Mana Collagen By Pann Sa Karr

Mana Collagen By Pann Sa Karr Mana Collagen လေးကို စိတ်ချယုံ​ကြည်စွာ သောက်သုံးပါ။ကျေနပ်နှစ်သက်မှုကို ရရှိစေနိုင်ပါမည်။

31/01/2021

အလှပြင်ပစ္စည်းတွေကို ကုန်စုံဆိုင်တွေ အလှပြင်ဆိုင်တွေမှာ တကူးတကရှာစရာမလိုပါဘူး။ တကယ်တော့ ကျွန်မတို့နေ့စဉ....

28/01/2021
27/01/2021

News and Media

💗မဂ်လာပါ .... နန္ဒာ ပါရှင့် (ကရင်မလေးပါ)ဒီလိုအချိန်ကာလတွေမှာ ကျန်းမာရေးကို ပိုဂရုစိုက်ကြပါရှင့်။ဆောင်းတွင်းဆိုတော့ အေးတဲ...
22/01/2021

💗မဂ်လာပါ .... နန္ဒာ ပါရှင့် (ကရင်မလေးပါ)ဒီလိုအချိန်ကာလတွေမှာ ကျန်းမာရေးကို ပိုဂရုစိုက်ကြပါရှင့်။ဆောင်းတွင်းဆိုတော့ အေးတဲ့ မနက် ည တွေမှာ နွေးနွေး ထွေးထွေး နေကြပါနော်။
💢ဘဝမှာ ....
💗 (1)ကျနိးမာရေးက အရေးကြီးဆုံးပါ။ကိုယ်ကျန်းမာမှပဲ ကိုယ်ဖြစ်ချင်တာ မှန်သမျှကို ကြိုးစားနိုင်ခွင့် ရှိမှာပါရှင့်။နန္ဒာကိုယ်တိုင် (၇)နှစ်လောက် ကျန်းမာရေး မကောင်းခဲ့တော့ ကိုယ်ဖြစ်ချင်ခဲ့တဲ့ အရာတွေကို စွနိ့လွတ်ခဲ့ရတယ်။အခုတော့ ကျန်းမာရေး ပြန်ကောင်းလာပါပီရှင့်။
💗(2)လောကဒဏ် ရဲ့အလှည့်အပြောင်း ကို လူတိုင်းကြုံတွေ့ဖူးကြမှာပါ။တယောက်နဲ့ တယောက် အနည်း အများပဲ ကွာကြတာပါ။ကြုံတွေ့လာရတဲ့ အခက်အခဲတွေကို စိတ်ညစ် ငြီးတွား လက်လျော့နေမယ့် အစား ကိုယ့်ရဲ့ဘဝမှာဒါမှမဟုတ် ကိုယ့်ရဲ့တနေ့တာမှာ ရှိတဲ့ ကောင်းတဲ့အရာလေးတွေကို တွေးပီး ပျော်ပျော်ရွှင်ရွှင်နဲ့ ပြုံးပြုံးလေး နေတတ်လာအောင် ကြိုးစားကြည့်ပါရှင်။(မကောင်းတဲ့ အတွေးတွေ မတွေးပါနဲ့နော်)
💗(3)ကိုယ့်ကိုကိုယ် ချစ်တတ်အောင် ကြိုးစားပါရှင့်(အတ္တကြီးဖို့ပြောတာ မဟုတ်ပါဘူးနော်) ကိုယ့်မှာရှိနှင့်နေပီးသား ဖြစ်တဲ့ အရာလေးတွေကို တန်ဖိုးထားပီး ဂရုတစိုက် ချစ်မြတ်နိုးပါ။ကိုယ့်ကိုကိုယ် ချစိတတ်လာမှ ကိုယ့်ပတ်ဝန်းကျင်က အရာတွေကိုလဲ ချစ်တတ် တန်ဖိုးထားတတ် လာမှာပါရှင့်။
💗အမေက နန္ဒာ့ကို သမီးက ရုပ်ဆိုးတော့ ဆံပင်ရှည်လေးထားတဲ့။နန္ဒာက ဆံပင်ရှည်ထားတာ အလုပ်ရှုပ်လို့ မကြိုက်ခဲ့ဘူး။အရင်တုန်းကဆို တချိန်လုံး ညှပ်ဖို့ပဲချောင်းနေတာ😁😁😁မိဘက ဆံပင်ညှပ်တာ မကြိုက်လို့ ထားခဲ့ရပေမယ့် ခုချိန်မှာတော့ ကိုယ့်ကိုကိုယ် ချစ်တတ်အောင် ကိုယ့်ဆံပင်လေးတွေကို တန်ဖိုးထားတတ်အောင် နေပါတယ်ရှင့်။
💓ဆံပင်ရှည်မှ မဟုတ်ပါဘူး လူတိုင်းမှာ ကိုယ်စီ မွေးရာပါ အလှတရားတွေရှိကြပါတယ်။ကိုယ်ပိုင်ဆိုင်တဲ့ အရာလေးတွေကို တန်ဖိုးထားပီး ဘဝမှာ ပျော်ပျော်ရွှင်ရွင်နဲ့ ပြုံးပြုံးလေး နေနိုင်အောင် ကြိုးစားကြပါရှင့်။
💗ချစ်ခြင်းများစွာဖြင့်💗💗💗

💢အသက်ကြီးလာလို့လား မသိဘူး မေတ္တာတရားတွေ ပိုလိုအပ်လာသလို ခံစားလာရတယ်။နန္ဒာ့ ကိုလဲ ချစ်ပေးကြပါအုံးရှင်။

" စိတ်နဲ့တန်တဲ့ဘဝ ''      မျက်လုံးတွေ အကောင်းတိုင်းရှိနေလျက်နဲ့အကောင်းမမြင်တတ်ဘူးဆိုရင်   -  -   -နားတွေ အကောင်းတိုင်းရှ...
21/01/2021

" စိတ်နဲ့တန်တဲ့ဘဝ ''

မျက်လုံးတွေ အကောင်းတိုင်းရှိနေလျက်နဲ့
အကောင်းမမြင်တတ်ဘူးဆိုရင် - - -

နားတွေ အကောင်းတိုင်းရှိနေလျက်နဲ့
ဆုံးမစကားတွေ မကြားလိုဘူးဆိုရင် - - -

နှလုံးသားက အကောင်းတိုင်းရှိနေလျက်နဲ့
ခွင့်လွှတ်တတ်တဲ့စိတ် မမွေးမြူဘူးဆိုရင် - - -

လူတွေကြားမှာ နေထိုင်နေပါလျက်နဲ့
မိတ်ဆွေကောင်းတွေရှိတယ်လို့
မခံစားမိဘူးဆိုရင် - - -

ပတ်ဝန်းကျင်ရဲ့ အကူညီတွေရဖူးပါလျက်နဲ့
ကိုယ့်ကိုယ်ကိုယ်ကလွဲရင်
ဘယ်သူကိုမှ သနားစရာကောင်းတယ်လို့
မခံစားမိဘူးဆိုရင် - - -

ကွဲလွဲချက်တွေ အရမ်းများတဲ့
လောကအကြောင်းကို သိထားပါလျက်နဲ့
ကိုယ့်သဘောနဲ့ မတူညီတဲ့အမြင်တွေကို
လေးစားဖို့ ခက်နေသေးတယ်ဆိုရင် - - -

သတ္တိရှိတယ်လို့ ကြွေးကျော်ထားပါလျက်နဲ့
ကိုယ်ယူသင့်မှန်းသိနေတဲ့ လူမှုတာဝန်တွေကို
မသိလိုက်မသိဖာသာ ထားတတ်နေတုန်း ဆိုရင် - - -

ကိုယ့်ကိုကိုယ် သိပ်တော်တဲ့သူလို့
ယူဆထားပါလျက်နဲ့
လူ့စည်းကမ်း၊ လူ့ကျင့်ဝတ်တွေကို
ဘယ်သူမှမမြင်မသိနိုင်တဲ့
အခြေအနေတွေမှာ အလွယ်တကူ
ချိုးဖောက်ချင်စိတ် ရှိနေတုန်းပဲဆိုရင် - - -

မတရား မမျှတမှုကို ခံစားဖူးပါလျက်နဲ့
မထိုက်တန်တဲ့ အခွင့်အရေးတွေကို
အရူးအမူးမျှော်လင့်နေတုန်းပဲ ဆိုရင် - - -

နိုင်လိုဖိနှိပ်မှုတွေ ခံစားခဲ့ဖူးပါလျက်နဲ့
ကိုယ်တိုင်က နိုင်ရာစားပြီး
ဖော်လံဖားတတ်တဲ့အကျင့်ကို
မပြင်နိုင်သေးဘူးဆိုရင် - - -

သူတစ်ပါးကုန်းတိုက်လို့
ဘဝယိမ်းယိုင်ခဲ့ဖူးပါလျက်နဲ့
သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်း
ပြောနေရတာကို အရသာတွေ့နေတုန်းပဲဆိုရင် - - -

မင်းရဲ့သဘောထားတွေကို
ပြောင်းလဲချိန်တန်ပြီ သူငယ်ချင်း - - -

ကံတရားမှာ ဉာဏ်ဘယ်လောက်ပဲများများ
တမာပင်စိုက်ပြီး သရက်သီးခူးချင်လို့့တော့မရဘူး - - -

"စိတ်နဲ့တန်တဲ့ဘဝကို ရကြတာချည်းပဲ"
ဆိုတဲ့စကားက
အလကားရေးထားတာမှမဟုတ်တာ - - -

Crd:
ကောင်းကင်ထက်က ကြယ်စင် {ကလေး}

လူတိုင်းလုပ်လေ့လုပ်ထရှိတာမို့လို့ သတိထားကြပါရှင့်...Copy ကူးပြီး ပြန်တင်ကြနော်အန္တရာယ်များလို့ပါကိတ်မုန့်ကို များမျက်နှာ...
20/01/2021

လူတိုင်းလုပ်လေ့လုပ်ထရှိတာမို့လို့ သတိထားကြပါရှင့်...

Copy ကူးပြီး ပြန်တင်ကြနော်

အန္တရာယ်များလို့ပါ

ကိတ်မုန့်ကို များမျက်နှာအပ်ချလိုက်မိရင် 😱😱😱

တချို့သော ကိတ်အမြင့်တွေမှာ တခုနဲ့တခု ထပ်တဲ့အခါ

ခရင်ပျော်ပြီး ပြိုကြတတ်လို့ ဒေါက်တိုင်အဖြစ် အထဲကနေ

သစ်သားအချွန် ဒုတ်တခုခုနဲ့ စိုက်ပြီး ထောက်ပေးရပါတယ်

ခုခေတ်မှာ အပျော်သဘောမျိုး မွေးနေ့ကိတ် ခွဲကြတဲ့အခါ

ကိတ်အလုံးလိုက်ကို မျက်နှာတပြင်လုံး ကပ်ပြီး စပရိုက်

တိုက်ကြတာတို့ ဖင်တက်ထိုင်ပစ်တာတို့ လုပ်တတ်လာတာ

တွေ့နေရလို့ပါ .. မဖြစ်သင့်တာ မဖြစ်အောင် သတိပေးပါရစေ

သတိထားကြပါ အန္တရာယ်ရှိပါတယ်ရှင်...

Credit

Address

Yangon
11231

Telephone

+959252066109

Website

Alerts

Be the first to know and let us send you an email when Mana Collagen By Pann Sa Karr posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mana Collagen By Pann Sa Karr:

Shortcuts

Share