အလွမ်းဆိုင် - A Lwan Saing

အလွမ်းဆိုင် - A Lwan Saing Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from အလွမ်းဆိုင် - A Lwan Saing, Bubble Tea Shop, ဗိုလ်မြင့်အောင်လမ်း နဲ့ ဓမ္မာရုံလမ်းထောင့်၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်, Yangon.

နွေရာသီဟာ အေးခဲနေ
23/05/2023

နွေရာသီဟာ အေးခဲနေ

11/05/2023

အလွမ်းဆိုင် - A Lwan Saing ⛈️

အငိုရောင်ကော်ဖီဆိုင် လက်ပတ်နာရီလေးစက်ရပ်သွားတဲ့နေ့ပေါ့ချစ်ရသူပြောခဲ့ဖူးတဲ့သံသရာအဆက်ဆက်ဟာသုံးနှစ်နဲ့တင်သက်တမ်းကုန်ခဲ့တယ်အ...
09/05/2023

အငိုရောင်ကော်ဖီဆိုင်

လက်ပတ်နာရီလေးစက်ရပ်သွားတဲ့နေ့ပေါ့
ချစ်ရသူပြောခဲ့ဖူးတဲ့သံသရာအဆက်ဆက်ဟာ
သုံးနှစ်နဲ့တင်သက်တမ်းကုန်ခဲ့တယ်
အိမ်ရှေ့ကပျိုးခင်းလေးထဲ
အငိုရောင်ပန်းတွေပွင့်တယ်
သတိရစိတ်ဟာနေ့နဲ့ညမရွေးဘူး...

ဘာမှမတတ်နိုင်တဲ့ဘဝထဲ
ဘယ်ပြန်လာချင်ပါ့မလဲ
ဆုတောင်းတွေဟာလည်း
တတ်နိုင်ခြင်းရယ်လို့မမည်မှန်း
မသိခဲ့ရရိုးအမှန်ပါ...

ဟိုး..အဝေးကြီးဆီကိုခြေလှမ်းပေါင်းများစွာလှမ်းပြီး
ထွက်ခွာသွားခဲ့သူက နင်ဖြစ်ပေမယ့်
မောပန်းကျန်နေခဲ့သူကငါဖြစ်ခဲ့ရတယ်
ဟုတ်ပါတယ်...ကျွန်တော်က
မွေးရာပါနှလုံးအားနည်းပါတယ်...

ဒီရက်ပိုင်းအဆင်ပြေရဲ့လား
သူနဲ့ရောအဆင်ပြေရဲ့လား
သံယောဇဉ်ကြောင့်သာမေးရတာပါ
မင်းကပျော်ပျော်နေတတ်သူပဲ
ငါတို့ရဲ့ဝေးကွာရခြင်းတန်ဖိုးရှိမှာပါ...

ချစ်ခြင်းမေတ္တာနဲ့တစ်ဘဝစာလွဲခဲ့ပြီး
အချစ်ဦးနဲ့ကထာဝရလွဲခဲ့ရသူ
ဘယ်ဘဝရောက်ရောက်
နုံအအကောင်လေးတွေနဲ့တွေ့တိုင်း
စိတ်ချလက်ချသာထားခဲ့ပါ
သူတို့ဟာဝဋ်ကြွေးမကျေချင်သူတွေ...

ပြောပြချင်တဲ့အကြောင်းတွေရှိတယ်
သိလည်းမသိစေချင်ဘူး
ငါ့ရင့်ထဲပေါ့သွားဖို့အတွက်လောက်နဲ့
မင်းဝမ်းနည်းရတယ်ဆိုရင် ဘယ်တရားပါ့မလဲ
ထားလိုက်ပါတော့...

ဟာသတွေဖတ်မိတဲ့အခါ
ခဏတာရယ်မောလိုက်မိပေမယ့်
ပြီးသွားတော့လည်းထုံးစံအတိုင်းပါပဲ
အနာတရတွေကြားထဲကနေ
ရယ်ပြုံးနေနိုင်သေးတာကိုပဲ
ဂုဏ်ယူလို့ကိုမဆုံးဘူး...

ကြွေကျခါနီးသစ်ရွက်လေးတွေမြင်ရင်
ကျွန်တော့်ကိုသတိရပါ
ပြီးတော့...သူတို့နောက်ဆုံးကြွေကျသွားတဲ့အချိန်ထိစောင့်ကြည့်ပါ
ကိုယ်ချင်းစာစိတ်ဟာလောကမှာအရေးကြီးပါတယ်...

ကဗျာရေးနေတာမဟုတ်ဘူး
စာစီပြနေတာမဟုတ်ဘူး
မျက်ရည်ဟာလူနဲ့တည့်ကြောင်း
နောင်လာနောက်သားတွေနားလည်နိုင်စေဖို့
ဘဝနဲ့ရင်းပြီးအသိပညာပေးနေတာ...

မုသာဝါဒါ ဝရောမဏိသိက်ခာပဒံ သမာဓိယာမိ
မြတ်စွာဘုရားဆီမှာအာမဘန္တေခံခဲ့ပြီ
အခုကစလို့ရှေ့လျှောက်
မချစ်တော့ဘူးလို့ပဲဖြေမယ်
မင်းနဲ့တောင်မှဝေးခဲ့ပြီးမှတော့
ငရဲဆိုတာလည်းပန်းနဲ့ပေါက်သလောက်ပဲရှိမှာပေါ့...

ချစ်သော...
အသေးအဖွဲဆုံးရှုံးမှုလေးတွေအတွက်
မျက်ရည်တွေကိုဖောဖောသီသီမသုံးပါနဲ့
တကယ်တမ်းဆုံးရှုံးမှုအစစ်တွေနဲ့ကြုံတဲ့အခါ
သူတို့ကပဲဆေးတစ်ခွက်အဖြစ်ရှိနေပေးမှာ...

တစ်စုံတစ်ခုကိုမောမောပန်းပန်းလိုက်ရှာနေတာမြင်တော့
လူတွေကမင်းပစ္စည်းလေးပျောက်သွားလို့လားတဲ့
လူမြင်မကောင်းသူမြင်မကောင်းအောင်
ရှုံးပွဲချငိုခဲ့မိတယ်
သူများပစ္စည်းလေးကို
ကျွန်တော်က...ကျွန်တော်ကလေ...

အပ်ကြောင်းတွေလည်းထပ်လှပါပြီ
အက်ကြောင်းတွေလည်းထပ်လှပါပြီ
ကံကုန်ရင်လည်းကုန်လိုက်ပါတော့
ပြန်ဆုံရင်လည်းဆုံလိုက်ပါတော့...

အခုလိုရာသီမျိုးရောက်ရင်
အမွှေးပွအနွေးထည်လေးနဲ့ချစ်စရာကောင်းနေရော့မယ်
ပွဲတော်ရက်တွေရောက်ပြီဆိုရင်
လိုချင်တာတွေကိုပူဆာပြီးဆူပုတ်နေရော့မယ်
ချစ်သောမျက်စိနဲ့ကြည့်တော့ကြည်နူးစရာ
သို့သော်ငြား...
လွမ်းတဲ့စိတ်နဲ့ချဉ်းကပ်ကြည့်ပြန်တော့
ပုံရိပ်မှန်သမျှကနာကျင်စရာ...

ငါ့ညီရေ... ဒီတစ်ခေါက်တော့
ကော်ဖီတစ်ခွက်ပဲချကွာ
မင်းအစ်မက အစ်ကို့ကိုစိတ်ဆိုးနေပုံရတယ်
" တစ်သက်လုံး
ဘယ်တော့မှပြန်မလာတော့ဘူး'' တဲ့ ။ ။

-အလင်းသင်

Blueberry Milk Green Tea 🍵 🥛🫐
05/05/2023

Blueberry Milk Green Tea 🍵 🥛🫐

Hot Summer & Fresh Juice Ever 🥤🍂
28/03/2023

Hot Summer & Fresh Juice Ever 🥤🍂

ဒီညတော့ လွမ်းတဲ့ဆိုင် မသိမ်းသေး ။
22/03/2023

ဒီညတော့ လွမ်းတဲ့ဆိုင် မသိမ်းသေး ။

We will be closed on March 6.မနက်ဖြန်ဆိုင် တစ်ရက်ပိတ်ပါတယ်ခင်ဗျာ။ March 7 အဂ်ါနေ့မှစ၍ ပုံမှန်အတိုင်းပြန်ဖွင့်ပါမယ်နော်။ま...
05/03/2023

We will be closed on March 6.
မနက်ဖြန်ဆိုင် တစ်ရက်ပိတ်ပါတယ်ခင်ဗျာ။

March 7 အဂ်ါနေ့မှစ၍ ပုံမှန်အတိုင်းပြန်ဖွင့်ပါမယ်နော်။

またね🙇🏻

05/02/2023

ခိုလုံရာ ရင်ခွင်မဲ့သော နေ့တွေမှာ အလုပ်တွေပိုလုပ်ဖြစ်ပါတယ် ။ အာဟာာာ

Lemon Green Tea With Honey 🍯 🍋 1500Ks

ဆွဲလန်းမှုတွေထဲမှာမှ ဖြတ်ရခတ်တာ Juice တွေလဲပါပါတယ် 🤤🫐အလွမ်းဆိုင်က customer များအတွက် နောက်ထပ် Menu အသစ်အနေနဲ့ Blueberry ...
20/01/2023

ဆွဲလန်းမှုတွေထဲမှာမှ ဖြတ်ရခတ်တာ Juice တွေလဲပါပါတယ် 🤤🫐

အလွမ်းဆိုင်က customer များအတွက် နောက်ထပ် Menu အသစ်အနေနဲ့ Blueberry Milkbar ရနေပါပြီနော် 💙

နို့နဲ့ရောစပ်ထားတာမို့ ကျန်းမာရေးအတွက်လဲကောင်းမွန်ပြီး လန်းဆန်းမှုကိုရရှိစေမှာပါခင်ဗျာ

Blueberry Milkbar🫐🥛အပြင် Kiwi Milkbar🥝🥛နဲ့ Strawberry Milkbar🍓🥛တို့ကို မြန်မာငွေ 1400ks ထဲနဲ့ အလွမ်းဆိုင်လေးမှာ နေ့စဉ် မနက်၁၁နာရီမှ ညနေ၆နာရီခွဲအထိ လာရောက်သောက်သုံးနိုင်ပါပီ 🥰🤩🥛🫐🍓🥝

လိပ်စာ- ၁၂ရပ်ကွက် ဗိုလ်မြင့်အောင်လမ်းနှင့်ဓမ္မာရုံလမ်းဒေါင့် ဗိုလ်မြင့်အောင်လမ်းမပေါ် အရှေ့(ဒဂုံ)။

အလွမ်းဆိုင်ရဲ့ customer များအတွက် coffee အရသာ သီးသန့်ကြီးလဲမသောက်ချင်ဘူး chocolate အရသာသီးသန့်ကြီးလဲမသောက်ချင်ဘူးဆိုရင်တ...
17/01/2023

အလွမ်းဆိုင်ရဲ့ customer များအတွက် coffee အရသာ သီးသန့်ကြီးလဲမသောက်ချင်ဘူး chocolate အရသာသီးသန့်ကြီးလဲမသောက်ချင်ဘူးဆိုရင်တော့ Coffee နဲ့ CoCoa တို့ရဲ့ပေါင်းစပ်မှု

Ice Mocha ကို အလွမ်းဆိုင် လေးမှာ 1500ကျပ်နဲ့ သောက်နိုင်ပါပီခင်ဗျာ 🙆🏿‍♂️
Add on bubble 300ks

လိပ်စာ ဗိုလ်မြင့်အောင်လမ်းနှင့်ဓမ္မာရံုလမ်းဒေါင့် ဗိုလ်မြင့်အောင်လမ်းမပေါ် ၁၂ရပ်ကွက် ဒဂံုအရှေ့။

Address

ဗိုလ်မြင့်အောင်လမ်း နဲ့ ဓမ္မာရုံလမ်းထောင့်၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်
Yangon

Opening Hours

Monday 10:00 - 18:00
Tuesday 10:00 - 18:00
Wednesday 10:00 - 18:00
Thursday 10:00 - 18:00
Friday 10:00 - 18:00
Saturday 10:00 - 18:00
Sunday 10:00 - 18:00

Telephone

+959767508893

Website

Alerts

Be the first to know and let us send you an email when အလွမ်းဆိုင် - A Lwan Saing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share