03/02/2021
✅ရှားစောင်းလက်ပတ် အပင်ရဲ့ သဘာဝက ပေးတဲ့ အာနိသင်လေးတွေလဲ ပြောပြချင်ပါတယ်။ ✅
- ကင်ဆာ ဖြစ်နိုင်ချေကို လျော့ချပေးတယ်။
- ကင်ဆာရောဂါ အမြစ်များကိုပါ ဖယ်ရှားပေးပါတယ်။
- အသားအရည်လှပစေပါတယ်။
- အစာအိမ်ကို သန့်ရှင်း ကျန်းမာစေပါတယ်။
- သွေးအားကောင်းစေပြီး သွေးမှာ အဆီများခြင်း၊ ပြစ်ခြင်းတို့ကို ပျောက်ကင်းစေပါတယ်။
- စိတ်ဓာတ်ကျဆင်းစေတဲ့ ဟိုမုန်းများကို တိုက်ဖျက်ပေးပါတယ်။
- အကြားအာရုံကို တိုးမြင့်ကောင်းစေပါတယ်။
- ကျောက်ကပ်ကို ကျန်းမာစေပြီး ကျော်တည်ခြင်းကို ဖယ်ရှားပေးပါတယ်။
- ဆီးချိုသွေးချိုများကို သက်သာ ပျောက်ကင်းစေပါတယ်။
- အသံခြောက်ခြင်း အဆီဖုန်းခြင်းများကို ကုသပေးပြီး ကာလည်းကာကွယ်ပေးပါတယ်။
အစရှိသဖြင့် တို့အပြင်သူ့မှာ များစွာသော ကျန်းမာရေး ကောင်းကျိုးများ ရှိတာကြောင့် ရှားစောင်းလက်ပတ်ကို ဆေးတန်ခိုးပင်လို့တောင် အချို့့ ခေါ်ဆိုပါတယ်။
ရှားစောင်းလက်ပတ် မှာ အဓိက အားဖြင့် အသား အရေ ကို တိုက်ရိုက် အကျိုးပြုနိုင်တဲ့ ဗီတာမင် အုပ်စုဖြစ် တဲ့ A, B1, B2, B3, B6, B12, C and E, တို့အပြင် folic acid လည်း ပါ၀င် ပါတယ်။ ရှားစောင်းလက်ပတ် ကနေ ထုတ်ထားတဲ့ ဂျယ် ကို အသားအရေပေါ် တိုက်ရိုက် သုတ်လိမ်းပေးရုံနဲ့ ထိရောက် မှုတွေ ရှိပါတယ်။
နေလောင်ခြင်းကြောင့် အသားရေပေါ်မှာ စွဲမြဲနေတဲ့ အညိုကွက်၊ အနီကွက်တွေ ကို ခဏ အတွင်း ယူပစ် လိုက် သလို ပျောက်ကင်းအောင် စွမ်းဆောင်နိုင်တာ ကတော့ ရှားစောင်းလက်ပတ် ပဲ ရှိပါတယ်။
ရှားစောင်းလက်ပတ် ရဲ့ အစွမ်းထက်ပုံ က နှစ်ရှည် လများ ဖြစ်ပေါ်နေတဲ့ ၀က်ခြံ/ ဆား၀က်ခြံ/တင်းတိတ် -စတဲ့ အရေပြား ဆိုင်ရာ ရောဂါတွေကို အထူး နိုင်နင်း တာပဲဖြစ်ပါတယ်။ အနည်းဆုံး မျက်နှာ ကို ပေါင်းတင် တဲ့ သဘောမျိုး နဲ့ တစ်ရက်လျှင် တစ်ကြိမ်လောက် လုပ်ပေးရုံ နဲ့ နှစ်ပတ်လောက် အတွင်း မှာ လုံး၀ အရှင်းပျောက် သွားမှာပါ။
အသက်လေးဆယ်လောက် ဆို အမျိုးသမီးတွေ ဟာ အသားရေ တင်းတင်း ရင်းရင်း မရှိတော့ဘဲ တွန့်
ခြင်း၊ တွဲခြင်းတွေ ဖြစ်လာပါတယ်။ ဒီလို အခြေအနေ ကို ကာကွယ်ဖို့အတွက် ရှားစောင်းလက်ပတ် ကို
ယုံကြည်စွာ လိမ်းပေးခြင်းဖြင့် အရွယ်တင် နုပျိုစေပါတယ်။
ဆံပင်ကျွတ်ခြင်း၊ ဆံပင် ပါးခြင်း၊ အဖျားနှစ်ခွဖြစ်ခြင်း စတဲ့ပြဿနာ အရပ်ရပ် အတွက်လည်း ပူစရာမ လို ပါဘူး။ ရှားစောင်းလက်ပတ် ဂျယ် ကို ဆံပင် မှာ ပုံမှန် လိမ်းပေးပြီး နာရီ၀က်လောက် ပုဝါ နဲ့ ပေါင်းပေးထား လိုက်ပါ။ သင့် ဆံပင်ကိုတောင် သင် မမှတ်မိနိုင်တော့တဲ့ အခြေအနေထိ ပါဘဲ။
ရေဓာတ် ခန်းခြောက်ခြင်းကြောင့် ဖြစ်တဲ့ အသားအရေ ခမ်းခြောက်ခြင်း၊ အမျိုးသမီး များ ဓမ္မတာလာပြီးနောက်ပိုင်း မှာ ဖြစ်လေ့ ရှိတဲ့ အသားအရေ ခြောက်ကပ်ကပ်ဖြစ်ခြင်း တို့အတွက်လည်း ရှားစောင်းလက်ပတ် ကိုသာ ယုံကြည်စွာ သုံးစွဲပေးလိုက်ပါ။