28/09/2026
🏡 အိမ်အသစ်ပြောင်းတော့မယ့်သူတိုင်း စဉ်းစားသင့်တဲ့ အပင်အလှဆင်မှု 🌿
🌱 အိမ်အသစ်ပြောင်းတဲ့အခါ ပရိဘောဂတွေ၊ အလှဆင်ပစ္စည်းတွေပဲ စဉ်းစားမနေဘဲ အပင်လေးတွေကိုလည်း Interior Design ရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ ထည့်သွင်းစဉ်းစားသင့်ပါတယ်။
☀️ ပထမဆုံး ကိုယ့်အိမ်မှာ နေရောင်ဘယ်လောက်ရလဲ ဆိုတာကြည့်ပြီး အပင်ရွေးချယ်ပါ။ နေရောင်များတဲ့နေရာအတွက် သင့်တော်တဲ့အပင်၊ အလင်းရောင်နည်းတဲ့အခန်းတွေအတွက် သင့်တော်တဲ့ Indoor Plant တွေကို ခွဲခြားရွေးချယ်ပေးရင် အပင်လေးတွေ ပိုပြီးကျန်းမာလှပနေမှာပါ။
🪴 ဧည့်ခန်း မှာတော့ အရွယ်အစားကြီးတဲ့အပင်လေးတွေကို Corner မှာထားပေးရင် အခန်းက ပိုပြီးသဘာဝဆန်လာစေပါတယ်။
🌿 အိပ်ခန်း မှာတော့ နေရာအများကြီးမယူတဲ့ အပင်လေးတွေကို Bedside Table ဒါမှမဟုတ် Shelf ပေါ်မှာ အလှဆင်နိုင်ပါတယ်။
🪴 အလုပ်စားပွဲနဲ့ စာဖတ်တဲ့နေရာ တွေမှာ အပင်အသေးလေးတွေ ထည့်ထားပေးရင် ရိုးရှင်းတဲ့နေရာလေးကို ပိုပြီးအသက်ဝင်လာစေပါတယ်။
🤍 နောက်တစ်ခုကတော့ Pot အရောင်နဲ့ အိမ်ရဲ့ Interior အရောင်တွေကို လိုက်ဖက်အောင်ရွေးချယ်တာပါ။ အပင်လှရုံနဲ့မပြီးဘဲ Pot Design၊ အရွယ်အစားနဲ့ နေရာချထားပုံတွေကိုပါ သေချာစဉ်းစားပေးရင် အိမ်တစ်ခုလုံးရဲ့အလှကို ပိုပြီးမြှင့်တင်ပေးနိုင်ပါတယ်။
✨ အိမ်အသစ်လေးကို ပိုပြီးနွေးထွေး၊ သဘာဝဆန်ပြီး ကိုယ့်စိတ်ကြိုက်နေရာလေးဖြစ်အောင် အပင်လေးတွေနဲ့ အလှဆင်ကြည့်လိုက်ပါ။ 🌿💚