Sweet Star Online Shopping

Sweet Star Online Shopping Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sweet Star Online Shopping, Shopping & retail, Yangon.

16/11/2023

ယတြာ တစ်ရာ တိတိ 😁

"လိုအပ်တဲ့အခါ အသုံးပြုရန် ယတြာ ပေါင်း တစ်ရာတိတိ''

1.ကုန်စုံဆိုင်၊ကုန်ခြောက်ဆိုင်များရောင်းကောင်းစေသောယတြာ
မနက်တိုင်းပျဉ်းတော်သိမ်(၁၁)ညွှန့်ဖြင့်ဆိုင်မှာရှိတဲ့ပစ္စည်းတွေကိုအမြန်ရောင်းထွက်ဟုပြောပြီး
(၁၀)ချက်ရိုက်ပါ။

2.ကျန်းမာရေးကောင်းစေရန်ဆောင်ရမည့်ယတြာ
ရတနာတွေမှာဆိုလျှင်ကျောက်စိမ်းဟာအသားနှင့်ထိနေရင်ကျန်းမာရေးကောင်းပါတယ်ဒါ့ကြောင့် ကျောက်စိမ်းဆောင်ပါ။

3.သင်္ဘောသားများသင်္ဘောအမြန်တက်နိုင်စေရန်အတွက်
သင်္ဘောသီးအမှည့်တစ်လုံးကိုအလျားလိုက် (၆)စိတ်စိပ်ပြီး၊ထိုအစိတ်များကိုလင်ဗန်းထဲထည့်ပါ၊ထိုအစိတ်များပေါ်တွင်တံခွန်တစ်လက်စီစိုက်ပြီး ဘုရားမှာကပ်လှူပါ။

4.(သွပ်၊သံ၊သစ်)ဆိုင်များအရောင်းအဝယ်ကောင်းစေရန်အတွက်
ဆလပ်ရွက်နဲ့(၇)ချက်တိတိရိုက်ပြီးရောင်းထွက်ပါစေလို့ဆုတောင်းပါ။

5.တစ်ခြားလူတစ်ယောက်ကိုလာဘ်ရွှ့င် စေရန်ပေးရမည့်လက်ဆောင်
တလည်းသီး၊လိမ္မော်သီး၊လိုင်ချီးသီး၊သစ်တော်သီးအဲ့အသီးလေးမျိုးကိုလက်ဆောင်ပေးပါ။

6. အကြွေးပြန်ရစေရေးအတွက်
အိမ်ဘုရားမှာမုန့်လုံးရေပေါ် (၁၀)လုံးကိုမနက် (၁၀)နာရီမှာအိမ်ဘုရားမှာကပ်လှူဆုတောင်းပါ။

7.လုပ်ငန်းပိုင်ရှင်များလာဘ်ရွှင်စေရန်အတွက်
မိမိရုံးကိုခရမ်းရောင်သုတ်(သို့)ခရမ်းရောင်နဲ့ချုပ်ထားသောခေါင်းအုံးသေးသေးလေး(၃)လုံးချုပ်ပြီးဧည့်ခန်းမှာထားပါ။

8.ယျော်ကျားဖြစ်စေ၊မိန်းမဖြစ်စေခြေငြိမ်စေရေးအတွက်
ခြေမငြိမ်သူရဲ့ခြေစာမှုန့်ကိုယူ၍ မြေကြီးနဲ့ရောပြီးနေကြာပန်းပင်စိုက်ပါ။

9.ဝန်ထမ်းများလစာတိုး၊ရာထူးတိုးစေရန်
သတင်းစာစက္ကူကိုကတော့ပုံလုပ်ပြီးထန်းလျက် (၁၁)ခဲထည့်ကာနဂါးရုံဘုရားမှာလှူဒါန်းပေးပါ။

10. ထမင်းဆိုင်များရောင်းကောင်းစေရန်အတွက်
ထမင်းစားပွဲဝိုင်းတိုင်းတွင် ထန်းလျက်(၁)ဘူးစီ ထားပါ၊ ဘုရားစင်တွင်လည်းထန်းလျက်ခဲ
ဆွမ်းတော်ကပ်၊သံဃာတော်များလည်းထန်းလျက်ကပ်လှူပါ။

11. နှစ်ရှည်လများတွဲလာသောကိုယ့်ချစ်သူကိုယ့်ကိုပစ်သွားခဲ့ရင်ရိုးအီသွားခဲ့ရင်
ကိုယ့်ဆီပြန်လာစေရန်အတွက်
နှင်းဆီပန်းအနီတစ်ပွင့်မှာကိုယ့်ချစ်သူရဲ့ အဝတ်(သို့)ဓာတ်ပုံကိုညာဘက်လက်နဲ့ကိုင်ပြီးဘယ်ဘက်လက်ဖြင့်အမြန်ဆက်သွယ်ဟု (၉)ချက်ရိုက်ပါ။

12. ဘိုးဘွားပိုင်အိမ်၊မြေရောင်းချလျှင်
အဆင်ပြေချောမွေ့စေရန်အတွက် ညနေ (၆) နာရီမိမိခြံ၏မြေကြီးပေါ်တွင် ဖယောင်းတိုင်(၃)တိုင်၊အမွှေးတိုင်(၃)တိုင်ထွန်း၍
ပရလောကသားများအားအမျှပေးဝေ၊မေတ္တာပို့ပြီး မှအိမ်၊ခြံရောင်းဖို့ခွင့်တောင်းပါ။

13.နိုင်ငံခြားမှငွေပို့အဆက်အသွယ်ရစေရန်အတွက်
ရွှေဖရုံသီးတစ်လုံးကိုဝယ်ပြီးတစ်ခြမ်းကိုချက်စားပြီးနောက်တစ်ခြမ်းမှာထုံးနဲ့နိုင်ငံခြား
ရောက်သူရဲ့အမည်ရေးပြီးအင်္ဂါနေ့ နံနက်စောစောမှာဘုရားတစ်ဆူရဲ့အင်္ဂါထောင့်မှာ
ထိုသူရဲ့အသက်စေ့ရေသပ္ပါယ်ပြီးရွှေဖရုံသီးကိုဘုရားမှာလှူပြီးဆုတောင်းပါ။

14.မလာစေချင်သောဧည့်သည်မလာစေ ရန်အတွက်
အိမ်ရှေ့တံခါးမကြီးရဲ့ဘေးမှာတံမြက်စည်းကိုပြောင်းပြန်လှန်ထောင်ထားပါ၊ ညနေပိုင်းမှသာလုပ်ပါ။

15.အိမ်အေးချမ်းစေရန်အတွက် မြတ်စွာဘုရားကိုရေသပ္ပါယ်ပေးပါ၊ သောက်တော်ရေလဲပေးပါ၊ ခနခနလုပ်နိုင်သလောက်လုပ်ပါ။

16. မိမိအိမ်၊ရုံး၊ဆိုင်ခန်းလာဘ်ရွှင်စေရန်အတွက်
ကျပ်စေ့တစ်စေ့ရှာပြီး ခြင်္သေ့ဘက်ခြမ်းကိုသံချွန်နဲ့“က” လို့ရေးပြီးကြေးပလားတစ်လုံးတည်းထည့်၊
ရေနည်းနည်းထည့်ပြီး ဒိဝါတပတိဂါထာကို (၉)ခေါက်ရွတ်ဆိုပေးပါ။

17.အင်တာဗျူးဖြေဆိုမည့်သူများအတွက်
မိမိရဲ့ညာဘက်လက်နဲ့ကျောက်စလစ်ခဲ့တစ်ခဲကိုကိုင်ပြီး “လောကဝိဒူ” ဂုဏ်တော်ကို (၁၀၈) ခေါက်ရွတ်ဆိုပြီးအင်တာဗျူးဖြေတဲ့အခါအဆောင်အဖြစ်ယူသွားပါ။

18.ယောက်ျားအနားကပ်စေရေးအတွက် နားကပ်ရေစိမ်တိုက်ပါ။လင်ဗန်းထဲနားကပ်ထည့်၊
သနားထည့်ရေစိမ်။

19.အိမ်ပူ၊အလုပ်ပူလျှင်လုပ်နိုင်ရန်အတွက် အစိမ်းရောင်ဖရောင်းတိုင် (၅) တိုင်ကိုဆက်တိုက် ဧည့်ခန်းမှာထွန်းပါ။

20.နှစ်ရှည်လများအိပ်ယာထဲလဲနေသောလူအမြန်ပြန်
ကောင်းစေရန်အတွက် ကြက်ဥ (၁၀) လုံးနှင့်ကြာဇံ (၁) စည်းကိုလူနာ၏အိပ်ယာဘေးမှာခုံလေးနဲ့ထားပေးပါ။

21.အငယ်နှောင်းထားကွဲကြစေသား ခင်ပွန်းနှင့်အငယ်နှောင်း၏အမည်ကိုစာရွက်တွင်ရေးချပြီးဖယောင်းတိုင်မှာပတ်ပါ၊ နံသာဖြူ၊နံသာနီကိုအဆစ်ဆီဖြင့်ရောသွေးပြီးစာရွက်ပတ်ထားသောဖယောင်းတိုင်တွင် သုတ်လိမ်းပေးပါပြီးလျှင်အိုးခြမ်းပဲ့ပေါ်တင်၍
မီးထွန်းပါ။

22.မိမိရွေးထားသောအိမ်ထောင်ဖက်အားမိသားစုမှသဘောတူစေရန် ဌက်ပျောသီးအစိမ်းတစ်လုံးပေါ်တွင် သံချွန်ဖြင့်အဖျားမှအရင်းတိုင်အောင် သဘောတူစေရန်ဆုတောင်းစာရေးပြီးဌက်ပျောသီးကိုလမ်းမှာစွန့်ပစ်ပေးပါ။

23.အရောင်းအဝယ်ကောင်း(ဖောက်သည်တိုးစေရန်) ဆင်ရုပ်တစ်ရုပ်ကိုချိတ်ဆွဲထားခြင်း၊မိမိအလုပ် စားပွဲပေါ်တွင်တင်ထားခြင်းတို့ပြုလုပ်ပေးရင် ဖောက်သည်ပေါ၊ရောင်းကောင်းစေပါတယ်။

24.ဝင်ငွေများအဖတ်တင်စေရန်အတွက်
ငါးသေတ္တာတစ်ဗူးဝယ်ပြီးအဲ့ဒီဗူးပေါ်မှာဖယောင်းတိုင်ထွန်းပြီးဝင်ငွေမြဲစေဖို့ဆုတောင်းပေးပါ။

25.တနင်္လာနံပစ္စည်းများရောင်းထွက်စေရန်အတွက်
နံနက် (၁၀) နာရီအချိန်တွင် ဈေးကောင်းကောင်းနှင့်အမြန်ရောင်းထွက်ဟုဆိုပြီးသံတုတ်နှင့် (၁၃)
ချက်ရိုက်ပါ။သံတုတ်မရှိလျှင်သနပ်ရွက်နှင့်ရိုက်ပါ။

26. အင်္ဂါနံပစ္စည်းများရောင်းထွက်စေရန်အတွက်
နံနက် (၈) နာရီအချိန်အတွင် ဈေးကောင်းကောင်းနှင့်အမြန်ရောင်းထွက်ဟုဆိုပြီးထအောင်းနှင့် (၈)ချက်ရိုက်ပါ။ထအောင်းမရှိလျှင် ဒန်အိုးနှင့်ရိုက်ပါ။

27. ဗုဒ္ဓဟူးနံပစ္စည်းများရောင်းထွက်စေရန်အတွက်
နေ့လည် (၃) နာရီအချိန်တွင် ဈေးကောင်းကောင်းနှင့်အမြန်ရောင်းထွက်ဟုဆိုပြီးအင်းကြင်းနှင့်(၁၂)ချက်ရိုက်ပါ။အင်ကြင်းမရှိလျှင် အင်္ကျီနှင့်ရိုက်ပါ။

28.ကြာသပတေးနံပစ္စည်းများရောင်းထွက်စေရန်အတွက်
နံနက် (၅) နာရီအချိန်တွင် ဈေးကောင်းကောင်းနှင့်အမြန်ရောင်းထွက်ဟုဆိုပြီးကန်စွန်းညွှန့် (၅)ညွှန့်နှင့် (၅) ချက်ရိုက်ပေးပါ။

29.သောကြာနံပစ္စည်းများရောင်းထွက်စေရန်အတွက်
နံနက် (၇) နာရီအချိန်တွင် ဈေးကောင်းကောင်းနှင့်အမြန်ရောင်းထွက်ဟုဆိုပြီးဆလပ်နှင့် (၇) ချက်ရိုက်ပါ။

30.အသက်ကယ်ယတြာ
သင်္ဘောသီးအစိမ်းတစ်လုံးပေါ်တွင် ကြက်လျှာရောင်စုံ (၉) လက်စိုက်ပြီး၊ထိုကြက်လျှာပေါ်တွင်ဆုတောင်းစာရေးပြီးအလယ်တွင်ဖယောင်းတိုင်ထွန်းဆုတောင်းပါ။

31.အလုပ်ကောင်းစေရန်နှင့်ဈေးရောင်းကောင်းစေရန်
တန်ခိုးကြီးဘုရားတစ်ဆူမှာသန့်ရှင်းရေးကုသိုလ်ပြုလုပ်ပါ။
အောက်ပါနည်းအတိုင်း-
တနင်္ဂနွေ-ကြာသတေးထောင့်
တင်္နလာ-ဗုဒ္ဓဟူးထောင့်
အင်္ဂါ-သောကြာထောင့်
ဗုဒ္ဓဟူး-တင်္နလာထောင့်
ကြာသပတေး-တနင်္ဂနွေထောင့်
သောကြာ-အင်္ဂါထောင့်
စနေ-ဗုဒ္ဓဟူးထောင့်

32.အလုပ်မပြောင်းမရွေ့ရစေရေးအတွက်
တန်ခိုးကြီးဘုရားတစ်ဆူမှာပန်းခြောက်စွန့်၊တံမြက်လှဲ၊သန့်ရှင်းရေးလုပ်ပါ။
အောက်ပါနည်းအတိုင်း-
တနင်္ဂနွေ-ရာဟုထောင့်
တင်္နလာ-သောကြာထောင့်
အင်္ဂါ-တနင်္ဂနွေထောင့်
ဗုဒ္ဓဟူး-တင်္နလာထောင့်
ကြာသပတေး-ဗုဒ္ဓဟူးထောင့်
သောကြာ-ကြာသပတေးထောင့်
စနေ-အင်္ဂါထောင်

33.အလုပ်ရရှိစေရေးအတွက်
ကြွေပန်းကန်များတစ်ချပ်ပေါ်တွင် အာလူးတစ်လုံးတင်ပါ ပြီးလျှင်အပေါ်ကနေသာသနအလံ(၃)ချောင်းစိုက်ပါ။ထို့နောက် ဖယောင်းတိုင်တစ်နေ့တစ်တိုင် (၉)ရက်တိတိထွန်းပါ။

34.အလုပ်တွင်မြဲစေရန်အတွက်
တနင်္ဂနွေနေ့ နံနက် (၉) နာရီမှနံနက် (၁၀) အတွင်းမှာမေမြို့ပန်း (၁၅) ပွင့်ကိုအိမ်ဘုရားတွင်ကပ်လှူပူဇော်ပေးပါ။

35.အလုပ်တွင်းအဆင်ပြေစေရန်အတွက်
အိမ်ဘုရားမှာမြေပဲကြော် ဆွမ်းတော်တင်ပေးပါ။

36.အလုပ်ရရှိဖို့နှင့်ထစ်ငေါ့နေမှုများအဆင်ပြေစေရန်အတွက်
အသက်ကြီးသူလူကြီးတစ်ဦးအားလွယ်အိတ်ကန်တော့ပြီးအဆင်ပြေစေဖို့ဆုတောင်းပါ။

37.တနင်္ဂနွေသားသမီးများ (အိမ်အမြန်ရောင်းထွက်စေရန်အတွက်)
စနေနေ့ ညနေ (၅) နာရီတွင်ကုန်းသတ္တဝါ တစ်ကောင်ကိုပေါင်မုန့်(၅) ချပ်ကျွေးပါ၊ နောက်နေ့ ညနေ (၅) နာရီ (၄) မိနစ်တွင် အိမ်အရှေ့ရပ်မှနေ၍ မေမြို့ပန်း (၁၉) ပွင့်ဖြင့် (၁၉) ချက်ရိုက်ပါ၊ ပြီးလျှင် ယမန်နေ့မှ အလှူကိုသစ္စာတိုင်တည်ပြီးဆုတောင်းပါ။

38.တင်္နလာသားသမီးများ(အိမ်အမြန်ရောင်းထွက်လိုသော်)
တနင်္ဂနွေနေ့ ညနေ (၃) နာရီတွင် လမ်းပေါ်တောင်းရမ်းသူအားငွေ (၁၀၀/၁၀၀၀)ကျပ်လှူပါ။
နောက်နေ့တင်္နလာနေ့ ညနေ (၃) နာရီ (၆) မိနစ်တွင် အိမ့်အရှေ့မြောက်ထောင့်မှနေ၍ နှင်းဆီ (၁၀) ပွင့်ဖြင့် (၁၀) ချက်ရိုက်ပါ။ ပြီးလျှင် ယမန်နေ့ကအလှူဒါနကိုသစ္စာဆိုဆုတောင်းပါ။

39.အင်္ဂါသားသမီးများ(အိမ်အမြန်ရောင်းထွက်စေလိုသော်)
တင်္နလာနေ့နေလည် (၁) နာရီတွင် အဘဘိုးမင်းခေါင်အားရေနွေးကြမ်း (၄) ပန်ကန်လှူပါ။ အင်္ဂါနေ့နေ့လည် (၁) နာရီ (၁) မိနစ်အိမ်အနောက်ထောင့်မှနေ၍ ကံကော် (၁၅) ညွန့်ဖြင့် (၁၅) ချက်ရိုက်ပါ။ ယမန်နေ့ကအလှူကိုသစ္စာဆိုဆုတောင်းပါ။

40.ဗုဒ္ဓဟူးသားသမီးများ(အိမ်အမြန်ရောင်းထွက်စေရန်အတွက်)

အင်္ဂါနေ့တွင် ဗုဒ္ဓဟူးသားသမီးတစ်ဦးအားနွားနို့လှူပေးပါ။ နောက်တစ်နေ့ ဗုဒ္ဓဟူးနေ့နေ့လည် (၁၂) နာရီ (၃) မိနစ်တွင် အိမ်ဧ။်မြောက်ဘက်မှနေ၍ ရွက်လှ (၁၇) ညွန့်ဖြင့် (၁၇) ချက်ရိုက်ပါ။ ပြီးလျှင် ယမန်နေ့မှအလှူကိုသစ္စာဆိုဆုတောင်းပါ။

41.ကြာသပတေးသားသမီးများ(အိမ်အမြန်ရောင်းထွက်စေရန်အတွက်)
ဗုဒ္ဓဟူးနေ့ နံနက် (၁၁) နာရီတွင် ဘိုးတော်သကြားမင်းကိုရည်စူး၍ ဆန်ပြုတ် (၃) ပန်းကန်လှူပါ။ နောက်တစ်နေ့ ကြာသပတေးနေ့
နံနက် (၁) နာရီ (၅) မိနစ်တွင် အိမ်တောင်ဘက်မှနေ၍ သပြေ (၂) ညွန့်ဖြင့် (၂) ချက်ရိုက်ပါ။ ပြီးလျှင် ယမန်နေ့မှအလှူကိုသစ္စာပြုပါ။

42.သောကြာသားသမီးများ(အိမ်အမြန်ရောင်းထွက်စေရန်အတွက်)
ကြာသပတေးနေ့ နံနက် (၉) နာရီတွင် ရှင်သီဝလိရဟန္တာမြတ်ကြီးအား သစ်သီး (၆) လုံးလှူဒါန်းပေးပါ။ နောက်တစ်နေ့ သောကြာနေ့ နံနက် (၉) နာရီတွင် အိမ်ဧ။်အနောက်ထောင့်မှ နေ၍ အုန်းညွှန့် (၆) ညွှန့်ဖြင့် (၆) ချက်ရိုက်ပါ။ ပြီးလျှင် ယမန်နေ့မှအလှူဒါနကို သစ္စာပြုပါ။

43.စနေသားသမီးများ(အိမ်အမြန်ရောင်းထွက်စေရန်အတွက်)
သောကြာနေ့နံနက် (၇) နာရီတွင် မြတ်စွာဘုရား အား ကိတ်မုန့် (၂) ချပ်လှူဒါန်းပေးပါ။ နောက်တစ်နေ့ စနေနေ့ နံနက် (၇) နာရီတွင် အိမ်၏အနောက်မြောက်ထောင့်မှနေ၍ ဇီးညွှန့် (၈) ညွှန့်ဖြင့် (၈) ချက်ရိုက်ပါ။ ပြီးလျှင် ယမန်နေ့မှ အလှူဒါနကိုသစ္စာပြု ဆုတောင်းပါ။

44.တနင်္ဂနွေသားသမီးများ(ကားအမြန်ရောင်းထွက်စေလိုသော်)
စနေနေ့ နံနက် (၇) နာရီတွင် မြတ်စွာဘုရားအား ဆွမ်း (၃) ပွဲကပ်လှူပါ။ တနင်္ဂနွေနေ့ နံနက် (၇) နာရီ (၁၃) တွင် ရွက်လှ (၁၇) ညွှန့်ဖြင့် (၁၇) ချက်မြောက်ဘက်အရပ်မှနေ၍ရိုက်ပါ။ ယမန်နေ့မှ အလှူဒါနကိုသစ္စာပြုပါ။

45.တနင်္လာသားသမီးများ(ကားအမြန်ရောင်းထွက်လိုသော်)
တနင်္ဂနွေနေ့ညနေ(၅) နာရီတွင် ရေတွင်ကျက်စားသောသတ္တဝါများအား သစ်သီးသစ်ရွက်များကျွေးပါ။ တနင်္လာနေ့ ညနေ (၅) နာရီ (၁၅) မိနစ်တွင်သပြေ(၂၁) ညွှန့်ဖြင့်(၂၁) ချက်တောင်ဘက်အရပ်မှရိုက်ပါ။

46.အင်္ဂါသားသမီးများ(ကားအမြန်ရောင်းထွက်စေလိုသော်)
တနင်္လာနေ့ညနေ(၃) နာရီတွင် လမ်းဘေး တောင်းရမ်းသူအား ကိတ်မုန့် (၂) ချပ်ကျွေးပါ။ နောက်တစ်နေ့ အင်္ဂါနေ့ ညနေ (၃) နာရီ (၁၀) မိနစ်တွင် အုန်း (၆) ညွှန့်ဖြင့် (၆) ချက်ရိုက်ပါ။ ပြီးလျှင် ယမန်နေ့မှ အလှူဒါနကို သစ္စာပြုပါ။

47.ဗုဒ္ဓဟူးသားသမီးများ(ကားအမြန်ရောင်းထွက်စေလိုသော်)
အင်္ဂါနေ့ နေ့လည် (၁) နာရီတွင် အဘဘိုးမင်းခေါင်အား ပေါင်မုန့် (၅) ချပ်လှူပါ။ နောက်တစ်နေ့ ဗုဒ္ဓဟူးနေ့ နေ့လည် (၁) နာရီ (၁၂) မိနစ်တွင် ဇော်စိမ်း (၈) ညွှန့်ဖြင့် (၈) ချက် အနောက်မြောက်ထောင့်မှနေ၍ ရိုက်ပါ။ ပြီးလျှင် ယမန်နေ့မှအလှူကိုသစ္စာပြုဆုတောင်းပါ။

48.ကြာသပတေးသားသမီးများ(ကားအမြန်ရောင်းထွက်စေလိုသော်)
ဗုဒ္ဓဟူးနေ့ နေ့လည် (၁၂) နာရီတွင် ကြာသပတေးသားသမီးတစ်ဦးအား အုန်းသီးပါသောမုန့်လှူပါ။ နောက်တစ်နေ့ ကြာသပတေးနေ့ နေ့လည် (၁၂) နာရီ (၁၄) မိနစ်တွင် မေမြို့ (၁၉) ပွင့်ဖြင့် (၁၉) ချက် အရှေ့ထောင့်မှရိုက်ပါ။ ယမန်နေ့မှအလှူကို သစ္စာပြုပါ။

49.သောကြာသားသမီးများ(ကားအမြန်ရောင်းထွက်စေလိုသော်)
ကြာသပတေးနေ့ နံနက် (၁၁) နာရီတွင် ဘိုးတော်သကြားမင်းအား ရေ (၄) ခွက်ကပ်ပါ။
နောက်တစ်နေ့ သောကြာနေ့ နံနက် (၁၁) နာရီ (၁၆) မိနစ်တွင် နှင်းဆီ (၁၀) ပွင့်ဖြင့် (၁၀) ချက် အရှေ့မြောက်ထောင့်မှနေ၍ရိုက်ပါ။ပြီးလျှင် ယမန်နေ့မှ အလှူဒါနကိုသစ္စာပြုပါ။

49.စနေသားသမီးများ(ကားအမြန်ရောင်းထွက်စေလိုသော်)
သောကြာနေ့ နံနက် (၉) နာရီတွင် ရှင်ဥပဂုတ္တမထေရ်မြတ်ကြီးအား နွားနို့ (၂) ခွက်လှူပါ။ နောက်တစ်နေ့ စနေနေ့ နံနက် (၉) နာရီ (၁၁) မိနစ်တွင် ကံကော် (၁၅) ညွှန့်ဖြင့် (၁၅) ချက် အနောက်ထောင့်မှရိုက်ပါ။ ပြီးလျှင် ယမန်နေ့မှ အလှူကိုသစ္စာပြုပါ။

50.တနင်္ဂနွေသားသမီးများနှင့်အပြိုင်အဆိုင်ကြုံခဲ့သော်
မိမိသည်မြောက်ဘက်အရပ်ကိုဦးခေါင်းထားမအိပ်ဖို့ဆင်ခြင်ပါ။ ကိစ္စကြီးငယ်ပြောစရာရှိခဲ့သော် အိမ်မှအထွက်တွင် သီဟိုဠ်သား (သို့) အရွက်ကိုနင်းပြီးမှသွားပါ။

51.တနင်္လာသားသမီးများနှင့်အပြိုင်အဆိုင်ကြုံခဲ့သော်
မိမိသည်အနောက်တောင်အရပ်သို့ ဦးခေါင်းထားမအိပ်ဖို့ ဆင်ခြင်ပါ။ ကိစ္စကြီးငယ်ပြောစရာရှိခဲ့သော် အိမ်အထွက်တွင်
ဒါန်းသား (သို့) ဒါန်းညွန့်ကိုနင်းပြီးမှထွက်ပါ။

52,အင်္ဂါသားသမီးများနှင့်အပြိုင်အဆိုင်ကြုံခဲ့သော်
မိမိသည်ရှေ့မြောက်အရပ်သို့ ဦးခေါင်းထားမအိပ်ဖို့ဆင်ခြင်ပါ။ ကိစ္စကြီးငယ်ပြောစရာရှိခဲ့သော် အိမ်အထွက်မှာအုန်းသား(သို့) အုန်းညွန့်ကိုနင်းပြီးမှထွက်ပါ။

53.ဗုဒ္ဓဟူးသားသမီးများနှင့်အပြိုင်အဆိုင်ကြုံခဲ့သော်
မိမိသည်အရှေ့အရပ်သို့ ဦးခေါင်းထားမအိပ်ဖို့ဆင်ခြင်ပါ။ ကိစ္စကြီးငယ်ပြောစရာရှိခဲ့သော် အိမ်မှအထွက်တွင် ခရေသား (သို့) ခရေရွက်ကိုနင်းပြီးမှထွက်ပါ။

55.ကြာသပတေးသားသမီးများနှင့်အပြိုင်အဆိုင်ကြုံခဲ့သော်
မိမိသည် ရှေ့တောင်အရပ်သို့ ဦးခေါင်းထားမအိပ်ဖို့ဆင်ခြင်ပါ။ ကိစ္စကြီးငယ်ပြောစရာရှိခဲ့သော် အိမ်မှအထွက်တွင် ဇော်စိမ်းညွန့်ကိုနင်းပြီးမှထွက်ပါ။

56.သောကြာသားသမီးများနှင့်အပြိုင်အဆိုင်ကြုံခဲ့သော် မိမိသည် တောင်ဘက်အရပ်သို့ ဦးခေါင်းထားမအိပ်ဖို့ဆင်ခြင်ပါ။ ကစ္စကြီးငယ်ပြောစရာရှိခဲ့သော် အိမ်မှအထွက်တွင် ရွက်လှညွန့်ကိုနင်း ပြီးမှထွက်ပါ။

57.စနေသားသမီးများနှင့်အပြိုင်အဆိုင်ကြုံခဲ့သော်
မိမိသည်အနောက်အရပ်သို့ ဦးခေါင်းထားမအိပ်ဖို့ဆင်ခြင်ပါ။ ကိစ္စကြီးငယ်ပြောစရာရှိခဲ့သော် အိမ်မှအထွက်တွင် ဗန်ဒါရွက်ကိုနင်းပြီးမှသွားပါ။

58. စာမေးပွဲဖြေဆိုနိုင်စေရန်အတွက် အိမ်ဘုရားမှာ-
တနင်္ဂနွေသားသမီးဆိုရင်သစ္စာပန်း(၃) ခက်လှူပါ။
တနင်္လာသားသမီးဆိုရင်နှင်းဆီပန်း(၁၀)ပွင့်လှူပါ။
အင်္ဂါသားသမီးဆိုရင်အုန်းညွန့်(၆)ညွန့်လှူပါ။
ဗုဒ္ဓဟူးသားသမီးဆိုရင်ကံကော်(၆)ညွန့်လှူပါ။
ကြာသပတေးသားသမီးဆိုရင်ဇော်စိမ်း(၈)ညွန့်လှူ
သောကြာသားသမီးဆိုရင်ရွက်လှ(၄) ညွန့်လှူပါ။
စနေသားသမီးဆိုရင်မေမြို့(၁၀)ညွန့်လှူပါ။

59. ပုတီးလုပ်ရမည့်နည်း တနင်္ဂနွေသားသမီးအတွက်ပိတောက်သားနဲ့လုပ်ပါ
တနင်္လာသားသမီးအတွက်လက်ပံသားနဲ့လုပ်ပါ။
အင်္ဂါသားသမီးအတွက်သရက်သားနဲ့လုပ်ပါ။
ဗုဒ္ဓဟူးသားသမီးအတွက်ကသစ်သားနဲ့လုပ်ပါ။
ကြာသပတေးသားသမီးအတွက်အင်ကြင်းသားနဲ့
သောကြာသားသမီးအတွက်ဇီးသားနှင့်လင်းလွန်းတင်သားနဲ့ပေါင်းလုပ်ပါ။
စနေသားသမီးအတွက်ဝံအူသားနှင့်ရင်အောင်းသားပေါင်းလုပ်ပါ။

60.လာဘ်မပိတ်စေဖို့လုပ်ရမည့်အချက်များ
မနက်မိုးလင်းဘုရားဝေယျာဝစ္စတွေလုပ်ပြီးတံမြက်စည်းကိုအိမ်ရှေ့မှအိမ်အထဲသို့လည်းသွင်းပါ။
ထို့နောက်မနက်စောစောတွင်ခါးအောက်ပိုင်း အဝတ်တွေကိုအိမ်ရှေ့မှာမလှန်းပါနှင့်။ အလုပ်ခုံနှင့်ဈေးရောင်းခုံများပေါ်တွင်မထိုင်ပါနှင့်။

61. နမောလေးချက်စီးပွားတက် အဓိဠာန်ပုတီးစိပ်နည်း
နမောသတဘဂဝတောကို (၁၀၈) လုံးပုတီးနှင့် (၃) ပတ်စိပ်၊ နမောသတအရဟတောကို (၁၀၈) လုံးပုတီးနှင့်(၃)ပတ်စိပ်၊နမောသတသမ္ဘာသမ္ဘုဒသကို (၁၀၈) လုးပုတီးနှင့် (၃) ပတ်စိပ်၊ နောက်ဆုံး/ နမောသတဘဂဝတော၊ အရဟတော၊ သမ္ဘာသမ္ဘုဒသကို (၁၀၈) လုံးပုတီးနှင့် (၃) ပတ်စိတ်ပါ။ စုစုပေါင်း (၁၂) ပတ် အဓိဠာန်ဝင်ပါ။

62. သောကကင်းဝေးနိုင်စေရန်အတွက်
ဘုရားသွား၍ လက်ယာရစ်အတိုင်းမွေးနေ့နံမှစပြီးရေတွက်ပါ (၄) ခုမြောက်ထောင့်မှာဖယောင်းတိုင် (၁) တိုင်ထွန်းပြီ
“ရတနတ္တယံနိစ္စိဟံရက္ခတု” ကိုသက်စေ့ ထက်မနည်းရေရွတ်ပါ။

63. အဓိဠာန်ပြီးစေရန်ပုတီးစိပ်နည်း
တနင်္ဂနွေနေ့မှာအရဟံ (၆) ပါတ်
တနင်္လာနေ့မှာသမ္မာသမ္ဗုဒ္ဓေါ (၁၅) ပါတ်
အင်္ဂါနေ့မှာဝိဇ္ဇာစရဏသမ္ပန္နော (၈) ပါတ်
ဗုဒ္ဓဟူးနေ့နံနက်မှာသုဂတော (၁၇) ပါတ်
ဗုဒ္ဓဟူးနေ့ညနေမှာလောကဝိဒူ (၁၂) ပါတ်
ကြာသပတေးနေ့မှာအနုတ္တရောပုရိသဒမ္မသာရထိ (၁၉) ပါတ်
သောကြာနေ့မှာသတ္တာဒေဝမနုဿနံ (၂၁) ပါတ်
စနေနေ့ နံနက်မှာဗုဒ္ဓေါ (၁၀) ပါတ်
စနေနေ့ ညနေမှာဘဂဝါ (၁၀) ပါတ်

64. တနင်္ဂနွေသားသမီးကျန်းမာရေးကောင်းစေရန်အတွက်
ကြာသပတေးနေ့မှာမေမြို့ပန်း(၅)ပွင့် ပေါက်ပေါက် ဆွမ်းဘုရားလှူ နောက်တနင်္လာနေ့မှာ
ကံကော်ပန်း (သို့) ကုက္ကားလှူပါ နောက်ဆုံး သောကြာနေ့မှာသစ်သီးတစ်မျိုးလှူပြီးဆုတောင်းပါ။

65. တနင်္လာသားသမီးကျန်းမာရေးကောင်းစေရန်အတွက်
သောကြာနေ့မှာသစ်သီးတစ်မျိုးလှူ၊ အင်္ဂါနေ့မှာတော့ ဆီမီး (၁၀) တိုင်ပူဇော်ပါ၊ နောက်ဆုံးစနေနေ့မှာတော့ ဒါန်းပန်းနဲ့ထီးနီ (၇) လက်လှူဒါန်းပါ။

66. အင်္ဂါသားသမီးကျန်းမာရေးကောင်းစေရန်အတွက်
စနေနေ့မှာဒါန်းညွန့် (၇) ညွန့်နှင့်ထီးဖြူ (၁) လက်လှူပါ၊ ဗုဒ္ဓဟူးနေ့မှာရွက်လှလှူရင်း ရေသပ္ပါယ်ပါ။ တနင်္ဂနွေနေ့မှာအုန်းယို (သို့) အိုးတစ်လုံးလှူပါ။

67. ဗုဒ္ဓဟူးသားသမီးကျန်းမာရေးကောင်းစေရန်အတွက်
တနင်္ဂနွေနေ့မှာအုန်းညွန့် (၁၀) ညွန့်လှူ၊ ကြာသပတေးနေ့မှာပေါက်ပေါက်နဲ့မုန့်မျိုးစုံလှူ၊ တနင်္လာနေ့မှာကံကော်ပန်းနှင့်ကုက္ကား(၂)လက်လှူ

68. သောကြာသားသမီးကျန်းမာရေးကောင်းစေရန်အတွက်
အင်္ဂါနေ့မှာဆီမီး (၈) တိုင်နှင့်ဆည်းလည်းလှူပါ၊ ဗုဒ္ဓဟူးနေ့မှာရွက်လှ (၈) ညွန့်လှူပြီးရေသပ္ပါယ်ပါ၊ စနေနေ့မှာဒါန်း (၁၀) ညွန့်နှင့်ထီးနီ (၇) လက်လှူ။

67. လပြည့်နေ့မှသာလုပ်နိုင်သောယတြာ
လင်ဗန်းထဲမှာလက်ဖက် (၉) ပုံအလယ်မှာလစ်ပိုပုလင်းထောင်ပြီးအပေါ်တွင် ဖယောင်းတိုင်ထွန်းပြီးဘုရားတွင်ပူဇော်ပါ။

68. (1,10,19,28) ရက်မွေးသူများ (၁) ဂဏန်းဖွား တွေအတွက် အကျိုးပေးအရောင်-ရွှေရောင်၊ အဝါရောင် ။ အကျိုးပေးကျောက်မျက်ရတနာ- စိန်၊ ပတ္တမြား၊ ပယင်း

69. (2,11,20,29) ရက်မွေးသူများ (၂) ဂဏန်းဖွားများအတွက်။ အကျိုးပေးအရောင်-အစိမ်းရောင်
အကျိုးပေးကျောက်မြတ်ရတနာ-ကျောက်စိမ်း၊ ပုလဲ။

70. (3,12,21,30) ရက်မွေးသူများ (၃) ဂဏန်းဖွားများအတွက်။ အကျိုးပေးအရောင်- အပြာရောင်၊ ခရမ်းရောင်
အကျိုးပေးကျောက်မြတ်ရတနာ- ကျောက်နီ၊ ဂေါ်မုတ်

71. (4,13,22,31) ရက်မွေးသူများ (၄) ဂဏန်းဖွားများအတွက်။ အကျိုးပေးအရောင်- အညိုရောင်
အကျိုးပေးကျောက်မြတ်ရတနာ- နီလာ

72. (5,14,23) ရက်မွေးသူများ (၅) ဂဏန်းဖွားများအတွက် အကျိုးပေးအရောင်- ရောယှက်ရောင်စုံ
အကျိုးပေးကျောက်မြတ်ရတနာ- စိန်၊ ငွေ

73. (6,15,24) ရက်မွေးသူများ (၆) ဂဏန်းဖွားများအတွက် ။ အကျိုးပေးအရောင်- အပြာရောင်
အကျိုးပေးကျောက်မြတ်ရတနာ- ပုလဲ၊ မြ

74. (7,16,25) ရက်မွေးသူများ (၇) ဂဏန်းဖွားများအတွက်။ အကျိုးပေးအရောင်- အစိမ်း၊ အဖြူ၊ အဝါ၊ အရောင်မှိုင်း
အကျိုးပေးကျောက်မြတ်ရတနာ- ကြောင်ကျောက်၊ ပုလဲ။

75. (8,17,26) ရက်မွေးသူများ (၈) ဂဏန်းသမားများအတွက်။ အကျိုးပေးအရောင်- အနက်၊ အပြာရောင်၊ ခရမ်းရောင်။
အကျိုးပေးကျောက်မြတ်ရတနာ- ပုလဲနက်၊ စိန်နက်၊ ကျောက်နက်။

76. (9,18,27) ရက်မွေးသူများ (၉) ဂဏန်းသမားများအတွက်။ အကျိုးပေးအရောင်- အနီ၊ ကြက်သွေးရောင်။
အကျိုးပေးကျောက်မြတ်ရတနာ- ပတ္တမြား၊ သံ။

77. လက္ခဏာမှာ မကောင်းတဲ့ အမှတ်အသားတွေဖျက်ချင်လျှင် ဖုဠဿလောကဓမ္မေဟိ၊ စိတ္တံဿနဘမ္ပတိ၊ အသောကံဝိရဇံခေမံ

78. အမှန်တစ်ကယ်အရေးကြီးလျှင်လုပ်နိုင်သောယတြာ။ မိုးပျံဗူပေါင်းတွင် ဆုတောင်းစာချိတ်ဆွဲ၍ အပေါ်သို့ လွတ်တင်ပါ၊ ည (၁၂) နာရီတိတိမှာလုပ်ပါ။

79. ငွေကြေးကိစ္စအရေးကြီးလျှင်လုပ်နိုင် သောယတြာ
လင်ဗန်းတစ်ချပ်ထဲတွင် သင်္ဘောသီး (သို့) သပြေ (၁၁) ညွန့်ကိုထည့်ပါ။ ထန်းလျက် (၁၁) ခဲဝိုင်းပြီးဘုရားလှူပါ။

80. အမှုဖြစ်နေသူများအတွက် လှေကားလက်ရမ်းတွင်နေဝင်ချိန်မှာမီးထွန်းပါ (သို့)သစ်သားအပ်ချည်ဘီးလုံးပေါ်မီးထွန်း
ဆုတောင်းပါ။

81. လုပ်သမျှလွဲချော်နေလျှင်
အဘဘိုးမင်းခေါင်ကိုမုန့်ဟင်းခါးနဲ့ဘူးသီးကြော်လှူပြီးမိမိလိုရာကိုဆုတောင်းပါ။

82. အိမ်မှထွက်သွားသူပြန်လာစေရန်အတွက်
အင်္ကျီ+လုံချည်ကိုရေစွတ်ပြီးရေမညှစ်ဘဲ အိမ်ရှေ့တွင်လှမ်းထားပါ။(အမျိုးသမီးဆိုအင်္ကျီဘဲ)

83. အိမ်ဌားကိစ္စအတွက်အဆင်မပြေလျှင်
အိုးထဲရွက်လှထည့်၊ ယပ်တောင်နဲ့ (၁၇) ချက်လက်ပြန်ခပ်ပေးပါ။

84. မိမိကိုအနိုင်ကျင့်လျှင်
ကတ္ထူကတ်ပြားပေါ်မှာနာမည်ရေး၊ နာမည်ပေါ် (၉) ရေး၊ (၉) ပေါ်အပ်တင်၊ အပ်ပေါ်မတ်စေ့တင်ပြီးမီးထွန်းဆုတောင်းပါ။

85. ကြွေးရှင်နေရန်
ဒန်အိုးဖင်ကိုကံကော်ပန်းနဲ့ခေါက်ပေးရင်း ဆုတောင်းပါ။

86. အရာရာတည်မြဲစေလိုရန်အတွက်
ဖယောင်းတိုင်တစ်တိုင်ပေါ်မှာစတုရန်းပုံလေးဆွဲပြီးအလည်မှာတုတ်ချောင်းပုံလေးဆွဲ၍ဘုရားမီးပူဇော်ဆုတောင်းပါ။

87.အပျိုကြီး၊လူပျိုကြီးစွံ့စေရန်လက်ဆောင်
စာရွက်တစ်ရွက်ပေါ်မှာ“မ” ကိုဆွဲပြီးအောက်ကနေ“န” ကိုပြောင်ပြန်ဆွဲပြီးမနှင့်ဆက်ပါ။

88.အလုပ်တွင် စိတ်မပါ၊ ညီးငွေ့၊ ပျင်း၊ လမှိုင်းမကပ်လျှင်လုပ်နိုင်ရန်အတွက်
ပိုးကြိုးကိုယူပြီး တောင်ကုန်းပေါ်သွားပါ၊ လေတိုက်တဲ့ဘက်ကိုမျက်နှာမူပြီး ငါရဲ့စိတ်တွေဒီထဲမှာပျော်ဆိုပြီး တစ်ထုံးထုံး၊ ငါရဲ့ကြိုးစားအားထုတ်မှုတွေ ဒီအထဲမှာပျော်ဆိုပြီးတစ်ထုံးထုံး၊ ငါရဲ့ကြိုးစားအားထုတ်မှုတွေ ဒီအခန်းထဲမှာနေဆိုပြီးတစ်ထုံးထုံး၊ နောက်ဆုံးသုံးထုံးထုံးပြီးဆုတောင်းပါ ပြီးလျှင်အိမ်ကိုယူလာပါ အိမ်ရောက်ရင်ဖြည်လိုက်ပါ။

89. အိမ်ထောင်ရေးအဆင်မပြေလျှင်
အနှိပ်သည်ဘုရဲ့အောက်မှာ လင်မယားနှစ်ယောက်ရဲ့ဓာတ်ပုံတစ်ပုံစီကပ်ပါ၊ နောက်ဘုပေါ်မှာမီးထွန်းပြီး လင်မယားနှစ်ယောက်အိပ်ယာရဲ့အလည်တည့်တည့်မှာထားပြီးဆုတောင်းပါ။

90. အနှောင့်အယှက်များဝင်နေလျှင်
ဆေးတံပေါ်မှာ ဖယောင်းတိုင်ထွန်းဆုတောင်းပါ။

91.အချစ်ရေးအဆင်ပြေစေရန်အတွက်
ကိုယ်နဲ့ကိုယ့်ချစ်သူနေ့နံသားနှစ်ခုကိုရင်ချင်းကပ်ပြီးနှီးနဲ့သုံးချက်ချည်ပါပြီးလျှင်ရေသန့်သန့်မှာမျှောပါ။

92. ဈေးရောင်းကောင်းစေရန်အတွက်
အရက်ပုလင်းထဲရေထည့်ပါ၊ နောက်ကျောက်စရစ်ခဲ (၉) ခဲထည့်ပါ၊ နောက်နှင်းဆီအနီတစ်ပွင့်စိုက်ပါ။

93. မသေချာမရေရာတဲ့ကိစ္စများအတွက်
ကြွေပန်းကန်ပြားထဲမှာ အပ်တစ်ချောင်းစိုက်ပြီး အပေါ်မှာ မက်စေတင်၍ ဖယောင်းတိုင်ထွန်းဘုရားမီးပူဇော်ပါ။

94. အလုပ်သမားမြဲစေရန်အတွက်
ကြွေပန်းကန်ပြားတစ်ချပ်ပေါ်တွင် Marker Pan ဖြင့် လိုအပ်သောအလုပ်သမားနာမည်ကိုရေးပါ။
ပြီးလျှင်ထိုပန်းကန်ပေါ်မှာ နေကြာစေ့အပြည့်နာမည်အုပ်အောင်ဖြူးပြီး ဘုရားကပ်လှူပေးပါမကြာခနလုပ်ပေးပါ။

95.ငွေကြေးကိစ္စများအဆင်မပြေခဲ့သော်
ဘုရားတစ်ဆူဆူသို့သွားပြီး ဘုရားရင်ပြင်မှ ကျောက်ပြားများ သန့်ရှင်းရေးလုပ်ပေးပါ။ ဘုရားမှ အဆင်းတွင် ကျီးစာ/ခိုစာ ကျွေးပါ။

96.မျက်နှာချင်းဆိုင်မရအောင်ဖြစ်နေသော လင်မယားများအတွက်
ကွမ်းရွက်(၂)ရွက်ကိုယူကာ တစ်ရွက်၏ အချောဖက်တွင် ထုံးကိုကွမ်းရိုးဖြင့် ယောက်ျားနာမည်ရေး၊ နောက်တစ်ရွက်၏ အချောဖက်တွင် မိန်းမနာမည်ရေး ပြီးလျှင် မျက်နှာချင်းဆိုင်အပ်ကာ ပန်းကန်ပြားတွင်ထည့်ပြီး ကွမ်းရွက်ပေါ်မီးထွန်းပေးပါ။ (၉)ရက်ဆက်တိုက်လုပ်ပေးပါ။ ကွမ်းရွက်နွမ်းသွားလျှင် အသစ်လဲလှယ်ပေးပါ။

97. အရောင်းအဝယ်ကောင်းစေရန်အတွက်ယတြာ
မိမိတို့၏ လုပ်ငန်းများ/ဈေးဆိုင်းများ ရောင်းပန်းဝယ်ပန်းပွင့်လန်းစေဖို့ လုပ်ငန်း၏ မျက်နှာစာတွင် အသီးအနှံပုံများ ကပ်ပေးထားပါ။

98.သားသမီးရတနာထွန်းကားစေရန်အတွက်ယတြာ
ရွှေတိဂုံစေတီတော်၏ တောင်ဘက်မုခ်တွင် ဘုရားဝတ်ပြုပြီး ထိုတန်ဆောင်းနှင့် ကပ်လျက် ဗြဟ္မာသားပိုက်ရှေ့တွင် ဖယောင်းတိုင်(၁၇)တိုင်၊ အမွှေးတိုင်(၁၇)တိုင်၊ ဝါးညွှန့်(၁၇)ညွှန့်၊ သစ်သီး(၈)မျိုး(ခွဲစိပ်ပြီး တစ်မျိုးစီပါလျှင်ရသည်) ကပ်လှူပြီး မိမိအလိုရှိသော သားဆုကို ဆုပန်နိုင်ပါသည်။

99.ဝင်လာမစဲတသဲသဲဖြစ်စေရန်အတွက်ယတြာ
မည်သည့်လုပ်ငန်းမဆို မိမိတို့၏ ဆိုင်သို့ လူများစွာ ဝင်လာမစဲဖြစ်စေဖို့ ဆိုင်၏ ကောင်တာစားပွဲတစ်နေရာတွင် ဖိုးဝရုပ်ကို ထိပ်ဝဖောက်ပြီး ငွေ(၉၀၀)ကျပ်/ငွေ(၉၀၀၀)ကျပ် ကို ကန်တော့ပုံပြုလုပ်ပြီး ထိုးထားပေးပါ။

100. အပြောင်းအရွေ့အဆင်ပြေရေးအတွက်
ညောင်ရွက်(၃)ရွက်ပေါ်တွင်၊နေ၊ရာ၊ပြောင်းဟူ၍ ရေးသားပြီးဘုရားတွင်ပူဇော်ဆုတောင်းပါ။
မူရင်း....credit*

15/11/2023
နွေဦးကံ့ကော်များ 🥰🥰Photo : Credit
12/03/2023

နွေဦးကံ့ကော်များ 🥰🥰

Photo : Credit

13/11/2022

ဆန်ကို မချက်မီ ရေစိမ်ထားသင့်သည့် အကြောင်းများ

“တစ်ည”ရေစိမ်ထားနိုင်မယ်ဆိုရင် Arsenic ပမာဏဟာ ၈၀% ခန့် လျော့ကျသွားပါသတဲ့။
တစ်ည မစိမ်နိုင်ရင်လည်း ၃-၄ နာရီပေါ့။

Arsenic ဟာ heavy metal စာရင်းထဲမှာ ပါနေပါတယ်။
“Heavy metal refers to any metallic chemical element that has a relatively high density and is toxic or poisonous at low concentrations”

Arsenic ၏ ဘေးရန်
Arsenic အဆိပ်သင့်ရင် နှလုံးရောဂါ/ဆီးချို/ကင်ဆာရောဂါ များနဲ့ ဆက်နွယ်နေပါတယ်တဲ့။ ကလေးတွေရဲ့ပုံမှန် သိမြင်မှု ဖွံ့ဖြိုး တိုးတက်ရေးကိုလဲ နှောင့်နှေးစေတတ်ပါတယ်တဲ့။(cognitive development)
(WHO )

Arsenic ဟာ ဘယ်လိုကြောင့် ဆန်ထဲမှာ ရောက်နေရတာပါလဲ?
ဆန်စပါး စိုက်ပျိုးတဲ့အခါ စပါးပင်တွေဟာ အခြားအပင်တွေထက် Arsenicကို ပိုပြီး စုတ်ယူတတ်ပါတယ်တဲ့။
မြေကြီးထဲက ဖြစ်စေ/စပါးပင်တွေကို ပေးတဲ့ရေထဲက ဖြစ်စေ/
အချို့သော ဓာတ်မြေဩဇာထဲက ဖြစ်စေ/ ပိုးသတ်ဆေး ပေါင်းသတ်ဆေး စသည်ဖြင့်ကနေ ဖြစ်စေ စပါးထဲကို ရောက်ပါသတဲ့။

ဆန်ကို မချက်ခင် ဆေးပြီးတဲ့အခါ ရေစိမ်သင့်တဲ့ အဓိက အကြောင်း ဖြစ်ပါတယ်။ လုပ်နေကျဆိုရင် ကျင့်သား ရသွားပါလိမ့်မယ်။

အခြားအကြောင်းတွေကတော့ ထမင်းချက်ဖို့ ကြာချိန်ဟာ လည်း လျော့သွားပါတယ်။ ဆန်အစေ့တွေဟာ ရေနဲ့ဝလာပြီး ပျော့ပြောင်းလာပါတယ်။

Sushi rice / Basmati rice from California, Pakistan, and India
ဟာ Arsenic နည်းပါသတဲ့။
According to Consumer Report

မြန်မာပြည်မှာလည်း “ဒေသအလိုက်” Arsenic level အနည်းအများ ကွာခြားမှု ရှိနိုင်ပါတယ်။

ကိုယ်လုပ်ရမဲ့ တာဝန်ကတော့ ဆန်ကို ရေဆေးပြီးတဲ့အခါ ရေစိမ်ဖို့ပါ။
ရေစိမ်ထားတဲ့ဆန်ဟာ ချက်ရင်လဲ ပိုလှတယ်/ နူးနူးညံ့ညံ့လဲ ရှိတယ်။
Heavy metal Arsenic လျော့နည်းမယ်ဆိုတော့လဲ လုပ်သင့်လုပ်ထိုက်တာ လုပ်ရမှာပါပဲ။

အစစ အရာရာမှာ ဗဟုသုတနဲ့ပြည့်စုံနေတာ ကိုယ်အတွက် သာမက မိသားစု အတွက်ပါ အလွန်ကောင်းတယ်နော်။

Credit

Happy Deepavali Day🪔🪔ဒီပါဝလီနေ့ (ခေါ်) ဒေဝါလီနေ့ ဆိုသည်မှာ မြန်မာပြည်မှာတော့ ဒေဝါလီနေ့ (Diwali) လို့ လာသိများတဲ့ ပွဲတော်...
24/10/2022

Happy Deepavali Day🪔🪔

ဒီပါဝလီနေ့ (ခေါ်) ဒေဝါလီနေ့ ဆိုသည်မှာ

မြန်မာပြည်မှာတော့ ဒေဝါလီနေ့ (Diwali) လို့ လာသိများတဲ့ ပွဲတော်တစ်ခုကို အခြားနိုင်ငံအချို့မှာတော့ ဒီပါဝလီ (Deepavali) လို့ အသုံးများပါတယ်။ အိန္ဒိယနိုင်ငံ တောင်ပိုင်းနဲ့ မြောက်ပိုင်းတို့ရဲ့ အနည်းငယ်ကွဲလွဲတဲ့ အခေါ်ဝေါ်ဖြစ်ပေမယ့် တူညီတာကတော့ ဟိန္ဒူဘာသာဝင်တို့ရဲ့ မီးထွန်းပွဲတော် တစ်ခုပဲဖြစ်ပါတယ်။.
ဒီပါဝလီနေ့ကို နိုင်ငံအတော်များများမှာ တရားဝင် အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်
ထာပြီး မြန်မာနိုင်ငံမှာလည်း ရုံးပိတ်ရက်အဖြစ် အသိမှတ်ပြုထားသော ရက်တစ်ရက်ဖြစ်သည်။
ဒီပ ရဲ့အဓိပ္ပါယ်က မီးအလင်းရောင်ဖြစ်ပြီး ဒီပဝါလီ ဆိုတာကတော့ ဆီမီးထွန်းညှိပူဇော်ခြင်းလို့ ဆိုပါတယ်။ မီးပူဇော်ခြင်းဖြင့် အလင်းဖြင့် အမှောင်ကို ခွင်းနိုင်သကဲ့သို့ အဆိုးအညံ့တွေရှိခဲ့ပါက ကောင်းခြင်းတို့
ရောက်လာခြင်း၊ လက်မှိုင်ချနေရတဲ့ အခြေနေတွေကို မျှော်လင့်ချက်တွေ ရရှိလာစေခြင်းဆိုတဲ့ အဓိပ္ပါယ်နဲ့ မီးပူဇော်ကြတာဖြစ်ပါတယ်။

ဒါကြောင့်မို့ ဒေပဝါလီညမှာ အိမ်ရှိ ဝင်ပေါက် ထွက်ပေါက် တံခါး၊ ပြတင်းပေါက်နဲ့ အဆောက်အအုံများအနီးပတ်ချာလည်မှာ ဆီမီးထွန်းညှိ ပူဇော်ကြပါတယ်။ ဒီပဝါလီည မရောက်ခင်မှာ ဘာသာဝင်များက အိမ်သန့်ရှင်းခြင်း၊ ကိုယ်လက်သန့်စင်ခြင်းတို့ ပြုလုပ်ပြီး ဒီပဝါလီညကို
ကြိုဆိုကြပါတယ်။
စာရင်းသစ်ဖွင့်ရာတွင်သောအခါ ဒီပါဝလီညက ပူဇော်ပွဲတွင် အသုံးပြုထားသော မှင်အိုးအသစ် ကလောင်အသစ် စာအုပ်အသစ်တို့ကို မင်္ဂလာရှိသောပစ္စည်းများအဖြစ် မှတ်ယူကာ အသုံးပြုကြသည်။ ဒီပါဝလီနေ့တွင်အရောင်းအဝယ်များနားသဖြင့် တစ်နှစ်စာ ပိုက်ဆံများကို ပိုက်ဆံသေတ္တာ
တွင်ထည့်ကာ ကုဝေရနတ်မင်းကြီးထံ အပ်နှံ၍ စောင့်ရှောက်မှု ခံယူသည်။.
ရွှေပြားငွေပြားများကို ဖြန့်ခင်းကာ
လက်ခ်ျမီမယ်တော်အတွက် အခင်းအဖြစ်ပူဇော်သည်။.
လက်ခ်ျမီမယ်တော်မှ အခင်းအဖြစ် ထိုင်တော်မူသွားသဖြင့် ရွှေငွေရတနာ
များသည် ကျက်သရေမင်္ဂလာပြည့်စုံကာ ဝတ်ဆင်သူများ ကိုင်တွယ်အသုံး
ပြုသူများ၊ မယ်တော်၏ တန်ခိုးတော်ကြောင့် ကျမ်းမာချမ်းသာကာ
ဘေးအန္တရာယ်ကင်းသည်ဟု ယူဆကြသည်။
အရောင်းအဝယ်စီးပွားရေးလုပ်ရာတွင် အသုံးပြုသော ချိန်ခွင်၊ ကတ္တား၊
ကိုက်တံ၊ ပေတံ၊ ပေကြိုး ချိန်ခွင်၊ ပြည်တောင်း၊ တင်းတောင်းများကိုလည်း
သေချာဆေးကြောသန့်စင်ကာ တုလာဒေဝီမယ်တော်ကို ပင့်ဖိတ်ကာ
ပူဇော်အပ်နှံပြီး အရောင်းအဝယ်ကောင်းပါစေကြောင်း အလှူဒါနများစွာ ပြုနိုင်ရပါစေကြောင်း ဆုတောင်းကြသည်။ ပူဇော်ရှိခိုးရာနေရာတွင်လည်း
ညလုံးပေါက် ဆီမီးများထွန်းညှိကာ တစ်ညလုံး ကျမ်းစာများ ရွတ်ဖတ်ကြသည်။.
ထို့ကဲ့သို့ ညလုံးပေါက် ပူဇော်ကြပြီး ဆီမီးများ ထိန်ထိန်ငြီးအောင် ထွန်းညှိထားသောညဖြစ်သဖြင့် ဒီပဝါလီဟု ခေါ်ဆိုခြင်းဖြစ်သည်။.
မေတ္တာဖြင့်

Credit ဆရာမင်းသူပိုင် B.A(Psy:)ဗေဒင်နှင့်ယတြာ

💥💥 25% to 30% Discount 💥💥💌 Live လွှင့်မ​ရောင်းနိုင်​သေးလို့ ဒီတိုင်း Post တင်ပီး​ရောင်းတာ​လေးကို အား​ပေးကြပါဦးရှင် 💌 အတ...
21/07/2022

💥💥 25% to 30% Discount 💥💥
💌 Live လွှင့်မ​ရောင်းနိုင်​သေးလို့ ဒီတိုင်း Post တင်ပီး​ရောင်းတာ​လေးကို အား​ပေးကြပါဦးရှင်
💌 အတန်ဆုံး​စျေး​တွေနဲ့​ရောင်း​ပေးမှာမို့ လက်မလွှတ်သင့်ပါဘူး​နော်..ဘယ်​လောက်တန်လည်းဆိုရင် အရင်း​စျေး​တောင်မရှိတဲ့ အထည်​တွေပါပါတယ် 😩 ခုလို ဘတ်​စျေးတက်​နေချိန်ဆို ဝယ်သူဘက်ကပိုတန်ပါတယ်​နော် (ရောင်းသူဘက်က ပိုရှုံးတာ​​တော့ မ​ပြော​တော့ပါဘူး😅)
💌 တစ်ပုံချင်းစီမှာ ​စျေးနှုန်း​လေး​တွေနဲ့အ​သေးစိတ်​ရေး​ပေးထားပါမယ်​နော်
💌 ဝယ်ယူအား​ပေးတဲ့ တစ်ဦးတစ်​ယောက်စီတိုင်းကို ​ကျေးဇူးအများကြီးတင်ရပါတယ်ရှင်🙏

💌 ​ချစ်ရ​သော Sweet Star Customer များအတွက် အထည်လက်ကျန်ဖြတ်​လေး​တွေကို အလွန်တရာမှသက်သာ​သော ​စျေးနှုန်းများဖြင့် ​ရောင်းချ...
19/07/2022

💌 ​ချစ်ရ​သော Sweet Star Customer များအတွက် အထည်လက်ကျန်ဖြတ်​လေး​တွေကို အလွန်တရာမှသက်သာ​သော ​စျေးနှုန်းများဖြင့် ​ရောင်းချချင်ပါ​သော​ကြောင့် တစ်ပုံချင်းစီကိုကြည့်ပီး အား​ပေးကြပါဦး​နော်
💌 အဆက်မပြတ်တင်​ပေးမှာမို့ ​စောင့်​မျှော်ကြပါ​နော်
💌 ယခုပြထား​တဲ့ အထည်​တွေက​တော့ မြန်မာကျပ်​ငွေ ၁၀၀၀၀ ပတ်ဝန်းကျင်ထိ ​စျေး​လျှော့​ပေးထားတဲ့ Plus size ​လေး​တွေ​အတွက်ရော Model size လေး​​တွေအတွက်ပါ ဝတ်လို့ရမှာပါရှင်
💌 အ​သေးစိတ်သိချင်ပါက cb က​နေလည်း ဆက်သွယ်​မေးမြန်းနိုင်ပါတယ်ရှင့်
💌 Wavepay/ Kpay 👌
💌 ဝယ်ယူအား​ပေးကြ​သော တစ်ဦးတစ်​ယောက်ချင်းစီတိုင်းကို Sweet Star က ​ကျေးဇူးတင်ပါတယ်ရှင်🙏

💌Sweet Star ရဲ့ customer လေးဝတ်ထားတာ ချစ်စရာကောင်းလို့ပြန်တင်ပါရစေ 💌ပေါ့ပေါ့ပါးပါးနဲ့ လှလှပပလေးဝတ်ဖို့ ဈေးနှုန်းသက်သာစွာ...
02/07/2022

💌Sweet Star ရဲ့ customer လေးဝတ်ထားတာ ချစ်စရာကောင်းလို့ပြန်တင်ပါရစေ
💌ပေါ့ပေါ့ပါးပါးနဲ့ လှလှပပလေးဝတ်ဖို့ ဈေးနှုန်းသက်သာစွာနဲ့ရယူလိုက်ပါနော်
💌ဘောင်းဘီတိုနဲ့ဝတ်ဝတ် ဘောင်းဘီရှည်နဲ့ဝတ်ဝတ် စကပ်နဲ့ဝတ်ဝတ် အဆင်ပြေပီး လှနေမှာပါရှင်
💌ပေါင် ၈၀ ကနေ ပေါင် ၁၂၀ ထိဝတ်လို့ရပါတယ်
💌အခြေနေအရပ်ရပ်ကြောင့် ဈေးမရောင်းတာကြာသွားတဲ့အတွက် နားလည်ပေးကြပါရှင်

💥All in stock 💥🌸BKK ချည် ၁၀၀% ကော်လာကတုံး plus size blouse လေးရောင်းပေးပါရစေရှင်🌸 ငန်း၂ကောင်နဲ့ One One Brand လေးမို့ ဘယ...
16/05/2022

💥All in stock 💥
🌸BKK ချည် ၁၀၀% ကော်လာကတုံး plus size blouse လေးရောင်းပေးပါရစေရှင်
🌸 ငန်း၂ကောင်နဲ့ One One Brand လေးမို့ ဘယ်လောက်ကောင်းတယ်ဆိုတာ ဝတ်ဖူးသူတွေသိပါတယ်နော်
🌸 Quality အာမခံ အရောင်မကျွတ် ချည်သားအအေးအပါးသားလေးမို့ ယုံယုံကြည်ကြည်ဝယ်ယူကြပါနော်
🌸 တချို့အင်္ကျီတွေက ဝတ်ကြည့်လိုက်မှ ပိုလှသွားတာမျိုးမို့ အသားအေး ဆိုဒ်ပွလိုချင်သူများ ဝယ်ဖြစ်အောင်ဝယ်ပါနော်
🌸ချုပ်ရိုးချုပ်သား ကြယ်သီး အားလုံးကောင်းပါတယ်
✅ပေါင် ၁၀၀ ကနေ ပေါင် ၁၇၀/၈၀ လောက်ထိ ဝတ်လို့ရပါတယ်
✅ရင်ဆိုဒ်က ၄၆
✅ ပြထားတဲ့ ကာလာ ၃ရောင်ရှိပါတယ်
✅13500
🌸 ဝယ်ယူအားပေးတဲ့ ချစ်သော customer များအား အစဉ်အမြဲကျေးဇူးတင်ပါတယ်ရှင် 🙏

💥All in stock💥🌸 BKK ချည်ဇာဖြူဖြူလေးတွေ ကြိုက်သူများအတွက် ရောင်းပေးပါရစေရှင့်🌸 ဘယ်ရာသီမဆို ဝတ်လို့သင့်တော်မဲ့ အထည်လေးပါနေ...
15/05/2022

💥All in stock💥
🌸 BKK ချည်ဇာဖြူဖြူလေးတွေ ကြိုက်သူများအတွက်
ရောင်းပေးပါရစေရှင့်
🌸 ဘယ်ရာသီမဆို ဝတ်လို့သင့်တော်မဲ့ အထည်လေးပါနော်
🌸 ဈေးသင့်ပီး quality ကောင်းလို့ ဝယ်ဝတ်ဖို့ အကြံပြုပါတယ်ရှင်
🌸 ဘောင်းဘီနဲ့ဝတ်ဝတ် စကပ်နဲ့ဝတ်ဝတ် အရမ်းလိုက်ဖက်ပါတယ်
✅9000

✅ BKK အ​ချောသား ဝမ်းဆက် ✅ လူငယ် လူရွယ် အားလုံးဝတ်လို့လှမဲ့ ဘယ်​​တော့မှ ရိုးမသွားတဲ့ ဒီဇိုင်း​လေးပါရှင် ✅ ချည်သားမဟုတ်​တေ...
09/05/2022

✅ BKK အ​ချောသား ဝမ်းဆက်
✅ လူငယ် လူရွယ် အားလုံးဝတ်လို့လှမဲ့ ဘယ်​​တော့မှ ရိုးမသွားတဲ့ ဒီဇိုင်း​လေးပါရှင်
✅ ချည်သားမဟုတ်​တော့ တွန့်မှာ ​ကြေမှာ စိတ်မပူရ​​တော့ပါဘူး...အ​ချောသား​ပေမဲ့ ပူတဲ့အသား​တော့ လုံးဝမဟုတ်ပါဘူး​နော်
📍ချည်သားမှမဟုတ်ရင် မဝတ်တတ်သူများအတွက်က​တော့ ဝယ်ဖို့မသင့်ပါဘူး​နော် (ပွင့်လင်းမြင်သာ​အောင်​ပြောထားတာပါ)
✅ မြင်တာနဲ့ ​ကြွေသွားရတဲ့ ဒီဇိုင်းအဆင်​လေးပါရှင်
✅ ​ပေါင် ၉၀ က​နေ ​ပေါင် ၁၅၀ထိ ဝတ်လို့ရပါတယ်
✅ ရင်ဆိုဒ် ၅၀ တင်ဆိုဒ် ၅၀ ပါ
💸💸💸 ​စျေးနှုန်း ၁၇၅၀၀ 💸💸💸
✅ အဖြူ ၁စုံပဲ ရပါ​တော့မယ်ရှင်...ကြိုက်ရင်အမြန်မှာယူလိုက်​တော့​နော်
✅ Quality ​ချင်းတူရင် ​​စျေးနှုန်းသက်သာရမဲ့ Sweet Star ပါရှင်
✅ ဝယ်ယူအား​ပေး​သော customer တစ်​ယောက်ချင်းစီကို ​ကျေးဇူးအများကြီးတင်ပါတယ်ရှင်🙏

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Sweet Star Online Shopping posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share