber)

Location : မြဝတီမြို့။


#ကုန်စည်ပို့

#အာမခံဝန်ဆောင်မှု #မြဝတီ #ကုန်သယ်

မြဝတီ-ရန်ကုန် ကုန်​တွေ ​ရောက်​နေပြီ​နော်ဂို​ထောင်အ​ရောက်ပို့​ပေးဖို့ စီစစ်​နေပါတယ်..ကုန်​အပ်​တွေလည်းလက်ခံ​​ပေးနေပါတယ်CB ...
30/07/2026

မြဝတီ-ရန်ကုန် ကုန်​တွေ ​ရောက်​နေပြီ​နော်
ဂို​ထောင်အ​ရောက်ပို့​ပေးဖို့ စီစစ်​နေပါတယ်..

ကုန်​အပ်​တွေလည်းလက်ခံ​​ပေးနေပါတယ်
CB (or) 09 8930 15662


#ကုန်စည်ပို့

#အာမခံဝန်ဆောင်မှု

Address

Yangon

Opening Hours

Monday 06:00 - 21:00
Tuesday 06:00 - 21:00
Wednesday 06:00 - 21:00
Thursday 06:00 - 21:00
Friday 06:00 - 21:00
Saturday 06:00 - 21:00
Sunday 06:00 - 21:00

Website

Alerts

Be the first to know and let us send you an email when Dagon Logistics & Transport posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share