30/10/2021
မူရင်းရေးသားသူအား credit ပါ
ဆီအကြောင်းလေး ပြောချင်လို့ပါ ကျွန်တော် ဆီစက်ပိုင် တယောက်ပါ ကျွန်တော် စားသုံးဆီဆိုင်ဖွင့်ထားသူ တယောက်ပါ။
ပြောနေရင်း ဆီပုံးကြီးကိုင်ပြီး အမကြီးတယောက်လာပြီ
ဈေးဝယ် ။ ။"မောင်လေး ပဲဆီသန့်သန့်လေး
ဘယ်လောက်လဲ "
ကျွန်တော် ။ ။"ဟုပ်ကဲ့ အမကြီးရေ ပဲဆီသန့်သန့်လေးဆိုရင်
၁၀,၀၀၀ ပါ ခင်ဗျာ "
ဈေးဝယ် ။ ။"အမလေးတော် မတရားသဖြင့် "
ကျွန်တော် ။ ။ " အင်...ဘာပုလို့ "
ဈေးဝယ် ။ ။"ငါတို့ ရက်ကွပ်ထဲမှာတောင် ၃၅၀၀ ဘဲရှိတယ်
ဆီစက်ဆိုလို့ သက်သာမလားမှတ်တယ် ဟွန်း "
ကျွန်တော် ။ ။"ဟာအမကြီး အဲ့ဒါရောင်းတန်းဆီပါ အသန့်ဆို
မရပါဘူး အမကြီးလိုချင်ရင် ၃၀၀၀ တန် ရှိပါတယ်"
ဈေးဝယ် ။ ။" ၃၀၀၀ တန်က သန့်လား အာမခံလား"
ကျွန်တော် ။ ။"အင်း.အမကြီးရယ် ၄၅၀၀ တန်လောက်တော့
မသန့်ဘူး အာမ မခံနိုင်ဘူးပေါ့ အမကြီးရယ် "
ဈေးဝယ် ။ ။" တော်ပြီ အာဆို မဝယ်တော့ဘူး "
အင်..... ပြန်သွားပြီ
ဟော့ အဒေါ်ကြီးတယောက် ပုံးနဲ့ ဝင်လာပြီ
ကျွန်တော် ။ ။"အန်တီ ဘာဆီယူမလဲ"
အဒေါ်ကြီး ။ ။"ပဲဆီလေး လိုချင်တာ ပြန်ရောင်းဖို့"
ကျွန်တော် ။ ။" ပြန်ရောင်းဖို့ဆို့ အန်တီ ရောင်းတန်းဆီ
၂၅၀၀ တန် ၃၀၀၀ တန် တွေရှိပါတယ် "
အဒေါ်ကြီး။။"အမလေးတော် ငါ့အိမ်ဆိုင်မှာတောင်၂၅၀၀ဘဲ
ရောင်းတာ ဆိုင်ကြီးဖြစ်ပြီးတော့ ဈေးကြီးတာ"
ဟင် ပြောပြီး ချာကနဲ့ လှည့်ထွက်သွားတယ်
သိပ်မကြာလိုက် လူကြီးတယောက် ဆိုင်ကယ်ရပ်
ပုံးနှစ်ပုံးဆွဲပြီး ဆိုင်ထဲဝင်လာတယ်
ကျွန်တော် ။ ။"ဦးလေး ဘာဆီယူလဲ "
ဦးလေး။ ။"ငါ့တူရေ ဦးလေးပြန်ရောင်းဖို့ ပဲဆီ နှမ်းဆီအရော
ရောင်းတန်းဆီလေး လိုချင်တာ"
ဒီတခါတွေ့ မယ် ဈေးကိုမပြောတော့ဘူးကွ ... လို့တွေးပြီး
ကျွန်တော် ။ ။"ဦးလေးက ဘယ်လောက်တန်လို ချင်တာလဲ"
ဦးလေး ။ ။"ဦးက ပဲဆီ နှမ်းဆီကို ၂၀၀၀ တန်လောက်
လိုချင်တာကွ ရက်ကွပ်ထဲမှာရောင်းရတာက
အဆစ်ထည့်ပေးရတာနဲ့ ဘူးအပြည့် ထည့်ပေးရတာနဲ့
၂၀၀၀ တန်လောက်မှ ကိုက်မှာကွ "
ကျွန်တော် ။ ။"အင် ...၂၀၀၀ တန်ပဲဆီ အဲ့ဒါဆို ဦးလေးရယ်
စားအုန်းဆီ ၁၈၇၀ တန်ကို တရုတ်ကလာတဲ့ မြေပဲနံ
ထည့်ပြီးရောင်းတာနေမှာပါ ဦးလေးရယ်
ဦးလေးလိုချင်ရင် အနံဘူးသွားဝယ်ပြီးလုပ်ပေးမယ်လေ
ပဲဆီအနံလေးနဲ့ကို ၁၉၀၀ ဘဲ ပေး"
ဦးလေး ။ ။"အဲလို့ကြီး အနံထည့်ပေးတာလား "
ကျွန်တော်။ ။"အဲ့ဒီလိုအနံလေးဘဲထည့်ရောင်းမှ
ဒီဈေးရောင်းလို့ ရမှာပေါ့ ဦးလေးရယ်
ကျွန်တော်တို့က ကိုယ့်ဆီစက်နဲ့ကိုယ်မို့လို့
ဆီစက်နာမည် ပျတ်မှာစိုးလို့ သိက္ခာရှိရှိနဲ့
ဒီပဲဆီကဒီလို စသဖြင့် မှန်မှန်ကန်ကန် ပြောပြီးရောင်းတာပါ
ဆီစက်မရှိတဲ့ ဆီဆိုင်တွေကတော့ ဘာမှပြောမှာ မဟုပ်ဘူး
ဘယ်လောက်တန်လိုချင်လည်း ရမယ် အာမခံလားမေးရင်
အာမခံတယ်ပြောလိုက်မှာဘဲ ဆီကတခုခုဖြစ်လို့ဈေးဝယ်က
ပြန်လာပြီး ပြောရင် သူတိုက သူတိုဆိုင်ကလုပ်တာမဟုပ်ဘူး
ဆီစက်တွေကလုပ်လိုက်တာဆိုပြီး
သူတို့သိက္ခာမကျဖို့အတွက် ဆီစက်ကို လွဲချကြတယ်
ကျွန်တော်တို့ကကျတော့ လွဲချလို့ မရဘူးလေ
အဲ့ဒီတော့ ဒီဆီက ဒီလိုလုပ်ထားတယ်
ဟိုဆီက ဟိုလိုရောထားတယ် အာမခံတယ် မခံဘူး
စသည်ဖြင့် မှန်မှန်ကန်ကန်ပြောပြပြီးမှ ရောင်းတာပါ "
ဦးလေး ။ ။ " အဲ့ဒီလို မကောင်းမှန်းသိသိကြီးနဲ့တော့
ဆီတောင်မရောင်းချင်တော့ဘူး
အိမ်ပြန်ပြောလိုက်အုန်းမယ်ကွာ"
ရှင်းပြလိုက်မှ ဆီမဝယ်ဘဲ စိတ်ပျက်လက်ပျက်နဲ့
ပြန်သွားတယ်
ဟင်းးးးး.....စိတ်ကြီးနဲ့ ငါနဲ့တော့ ညစ်တော့တာဘဲ...
အမကြီးတယောက် လာပြန်ပြီ
ဈေးဝယ် ။ ။"မောင်လေး ဆီဝယ်ချင်လို့"
ကျွန်တော် ။ ။"ဟုပ် အမကြီး ဘာဆီယူမလဲဗျ"
ဈေးဝယ်။ ။"အမ ပြန်ရောင်းဖို့ နှမ်းဆီအရော ပဲဆီအရော
လိုချင်တာ"
ကျွန်တော် ။ ။"အမက ဘယ်လောက်တန်လိုချင်တာလဲ"
ဈေးဝယ် ။ ။" အမက ပဲဆီရော နှမ်းဆီရောကို ၁၈၅၀ တန်
ဝယ်နေကျကွ အရင် ဝယ်နေကျဆိုင်က အပေါက်ဆိုးပြီး
သွားရတာလမ်းကျပ်လိုမင်းတို့ဆိုင်စမ်းဝယ်ကြည့်မလို့
ဝင်လာတာ"
{ ငင့်...သောက်ကျိုးနည်း ပဲဆီ ၁၈၅၀ တန်တဲ့ }
ကျွန်တော် ။ ။" ပဲဆီ ၁၈၅၀ တန် ဟုပ်ပမလား အမကြီးရယ်
အနိမ့်ဆုံး စားအုန်းဆီတောင် ၁၈၇၀ ရှိတာကို "
ဈေးဝယ် ။ ။"၁၈၅၀ တန် မရှိဘူးလား အမက ဝယ်နေကျပါ
အမဝယ်ပြီးရင် မင်းကို ဘောင်ချာ လာပြမယ်"
ကျွန်တော် ။ ။"အဲ့ဒါဆိုရင်တော့ ကျေးဇူးပါ အမကြီးရယ်
ကျွန်တော်လဲ ဆီ နမူနာ ကြည့်ရတာပေါ့"
ဆီပုံးတွေ ဆိုင်ကယ်ပေါ်တင်ပြီး ပြန်ထွက်သွားတယ်
မကြာလိုက် ခဏနေတော့ ပြန်ရောက်လာတယ်
" မောင်လေးရော့ " ဆိုပြီး ဘောင်ချာပြတယ်
ဟုပ်တယ်ဗျာ
ပဲဆီအရော ၁၈၅၀
နှမ်းဆီအရော ၁၈၅၀ တဲ့
"အမကြီး ဆီလေးကြည့်ချင်လို့ " ဆိုတော့
"ကြည့်လေ" တဲ့ အဲ့ဒါနဲ့ ဆိုင်ကယ်ပေါ်က ဆီပုံးကိုချ
ဆီနည်းနည်းစီသွန်ပြီး နမ်းကြည့် လျှက်ကြည့်လိုက်တော့
ခားသက်သက် ပူစပ်စပ်နဲ့ ကော့စတစ်တွေနဲ့ ချွတ်ထားတဲ့
ဝါစေ့ဆီတွေ ဖြစ်နေလို့ အမြန်ပလုပ်ကျင်းလိုက်ရတယ်
"ဟာ...အမကြီး ဒီဆီတွေရောင်းတာလား
ကော့စတစ်တွေနဲ့ ချွတ်ထားတဲ့ ဝါဆီတွေ
တော်တော်ဆိုးတယ်နော် " လိုပြောတော့
" မတက်နိုင်ဘူး ငါ့မောင်ရယ် အမတို့ရပ်ကွက်ထဲမှာက
ဈေးကလည်းမရ ရေသန့်တဘူးကို ၁၀၀၀ ဘဲရောင်းရတယ်
ရေသန့်ဘူးခွန်ကလည်း ၅၅ ကျပ်သားဆံတယ်
တချို့ဘူးခွန်ဆို ၆၀ ကျပ်သား ဆံတယ်
ဒါပေမယ် ၅၀ကျပ်သားဈေးနဲ့ရောင်းပြီး
ဘူးအပြည့်ပေးရတယ်
လူတွေက ဆင်းရဲ ကျန်းမာရေးအသိကမရှိတဲ့အပြင်
သူတပါး ပစ္စည်းကို အချောင် ပိုပြီးလိုချင်တဲ့ စိတ်တွေရှိတဲ့
ရက်ကွပ်ထဲမှာ ဒီလို အနိုမ့်ဆုံးဆီမှ မရောင်းရင်
ရောင်းလို့ မရဘူးငါ့မောင်ရယ် " တဲ့
ကျွန်တော် ဘာမှ ပြန်မပြောနိုင်တော့
" ဟင်းးး " လို့ သက်ပြင်းချပြီး
ဆီပုံးတွေ ပြန်တင်ပေးလိုက်တယ်
ဪ.... ဒုက်ခ ဒုက်ခ
သိတော့ သိတယ် မကောင်းမှန်းသိတယ်
သူများတွေ ရောင်းနေပေမယ့်
ကိုယ်က မကောင်းမှန်းသိသိကြီးနဲ့ မရောင်းချင်
နှလုံးအထူးကု ဆရာဝန်ကြီးတဦးပြောတာ သတိရမိတယ်
"ဆီ ဆိုတာ အရေအတွက် နည်းနည်းနဲ့
သန့်သန့်ကောင်းကောင်းလေး စားသင့်တယ်
ဆီရဲ့ သဘာဝက အစားများရင် အသည်းကို ဝန်ပိစေတယ်
အဲဒီကြားတဲ့ စားတဲ့ဆီက မသန့် ၊
ဆီကမသန့်ရတဲ့အထဲ့ ဆီပြန်ဟင်း ဆီမြုပ်ဟင်းတွေချက်ပြီး
မဆင်မချင် စားနေသမျှတော့ အသဲခြောက် ၊ အသဲဆီဖုန်း
အသဲကင်ဆာ ၊ နှလုံးသွေးကြောကျဉ်း ၊ နှလုံးသွေးပိတ် ၊
အဝလွန် ၊ လေဖြတ် စတဲ့ ရောဂါတွေ တခုမဟုပ်တခု
ဖြစ်မှာဘဲ " တဲ့
ဟုပ်ပါတယ်
နေစဉ်စားနေကြ အစားအစာတွေမှာ မပါမဖြစ်တဲ့ ဆီကို
အသိတရားမရှိ ပေါပေါချောင်ချောင်ညံညံတွေကို
မဆင်မချင် ပောပောသောသောစားနေသမျှ တော့
မိသားစုရဲ့ ပညာရေး စီးပွားရေး လူမူ့ရေး စတဲ့
ဘဝ ဖွုံဖြိုး တိုးတက်ရေးတွေ အတွက်
သုံးစွဲရမယ့် ချွေးနည်းစာတွေကို
ဆေးရုံ ဆေးခန်း တွေမှာ သူတို့ မညှာမတာတောင်းသမျှ
ဈေးဆစ်လို့မရဘဲ ပေးနေရအုန်းမှာပါဘဲ့
အခုလည်း ပြည်ပ နိုင်ငံပေါင်းစုံက ဝင်လာတဲ့
နေကြာဆီတွေ ၊ ပဲပိစပ်ဆီတွေ စတဲ့ဆီမျိုးစုံကို တွေရမှာပါ
ဒါပေမယ်
အဲဒီ နေကြာဆီ ၊ ပဲပိစပ်ဆီတွေမှာ
နေကြာစေ့ရဲ့ ၊ ပဲပိစပ်ရဲ့သဘာဝအနံတွေ
နေကြာစေ့ရဲ့ ၊ ပဲပိစပ်ရဲ့ သဘာဝအရောင်တွေ မရှိဘဲ
သဘာဝအရောင်အဆင်း အနံအရသာတွေကို
နည်းပညာနဲ့ ချွတ်ထားလို့ ဖြူဖတ်ဖြူရော်ဖြစ်နေတာကို
တွေ့ရမှာပါ
သဘာဝအရောင်အဆင်း သဘာဝအနံအရသာတွေကို
ချွတ်ထားပြီဆိုကတည်းက
သဘာဝဆီတွေမှာပါတဲ့ ဆေးဖတ်ဝင်တဲ့ တချို့အာနိသင်တွေ
ပြတ်ပြယ်ကုန်ပြီဆိုတာ မမေ့ပါနဲ့
နေကြာဆီမိုလို့ ပဲပိစပ်ဆီမို့လို့ ဆိုပြီး ဝယ်နေလည်း
ကျန်းမာရေးအတွက် မထူးခြားပါဘူး
နောက်ပြီး
ပြည်ပကနေ ရေကြောင်း ကုန်းကြောင်း အဆင့်ဆင့်လာပြီး
ဝန်ထမ်းတွေအများကြီးခန့် ကားတွေနဲ့ ပတ်ရောင်း စတဲ့
ကြော်ငြာတွေ အထွေထွေဝန်ဆောင်မူ ကုန်ကျစရိတ်တွေ
အများကြီးသုံးထားတဲ့
့ပြည်ပက နေကြာဆီ ၊ ပဲပိစပ်ဆီ တွေက
ပြည်တွင်းက ပဲဆီသန့်၊ နေကြာဆီသန့် ၊ နှမ်းဆီသန့် စတဲ့
အထွေထွေ ဝန်ဆောင်မူ့ ကုန်ကျစရိတ် အနည်းငယ်ဘဲရှိတဲ့
ပြည်တွင်းမှာတင် ထုက်လုပ်တဲ့ သဘာဝဆီဈေးထက်
သက်သာနေတာကိုလည်း စဉ်းစားစေချင်ပါတယ်
သဘာဝ မြေပဲဆီသန့် ၊ နေကြာဆီသန့် ၊ နှမ်းဆီသန့် စတဲ့
ဆီသန့်သန့် စစ်စစ်တွေကို သုံးစွဲချင်ရင်တော့
ဆီစက်လိပ်စာ အပြည့်အစုံ
ဆီအရောင်းဆိုင်လိပ်စာ အပြည့်အစုံ
ဖုန်းနံပတ် အပြည့်အစုံနဲ့ သိက္ခာရှိရှိ အာမခံအပြည့်
အိမ်တိုင်ယာရောက် ဝန်ဆောင်မူ့အပြည့်
Supermarkets တွေမှာပါ အဆင့်ရှိရှိ
ရောင်းချနေတဲ့ ဆီစက်တွေ
ဆီစက်ပိုင်တဲ့ ဆီဆိုင်တွေ အများကြီးရှိပါတယ်
အမျိုးကောင်းသားသမီးများ
အထူးသဖြင့် အိမ်ရှင်မကောင်းများ
မိမိရဲ့ ချစ်လှစွာသော မိဘ ၊ ခင်ပွန်း နှင့် သားသမီးများ၏
စီးပွားရေး လူမူ့ရေး ပညာရေး တို့ကို ပျော်ရွှင်စွာ
ကြိုးစားပန်းစား လုပ်ဆောင်နိုင်ရန်
အရေးကြီးသောကျန်းမာရေးအတွက်
နေစဉ် စားသောက်နေရသော အစားအစာများမှာ
မပါ မဖြစ်တဲ့ ဆီကို
ဓာတုဗေဒ ချွတ်ဆေးနှင့် အရောအနှောကင်းပြီး
ကျန်းမာရေး နှင့် ညီညွတ်သော သဘာဝဆီသန့်သန့်များကို
ရွေးချယ် ဝယ်ယူ စားသုံးနိုင်ကြပါစေ .....
ဪ... စကားမစပ်
ပြည်ပကနေ စားအုန်းဆီ တင်သွင်းရတာ
တနှစ်ကို စားအုန်းဆီ တန်ပေါင်း ၅ သိန်းနှင့်အထက်
ဒေါ်လာ သန်းပေါင်း ၄၀၀ ကျော် ၅၀၀ ဝန်းကျင်ဖိုး
တင်သွင်းနေရပါတယ်ဗျာ
ပြီးတော့ အဲ့ဒီ ဆီတွေကို မဆင်မချင် စားပြီး
ဖြစ်လာတဲ့ ရောဂါတွေအတွက် ဆေးဝါးတွေ ထပ်ပြီး
တင်သွင်းရပါသေးတယ်
ဒီတော့ဗျာ
ရွှေမြန်မာတို့ ထပ်ခါ ထပ်ခါ နာပါတယ်ဗျာ
မြန်မာပြည်သူ ပြည်သားအပေါင်း
မသန့်တဲ့ဆီကြောင့် ဖြစ်သော ရောဂါဆိုးများမှ ကင်းဝေးပြီး
ကိုယ်ကျန်းမာ၍ စိတ်ချမ်းသာစေရန်.....
ပြည်တွင်းမှ သဘာဝ မြေပဲနှင့် အသီးအနှံဆီများ
ထုပ်လုပ်သော
ဆီစက်လုပ်ငန်းရှင်များ ပိုမို ထုပ်လုပ်နိုင်ရန်.....
ဆီစက်လုပ်ငန်းရှင်များ ပိုမို ထုပ်လုပ်နိုင်ပြီး
ပြည်တွင်းအလုပ်အကိုင်များ ပေါများလာစေရန်.....
ပြည်ပဆီ ၊ဆေးဝါး နှင့် သွင်းကုန်များ လျော့နည်းပြီး
မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်လာစေရန် .....
စသည့် စသည့် တို့ကို ရည်ရွယ်၍
တက်သလောက် မှတ်သလောက် ရေးသားချင်း ဖြစ်ပါသည်
မှားတာပါရင်လည်း စေတနာအမှားမို့ ခွင့်လွတ်ပါ.....
လိုတာရှိရင်လည်း အောက်က ဖြည့်ပေးပါ.....
စိတ်သဘောထားချင်းတိုက်ဆိုင်ရင် Share ပေးပါ....
Crd.. Facebook