19/07/2026
ဒီခေတ်ကြီးမှာ လိုင်းပေါ်ကနေ လိမ်တဲ့သူတွေများလို့ ကျွန်မတို့ဆီက မှာတဲ့ ပစ္စည်းတွေ အကုန်လုံးကို အိမ်အရောက်ငွေချေလုပ်ပေးထားပါတယ် ။ အဲ့လောက်ထိ လုပ်ပေးထားတာကိုမှ ဖွင့်ဖောက်မစစ်ရ လို့ဆိုပြီးတော့ ပစ္စည်းမယူတာမျိုးတွေထိတော့မလုပ်ကြပါနဲ့ ။ ပစ္စည်းစာရင်းတွေ ပြန်ပြန်ထည့်လိုက် စစ်လိုက်လုပ်ရတာ အာရုံတွေ နောက်ပြီး အလုပ်တွေ ရှုပ်လို့ပါ ။ မယုံကြည်ရင်လဲ အစကတည်းက မှာမနေပါနဲ့ ။ ပုံမှန်ဆို ကိုယ့်အလုပ်နဲ့ကိုယ် မအားတာမို့ အဲ့လို လုပ်တာတွေ စိတ်ထဲမထားဘဲ ကျော်ခွ သွားပေးလိုက်တာပါ ။ ဒါပေမဲ့လဲ မပြောရင် ထပ်ထပ်လုပ်နေမှာစိုးလို့ ပြောရခြင်းဖြစ်ပါတယ် ။ ကိုယ်မှာထားတဲ့ ပစ္စည်းဆိုရင် ကိုယ်တာဝန်ယူပေးကြပါ ။ ဒီဘက်ကလည်း အချိန်တွေ လူတွေ အားနေတာမဟုတ်ပါ ။
ပြီးတော့ delivery တွေက တခါတခါ ကြာတတ်လို့ ၂ရက်၃ရက်လောက်တော့ ကြိုမှာပေးပါရှင် ။ အခုတော့ delivery ပြောင်းသုံးဖို့လဲ လုပ်နေတာမို့လို့ တခြား အဆင်ပြေတဲ့ delivery တွေ ရှိရင်လဲ ညွှန်းပေးကြပါဦး ။
နောက်တခုက ကျွန်မကိုယ်တိုင်ကလည်း ဆေးကျောင်းနောက်ဆုံးနှစ် တက်နေတာပါ ။ အဲ့တာကြောင့် ပစ္စည်းquality မကောင်းမှာ ပစ္စည်းလိမ်ရောင်းမှာတွေ စိတ်မပူပါနဲ့ ။ ကိုယ်တိုင် အိမ်မှာသုံးနေတဲ့ ပစ္စည်းမို့လို့လဲ ရောင်းတာပါ ။ ကျွန်မကိုယ်တိုင် အကုန်လုံးကို အာမခံပါတယ် ။ ရန်ကုန်၊ ယုဇနပလာဇာထဲမှာဆိုင်လဲ ဖွင့်ထားတာမို့ အချိန်မရွေး လာကြည့်ပြီးလဲ လာဝယ်လို့ရပါတယ် ။
အမြဲအားပေးနေကျ အစ်ကို အစ်မတွေကိုလည်း ကျေးဇူးတင်ပါတယ် ။