29/07/2025
ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွင် အိမ်ပြီးလျှင် အချိန်အများဆုံးကုန်ဆုံးရာနေရာမှာ လုပ်ငန်းခွင်ဖြစ်တယ်။ လူတစ်ဦးရဲ့သက်တမ်း သုံးပုံတစ်ပုံခန့်ကို အလုပ်တွင် ကုန်လွန်ကြရသည့်အတွက် လုပ်ငန်းခွင်သည် အိမ်လိုပင် သက်တောင့်သက်သာရှိပြီး ပျော်ရွှင်ဖွယ်ကောင်းသော ပတ်ဝန်းကျင်တစ်ခု ဖြစ်သင့်ပါတယ်။ အိမ်သည် နှလုံးသားအတွက် နေရာ၊ လုပ်ငန်းခွင်သည် စိတ်အားထက်သန်မှုအတွက် နေရာဟူသော အမြင်ဖြင့် နှစ်နေရာလုံးကို တန်ဖိုးထားကာ ပျော်ရွှင်သောဘဝကို တည်ဆောက်နိုင်ကြပါစေ။