Ira-Indian movie review by SLLM

Ira-Indian movie review by SLLM Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ira-Indian movie review by SLLM, Movie & Music Store, Yangon.

အက်ရှင်ဇာတ်ကြမ်းတွေကိုမှကြိုက်နှစ်သက်တဲ့သူတွေအတွက် ဇာတ်ကားသစ်ကြီးနှစ်ကား လာပါပြီလေးတန်းမအောင်တဲ့ သူတစ်ယောက်ရဲ့ အလောင်းဖျ...
12/05/2023

အက်ရှင်ဇာတ်ကြမ်းတွေကိုမှကြိုက်နှစ်သက်တဲ့သူတွေအတွက် ဇာတ်ကားသစ်ကြီးနှစ်ကား လာပါပြီ

လေးတန်းမအောင်တဲ့ သူတစ်ယောက်ရဲ့ အလောင်းဖျောက်လှည့်စားတာကိုခံလိုက်ရတဲ့ Drishyam ရုပ်ရှင်မှာဆိုရင် မင်းသားကြီး Ajay နဲ့ဆမ်ရဲ့မိခင်ရဲမှူးချုပ်နေရာကနေပါဝင်သရုပ်ဆောင်ထားတဲ့ Tabuတို့သူငယ်ချင်းနှစ်ယောက်ဟာ အတွဲညီစွာနဲ့ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိတ်သတ်အားပေးမှုအများအပြားရရှိခဲ့တယ်ဆိုတာ အားလုံးလည်းအသိပါ...

အခုဒီတစ်ခါထွက်ရှိလာတဲ့ Bholaaရုပ်ရှင်မှာဆိုရင်လည်း သူတို့သူငယ်ချင်းနှစ်ယောက် ဘယ်လိုအတွဲညီညီနဲ့ အပီအပြင်ကြမ်းထားမလဲဆိုတာ တဖြုတ်ဖြုတ်ကြွေရမယ့်ဇာတ်ကားကောင်းလေးဖြစ်ပါတယ် Bholaa ဟာ remake ဆိုပေမယ့် Drishyam တုန်းကလည်းအောင်မြင်မှုရခဲ့တဲ့အတွက် remake ဆိုပေမယ့် Ajay ကိုလျှော့တွက်လို့မရတဲ့ကားကောင်းလေးဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်...

ထပ်ပြီးတော့ မနက်ဖြန်ပိတ်ရက်အတွက်္ မှုခင်းအက်ရှင်ခပ်ကြမ်းကြမ်းလေးကိုမှကြည့်ချင်ကြတဲ့သူတွေအတွက် အားလုံးစောင့်မျှော်နေကြတဲ့ Vikram Vedha(2017)ရဲ့ remake
Vikram Vedha အမည်နဲ့ပဲ Bollywood version အက်ရှင်ဇာတ်ကြမ်းလေးကို တင်ဆင်ပေးလိုက်ပါတယ်....

Action ကားတွေ remake တွေပဲထွက်နေလို့ရိုးအီနေကြတဲ့ပရိတ်သတ်တွေအတွက် အအီပြေစေမယ့် original story ကိုမှ ဒိတ်ဒိတ်ကြဲ အရိုတစ်လ...
04/05/2023

Action ကားတွေ remake တွေပဲထွက်နေလို့ရိုးအီနေကြတဲ့ပရိတ်သတ်တွေအတွက် အအီပြေစေမယ့် original story ကိုမှ ဒိတ်ဒိတ်ကြဲ အရိုတစ်လိုင်းမှာပီပြင်တဲ့ Ranbir ရယ်
on-screen မှာမမြင်ရတာကြာပြီဖြစ်လို့ လွမ်းနေရတဲ့ Shraddha လေးရဲ့အလန်းစားပုံရိပ်တို့ကိုမြင်တွေ့ရမယ့်အပြင် နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲ မင်းသားချော Kartik Aaryan နဲ့ မင်းသမီးချောလေး Nushrratt Bharuccha တို့ကပါ cameo အနေနဲ့ပါဝင်အားဖြည့်ထားတဲ့ Rom-com ဇာတ်ကားကောင်းလေးလာပါပြီ.....

Tu Jhoothi Main Makkar (2023)
========================
IMDb - 6.7 / 10

ဒီတစ်​ခေါက္မှာက​တော့ ဟာသဆန်ဆန်နဲ့အချစ်ဇာတ်လမ်း​လေးကို သ​ဘောကျကြသူ​တွေအတွက်

နာမည်ကြီးမင်းသား​ချော Ranbi Kapoor နဲ့ မင်းသမီး​ချော​လေး Shraddha Kapoor တို့
ပါဝင်သရုပ်​ဆောင်ထားပြီး Box Office ၂၁၉.၇၂ကု​ဋေအထိရရှိထားတဲ့
Tu Jhoothi Main Makkarဆိုတဲ့ လတ်လတ်ဆတ်ဆတ်ထွက်ရှိလာတဲ့
ဟာသအချစ်ဇာတ်ကား​ကောင်း​လေးနဲ့ တင်ဆက်​ပေးလိုက်ပါတယ်

မစ်ကီဆိုတဲ့သူ​ဌေးသား​လေးဟာ ချစ်သူ​တွေကိုလမ်းခွဲရာမှာ ကူညီ​ပေးတဲ့လမ်းခွဲ​​ရေးသမား​လေးဖြစ်ပါတယ်

ကိုယ့်ချစ်သူကိုလမ်းခွဲစကား​ပြောဖို့
အခက်​တွေ့​နေသူတိုင်းက မစ်ကီကိုအကူညီ​တောင်း​​လေ့ရှိပါတယ်

ဒီလိုသူများအကျိုး​ဆောင်ရာမှာ ​အောင်မြင်ခဲ့တဲ့မစ်ကီတစ်​ယောက်က
သူ့အချစ်ဆုံးသူငယ်ချင်း မန်နူကိုသူ့​ကောင်မ​လေးနဲ့ လမ်းခွဲ​ပေးဖို့ကူညီရာမှာ​တော့ ဒုက္ခလှလှ​တွေ့ပါ​တော့တယ်

အ​ကြောင်းက​တော့ မန်နူရဲ့သတို့သမီး​လောင်းဖြစ်သူကင်ချီရဲ့ သူငယ်ချင်းတင်နီဆိုတဲ့ ​မိန်းမလှ​လေးကိုမြင်မြင်ချင်း​ချစ်မိသွားတဲ့အတွက်​ကြောင့်ပါပဲ

မစ်ကီတစ်​ယောက်သူ့သူငယ်ချင်းကို လမ်းခွဲ​ပေးဖို့အတွက် ဆက်ကူညီ​ပေး​လေမလား ဘယ်လိုအလွဲလွဲ​အ​ချော်​ချော်​တွေကြုံပြီး ​ဖြေရှင်းမလဲ

ဒါ့အပြင်မိန်းမလှ​လေးတင်နီနဲ့လမ်းခွဲ​ရေးသမား​လေးမစ်ကီကြားက
ကွာခြားချက်​တွေ​ကြောင့်ဘယ်လိုကိစ္စ​တွေကြုံရမလဲဆိုတာ

ဟာသ​နှောပြီးရိုဆန်ဆန်​​လေးဖြစ်တဲ့အချစ်ဇာတ်လမ်း​လေးကို ရင်ခုန်စွာကြည့်ရှူ့ရ​အောင်

Telegram link 👇
https://t.me/India_movie_channel/898

Bollywood စူပါစတားမင်းသားကြီးနှစ်လတ်အပြိုင်ကြဲထားတဲ့ Selfiee....2019တုန်းကထွက်ရှိခဲ့တဲ့ Malayalam ရုပ်ရှင် Driving Licen...
24/04/2023

Bollywood စူပါစတားမင်းသားကြီးနှစ်လတ်အပြိုင်ကြဲထားတဲ့ Selfiee....

2019တုန်းကထွက်ရှိခဲ့တဲ့ Malayalam ရုပ်ရှင် Driving Licence ကို remake ပြန်ရိုက်ထားတဲ့ Selfiee ရုပ်ရှင်ဟာဆိုရင် မင်းသားကြီး Akshay Kumar နဲ့အတူ မင်းသားချော Emraan Hashmi , မင်းသမီးချောလေးတွေဖြစ်ကြတဲ့ Diana Penty, Nushrratt Bharuccha တို့ကပါဝင်ထားပြီး အလန်းစားသီချင်းတွေနဲ့အတူ
ပါဝင်ထားတဲ့သရုပ်ဆောင်တွေနဲ့တင်ကြည့်ရတန်နေပြီဖြစ်တဲ့ ဒိတ်ဒိတ်ကြဲတွေအပြိုင်ကြဲထားတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်....

Selfiee (2023)
===========
IMDb 6/10

ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် ... Akshay က ဒိတ်ဒိတ်ကြဲစူပါစတားတစ်ယောက် RTO officer ဖြစ်တဲ့ Emraan က Akshay ရဲ့ အမာခံပရိတ်သတ်တစ်ယောက်ပေါ့.....တစ်နေ့ Akshay ဘိုပါလ်ဆိုတဲ့မြို့မှာ ရိုက်ကူးရေးလုပ်နေရင်း ယာဉ်မောင်းလိုင်စင်လိုလို့ လုပ်ဖို့ဖြစ်လာပါတယ် အဲ့မှာပဲ Emraan နဲ့တွေ့ဖို့အကြောင်းဖန်လာပါတော့တယ် Emraan အနေနဲ့ သူရဲ့ဟီးရိုးတစ်ယောက်နဲ့တွေ့နိုင်မယ့်အခွင့်အရေးကိုလက္မလွှတ်နိုင်တာကြောင့် RTO ရုံးကိုလာဖို့ Selfiee လေးတစ်ပုံလောက်ပဲ ရိုက်ပေးဖို့ အကူအညီတောင်းပြီး ခေါ်လိုက်တဲ့အခါမှာတော့....

မထင်မှတ်ထားတဲ့အထင်လွဲမှု‌တွေကြောင့် သူတို့နှစ်ဦးကြားကို ဘယ်လိုပြဿနာတွေစပြီးဝင်လာမလဲ ဖန်တစ်ယောက်အနေနဲ့ သူအချစ်ဆုံးစူပါစတားဟီးရိုးက သူ့ရဲ့ဂုဏ်သိက္ခာကိုထိပါးလာမိတဲ့အခါ သာမန်လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာအတွက်ဘယ်လိုရင်ဆိုင်တိုက်ခိုက္မလဲ....... Akshay ကကော သူ့ရဲ့ယာဉ်မောင်းလိုင်စင်ရဖို့ ဘယ်လိုတွေတန်ပြန်မလဲ ယာဉ်မောင်းလိုက်စင်ကောရနိုင်ပါ့မလားဆိုတာ တစ်ခန်းပြီးတစ်ခန်း ဘယ်လိုရင်သပ်ရှု‌ေမာဖွယ်ကြည့်ရှုရမလဲဆိုတာကိုတော့ ဒီ Selfiee ဆိုတဲ့ဇာတ်ကားလေးမှာပဲ ဆက်လက်ရှုစားလိုက်ပါဦးနော်...

သူများတွေကတော့ remake remake ဆိုတာနဲ့မကြည့်ချင်ကြလောက်အောင်ဖြစ်နေကြပေမယ့် ဒီကားလေးကတော့ ကြည့်ရတာတော်တော်အဆင်ပြေတဲ့ထဲမှာပါပါတယ်လို့ပြောချင်ပါတယ်
IMDb 6/10 ရထားပေမယ့် ဂုဏ်ထူးမှတ်ကွက်တိ 7.5 of 10 ပေးချင်ပါတယ်......

Telegram link 👇
https://t.me/MinTharGyi1995/6139

ပေ့ခ်ျမှာမတင်တော့ဘူးလို့လုပ်ထားပေမယ့် Kartik ရဲ့ပရိတ်သတ်တွေအတွက်ကော ကြည့်ရတာအရမ်းမဆိုးတဲ့အတွက်ကောမို့ တင်လိုက်ပါတယ်........
18/04/2023

ပေ့ခ်ျမှာမတင်တော့ဘူးလို့လုပ်ထားပေမယ့် Kartik ရဲ့ပရိတ်သတ်တွေအတွက်ကော
ကြည့်ရတာအရမ်းမဆိုးတဲ့အတွက်ကောမို့ တင်လိုက်ပါတယ်.....

2020တုန်းကထွက်ရှိခဲ့တဲ့ Allu Arjun ရဲ့ Ala Vaikunthapurramulooကို Bollywood ရဲ့ မင်းသားချော Kartik Aaryan က Shehzadaအမည်ဖြင့် remake ပြန်လည်ရိုက်ကူးထားတယ်ဆိုတာအားလုံးလည်းသိမှာပါ မူရင်းကိုမကြည့်ရသေးရင်တော့ဆက်ဆက်ကြည့်ကြည့်ဖို့ပြောချင်ပါတယ် မူရင်းကြည့်ပြီးပြီ Kartik ကိုကြိုက်လို့ကြည့်ချင်တယ်ဆိုရင်လည်းကြည့်ကြည့်ပါ အဆင်ပြေပါတယ်
ဒါ‌ေပမယ့်မူရင်းလည်းကြည့်ပြီးပြီ Kartik ရဲ့ဖန်လည်းမဟုတ်ဘူးဆိုရင်တော့မကြည့်ပါနဲ့ အပျင်းပြေချင်ရုံသက်သက်ကြည့်ဖို့ဆိုရင်တော့ သီချင်းတွေလည်းအဆင်ပြေသလို မင်းသမီးချော Kriti လေးလည်းလန်းလို့ one time watch အနေနဲ့တော့ကြည့်လို့အဆင်ပြေပါတယ် ဒီဇာတ်က Kartik ဇာတ်မို့ မင်းသမီး Kriti Sanon နဲ့တခြားသရုပ်ဆောင်တွေအနေနဲ့ အားဖြည့်သဘောဖြင့်ပါဝင်ထားတာကိုတွေ့ရမှာပါ ဒီကားသာ remake မဟုတ်ဘူးဆိုရင် ပရိတ်သတ်ရင်ထဲအနည်းငယ်ရောက်နိုင်တဲ့ကားတစ်ကားဖြစ်နိုင်မှာပါ....

Shehzada(2023)
=============
IMDb 5.1/10
Action/Comedy/Drama

အခုတစ်ခါတင်ဆက်ပေးမှာကတော့ ပရိသတ်တွေရင်ထဲကိုရောက်ရှိပြီးသားဖြစ်တဲ့
နာမည်ကြီးမင်းသား Kartik Aaryanနဲ့ မင်းသမီး Kriti Sanonတို့
ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားသစ်ပဲဖြစ်ပါတယ်။

ဆေးရုံတစ်ခုမှာ သားယောက်ျား‌လေးရလို့ ပျော်ရွှင်နေကြတဲ့မိသားစုနှစ်ခုရှိနေပါတယ်။
တစ်နေ့တည်းတစ်ချိန်တည်းမှာပဲ မွေးလာခဲ့ရပေမယ့် ကလေးနှစ်ယောက်ဟာတော့
ကံချင်းမတူခဲ့ပါဘူး။ တစ်ယောက်ကတော့ လိုတိုင်းရတဲ့ဘဝမှာ နေရမှာဖြစ်ပြီး တစ်ယောက်ကတော့ ရုန်းကန်ရတဲ့ဘဝမျိုးမှာ နေရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကံတရားကို ပြောင်းလဲပစ်ချင်တဲ့သူတစ်ယောက်ရှိနေခဲ့ပါတယ်။ ချမ်းသာတဲ့ဘီလျံနာမိသားစုမှာ အလုပ်လုပ်နေရတဲ့ ဗယ်မီကီဟာ သူ့ကလေးနဲ့ အလုပ်ရှင်မိသားစုက ကလေးကို လဲပစ်ခဲ့ပါတယ်။

ကံတရားကမျက်နှာသာမပေးခဲ့တဲ့သူ့ဘဝလိုမျိုး ဒီကလေးလည်း ကြုံတွေ့စေရမယ်။ သူ့သားကတော့ ဘုရင်တစ်ပါးလိုဘဝမျိုးမှာပဲနေရမယ်လို့ ကြုံးဝါးရင်းနဲ့ပေါ့။ ဒီလိုနဲ့တဖြည်းဖြည်းအရွယ်ရောက်လာတဲ့ သားဖြစ်သူဘန်တူကို အမုန်းတရားတွေ လျစ်လျူရှုမှုတွေနဲ့ပဲ ဆက်ဆံခဲ့ပါတယ်။ ဘုရင်တစ်ပါးလိုဆက်ဆံခံနေရတဲ့သူ့သားအရင်းဖြစ်သူ ရာ့ဂျ်ကိုတော့ ကျေနပ်ပီတိ‌တွေနဲ့ပဲ ကြည့်နေခဲ့ပါတယ်။ ဒီလိုမျိုး ပြောင်းလဲပစ်ခံထားရတဲ့ကံတရားတွေနဲ့ သူတို့နှစ်ယောက် ဘာတွေဆက်ဖြစ်ကြမလဲ။ ဘဝအမှန်တွေကိုရော သိသွားကြမလားဆိုတာကို ရသမျိုးစုံနဲ့ ကြည့်ရှုကြရမှာဖြစ်ပါတယ်။

Telegram link 👇
https://t.me/MinTharGyi1995/5978

ရှေ့ရက်တွေတုန်းကထွက်ရှိခဲ့တဲ့ Yami Gautam နဲ့ Sunny Kaushal တို့ရဲ့‌Chor Nikal Ke Bhaga ဆိုတဲ့ လေယာဉ်ပျံပေးဆွဲကားအပါအဝင်...
09/04/2023

ရှေ့ရက်တွေတုန်းကထွက်ရှိခဲ့တဲ့ Yami Gautam နဲ့ Sunny Kaushal တို့ရဲ့‌Chor Nikal Ke Bhaga ဆိုတဲ့ လေယာဉ်ပျံပေးဆွဲကားအပါအဝင် Sara Ali Khan လေးအဓိကပါဝင်ထားတဲ့ သည်းထိတ်ရင်ဖိုလျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းတွေကိုမှကြိုက်နှစ်သက်တဲ့သူတွေအတွက် Gaslight ဆိုတဲ့ဇာတ်ကားအပြင် ကားဟောင်းတချို့ကိုပါ စုပေးထားလို့
ပိတ်ရက်္မှာဘာကြည့်ရမလဲစဉ်းစားနေတဲ့သူတွေဒီကားလေးတွေကြည့်ကြည့်ပါ...
တစ်ပုံချင်းစီမှာ အညွှန်းနဲ့မြန်မာစာတန်းထိုးတယ်လီဂရမ်လင့်ခ်တွေပါပါတယ်....

ကြည်နူးရလွန်းလို့ မျက်ရည်မဆည်နိုင်ခဲ့တဲ့ပညာပေးကားကောင်းလေးVaathi [2023]===========IMDb-7.6/10သရုပ်ဆောင် ဒါရိုက်တာ ပရိုဂျ...
25/03/2023

ကြည်နူးရလွန်းလို့ မျက်ရည်မဆည်နိုင်ခဲ့တဲ့ပညာပေးကားကောင်းလေး
Vaathi [2023]
===========
IMDb-7.6/10

သရုပ်ဆောင် ဒါရိုက်တာ ပရိုဂျူဆာ တေးရေး ဇာတ်ဝင်တေးသီချင်းအဆိုတော် စွယ်စုံရမင်းသား
Dhanush နဲ့ မင်းသမီးချောလေး Samyuktha Menon တို့ အဓိကပါ၀င်သရုပ်ဆောင်ထားတဲ့ Rating လည်းကောင်း ကြည်နူးမှုကြောင့်လည်းမျက်ရည်စို့ရမဲ့ အိန္ဒိယဇာတ်ကားသစ်လေးနဲ့မိတ်ဆက်ပေးပါရစေ

ဇာတ်ကားအစမှာကျောင်းသားသုံးယောက်ဟာသူတို့အဘိုးပိုင်ခဲ့တဲ့ ဗီဒီယိုခွေဆိုင်အဟောင်းလေးကို ရှင်းလင်းရင်းနဲ့ ဗီဒီယိုတိတ်ခွေဟောင်းတွေကို ဖွင့်ကြည့်လိုက်တဲ့အချိန်မှာ သူတို့မနက်တုန်းမှာ ကျောင်းမှာသင်ခဲ့တဲ့ သင်္ချာပုစ္ဆာကို ဆရာငယ်ငယ်တစ်ယောက်က သင်ပေးနေတဲ့ ဗီဒီယိုမှတ်တမ်းကိုတွေ့လိုက်ပါတယ်

အဲဒါနဲ့ သူတို့ကစာမလိုက်နိုင်တော့ အဲဒီဆရာဆီမှာကျူရှင်သင်မယ်ဆိုပြီးအဲ့တိတ်ခွေအဖုံးပေါ်မှာပါတဲ့ နာမည်နဲ့လိပ်စာအတိုင်းလိုက်ရှာကြည့်တော့
သူတို့တွေ့လိုက်ရတာ အဲဒီဆရာရဲ့တပည့်ဖြစ်တဲ့သူကိုပါ

အဲဒီကနေတစ်ဆင့် ဆရာ့ရဲ့နာမည်က ဘာလာဖြစ်ပြီး ဆရာဘာလာရဲ့အကြောင်းတွေကို နောက်ကြောင်းပြန်ပြောပြလိုက်တဲ့အခါမှာတော့.....

ဇာတ်ကားကကြည့်လို့ကောင်းတယ်ဆိုတာ ဒီနေရာမှာတင်ရပါပြီ

ဇာတ်လမ်းဇာတ်ကွက်ကောင်း ပေးချင်တဲ့ message ကောင်းတဲ့အပြင် cast ကလဲကောင်း အချစ်ဒရာမာအက်ရှင် အစုံပါဝင်တာမို့ ပေးတဲ့ rating နဲ့လဲထိုက်တန်ပါတယ်

အောက်ကစာကတော့ ကျွန်တော် အာချောင်ထားတာပါ

ဒီဇာတ်လမ်းလေးကို မချီးကျူးခင်မှာ နယ်ဆင်မင်ဒဲလားပြောခဲ့တဲ့ စကားလေးတစ်ခုရှိပါတယ်

Education is the only weapon that can change the world တဲ့ကမ္ဘာကြီးကိုပြောင်းလဲနိုင်တဲ့တစ်ခုတည်းသောလက်နက်ဟာ ပညာရေးပါတဲ့ ၁၉၉၀ပြည့်နှစ်တွေမှာ အိန္ဒိယမှာ စီးပွားရေးတိုးတက်လာတာနဲ့အမျှ အသိပညာရှင် အတတ်ပညာရှင်တွေလိုအပ်လာပြီး ပညာရေးက အားလုံးအတွက် အဓိကလိုဖြစ်လာပါတယ်

အဲ့ပညာရေးနဲ့အတူ ခါတော်မီ ပညာရေးကိုအမှီပြုစီးပွားရှာမဲ့လူတွေလည်း ပေါ်ပေါက်လာပါတယ်

ဘော်ဒါဆောင်တွေဖွင့် ကိုယ်ပိုင်ကျောင်းတွေဖွင့်နဲ့ ပညာရေးကိုအမှီပြုစီးပွားရေးသောင်းကျန်းကြနဲ့
အကွက်ပေါင်းစုံ လှည့်ကွက်ပေါင်းစုံ လူ့သဘာဝပေါင်းစုံနဲ့ ဇာတ်လမ်းက သူပေးချင်တဲ့ Message ကို ရှုထောင့်ပေါင်းစုံကနေ ထောက်ပြသွားတာကိုတွေ့ရမှာပါ

ဒီဇာတ်ကားလေးမှာ ဆရာဘာလာရဲ့နေရာကနေ သူပြချင်သွားတာက ပညာရေးဆိုတာ ဆရာတွေက စေတနာမေတ္တာတွေနဲ့ ပြည့်စုံရုံတင်မကဘဲနဲ့စနစ်ကလည်း ပညာရေးကို အလေးပေးဖို့လိုအပ်ကြောင်းကို တစ်ခေတ်တုန်းကဖြစ်ခဲ့တဲ့အမှန်တရားတွေနဲ့ ထောက်ပြပြီး တင်ဆက်ပေးထားတာကို တွေ့ရမှာပါ

ဒီအညွှန်းကို အဆုံးသတ်တဲ့အနေနဲ့ ပရိသတ်ကြီးတွေလည်း ကမ္ဘာကြီးရဲ့အစွမ်းအထက်ဆုံးလက်နက်တစ်ခုဖြစ်တဲ့ ပညာရေးဆိုတာကို တခြားနိုင်ငံတွေက ဘယ်လိုရရှိဖို့ကြိုးစားတယ်

အနုပညာရှင်တွေကလည်း အခုလိုမျိုး ဝေဖန်ထောက်ပြမှုတွေဘယ်လိုလုပ်လဲဆိုတာ ပရိသတ်ကြီးတို့ ဇာတ်လမ်းလေးနဲ့အတူ ခံစားကြည့်ရှုနိုင်ကြဖို့အတွက်တင်ဆက်ပေးလိုက်ရပါတယ်

Telegram link 👇
https://t.me/BollywoodMovieOlny/2228?single


Pathaan (2023) #ဇာတ်ကာသစ်ကြီး  #အကြည်ရပါပြီ=============(FUL HD အကြည်ဗားရှင်း)Action, Crime, DramaIMDb 6.4/10 (122K)ကဲ လ...
22/03/2023

Pathaan (2023) #ဇာတ်ကာသစ်ကြီး #အကြည်ရပါပြီ
=============

(FUL HD အကြည်ဗားရှင်း)

Action, Crime, Drama
IMDb 6.4/10 (122K)

ကဲ လူတွေပါးစပ်ဖျားရေပန်းစားနေကြပြီး ဘတ်ဂျတ်ကုဋေ၂ရာကျော်ရင်းပြီး ရုံတင်ငွေကုဋေ၁သိန်းကျော်ထိ အမြတ်ပြန်လည်ရရှိထားတဲ့ ရှာရွတ်ခန်းရဲ့ ပထန်ဇာတ်ကားကြီးရဲ့ ကြည်တောက်ရှင်းဗားရှင်းကိုတင်ဆက်ပေးပါတော့မယ်နော်။

မင်းသားကြီး ရှာရွတ်ခန်း... ဂျွန်အေဗရာဟင်..
ဒီပီကားပါဒူကွန်တို့က Lead Role နေရာကနေ
သရုပ်ဆောင်ပေးထားကြပြီး တခြားသော သရုပ်ဆောင်ပေါင်းများစွာလည်းပါဝင်ထားသလို
မင်းသားကြီးဆလ်မာန်ခန်းကလည်း cameo အနေနဲ့ ပါဝင်ပေးထားပါသေးတယ်နော်။

ဒီဇာတ်ကားကို အိန္ဒိယနာမည်ကြီးရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Yash Raj Films မှ
တာဝန်ယူထုတ်လုပ်ပေးထားပြီး လက်ပွားမင်းသားရဲ့ War ဇာတ်ကားကို တာဝန်ယူရိုက်ကူးပေးခဲ့တဲ့
ဒါရိုက်တာ ဆစ်ဒါသ်အာနန်းရဲ့အက်ရှင်လက်ရာတစ်ခုပဲဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ ဆလ်မာန်ရဲ့ (Tiger)..လက်ပွားရဲ့ (War) တို့နဲ့ချိတ်ဆက်ပေးမယ့် Pathaan ဇာတ်ကောင်ရဲ့ spin-off ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။

Yash Raj ကုမ္ပဏီဟာ နောက်ပိုင်းမှာ spy universe ကို တည်ဆောက်သွားမယ့်ပုံပေါ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် အိန္ဒိယနိုင်ငံသမ္မတကြီးကို အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဟာ ဒူဘိုင်းက အခမ်းအနားပွဲတစ်ခုမှာ ပြန်ပေးဆွဲဖို့ရှိနေခဲ့ပါတယ်။

ဒီတော့ လုံခြုံရေးကို သုံးဆတိုးမြှင့်ပြီး စောင့်ကြပ်ပေးနေခဲ့ပါတယ်။

မထင်မှတ်ထားတဲ့ ကိစ္စကအကြမ်းဖက်အဖွဲ့အစည်းဟာ သမ္မတကြီးကိုပြန်ပေးမဆွဲဘဲ သမ္မတကြီးနဲ့အတူလိုက်ပါလာတဲ့ သိပ္ပံပညာရှင်နှစ်ယောက်ကို ပြန်ပေးဆွဲလိုက်ပါတော့တယ်။

ခေါင်းခဲစေတဲ့ကိစ္စက ဘာလို့ သိပ္ပံပညာရှင်တွေကို ပြန်ပေးဆွဲခဲ့တာလဲ…။

ဆိုတော့ အက်ရှင်ခန်းတွေ အကြမ်းအရမ်းတွေနဲ့ ရေလည်မိုက်အောင် ရှုစားရဦးမှာမို့ ပေါက်ပေါက်…အာလူးကြော်လေးတွေစားပြီး ဇိမ်ကျပေတော့နော်။

Telegram Link👇👇
https://t.me/KhantMinHtet001/2971
https://t.me/MyanmarSubtitles2/4412


ဒီကားလေးအရမ်းကောင်းပါတယ်..လူငယ်အချစ်ဇာတ်လမ်းလေးကိုမှ funလည်းဖြစ်တယ် drama လေးလည်းပါတဲ့ romance, comedy, Drama အမျိုးအစား...
21/03/2023

ဒီကားလေးအရမ်းကောင်းပါတယ်..
လူငယ်အချစ်ဇာတ်လမ်းလေးကိုမှ funလည်းဖြစ်တယ် drama လေးလည်းပါတဲ့ romance, comedy, Drama အမျိုးအစားလေးဖြစ်ပြီး သီချင်းတွေကလည်းအားလုံးမိုက်လို့ နုနုရွရွလေးကြည့်ရှုခံစားရမယ့် မချောနှစ်ယောက်ကိုယ်တစ်ယောက်သုံးပွင့်ဆိုင်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်...ဒီကားလေးမှာ မင်းသားချော Prit Kamaniသရုပ်ဆောင်တာအရမ်းကောင်းပါတယ် Character နဲ့အရမ်းကိုမှလိုက်ဖက်ပါတယ် မင်းသားကြောင့်လည်းဒီဇာတ်ကပိုကြည့်ကောင်းသွားတယ်လို့မြင်မိပါတယ်..ကားကောင်းလေးမို့ဆက်ဆက်ကြည့်လိုက်ပါဦးနော်...

ဒီပေ့ခ်ျလေးကိုလည်း Like & Follow မလုပ်ရသေးရင်လုပ်ထားပေးပါဦးနော်....
👇
Aesthetic Bollywood Gallery

Middle Class Love (2023)
====================

IMDb 6.4/10

မင်းသားချောလေး Prit Kamani , Kavya Thapar , Eisha Singh တို့လို အလန်းလေးတွေနဲ့ မချောနှစ်ယောက်ကိုယ်တစ်ယောက်
Comedy/Drama/Romantic ဇာတ်ကားမျိုးပါ

လူလတ်တန်းစားကနေမွေးဖွားလာတဲ့လူတွေအတွက်‌ကတော့ မလိုအပ်တဲ့နေရာမသုံးဖို့ ပိုက်ဆံစုဖို့ဆိုတာ ထပ်ကာတလဲလဲ ကြားရမယ့် ဓာတ်ပြားဟောင်းတွေပဲပေါ့

ဒါကိုယူဒီ( Prit Kamani) က ငြီးငွေ့နေပါတယ် သူ့အိပ်မက္
ကတော့
ချမ်းသာတဲ့ဘောစိမမနဲ့တွဲပြီး ဒီလူလတ်တန်းစားဘဝထဲကရုန်းထွက်ဖို့ပါ

ဖြစ်ချင်တော့သူဝင်ခွင့်ရတဲ့ကျောင်းမှာကလည်း သူ့စံပြ‌ ဘောစိကောင်မလေးရှိနေတယ်ပေါ့
ဒီတော့ ယူဒီကဆုံးဖြတ်ချက်ချပြီး အပိုင်လိုက်ဖို့ကြံပါပြီ

ဒါပေမဲ့ သူလိုက်္မဲ့ကောင်မလေးဆာရှာမှာ သူနဲ့မတည့်တဲ့အက်ရှ်ဆိုတဲ့
တစ်ယောက်ရှိနေပါတယ်

ဘုံလုံတစ်လှည့်ငါးဖျံတစ်လှည့်
သူဦးသူဆော် ကိုယ်ဦးကိုယ်ဆော်နှစ်ယောက်ပါ ဒီနှစ်ယောက်ကြားထဲမှဝင်မိတဲ့ ယူဒီ့တစ်ယောက်ဘာဆက်ဖြစ်မလဲ

ဆာရှာက အက်ရှ်ကိုအသည်းကွဲအောင်လုပ်နိုင်ရင် ရည်းစားအဖြစ်ရွေးချယ်မယ်ဆိုတော့ ယူဒီတစ်ယောက်ဘယ်လို အလွဲတွေနဲ့ရှေ့ဆက်သွားမလဲ

သူ့အိပ်မက္ ကရောအောင်မြင်မလားဆိုတာ လူငယ်တွေကြား ပေါ့ပေါ့ပါးပါးနဲ့ကြည့်ရှုရမဲ့ကားလေးပဲဖြစ်ပါတယ်

Telegram link 👇
https://t.me/indiamovie010/7606?single

မင်မင်မအားလို့ဇာတ်ကားတွေမတင်ဖြစ်နေတာ အခုကစပြီးပြန်တင်ပေးပါမယ်နော် ကားသစ်တွေလည်းအကုန်တင်ပေးပါမယ် ကားဟောင်းတွေထဲကလည်းဇာတ်က...
18/03/2023

မင်မင်မအားလို့ဇာတ်ကားတွေမတင်ဖြစ်နေတာ အခုကစပြီးပြန်တင်ပေးပါမယ်နော် ကားသစ်တွေလည်းအကုန်တင်ပေးပါမယ် ကားဟောင်းတွေထဲကလည်းဇာတ်ကားကောင်းလေးတွေစုပြီးတင်ပေးပါဦးမယ်..

ဒီပေ့ခ်ျလေးကိုလည်း Like & Follow လေးလုပ်ထားပေးပါဦးနော်
👇
Aesthetic Bollywood Gallery

ဒီနေ့တော့ ပိတ်ရက်လေးမှာအချစ်ဇာတ်ကားကောင်း‌ေလးတွေနဲ့အပန်း‌ေဖြချင်တဲ့သူတွေအတွက် ယူတို့ရဲ့အချစ်တော် မင်းသား Raneရဲ့ 2022နှစ်ကုန်ခါနီးတုန်းကမှထွက်ထားတဲ့ အချစ်ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်နော်...

Tara & Bilal [2022]
================

အိန္ဒိယရိုးရာအတိုင်း အသက်ငယ်တုန်းမှာ လက်ထပ်ဖို့ကို လာစေ့စပ်ကြောင်းလမ်းတဲ့သူတွေအစား လန်ဒန်မှာ အခြေချချင်တဲ့စိတ်နဲ့ အွန်လိုင်းရီဗျူးကိုပိုယုံပြီး ပိုင်ဆိုင်မှုအကုန်ရောင်းချ လက်ထပ်ပြီး လိုက်သွားခါမှ ဟိုတယ်မှာ ပစ်ထားခဲ့ခံရတဲ့ တာရာ…

မိန်းမ ၅ ယောက်ဦးစီးတဲ့အိမ်က တစ်ဦးတည်းသောယောက်ျားလေးဖြစ်ပြီး အမေနဲ့အဒေါ်တွေရဲ့ ကျရှုံးခဲ့တဲ့ အိမ်ထောင်ရေးတွေကိုမြင်ပြီး လက်ထပ်ဖို့စိတ်ကုန်နေတဲ့ ခပ်ဆိုးဆိုးကောင်လေးဘီလယ်လ်…

သူတို့နှစ်ယောက်ဆုံတွေ့ကြတဲ့အခါ ဘယ်လိုလေးတွေဖြစ်မလဲ…

တာရာနဲ့ ရန်ဖြစ်ရင်း ဘီလယ်လ်တစ်ယောက် ကားတိုက်ခံလိုက်ရတဲ့အခါ ဘီလယ်လ်တစ်‌ယောက်ရော ဘာဆက်ဖြစ်မလဲ ..

မိသားစုမေတ္တာနဲ့အတူ social media ကိုယုံမိတဲ့ ဒုက္ခတွေ.. lgbt တွေရဲ့ဆက်ဆံရေးတွေကို ရယ်စရာလေးတွေနှောပြီးဖော်ပြထားလို့အချိန်ပေးရကျိုးနပ်တဲ့ကားလေးဖြစ်မှာမို့ ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ရပါတယ်

Telegram link 👇
https://t.me/BollywoodMovieOlny/405?single

တကယ်ကိုအနှစ်သာရရှိတဲ့ဇာတ်ကားကောင်းလေးလာပါပြီ...ဒီ page လေးကိုလည်း like & follow လေးလုပ်ထားပေးပါဦးနော်..                 ...
11/02/2023

တကယ်ကိုအနှစ်သာရရှိတဲ့ဇာတ်ကားကောင်းလေးလာပါပြီ...
ဒီ page လေးကိုလည်း like & follow လေးလုပ်ထားပေးပါဦးနော်..
👇
Aesthetic Bollywood Gallery

Salaam Venky (2022)
=================
Drama
IMDb 7.3/10 (1.2K)

အခုတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးမှာတော့ မင်းသမီးကြီးကာဂျိုးက Lead Role နေရာကနေ
သရုပ်ဆောင်ပေးထားပြီး Court Martial (2020) မင်းသား Rajeev Khandelwal (ရာဂျစ်ခန်ဒေးဝါး) လည်း ပါဝင်သလို မင်းသားကြီး အမီရ်ခန်းကလည်း cameo အနေနဲ့ ပါဝင်အားဖြည့်ပေးထားပါတယ်။

မိခင်မေတ္တာနဲ့ သားသမီးကြား ချစ်ခြင်းမေတ္တာကို ဖော်ကြူးထားတဲ့ ကားလေးဆိုလည်း မမှားနိုင်လောက်ပါဘူး။

အမေဆိုတာ သားသမီးတွေ မတောင်းဘဲပေးတဲ့လူစားမျိုး...

အမေဆိုတာ ကိုယ်သာအငတ်ခံလိုက်္မယ် သားသမီးဝမ်းဝအောင်ကျွေးတဲ့လူစားမျိုး...

အမေဆိုတာ သားသမီးနဲ့ပတ်သက်လာရင် မြင့်မိုရ်တောင်မက ကြီးမားတဲ့မေတ္တာတွေနဲ့ ရင်ဝယ်ပိုက်ထားမယ့်လူစားမျိုး...

အမေဆိုတာ သားသမီးနှုတ်ကပြောမထွက်တဲ့စကားတွေကို အလိုလိုသိနားလည်တဲ့လူစားမျိုးပါ...

ကျွန်တော့်လက်ရှိဘဝနဲ့ နောင်ဖြစ်ပေါ်လာမယ့်အနာဂတ်တွေဟာ အမေ့ရဲ့ကျေးဇူးကြောင့်ပါဆိုတဲ့ အေဗရာဟမ်လင်ကွန်းရဲ့စကားလေးကိုတောင် သွားသတိရမိတယ်ဗျာ။

အမေ...။

မျိုးရိုးဗီဇရောဂါတစ်ခုကြောင့် ဘဝကို လက်္မလျှော့တမ်း ရှေ့ဆက်နေရတဲ့ ကောင်လေးတစ်ယောက်ကို
ရင်ဝယ်ပိုက်ပြီး ဒီကလေးဟာ ဆယ်ကျော်သက်အရွယ်မှာ အသက်ဆုံးရှုံးသွားနိုင်ခြေရှိပါတယ်ဆိုတဲ့
ဆရာဝန်တွေရဲ့ပြောစကားကိုမမှုဘဲ သူ့သားသမီး အသက်ရှည်ရှည်နေရဖို့ ကိုယ်စွမ်းဉာဏ်စွမ်းနဲ့
အစွမ်းကုန်တွန်းလှန်နေတဲ့ အမေတစ်ယောက်ရဲ့အကြောင်းလေးပေါ့။

အမေဟာ ကျွန်တော်တို့အတွက် စံပြဆရာ လက်ဦးဆရာပါပဲဗျာ။

အမေ့ရဲ့မေတ္တာများကို ဒီဇာတ်ကားလေးနဲ့ ထပ်တူနားလည်နိုင်ကြပါစေလို့ ညွှန်းဆိုပေးလိုက်ပါတယ်။

Telegram 👇👇
https://t.me/KhantMinHtet001/2292
https://t.me/KhantMinHtet001/2292

Facebook Link👇👇👇
https://www.facebook.com/groups/1203981800477651/permalink/1204975420378289/

ကဲ.ဇာတ်ကားသစ်ကြီးလာပါပြီ..ကိုယ်တွေအကြိုက် မင်းသားချော Ayushmann Khurrana ရဲ့ အက်ရှင်ဇာတ်ကားသစ်လေးနဲ့မိတ်ဆက်ပေးပါမယ် ခဏခဏ...
28/01/2023

ကဲ.ဇာတ်ကားသစ်ကြီးလာပါပြီ..
ကိုယ်တွေအကြိုက် မင်းသားချော Ayushmann Khurrana ရဲ့ အက်ရှင်ဇာတ်ကားသစ်လေးနဲ့မိတ်ဆက်ပေးပါမယ် ခဏခဏလည်းပြောနေကြပါ Ayushmann ကအမြဲဇာတ်လမ်းရွေးတော်သလို သူ့ဇာတ်ကားတိုင်းကကြည့်ရတာ အမြဲဇာတ်ရုပ်နဲ့တစ်ထပ်တည်း သူ့ကားတွေကကြည့်ရှုသူပရိတ်သတ်‌ကို ဘယ်တော့မှစိတ်မပျက်စေရဘူး ...အခုတစ်ခါလည်း အက်ရှင်ဇာတ်ကားအလန်းတွေကိုမှ ကြည့်ရှုချင်ကြတဲ့ ပရိတ်သတ်တွေအတွက် ဒီ An Action Hero ဇာတ်ကားလေးက ခံစားမှုရသအပြည့်ပေးနိုင်သလို စိတ်လှုပ်ရှားဖွယ် အက်ရှင်လှည့်ကွက်တွေနဲ့ ခံစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်နော်...
ဒီ page အသစ်လေးကိုလည်း like & follow လုပ်ထားပေးပါဦးနော်
👇
Aesthetic Bollywood Gallery

An Action Hero (2022) #ဇာတ်ကားသစ်
===================

Action, Comedy, Crime
IMDb 7.9/10 (17K)

ကားနာမည်က အက်ရှင်ဟီးရိုးဆိုတော့ မြင်သာပါတယ် အက်ရှင်ခန်းတွေ ပါမယ်ဆိုတာ...။

ဇာတ်လမ်းအကျဥ်းကို ပြောရမယ်ဆိုရင် မင်းသားက အောင်မြင်ကျော်ကြားတဲ့ အက်ရှင်မင်းသားတစ်ယောက်ပေါ့နော်။

ရိုက်ကွင်းလေးရှိလို့ မြို့တစ်မြို့ကိုရောက်လာရင်းနဲ့
အဲ့ဒီမြို့က နိုင်ငံရေးသမားကြီးတစ်ဦးရဲ့ညီဖြစ်သူဟာ
မင်းသားနဲ့ဓာတ်ပုံတွဲရိုက်ဖို့ ရောက်လာခဲ့တယ်။

အခြေအနေတွေဟာ တင်းမာခဲ့ပြီးနောက္မှာ မင်းသားဟာ သူ့ကို မရည်ရွယ်ဘဲ သတ်လိုက်္မိပါတယ်။

ဒီတော့ မင်းသားဟာ ပြေးဖို့ဖြစ်လာပါပြီ။ သူအနှစ်နှစ်အလလ ကြိုးစားလာခဲ့တဲ့ အနုပညာအလုပ်ကြီးထိခိုက်္မယ့် ဘဝပါပျက်္မယ့်အရေးကနေ လွတ်မြောက်အောင် မင်းသားပြေးနေပါပြီ။

တစ်ဘက်ကလည်း နိုင်ငံရေးသမားကြီးက
သူ့ညီအတွက် လက်စားချေဖို့ မင်းသားကို လိုက်နေပါပြီ။

ဆိုတော့ ဘာဆက်လုပ်ရမလဲ သိတယ်မလား
ဆက်ကြည့်ကြတော့နော်...။



ဒီဇာတ်ကားထဲမှာတစ်ခုရလိုက်တာက အရေးကြုံလာရင် ဘယ်သူ့ဆီကမှအကူအညီကိုမမျှော်လင့်မိစေနဲ့ ပိုက်ဆံဘယ်လောက်ပဲချမ်းသာနေပါစေ ပိုက်ဆံပေးပြီးခိုင်း‌လို့ရတယ်ဆိုတာတောင် အမှန်တကယ်အရေးကိစ္စကြုံလာတဲ့အခါ ကိုယ်ကိုယ်တိုင်သာလျှင် ကိုယ့်တိုက်ပွဲကို တစ်ဦးတည်းတိုက်ရမယ်ဆိုတာပဲ..ဒီကားလေးထဲမှာလည်း မင်းသားဘယ်လိုတွေတစ်ယောက်တည်းရင်ဆိုင်ဖြေရှင်းတိုက်ခိုက်သွားမလဲဆိုတာ ရင်ခုန်စွာနဲ့....

https://t.me/KhantMinHtet001/2055?single


#ဇာတ်ကားသစ်ကြီး

ဒီတစ်ခေါက်တော့ ကြည့်ဖူးတဲ့သူတိုင်းကြိုက်နှစ်သက်ကြတဲ့ admin လည်းအရမ်းကြိုက်တဲ့ Biography ဆန်ဆန် ပညာရေးနဲ့လည်းပတ်သတ်တဲ့ ကာ...
25/01/2023

ဒီတစ်ခေါက်တော့ ကြည့်ဖူးတဲ့သူတိုင်းကြိုက်နှစ်သက်ကြတဲ့ admin လည်းအရမ်းကြိုက်တဲ့ Biography ဆန်ဆန် ပညာရေးနဲ့လည်းပတ်သတ်တဲ့ ကားကောင်းလေးတွေရယ် အားကစားနဲ့ပတ်သတ်တဲ့ကားကောင်းလေးရယ် ဒါမှမဟုတ် ဘယ်လိုပြောရမလဲ..တစ်စုံတစ်ယောက် လူပုဂ္ဂိုလ်တစ်ဦးရဲ့ အတ္ထု ပ္ပတ္တိဇာတ်လမ်းမျိုးကိုမှကြည့်ချင်တဲ့သူတွေ ကျောင်းပညာ‌ရေးနဲ့ဆိုင်တဲ့ အသိပညာပေးဗဟုသုတရစေမယ့် အောင်မြင်ကျော်ကြား
လူကြိုက္များခဲ့တဲ့ ဇာတ်ကားကောင်းများကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်....

ဒီpage အသစ်လေးကိုလည်း Aesthetic Bollywood Gallery Like & follow လုပ်ထား‌ေပးပါဦးနော်...

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Ira-Indian movie review by SLLM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share