စံ Bookshop

စံ Bookshop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from စံ Bookshop, Book shop, Yangon.

မိုက်ကယ် ကေ ၏ ဘဝနှင့်ခေတ် စာအုပ်မှ ကူးယူဖော်ပြချက် ဖြစ်ပါသည်။ဘာသာပြန်သူ- တော်ကောင်းမင်း။စာချစ်သူများ မှာယူ အားပေးနိုင်ပါ...
23/03/2026

မိုက်ကယ် ကေ ၏ ဘဝနှင့်ခေတ် စာအုပ်မှ ကူးယူဖော်ပြချက် ဖြစ်ပါသည်။
ဘာသာပြန်သူ- တော်ကောင်းမင်း။
စာချစ်သူများ မှာယူ အားပေးနိုင်ပါသည်။
#စံ #စံစာပေ #စံbookshop

15/10/2024

လမ်းခွဲပြီးတဲ့အခါ တစ်ယောက်တည်း အသားကျလာဖို့ ဘယ်လိုလုပ်ရမလဲ ။ လူတစ်ယောက်ကို ဘယ်လို မေ့ပစ်ရမလဲ ။

တောက်လျှောက်ချစ်လာခဲ့တဲ့ လူတစ်ယောက်ကို
ရုတ်တရက် မပတ်သက်မိအောင်နေရတာက သိပ်တော့ မလွယ်ကူလှဘူး ။ အမြဲအတူရှိကြမယ်လို့ ရည်ရွယ်ပြီးမှ သူမရှိတော့ဘူးဆိုတဲ့ အသိက သိပ်ဆိုးပါတယ် ။ ကိုယ့်ရင်ထဲမှာ လေဟာနယ်ကြီး တစ်ခုရှိနေသလို ဟင်းလင်ပြင်ဖြစ်သွားတယ် ။ ကိုယ့်ဘဝမှာ ဘာမှမရှိတော့သလိုမျိုး ၊ စိတ်ရော လူပါ လေးလံထိုင်းမှိုင်းပြီး ဝမ်းနည်းရတာပေါ့ ။

ဒါကို အသဲကွဲခြင်း လို့ ခေါ်ပါတယ် ။

ဒီအခြေနေမျိုးကနေ လွတ်မြောက်ဖို့ ၊ အသဲကွဲခြင်းကို Healing လုပ်ဖို့ အဆင့်သုံးဆင့် ရှိပါတယ် ။

၁ ။ အဖြစ်ပျက်အားလုံးကို လက်ခံခြင်း
၂ ။ အလုံးစုံ ခွင့်လွှတ်ခြင်း
၃ ။ Healing time

စသဖြင့် အဆင့် ၃ ဆင့် ရှိပါတယ် ၊၊

….

၁။ အဖြစ်ပျက်အားလုံးကို လက်ခံခြင်း

ေ-သကွဲ ရှင်ကွဲ ၊ ဘယ်လို ခွဲခွါမှုမျိုးဖြစ်ဖြစ် နာကျင်ရတာပါပဲ။ ဒါပေမဲ့ ဒါကို ငြင်းဆန်နေလို့ မရပါဘူး ၊ လက်ခံပါ ။ အိပ်ယာက လန့်နိုးတဲ့အခါ ဘေးမှာ သူမရှိတော့ဘူး ၊ တစ်ခုခုကို ပြောပြချင်တဲ့အခါ ဖုန်းဆက်ဖို့ သူမရှိတော့ဘူး ၊ ကိုယ့်လက်ကို ဆုပ်ကိုင်ထားမဲ့သူ ၊ အေးတဲ့အခါ ဖက်ထားပေးမဲ့သူ ၊ သူဆိုတာ မရှိတော့ဘူး ။ ဒီအသိက သိပ်ဝမ်းနည်းစရာ ကောင်းတာပါပဲ ။

ဒီအခြေနေကို ဆန့်ကျင့်ပြီး သူရှိတယ် ၊ သူပြန်လာဦးမှာ ၊ ဒီလို မဖြစ်ရဘူး စသဖြင့် အရှိတရားကို တွန်းလှန်ချင်တဲ့ စိတ်ကို လျော့ချပေးပါ ။

ခံစားပါ ၊ ငိုပါ ။ ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်တွေ ၊ အတွေးတွေဟာ အမြဲတမ်း စီးဆင်းနေရမဲ့ စမ်းချောင်းလေးလိုပါပဲ ။ အဟောင်းတွေကို မေ့လိုက် ၊ အသစ်တွေဝင်လာလိုက် စသဖြင့် စီးဆင်းနေရပါမယ် ။ ဒါမျိုးမဟုတ်ဘဲ တင်းခံထားမယ် ဆိုရင် အထက်ကနေ ပိတ်ဆို့ခံလိုက်ရတဲ့ စမ်းချောင်းလို ဆက်လက်မစီးဆင်းနိုင်ဘဲ ရေေ-သအိုင် ဖြစ်သွားတတ်ပါတယ် ။

အဲ့ဒီလိုပဲ ဒီဝမ်းနည်းစရာ ခံစားချက်တွေဟာလည်း ကိုယ့်အတွေးထဲမှာ အမြဲတမ်း တဝဲလည်လည် ရှိနေပါလိမ့်မယ် ။ ဒါကြောင့် တင်းမထားပါနဲ့ ဝအောင်ငိုပါ ၊ ခံစားပါ ။

ဘာ့ကြောင့် လမ်းခွဲရတာလဲ ၊ ကိုယ့်ဘက်က ချစ်ခဲ့ရသလောက် ဘာ့ကြောင့် ရက်စက်နိုင်ရတာလဲ ဆိုတာကို ထပ်တလဲလဲ မေးခွန်းထုတ်မနေပါနဲ့တော့ ။
တူညီတဲ့ အဖြေတစ်ခုဟာ ရေစက်ကုန်သွားလို့ ၊ သူမချစ်တော့လို့ ပါပဲ ။

ခွဲခွါရခြင်းကို လက်ခံနိုင်သွားပြီးရင် နောက်တစ်ဆင့် တက်ဖို့ ကြိုးစားပါ ။

…..
၂ ။ အလုံးစုံ ခွင့်လွှတ်ခြင်း

လမ်းခွဲပြီးတဲ့ လူတစ်ယောက်ကို ကောင်းခြင်း ၊ ဆိုးခြင်း အားလုံး ခွင့်လွှတ်လိုက်ပါ ။ အငြို းတေး မထားပါနဲ့ ။ လက်စာ္းချေလိုစိတ် ၊ ခွင့်မလွှတ်နိုင်တဲ့စိတ်တွေဟာ သိပ်ပူလောင်ရပါတယ် ။ ရေစက်ပါသလောက် တွေ့ပြီး ၊ ရေစက်ကုန်လို့ ဝေးရတယ်သာ တွေးပါ ။ နာကျင်မှုတွေကိုလည်း ဝဋ်ကြွေးတစ်ခု ကြေတယ်လို့သာ သ၊တ်မှတ်ပါ ။

ဒီအချိန်မှာ အလုပ်သင့်ဆုံးအရာက သူနဲ့ပတ်သက်တာတွေကို ပစ်ထားလိုက်တာပါပဲ ။ ကိုယ်နဲ့ လမ်းခွဲပြီး သူဘာလုပ်နေမလဲ ၊ ဘယ်သူနဲ့ Date နေလဲ ၊ ဒါတွေ မလေ့လာပါနဲ့တော့ ။ သူဟာ သူစိမ်းတစ်ယောက်ဖြစ်သွားပြီ ၊ ကိုယ်နဲ့ မဆိုင်တော့ပါဘူး ။

ခွင့်လွှတ်တဲ့အခါမှာ ပြတ်သားခြင်းလည်း ပါဝင်ပါစေ ။

တစ်ချို့လူတွေက လမ်းခွဲခဲ့ပြီးတာကိုတောင် အခြား Account ကနေဝင်ပြီး my day စောင့်ကြည့်ရတာမျိုး ၊ သူဘာတွေတင်နေလဲ ၊ ဘယ်သူနဲ့လဲ စုံစမ်းတတ်ကြတယ် ။ ဒါက အရမ်းဆိုးတဲ့ အချက်ပါပဲ ၊ လုံးဝ မလုပ်မိပါစေနဲ့ ။

နောက်တစ်ခုက တစ်ဖက်သပ်ကြီး ကျန်ခဲ့ရတယ်ဆိုရင်တောင်မှ ၊ သူ့မကောင်းကြောင်းတွေ မပြောနဲ့ ။
အချစ်ဟာ စက်ဘီးလေး တစ်စီးလိုပါပဲတဲ့ ၊၊ ဘီးနှစ်ခုဟာ Balance ကျနေမှ အဆင်ပြေမှာ ၊ တစ်ဖက်က ချို့ယွင်းလာရင် မကြာဘူး လှဲတာပါပဲ ။

ဒီလိုမျိုး သူ့မကောင်းပြန်ပြောတာ ၊ Badmouthing လုပ်တာဟာ ကိုယ့်ရဲ့ မပြည့်ဝမှုကို ပြသလို ၊ စိတ်ကိုလဲ အကြည်ဓာတ်ပျက်စေပါတယ် ။ ဒါဆိုရင် Healing Journey မှာ move on လုပ်ဖို့ သိပ်ခက်သွားပါလိမ့်မယ် ။

ဒါကြောင့် လမ်းခွဲပြီးရင် တစ်ယောက်တည်း နေသားကျလာဖို့ ၊ အဆင်ပြေလာဖို့က အနာဟောင်းကို သွားသွားမထိဖို့ သိပ်အရေးကြီးတယ် ။ ဝက်ခြံပေါက်တာ ဖြစ်ဖြစ် ၊ ဒ္ ဏ်ရာရတာပဲ ဖြစ်ဖြစ် အဲ့ဒီ့ အနာကို ခဏခဏ သွားဆွနေရင် ပိုဆိုးလာဖို့ပဲ ရှိပါတယ် ။ ဘယ်လိုနည်းနဲ့မှ အနာကျက်မလာတော့ဘူး ။အနာတစ်ခု မြန်မြန်ကျက်ချင်ရင် သူ့အနာကို မထိခိုက်မိစေဖို့ သတိထားရမယ် ။

လမ်းခွဲပြီးသားလူတစ်ယောက်ကို ခွင့်လွှတ်လိုက်ပြီဆိုရင် … သူဘာလုပ်နေလဲ ၊ ဘာဖြစ်နေလဲ ၊ ဘယ်သူနဲ့လဲ သိစရာမလိုတော့ဘူး မဟုတ်လား ။

……
၃ ။ Healing time

Healing time ဟာ တစ်ယောက်နဲ့ တစ်ယောက်မတူပါဘူး ။ တစ်ချို့လူတွေက ၁ ပတ် ၁၀ ရက်လောက်နဲ့ Move on နိုင်ပေမဲ့ တစ်ချို့ကတော့ နှစ်လအကြာထိ ဖြစ်နေတတ်ပါတယ် ။

အမြင့်ရောက်ပြီးမှ ပြန်ပြုတ်ကျလာတဲ့အခါ မြင့်ရင် ၊ မြင့်သလောက် နာကျင်ရသလိုမျိုးပါပဲ ၊ ကိုယ်ချစ်ရင် ချစ်သလောက် ၊ သံယောဇဉ်ကြီးမားရင် ကြီးမားသလောက် နာကျင်ရပါတယ် ။

ဒါကြောင့် သူ့များရဲ့ Healing time နဲ့ မနှိုင်းယှဉ်ပါနဲ ။ဒါဟာ ကိုယ်က ပျော့ညံ့နေလို့မဟုတ်ပါဘူး ၊၊

နောက်တစ်ခု အရေးကြီးတာက ကိုယ့်ကိုကိုယ် အပြစ်မတင်မိစေနဲ့ ။ ငါက အသုံးမကျလို့ ၊ ငါက အချစ်နဲ့မထိုက်တန်လို့ စသဖြင့် ကိုယ့်ကိုကိုယ် သိမ်ငယ်စိတ်ဝင်တတ်ပါတယ် ၊၊ ကိုယ်ဟာ သိပ်အဖိုးတန်တယ် ၊ အချစ်ခံရဖို့ ထိုက်တန်ပါတယ် ။ သူကသာ တန်ဖိုးကို မမြင်တတ်ခဲ့တာပါ ။ တစ်နည်းပြောရရင် Wrong Person နဲ့ ဆုံခဲ့ရတာပါ ။

ကိုယ့်ကိုကိုယ် အချိန်ပေးပါ ။ ဝါသနာ ပါတဲ့အရာတွေ လုပ်ဖို့ ၊ တိုးတက်ရာ တိုးတက်ကြောင်း လုပ်ဖို့ အချိန်ယူပါ ။ တစ်ယောက်တည်း ရပ်တည်နိုင်ကြောင်း ၊ ကိုယ်ဟာ သန်မာကြောင်း စမ်းသပ်ပါ ။

အရင်တုန်းက သူနဲ့အတူဆိုပြီး တွေးထားတဲ့ စိတ်ကူးတွေကို တစ်ယောက်တည်း အကောင်ထည်ဖော်ပါ ။ ဥပမာ - သူနဲ့အတူ သွားဖို့ရည်စူးထားတဲ့ ခရီးကို ကိုယ်တစ်ယောက်တည်း သွားတာမျိုး ၊ အတူထိုင်နေကျ ဆိုင်မှာ တစ်ယောက်တည်း ထိုင်ကြည့်တာမျိုး လုပ်ပါ ။ အစပိုင်းမှာ ခက်ခဲနိုင်ပေမဲ့ ကြားလာတော့ ကိုယ်ဟာ တစ်ယောက်တည်းဖြစ်သွားရခြင်းကို လက်ခံပြီး အသားကျသွားပါလိမ့်မယ် ။ သူမရှိတော့ပေမဲ့လည်း အဆင်ပြေသွားတာပါပဲ ဆိုတဲ့ အသိမျိုး ရလာပါလိမ့်မယ် ။

ကိုယ်ရည်ကိုယ်သွေးကို နောက်ထပ် Level တစ်ခုရောက်ဖို့ ကြိုးစားပါ ။ စာဖတ်တာတွေ ၊ Gym သွားတာတွေ ၊ Skill တစ်ခုခု လေ့လာတာမျိုးတွေ မဖြစ်မနေလုပ်ပါ ။ အရင်ကထက် ကိုယ်ဟာ ပိုတော်လာတယ် ၊ ပိုကြည့်ကောင်းလာတယ် ၊ ပိုက်ဆံပိုရှာလာနိုင်တယ် ဆိုတဲ့ ခံစားချက်မျိုးရအောင် နေခြင်းက စိတ်ဒဏ်ရာတွေကို လျော့နည်းသွားစေမှာပါ ။

….
အချုပ်အားဖြင့် ပြောရရင် လမ်းခွဲခြင်း ၊ အသဲကွဲခြင်းဟာ သာမှန်ဖြစ်ရိုး ဖြစ်စဉ်ပါပဲ ။ ဘဝရဲ့ ဘယ်အချိန်မှာမဆို ကြုံရနိုင်ပါတယ် ။ ဒါဟာ ဘဝရဲ့ အစိတ်ပိုင်းတစ်ခုမျှသာ ဖြစ်ပါတယ် ။ ထာဝရ ခံစားနေရမဲ့ နာတာရှည်ရော ဂါ မဟုတ်ပါဘူး ။ အချိန်က ကုစားသွားပါလိမ့်မယ် ။ သူမရှိတော့တဲ့ နေ့ရက်တွေမှာ တစ်ယောက်တည်း ဖြတ်သန်းရင်း အသစ်သော လူတွေ ၊ အသစ်သော အတွေ့အကြုံတွေနဲ့ ဘဝဟာ ထပ်ကြုံရပါဦးမယ် ။ အဲ့ဒီအရာတွေနဲ့ အဆင်ပြေပြေ အသားကျသွားပါလိမ့်မယ် ။

" People come and go , That’s Life . "

လူတွေဟာ ဝင်လာမယ် ၊ အချိန်တန် ပြန်ထွက်သွားကြမယ် ၊ ဒါဟာ ဘဝပါပဲ ။ လူတစ်ယောက် ကိုယ့်ဘဝထဲ ဝင်လာပြီး ပြန်ထွက်သွားတဲ့အခါ ကိုယ်ဟာ ဘယ်လိုပုံစံနဲ့ ကျန်နေခဲ့မလဲ ၊ ဘယ်လို ကုစားရမလဲဆိုတာဟာ ကိုယ့်ရဲ့ အရည်ချင်းပါပဲ ။



#အကောင်းမြင်စိတ်ထား

စာအုပ်ကို သဘောကျဖတ်ရှုလို၍မှာယူလိုပါက
Page cbတွင် ဆက်သွယ် မှာယူနိုင်ပါတယ်💛📖

အထက်တန်းစား ရေ_______________[ကျနော်ဖတ်မိသော စာအုပ်)ဘဝပျက်တယ်ဆိုတဲ့ အသုံးအနှုန်း မသုံးပါနဲ့။ လူတစ်ယောက်ရဲ့ဘဝက သူတစ်ပါး ပ...
11/10/2024

အထက်တန်းစား ရေ
_______________

[ကျနော်ဖတ်မိသော စာအုပ်)

ဘဝပျက်တယ်ဆိုတဲ့ အသုံးအနှုန်း မသုံးပါနဲ့။ လူတစ်ယောက်ရဲ့ဘဝက သူတစ်ပါး ပယောဂကြောင့် စွန်းထင်းခဲ့ရတာလည်းရှိတာပဲ။

ဘာဖြစ်ဖြစ် ဘယ်လိုအခက်အခဲ ဒုက္ခနဲ့ကြုံကြုံ ကိုယ့်ဘဝကို ကိုယ်ပိုင်တယ်။ ကိုယ့်ဘဝက ကိုယ့်လက်ထဲမှာ၊ ကိုယ့်ဘဝကို ဖျက်စီးနိုင်တာလည်း ကိုယ်ပဲ၊ ကိုယ့်ဘဝကို ဖန်တီးနိုင်တာလည်း ကိုယ်ပဲ မဟုတ်လား ။

ကိုယ်ကိုယ်တိုင်က ကိုယ့်ဘဝကို မဖျက်စီးရင် ဘယ်သူမှ လာဖျက်စီးလို့မရဘူး။

ဇာမနီမေဆိုတဲ့ မိန်းမက ဘဝကံကြမ္မာကျိုးဆက်မကောင်းခဲ့လို့ မိဘရှိရက်နဲ့ မိဘမဲ့ဖြစ်ပြီး သူစိမ်းအဒေါ်တစ်ယောက်အိမ်မှာ ထမင်းစား ကျွန်ခံဘဝနဲ့ အနိုင်ကျင့်ခံကြီးပြင်းခဲ့တယ်။ သူတစ်ပါးကြီးပွားရေးအတွက် အသက်မပြည့်ဘဲ အဓမ္မသွေးဆောင်ဖြားယောင် အသုံးချခံခဲ့ရတယ်ဆိုပေမယ့် ရဲရင့်ခြင်းနဲ့ ဂုဏ်သိက္ခာမြင့်မားခြင်းရဲ့ အမှတ်အသားကို တစ်ခုကို ဆွဲကိုင်ခဲ့တဲ့မိန်းမ။

အဲဒါက ဇာမနီငှက်ပဲ။ ဟုတ်တယ် ဇာမနီငှက်၊ ဇာမနီငှက်ဆိုတာ အမွှေးတစ်ပင်ကျွတ်ရင်တောင် သူ့တို့ဘဝတစ်လျှောက်လုံး အရှက်ရနာကျင်ရတတ်တယ်။ ရန်သူကို အမွှေးတစ်ပင်တောင် အကျွတ်မခံပဲ ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်တတ်ကြတယ်။

ဒါကြောင့် ဇာမနီမေဆိုတဲ့ မိန်းမက ဇာမနီငှက်ကိုမော်ကြည့်ရင်း သူ့ဘာသာသူနာမည်မှဲ့ခဲ့တာ။ မိန်းမသားဆိုပေမယ့် အဓမ္မဖျက်စီးခံရတဲ့ဘဝကို အရှုံးမပေးဘူး။ ပျံနိုင်သလောက် မြင့်မြင့်ပျံနိုင်အောင် ကြိုးစားခဲ့တယ်။

ဒီလို မြင့်မြင့်ပျံသန်းနိုင်ဖို့ဆိုတာ ဘဝမှာ အကြောက်တရားမရှိသူတစ်ယောက်အဖြစ် ရပ်တည်နိုင်ရမယ်။ ဘယ်လိုဒုက္ခပဲရှိရှိ ကိုယ့်ခွန်အားနဲ့ ကိုယ့်ဝမ်း ကိုယ်ကျောင်းတဲ့ လူတစ်ယောက်အဖို့ ဘယ့်သူကိုမှ ဦးညွှန်စရာမလိုဘူး။

တစ်ခါတလေ လောကကြီးက မကောင်းမှုပြုသူကို တန်ပြန်ဝဋ်ပြန်ပေးဆပ်ခိုင်းဖို့ ဘာကြောင့်များ တုံ့ဆိုင်းနောက်နှေးနေရသလဲ ။

ဒီနိုင်ငံမှာ နေပြီး ဒီပြည်သူတွေကို မတရားအနိုင်အထက်လည်း ကျင့်သေးတယ်။ ဟော ဒီနိုင်ငံပေါ်မှာ သူတို့ နေထိုင်စားသောက်နေတာက အထက်တန်းစားတဲ့လား။

ဘယ်သူကတရားပြီး ဘယ်သူမတရားတာလဲ...။

အကျင့်မကောင်းတဲ့အကောင်တွေ ဦးထွဋ်ခေါင်လွန်းလို လူတွေ လွတ်တော်အမတ်ဖြစ်လာရင် ဒီပြည်သူတွေရဲ့ အသက်အိုးအိမ်လုံခြုံမှုကို ငရဲမိစ္ဆာလက်ထဲ ထိုးအပ်ခံရတာနဲ့အတူတူပဲ မဟုတ်လား။

ဒါကြောင့် လူတွေကို ရေလို့တင်စားရင် အဲဒီရေဟာ ညစ်ညမ်းနေတဲ့ရေမဖြစ်ရဘူး။ တစ်ပါးသူရဲ့ အာဏာနဲ့ချယ်လည်ခံရတဲ့ ဘောင်ခတ်ထားတဲ့ကန်ထဲက ရေလည်းမဖြစ်ရဘူး။ သူတို့သောင်ချင်သလိုသောင် မောက်ချင်သလိုမောက်တဲ့ လက်ခုပ်ထဲက ရေလည်း မဖြစ်ရဘူး။ စီးဆင်းခွင့်ရှိတဲ့ မြစ်ရေဖြစ်ရင်တောင် ငန်နေတဲ့ ပင်လယ်ပြင်ကြီးထဲ စီးဆင်းတဲ့ရေ မဖြစ်လိုဘူး။

လူတိုင်းလူတိုင်းဟာ မြင့်မားတဲ့တောင်ပေါ်ကနေ အရှန်အဟုတ်ကြီးတဲ့ ခွန်အားနဲ့စီးဆင်းခွင့်ရှိတဲ့ ကျောက်ဆောင် ကျောက်တုံးကြီးကို အံတုကျော်လွှားနိုင်တဲ့ အများအတွက်အသုံးဝင်တဲ့ ရေပဲ ဖြစ်သင့်တယ်။

မိန်းမတစ်ယောက်ကိုချစ်ရင် သူ့ရဲ့အတိတ်အနာအဆာကို နားလည်နိုင်ရမှာပေါ့။ အဲဒါမှ မဟုတ်ရင် ကိုလင်းလွန်နဲ့ဇာမနီမေတို့ ဘယ်လိုပေါင်ဆုံနိုင်ကြမလဲ ။

ဒီလိုပဲပေါ့။ ယောက်ျားတစ်ယောက်ရဲ့ အတိတ်အနာဟောင်းဟာ သူရဲ့အနာဂတ်အချစ်ခရီးကို သွားအထိခိုက်လို့ ဘယ်ရမလဲ။

လူဆိုး ၊ လူမိုက် ၊ လူသတ်သမားတွေမှာတောင် သူတို့သိပ်ချစ် (အချစ်ဆုံး) ဖြစ်တဲ့သူတွေဆိုတာ ရှိကြတာပဲ မဟုတ်လား။

အချစ်ဆိုတာ အယုတ်အလတ်အမြတ်မရွေး ချစ်ခွင့်ရှိတယ်။ ချစ်စိတ်လည်းပေါ်နိုင်တယ်။ အချစ်စိတ်ကို ဘာနဲ့မှ အကန့်သတ်ထားလို့မရဘူး။ အချစ်ဆိုတာ လူ့အခွင့်အရေးတစ်ခုပါ ။

ဇင်မိုးသာလို အနာတရရှိတဲ့ ဇာမနီမေကို အရာရာနားလည်ပြီး ဖေးမကူရင်း သံယောဇဥ်တွယ်မိတာ မပြစ်တစ်ခုလို့ ဘယ်သူက စွန့်စွဲမှာလဲ ။ အဲဒီ တွယ်မိတဲ့ သံယောဇဥ်ဆိုတာ အချစ်အဖြစ်ပြောင်းလဲသွားရင် ဘဝအတွက် ဘယ်လောက် စွမ်းအားကြီးသလဲ ။

ဘာဖြစ်ဖြစ်ပါ ။ မပိုင်ဆိုင်ရတဲ့ အချစ်တစ်ခုကို အကောင်းဆုံးသူငယ်ချင်း မိတ်ဆွေအဖြစ် လက်တွဲနိုင်တဲ့ ဇင်မိုးသာရဲ့စိတ်က ဘယ်လောက် ကြီးမြတ်လေသလဲကွယ်။

လောကမှာ အကောင်းဆုံးသော မိဘ၊ အကောင်းဆုံးသော သူငယ်ချင်း မိတ်ဆွေ၊ အကောင်းဆုံးသော ချစ်သူအိမ်ထောင်ဖက်၊ အဲဒါတွေ တစ်ခါလောက်ဆုံးရှုံးပြီးသွားရင် ပြန်ရဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး မဟုတ်လား ။

ဇာမနီမေက အရှိန်အဟုန်ပြင်းပြင်း စီးဆင်းလာခဲ့ပြီးမှ ကြီးမားတဲ့ ခွန်အားမျိုးနဲ့ ကျောက်ဆောင် ကျောက်သား ချောက်ကမ်းပါးတွေကိုတောင် ရင်ဆိုင်ပွတ်တိုက် ထိခတ် ပွန်းပဲ့ ပြတ်ရှ ပြောင်းလဲနိုင်စွမ်းရှိတဲ့ ရေတံခွန်ရေ ၊ အထက်တန်းစားရေဆိုရင်... ၊

လင်းလွန်က ကျောက်ဆောင် ။ ဒါပေမယ့် ရေတံခွန်ရဲ့ တိုက်စားပြုပြင်ပြောင်းလဲခြင်းကို ခံခဲ့ရလို့ ပြောင်းလဲသွားရတဲ့ ကျောက်ဆောင်ဆိုရင်....၊

ဇင်မိုးသာဟာ မြေပြင် ။ အရှိန်ပြင်းပြင်းနဲ့ ရေဘယ်လောက်စီးစီး ဟိုးအောက်ခြေကနေ ကြံ့ကြံ့ခံ ဖြည့်ဆည်ပေးနေမယ့် ရေအောက် မြေပြင် လိုသာ ကျနော်တို့ သခ်န်းစားယူနိုင်ပါတယ် ။ ။

ချစ်ခင်လေးစာလျက်

မောင်သုည (ရှပ်ပုံသားလေး)
Oct.8.2024

#မောင်သုည
#ရှပ်ပုံသားလေး
#စာအုပ်
#ဝတ်ထု
#ပုညခင်
#အထက်တန်းစားရေ
"

" စိတ်မပျော်တဲ့အခါ "- နားကြပ်တပ်ပြီး သီချင်းနားထောင်ပါ ။- motivation ပေးတဲ့ စာအုပ် ဖတ်ပါ ။- စိိတ်မထိန်းနိုင်တဲ့အခါ ငိုချ...
07/10/2024

" စိတ်မပျော်တဲ့အခါ "

- နားကြပ်တပ်ပြီး သီချင်းနားထောင်ပါ ။

- motivation ပေးတဲ့ စာအုပ် ဖတ်ပါ ။

- စိိတ်မထိန်းနိုင်တဲ့အခါ ငိုချင် ငိုလိုက်ပါ ။

- ဘာမှ မတွေးဘဲ တရေးလောက် အိပ်လိုက်ပါ ။

- အချိုဓာတ်လေး အနည်းငယ် ဖြည့်ပေးပါ ။
ဥပမာ ကိတ်စားတာ၊သကြားလုံးငုံပေးတာ ။
ဘဝက ခါးပေမဲ့ လက်ထဲမှာ သကြားလုံး ရှိတယ်လေ ။

- ဆရာလယ်တွင်းသားစောချစ်ရဲ့ စာပေ ဟောပြောပွဲတွေ နားထောင်ကြည့်ပါ ။

- ခံစားနေရတာ စာအုပ်ထဲ ချရေးလိုက်ပါ ။
စိတ်မပျော်တဲ့အကြောင်း သုံးခါလောက် ထပ်ခါထပ်ခါ ချရေးလိုက်ပါ ။ ဒီအရာက ထင်သလောက် အရေးမပါမှန်း သိသွားမယ် ။

- ဖုန်းထဲက Album ထဲ ကိုယ့်ဓာတ်ပုံတွေကို ပြန်ကြည့်ပါ ။အမှတ်တရကောင်းတွေကို ပြန်တွေးကြည့်ပါ ။

- ဘဝက ထင်သလောက် မလွယ်ကူဘူး ။ ကြိုးစားရှင်သန်ရတယ်ဆိုတာ သတိရပါ ။

- ကောင်းကင်ပေါ်က ငှက်လေးတွေကို ငေးကြည့်ပါ ။ တောင်တန်းတွေကို ကြည့်ပါ ။

- ဝါသနာပါရာ တစ်ခုခု လုပ်ပါ ။ ပန်းချီဆွဲတာ ၊ ဂီတာတီးတာ ၊ ဟင်းချက်တာ ၊ ဂိမ်းဆော့တာ ၊ ပန်းစိုက်တာ
စသဖြင့် ။

- Run Your Race ကိုယ့်ဘဝရဲ့ လမ်းကြောင်းပေါ်မှာပဲ ပြေးနေပါ ။

- It's a bad day not a bad life ဆိုတဲ့ စကားကို ပြန်သတိရလိုက်ပါ ။

- ဘာမှ လုပ်ချင်စိတ်မရှိရင် ဒီတိုင်း စိတ်ကို လေလွင့်ခွင့်ပေးလိုက်ပါ ။ ခဏလောက် လွတ်ချလိုက်ပါ ။

( ကိုယ့်ဘဝအတွက် ကိုယ်ဟာ အမြဲတမ်း ကြံ့ခိုင်သန်မာနေရမယ် ။ မောလာတဲ့အခါ စိတ်ရောကိုယ်ပါ ခဏအနားယူပြီး ပြန်ရှေ့ဆက်ကြမယ် ။ အေးဆေးပေါ့....။ )

06/10/2024

မင်္ဂလာပါရှင့်....

မင်မင်တို့ စံ Bookshop ကနေပြန်လည်ကြိုဆိုပါတယ်ရှင့်
ပထမဆုံးအနေနဲ့ မင်မင်တို့ ကာကာလေးတွေကို တောင်ပန်းပါတယ်ရှင့်...🌿🙏🏼
မင်မင်တို့ ဖက်မှာရေတွေကြီး လိုင်းတွေပြတ် သွားတာကြောင့် စာလေးတွေကို မပြန်ပေးနိုင်လိုက်လို့ပါရှင့်🙏🏼
မင်မင်တို့အိမ်လည်းရေမြုတ်သွားပါတယ် ခုထိရှင်းနေရတုန်းပါ အရင်တိုင်းပုံမှန်လို့၀န်ဆောင်မှုလေးတွေပြန်ပေးနိုင်အောင် မင်"ကြိုးစားနေပါတယ်ရှင့်🌿

ဒီနေ့ကစပြီး မင်"နား စာအုပ်လေးတွေ ပြန်လာအားပေးလို့ရပါတယ်ရှင့်🌻

#စံBookshop
#တောင်ပန်းပါတယ်

အချစ် (သို့မဟုတ်) ဝင်္ကပါ (အစ/အဆုံး) #ပုညခင်အပိုင်း (၁)https://www.facebook.com/100070723514638/posts/555980513436061/?a...
05/09/2024

အချစ် (သို့မဟုတ်) ဝင်္ကပါ (အစ/အဆုံး)

#ပုညခင်

အပိုင်း (၁)
https://www.facebook.com/100070723514638/posts/555980513436061/?app=fbl

အပိုင်း (၂)
https://www.facebook.com/100070723514638/posts/556227396744706/?app=fbl

အပိုင်း (၃)
https://www.facebook.com/100070723514638/posts/556228346744611/?app=fbl

အပိုင်း (၄)
https://www.facebook.com/100070723514638/posts/556275076739938/?app=fbl

အပိုင်း (၅)
https://www.facebook.com/100070723514638/posts/556275643406548/?app=fbl

အပိုင်း (၆)
https://www.facebook.com/100070723514638/posts/556276423406470/?app=fbl

အပိုင်း (၇)
https://www.facebook.com/100070723514638/posts/556277253406387/?app=fbl

အပိုင်း (၈)
https://www.facebook.com/100070723514638/posts/556277886739657/?app=fbl

အပိုင်း (၉)
https://www.facebook.com/100070723514638/posts/556278506739595/?app=fbl

အပိုင်း (၁၀)
https://www.facebook.com/100070723514638/posts/556279200072859/?app=fbl

အပိုင်း (၁၁)
https://www.facebook.com/100070723514638/posts/556280526739393/?app=fbl

ဆရာမ ပုညခင်အား အစဉ်ချစ်ခင်လေးစားကြည်ညိုလျက်.....

မေတ္တာဖြင့်
ရှေးရှေးတုန်းက ဝတ္ထုကောင်းလေးတွေ
စာပေပေ့ခ်ျထဲမှတဆင့် ကူးယူမျှဝေပေးပါသည်။

စာပေချစ်မြတ်နိုးသူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ...

အချစ် (သို့မဟုတ်) ဝင်္ကပါ

#ပုညခင်

အခန်း (၁)

“ငွေလသာ” သည် အေးစက်လာသော လက်ဖျား
ကလေး နှစ်ဖက်ကို စုဆုပ်ကာ လည်ပင်းမှာ ကပ်ထားလိုက်ပြီး မေးစေ့နှင့် ပြန်ငုံ့ဖိချထားလိုက်သည်။ နွေးထွေးလာမလားဟုပင်။

ပြီးတော့ ထိုအနေအထားအတိုင်း မျက်လွှာပင့်ကာ ကော်ဖီဆိုင်ရှေ့ လမ်းကလေးဆီ ဘယ်နှကြိမ်မြောက်မှန်းမသိ မျှော်ငေးနေလိုက်သည်။ စိတ်ထဲမှာတော့ “ကိုရေ... လာပါတော့” ဟု တီးတိုး
ညည်းညူတမ်းတနေသည်။

ကို့ကို ငွေလ ကို စောင့်နေခဲ့တာ တစ်နာရီတောင်ရှိတော့မလားပဲ။ နာရီလည်းမကြည့်ချင်တော့ပါဘူး။ ဘယ်နှနာရီဖြစ်ဖြစ် ဆက်စောင့်ချင်သည်။ စောင့်မယ်ပြောထားပြီးမှ မစောင့်ဘဲ ပြန်မသွားချင်တာ ငွေလအကျင့်ပင်။ အထူးသဖြင့် ကိုနဲ့ချိန်းထားပြီးမှတော့ မတွေ့ဘဲမပြန်ချင်..။ ငွေလရဲ့ ကိုဟာ
တွေ့ရခဲသူတစ်ယောက်မို့လည်း ရံဖန်ရံခါ တွေ့ခွင့်ကလေးကို မျှော်မောမိတာပင် … ။

ငွေလနဲ့ ကိုဟာ ချစ်သူတွေဆိုပေမယ့် မကြာခဏ
တွေ့ခွင့်ရတာမဟုတ်ပါ။ ငွေလက အားပေမယ့် ကို့မှာက များပြားလှတဲ့ အလုပ်တာဝန်တွေနှင့် ….။ “မင်းထင်စည်" ဆိုတဲ့ငွေလရဲ့ ချစ်သူဟာ ငယ်ငယ်ရွယ်ရွယ်နှင့်ပင် ဖခင်ဖြစ်သူရဲ့ အလုပ်
တာဝန်တွေကို ပခုံးပြောင်းယူခဲ့ရသူ ဖြစ်ပါသည်။

ကိုဟာ တစ်ဦးတည်းသော သား၊ ကို့အမေမှာ
လည်း အားကိုးစရာဆိုလို့ ဒီသားတစ်ယောက်သာ ရှိတာမို့ ကို့ဖခင် ဆုံးသွားပြီးကတည်းက ကိုကပဲ အရာရာဦးဆောင်နေရသည်။

စင်ရော်တောင်လို အပေါ်ဘက်သို့ ခပ်တက်တက်
မျက်ခုံးထူထူနက်နက် တစ်စုံအောက်က ကို့ရဲ့ ဗာဒံစေ့ပုံ မျက်လုံး တွေက သိန်းငှက်လို အမြဲစူးရှသည်။ အရယ် အပြုံးနည်းသော တင်းတင်းစေ့နေတတ်သည့် နှုတ်ခမ်းတွေမှာ မာနရိပ်တွေစွန်းကာ
ကို့မျက်နှာထားက ခက်ထန်သည်။ သို့သော် ကို့ရဲ့ တည်တင်းလှသော မျက်နှာက တစ်မျိုးစူးရှထူးခြားကာ ဆွဲဆောင်မှု ရှိနေတတ်ပြန်သည်။

ကိုဟာ ပဒေသရာဇ်ဆန်ဆန် ယောက်ျားမျိုး.. ။
ကို ဘယ်သွားသွား ကိုယ့်နောက်မှာ အခြွေအရံ နောက်တော်ပါးတွေ အမြဲပါရသည်။ ယောပုဆိုးနှင့် တိုက်ပုံအနက်တွေ ဝတ်ထားသော တပည့်လက်သား အခြံအရံ သုံးယောက်နှင့် အမြဲသွားလာ
တတ်သော ကို့အနားကို တော်ရုံလူ ကပ်မရ..။
‘ငွေလသာ”နဲ့ “မင်းထင်စည်”ဆိုတာ အသက်ချင်း
သိပ်ကွာလှတာ မဟုတ်ပေမယ့် ငွေလသာက ခုထိ ကလေးလိုမျိုး မနူးမနပ် မရင့်မကျက် ရှိနေရဆဲ၊ ကိုကတော့ ကုမ္ပဏီတစ်ခုကို ဦးဆောင်နိုင်သည့် သူဌေးလေး ဖြစ်နေပြီ။

ငွေလက ကို့ကို ချစ်လည်းချစ်၊ ကြောက်လည်း
ကြောက်ရပါသည်။ အလုပ်များလှသော ကို့ကိုတဂျီဂျီ သွားလုပ်လို့မရ…… ။
ကိုက ငွေလ အလိုကျ ဘာမဆို လိုက်လျောမည့်သူမျိုးမဟုတ်၊ သူလုပ်မပေးနိုင်တာ သွား ဂျီကျလျှင် အော်ငေါက်ထုတ်သည့် သူမျိုး။ ကိုက အလျှော့ပေးတတ်သူ မဟုတ်၍ ငွေလက အလျှော့ပေးတတ်သူ ဖြစ်လာရပါသည်။

တစ်ခါတုန်းက ကို meeting ထိုင်နေတုန်းမှာ ငွေလ
က ဖုန်းဆက်ပြီး ရုပ်ရှင်ကြည့်ဖို့ ပူဆာမိသဖြင့် ကို ပြန်ပြောသော စကားတစ်ခွန်းကို ငွေလ စွဲစွဲမြဲမြဲ မှတ်ထားရပါသည်။

“မှတ်ထား ငွေလသာ… မင်းထင်စည်ဟာ မိန်းမ တစ်
ယောက် အလိုကျ ဘာမဆို လိုက်လျောဖို့ အသင့်ပဲဆိုတဲ့ အရူးအပေါမျိုးမဟုတ်ဘူး ..”

ကိုဟာ အဲဒီလို ပြတ်သားတတ်သည့် ယောက်ျား
မျိုး။ အားနာငဲ့ညှာမှုမရှိ၊ ပျော့ပျောင်းညင်သာမှုမရှိ။ သို့သော်… ကို့ကို ငွေလ သိပ်ချစ်ရပါသည်။

“ငွေလသာ မင်းကို ကိုယ် ခုကတည်းက ကြိုပြောထားမယ်နော်၊ ကိုယ်က ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် နေတတ်တဲ့ သူမျိုးပဲ၊ ကိုယ့်ကို မင်း ပိုင်ဆိုင်ထားတဲ့ ပစ္စည်းတစ်ခုလိုပြုပြင်ဖို့ မကြိုးစားနဲ့၊ ကိုယ့်ပကတိပုံစံကို လက်မခံနိုင်ရင် မင်း အချိန်မရွေး လမ်းခွဲသွားနိုင်တယ် ..."

ကိုက ဒီလိုပြောပေမယ့် ငွေလ ဘက်ကတော့ ကို့ကို
ဘယ်တော့မှ ခွဲမသွားနိုင်တာ သေချာခဲ့ပါသည်။
ငွေလအတွက်တော့ အချစ်ဆိုတာ ငွေလဘဝရဲ့ အဓိက ပထမပင်။ အချစ်ရှိမှသာ ဘဝမှာ လန်းလန်းဆန်းဆန်း ရှင်သန်နိုင်မည်ဟု ထင်သည်။

ငွေလသည် နွေးလာသော လက်နှစ်ဖက်ကို မေးစေ့
အောက်မှ ပြန်ထုတ်ကာ လက်ဖဝါးချင်း ပွတ်လိုက်ပြီး အေးစက်စက် ပါးပြင် နှစ်ဖက်ကို ပြန်အုပ်ကိုင်ကာ နွေးထွေးအောင် လုပ်လိုက်ပြန်သည်။ ကော်ဖီဆိုင်ထဲမှာ လူသိပ်မရှိတော့တာမို့ အဲကွန်းက ပိုအေးလာတယ်ထင်မိသည်။

စားပွဲထိုး ကောင်လေးက ငွေလရှေ့နား မလှမ်း
မကမ်းမှာ လာရပ်၍ ငွေလကို ခပ်ပြုံးပြုံးကြည့်သည်။ ငွေလ ဘယ်နှကြိမ်မှန်းမသိ ပြုံးပြရပြန်သည်။

“ပြီးမှ မှာမယ်နော်၊ အဖော်မလာသေးလို့ "

ကောင်လေး ပြန်ထွက်သွားသည်။ ငွေလကဆက်မျှော်ရသည်။ သို့သော်… ကို့အရိပ်အယောင်ကို မတွေ့၊ ငွေလ ရှေ့က ကော်ဖီခွက်လေးတောင် အေးစက်နေပြီ … ။

ကို မလာနိုင်ဘူးဆိုရင် ဖုန်းတော့ဆက်မှပေါ့၊ ဒီနေ့
ဟာ ငွေလသာရဲ့ မွေးနေ့၊ ဒီနေ့တစ်နေ့တော့ ဆက်ဆက်တွေ့ကြဖို့ ငွေလက စတင်တောင်းဆိုထားခဲ့တာပင်။ မွေးနေ့ကလွဲပြီး
ကျန်တဲ့နေ့ရက်တွေမှာ ငွေလက စ,ချိန်းရတယ်ဆိုတာ ခပ်ရှားရှားပင်။ ကို ဘယ်အချိန်အလုပ်အားပြီး ဘယ်အချိန် တွေ့ကြမယ် ပြောမလဲဟုသာ တဆန့်ငင်ငင် မျှော်ရ မောရသည်။

ငွေလက မွေးနေ့တွေမှာ လူများများနဲ့ ပျော်ပွဲရွှင်ပွဲ
တွေ လုပ်ချင်သူမျိုးမဟုတ်ပါ။ ကိုယ့်ချစ်သူနှင့် နှစ်ဦးတည်း မျက်နှာချင်းဆိုင်ထိုင်ပြီး တစ်ယောက်မျက်နှာ တစ်ယောက် ခပ်နက်နက်
စိုက်ကြည့်ရင်း ကော်ဖီတစ်ခွက်ကို တစိမ့်စိမ့်သောက်နေရရင် ကျေနပ်ပြီ။ တစ်ခါတစ်ခါတော့လည်း အတူ ဘေးချင်းယှဉ်ထိုင်ကာ
ကို့ပခုံးကို ခေါင်းငဲ့မှီရင်း ကြယ်တွေကို ငေးကြည့်ချင်မိသည်ပေါ့။

ငွေလသည် နာရီမကြည့်သော်လည်း ဆိုင်ကလေးထဲ
လူရှင်းတိတ်ဆိတ်လာတာ၊ လမ်းပေါ်မှာ အသွားအလာကျဲလာတာ၊ ဆိုင်ကလေးရှေ့က မီးလုံး တစ်လုံးစ, နှစ်လုံးစ ပိတ်လိုက်တာကို
သိမြင်သည်မို့ အချိန်မနည်းတော့ဘူးဆိုတာတော့ ရိပ်မိသည်။

ငွေလဘက်က အတတ်နိုင်ဆုံး စ,မခေါ်ဖို့ ဆုံးဖြတ်
ထားသည့် ဖုန်းလေးကို အိတ်ထဲမှ ထုတ်လိုက်သည်။ ခု အနေအထားမှာ ငွေလ ဖုန်းခေါ်ရင် ငွေလအလွန်မရှိဘူးထင်သည်။
သို့သော် ငွေလက ချင့်ချိန်တွေးဆနေသေးတာမို့ ငွေလရဲ့ ဆလိုက်ဖုန်းလေးကို တွန်းဖွင့်လိုက်၊ ပြန်ပိတ်လိုက်လုပ်ရင်း တွေဝေနေသည်။

နောက်ဆုံးတော့ ငွေလ စိတ်ဆုံးဖြတ်ကာ ကို့ရဲ့
ဖုန်းနံပါတ်တွေကို နှိပ်လိုက်ပါသည်။

*********

“ဘယ်သူ့ဆီက ဖုန်းလာလာ ငါ့ကိုလာမခေါ်နဲ့၊ ငါ စိတ်ရှုပ်နေတယ်။ ရော့ ငါ့ ဖုန်းပါယူထား၊ ဖုန်းလာရင်အဆင်ပြေသလို ကြည့်ပြောလိုက်”

မင်းထင်စည်သည် သူ့အတွင်းရေးမှူး ကျော်လွင်ထံ
ဖုန်းကို လှမ်းပစ်ပေးလိုက်တာမို့ ကျော်လွင်က ကမန်းကတန်း ဖမ်းယူလိုက်ရသည်။

သူက သူ့ရုံးခန်းထဲဝင်ကာ အခန်းတံခါး ပိတ်၊
lock ချထားလိုက်ပါသည်။
သူ့အာရုံထဲမှာ အရာအားလုံး ရှုပ်ထွေးနေသည်။
နားထင်စပ်မှာ တစစ်စစ် ထိုးကိုက်နေသည်။ ဒေါသကြောင့် ရင်တစ်ခုလုံး ဗလောင်ဆူနေသည်။

“ဟာကွာ … သွားစမ်းကွာ"

“ဒုံး ခွမ်း.. ချလွမ် .."

ထင်စည်က အခန်းထောင့်က ကြွေပန်းအိုးကြီးကို
လှမ်းယူကာ နံရံနှင့် ရိုက်ခွဲလိုက်သည်။ ပြီးတော့ စားပွဲပေါ်က တွေ့ရာမြင်ရာ ပစ္စည်းတွေကို လက်ဖြင့်ယမ်းပစ်လိုက်သည်။ သူ့အခန်းက တမုဟုတ်ချင်း ရှုပ်ပွသွားသည်။ ထင်စည်က ထိုနည်း
ဖြင့် ဒေါသကို ထွက်ပေါက်ပေးရင်း စိတ်ကိုတည်ငြိမ်အောင် ကြိုးစားထိန်းချုပ်ရသည်။

ထင်စည်က အဖေတူသားတဲ့၊ အဖေ့လိုပဲ ဒေါသကြီး
တယ်ဟု အားလုံးက သတ်မှတ်ကြပါသည်။ ဒါကို သူမငြင်းလိုပါ။
သူဟာ အဖေတူသားပဲ၊ သို့သော် အဖေ့လိုတော့ သေတဲ့အထိ နာကြည်းမှုတွေ သယ်မသွားချင်၊ အချစ်အတွက် အရှုံးတွေကို ပိုက်ပွေ့ မထားချင်.. ။ အချစ်နဲ့ပတ်သက်ရင်သူက အနိုင်သာ လိုချင်သည်။

"ဒက်ဒီ ၊ ဒက်ဒီ ဘယ်မှာလဲ … ၊ ကျွန်တော့်ကို အကြံဉာဏ်တွေ လာပေးပါဦး၊ ကျွန်တော် မရှင်းနိုင်တဲ့ကိစ္စတွေကို ဖြေရှင်းပေးပါဦး၊ ကျွန်တော် မသိနားမလည်တဲ့ကိစ္စတွေအများကြီး ရှိသေးလို့ပါ ဒက်ဒီရယ်”

ထင်စည်က ကြွေပန်းအိုးအကွဲအစတွေထဲ ဒူးထောက်ထိုင်ချသည်။ သူ့ခြေထောက်တွေ ကြွေစအကွဲစူးသော်လည်း နာကျင်မှုကို မေ့နေသည်။ အပြင်က အနာဟာ ရင်ထဲက အနာကိုမှ
မကျော်လွှားနိုင်ပဲ။

ခုလို အလုပ်ကိစ္စမှာ အခက်အခဲ အကျပ်အတည်း
တွေနှင့် စိတ်ရှုပ်ရတိုင်း ထင်စည်က ဒက်ဒီ့ကို သတိရသည်။
အဖေ့ကို သတိရတိုင်းလည်း ဒက်ဒီနှင့်ပတ်သက်သည့် အရာရာကို သတိရသည်။ ထိုအခါ ထင်စည့် နှလုံးသားတွေ ကြေမွမတတ် ခံစားရသည်။

ထင်စည်က ဒက်ဒီကို အစစအရာရာ အားကိုး
အထင်ကြီးခဲ့သူ၊ မှီခိုချင်ခဲ့သူတစ်ယောက်ဖြစ်ပါသည်။
အဖေဟာ အလုပ်မှာ တော်သူ၊ ထူးချွန်ထက်မြက်သူ၊ သာမန်လုပ်ငန်းငယ်လေးတစ်ခုမှ ကုမ္ပဏီလုပ်ငန်းစုကြီးဖြစ်လာအောင် စွမ်းဆောင်နိုင်ခဲ့သူပင်။ ဒက်ဒီဟာ အချစ်ရေးမှာ
ရှုံး ပေမယ့် အစစအရာရာမှာ အောင်မြင်ခဲ့သူဟု ထင်စည်က အထင် တကြီး ယုံကြည်သည်။

ထင်စည့်အဖို့တော့ ဒက်ဒီဟာ ကမ္ဘာကြီးပါပဲ။ အေး
စက်စက်နှင့် အမြဲတင်းမာကာ ဒက်ဒီကို အမြဲဆန့်ကျင်နေတတ်သော မာမီထက် ပိုပြီး ဒက်ဒီကိုချစ်သည်။ ရယ်စရာတွေပြောပြီး တဟား ဟား အော်ရယ်တတ်သော ဒက်ဒီကိုကြည့်ပြီး ထင်စည် ပျော်သည်။ ဒက်ဒီ့အပြုံးတွေရဲ့နောက်၊ ဒက်ဒီ ပြုံးပေမယ့် ဒက်ဒီ့ မျက်ဝန်းတွေ တစ်မျိုးတမည် ကြေကွဲနေတတ်တာကို မြင်တိုင်း ဒက်ဒီကို သူ သနားခဲ့သည်။

သို့သော် သူချစ်သော ဒက်ဒီက သူ့ဘဝထဲက စော
စီးစွာ ထွက်ခွာသွားခဲ့ပြီ…. ။ ဒက်ဒီ့အလုပ်တွေကို အရွယ်နှင့်မမျှ အတွေ့ အကြုံနှင့်မမျှ လွှဲပြောင်းယူလိုက်ရကတည်းက ထင်စည် ဟာ လူကြီးမဖြစ်ချင်သေးဘဲ လူကြီးဖြစ်ခဲ့ရတော့တာပင်။

တကယ်ဆို သူက သာမန် လူငယ်လေးလို
ပေါ့ပေါ့ပါးပါးနေချင်တုန်းပါ။ ကွာတား ဘောင်းဘီပွလေးဝတ်၊ တီရှပ် အရောင်တောက်တောက်လေးတွေ ဝတ်လျက် အိတ်တစ်လုံး စလွယ်သိုင်း၊ လျှာထိုးဦးထုပ်ကလေး နောက်ပြန်ဆောင်းကာ အပေါင်းအသင်းတွေနှင့် လျှောက်သွားချင်နေတုန်း၊ Network ဂိမ်းတွေ ညလုံးပေါက် ထိုင်ဆော့ချင်တုန်းပါပဲ။

အဲဒီလို ပေါ့ပါးလန်းဆန်းနေတဲ့ လူငယ်လေးတစ်
ယောက်ကို နာကြည်းမှုတစ်ခုက လျင်လျင်မြန်မြန် ရင့်ကျက်မာကျောစေခဲ့တာဖြစ်သည်။ ဒက်ဒီ ရုတ်တရက် ဆုံးသွားခြင်းနှင့်
ဒက်ဒီ ဆုံးရသောအကြောင်းရင်းက သူ့အတွက် နာကျင်မှုတွေ တစ်သက်စာ ပေးသွားခဲ့သလိုပင် …. ။

ထင်စည်က အားတင်း မာကျောကာ အလုပ်တွေ
လုပ်နေရပေမယ့် ဆုံးဖြတ်ရခက်သည့် ကိစ္စတွေကြုံတိုင်း ဒက်ဒီကို အားကိုးတကြီး တမ်းတနေမိတုန်းပင်။ လူမသိအောင် ကြိတ်ငိုတုန်းပင်။ သူငိုတာ မာမီတောင် မသိစေရ၊ အားလုံးရဲ့ အမြင်မှာတော့ သူဟာ မာနထက်လှတဲ့ မာရေကြောရေသမား။

ထင်စည်က ခေါင်းငိုက်စိုက်ချ၊ ဒူးထောက်ထိုင်
ရင်း အသံမထွက်ဘဲ တုန်ခိုက်ရှိုက်ငင်နေသည်။

ဒီမနက်မှာပဲ ပြိုင်ဘက်ကုမ္မဏီတစ်ခုက ထင်စည်တို့
ရလုဆဲဆဲ ပရာဂျက်တစ်ခုကို ယူသွားနိုင်ခဲ့သည်။ ထိုကုမ္ပဏီက ဒါရိုက်တာတစ်ယောက်ရဲ့ “မင်း နုပါသေးတယ်ကွာ” ဆိုတဲ့
အဓိပ္ပာယ်မျိုး ပေါ်လွင်နေတဲ့အကြည့်တစ်ချက်က သူ့ကို နာကျင် အောင့်မျက်သွားစေသည်။ ဒက်ဒီသာရှိလျှင် ဒီလိုဖြစ်မှာမဟုတ်ဘူးဟူသော အတွေးက သူ့ကိုပိုပြီးနာကျင်စေသည်။ ဆောက်လုပ်ရေး လောကမှာ နာမည်ကောင်း နံပါတ်တစ်ဖြင့် ထင်ရှားခဲ့သောဒက်ဒီဂုဏ်ရှိန်ဝါကို သူက ဖျက်ပစ်ခဲ့သည်ဟု ခံစားရသည်။ ထိုကုမ္ပဏီပိုင်ရှင်ဟာ ဒက်ဒီ့ဘဝရဲ့ အကြီးမားဆုံး နံပါတ်တစ် ရန်သူတော်၊ ဒက်ဒီ့ကို သေစေခဲ့တဲ့ တရားခံ၊ မာမီ့ကို အေးစက်တင်းမာ
စေခဲ့တဲ့ တရားခံမို့လည်း ပိုပြီး နာကျင်ရသည်။

ထင်စည်က ခေါင်းငိုက်စိုက်ချနေရာမှ ဖြည်းဖြည်း
ချင်း ခေါင်းမော့လိုက်တော့ ဒက်ဒီ့ ဓာတ်ပုံကို မြင်ရသည်။

“ဒက်ဒီ ဒက်ဒီအတွက် သား ခုထိ ကလဲ့စားမချေရသေးဘူး၊ သားကိုခွင့်လွှတ်ပါ ဒက်ဒီ၊ သား ညံ့ပါတယ်၊ သား တစ်နေ့နေ့တော့ ဒက်ဒီ့အတွက် လက်တုံ့ပြန်မှာပါ၊ ဒက်ဒီလိုပဲ သူတို့မိသားစုလည်း နာကျင်စေရမှာပါ”

သူက ခပ်တိုးတိုး တိုင်တည်ရင်း ဒက်ဒီကလွဲလို့
အရာအားလုံးကို မေ့လျော့နေခဲ့ပါသည်။

**********

“ဟဲလို... အမိန့်ရှိပါ ခင်ဗျာ ..."

အဲဒီ အသံဟာ ကို့အသံမဟုတ်၊ ငွေလ ခေါ်တဲ့
ဖုန်းနံပါတ်ဟာ ကို့ဖုန်းနံပါတ်ကို love ဟု အမည်ပေးပြီး memory ထည့်ထားတဲ့ နံပါတ်မို့ ဖုန်းမှားစရာအကြောင်းတော့ မရှိ၊ ဖုန်း screen ပေါ်မှာလည်း love ဟု ပေါ်နေတာပင်။

ငွေလသည် မဝံ့မရဲဖြင့် ..
“ဟဲလို ... ဒါ ... ကိုမင်းထင်စည် ဖုန်းလား"

“ဪ… ဒါ ဦးမင်းထင်စည်ဖုန်း ဟုတ်ပါတယ် ခင်ဗျာ
ဒါပေမယ့် ဆရာ အလုပ်ရှုပ်နေလို့ လောလောဆယ်
ကျွန်တော်ကပဲ ဖုန်းကိုင်ပေးထားပါတယ်၊ ကျွန်တော်က ဆရာ့အတွင်းရေးမှူး ကျော်လွင်ပါ၊ မှာစရာရှိရင် မှာထားခဲ့နိုင်ပါတယ်"

ဘုရားရေ … ဒါဆို ကို မေ့နေတာလား၊ ငွေလ
ချိန်းထားတာကို ကို လုံးဝ မေ့နေခဲ့တာလား၊ ဒါမှမဟုတ်
အလုပ်ကိစ္စ အရေးကြီးနေလို့ ဖုန်းတောင် ပြန်မဆက်အားခဲ့တာလား၊ အရင်တုန်းကတော့ ကိုက သူ့ဖုန်းကို ဘယ်သူ့မှ ပေးကိုင်ဖူးတာ မဟုတ်ပါ။

ငွေလသည် ရုတ်တရက် အားငယ်ဝမ်းနည်းလာကာ
အသံလေး တိုးတိမ်ဖျော့သွားရင်း ...
“ဟိုလေ… ကျွန်မက ငွေလသာ ပါ”

“ဟဲလို ... ဟဲလို .. ဟုတ်ကဲ့ ပြောပါ၊ နားထောင်နေ
တယ် ခင်ဗျာ”

ငွေလက ဘာဆက်ပြောရမှန်းမသိ နှုတ်ဆွံ့နေတာကို
တစ်ဖက်က ဖုန်းလိုင်းပြတ်သွားသည်အထင်နှင့် စွတ်အော်နေသည်။

“ကျွန်မ …… ကျွန်မက သူနဲ့ချိန်းထားလို့ စောင့်နေတာပါ။
အဲ့ဒါ သိပ်ကြာသွားလို့ ကျွန်မ ပြန်သွားပြီထင်ပြီး
မလာတော့မှာစိုးလို့ ကျွန်မ ဆက်စောင့်နေတယ်ဆိုတာ ပြောပေးပါလားရှင်"

“ခုလောလောဆယ်တော့ သွားပြောပေးလို့ မရသေးဘူးခင်ဗျ၊ ဆရာက သူ့ရုံးခန်းတံခါးကို အတွင်းက lock ချထားပါတယ်၊ ဖုန်းလည်း လက်မခံပါဘူး၊ သူမပြန်သေးလို့ ကျွန်တော်လည်း မပြန်ရဘဲ အိုဗာတိုင်ဆင်းနေရတာပါ၊ သူထွက်လာရင်တော့ ဆက်ဆက်ပြောပေးပါ့မယ်”

“ဟုတ်ကဲ့ .. ကျေးဇူးပါပဲရှင်”

ငွေလက ဖုန်းပိတ်လိုက်ပြီး သက်ပြင်းငွေ့ ငွေ့ ချခိုက်မှာ
မျက်ဝန်းအိမ်ထဲ စိုလာသည်။ အားသွန်ခွန်စိုက် မျက်တောင်တဖျတ်ဖျတ် ခတ်ပစ်နေဆဲမှာ စားပွဲထိုးလေးက ငွေလ ရှေ့မှာ ရပ်လာသည်။

“အင်….”
ငွေလရဲ့ မျက်တောင် တအားခတ်နေသည့်ပုံစံကို စားပွဲထိုးလေးက အထူးအဆန်းသဖွယ်ကြည့်နေတာမို့ ငွေလ ရှက်ရှက်နှင့် ဣန္ဒြေပြန်ဆည်ကာ စားပွဲထိုးလေးကို ပြုံးပြရသည်။

စားပွဲထိုးလေးကလည်း အားနာပြုံးလေး ပြုံးရင်း ...
“အစ်မ ဆိုင်ပိတ်တော့မယ် ခင်ဗျ.."

“ဟင်… ဟုတ်လား”

ငွေလ ဆိုင်ထဲလှည့်ပတ်ကြည့်တော့ တချို့ မီးတွေ
တောင် ပိတ်ထားတာ တွေ့သည်။

“ဆောရီးနော်…”

“ရပါတယ် ခင်ဗျ၊ အစ်မချိန်းထားတဲ့သူ မလာတော့ဘူးထင်တယ်နော်”

“ဪ… လာမှာပါ၊ ဒီနေ့ တို့မွေးနေ့ဆိုတော့ သူ ဆက်ဆက်လာမှာ၊ ဒါနဲ့ စိတ်တော့မရှိပါနဲ့၊ ဆိုင်မပိတ်ခင်လေ အစ်မကို ကော်ဖီတစ်ခွက်တော့ ဖျော်ပေးပါဦး”

“ဟုတ်ကဲ့ ရပါတယ် ခင်ဗျ"

ကောင်လေးက ခပ်သွက်သွက်ထွက်သွားပြီး ကော်ဖီ
တစ်ခွက် လာချပေးသည်။

ငွေလက ငွေလရှေ့က အေးစက်နေတဲ့ ငွေလရဲ့
ကော်ဖီတစ်ခွက်ကို ဘယ်လက်ကကိုင်၊ ခုမှလာချပေးတဲ့ ကို့အတွက် ကော်ဖီတစ်ခွက်ကို ညာလက်က ကိုင်ကာ

“happy birthday ငွေလသာ"

“ကျေးဇူးပဲ ကို”

ဟု ယောက်ျားသံတစ်လှည့်၊ မိန်းမသံတစ်လှည့်စီ
ပြောင်းပြောပြီး ခွက်ချင်းတိုက်လိုက်သည်။ ပြီးတာနှင့် နှစ်ခွက်စလုံးကုန်အောင် မော့သောက်ပစ်လိုက်ပါသည်။

ငွေလသည် ကိုယ့်လုပ်ရပ်ကိုယ် သဘောကျကာ
ရယ်ချင်သွားတာမို့ ပြုံးစေ့စေ့ဖြစ်သွားသည်။ ထို့နောက် ကော်ဖီနှစ်ခွက်ဖိုးရှင်းကာ ဆိုင်ထဲမှထွက်လာခဲ့သည်။

ညက မှောင်လှပြီ။ ငွေလ ဘယ်မှာ ဆက်စောင့်
ရပါ့မလဲဟု အသည်းအသန် စဉ်းစားရသည်။ အမှန်ဆို ငွေလက ဒီလိုညမှောင်မှောင်မှာ တစ်ယောက်တည်း အပြင်ထွက်တတ်သည့်
သူမျိုး မဟုတ်ပါ။

ညက အေးစိမ့်လာသည်။ ငွေလက ကော်ဖီဆိုင်ရှေ့ခုံတန်းလေးမှာပဲ ဆက်ထိုင်စောင့်သည်။ စောင့်ရင်းပျင်းလာတော့
ဆိုင်ရှေ့လမ်းပေါ်မှာ ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း ဟိုငေး ဒီငေး နေလိုက်သည်။ ခဏကြာတော့ ပလက်ဖောင်းပေါ်မှာ
လျှောက်လာနေသော အထမ်းနှင့် ပန်းသည်ကြီးကို တွေ့ ရသည်။
အိမ်အပြန်မို့ပဲလားမသိ လက်ကျန် နှင်းဆီပန်းတစ်စီးသာ လှမ်းမြင်ရသည်။

ငွေလက စိတ်ကူးပေါက်လာကာ ပန်းသည်ကြီးဆီ
ပြေးသွားပြီး နွမ်းလုလု လက်ကျန်ပန်းတစ်စည်းကို ဝယ်လိုက်သည်။ ပန်းလေးတွေလည်း ဝယ်မယ့်သူကို မျှော်ရလွန်းလို့လားမသိ နုံးချိချိနှင့် သိပ်မလန်းတော့ ။ အဲ့ဒါဆို ငွေလနဲ့ ဘ၀တူတွေပဲပေါ့ နှင်းဆီကလေးတွေရယ် … ။

ပန်းဝယ်ပြီးတော့ ငွေလက လူရှင်းတဲ့ဘက်ကို
လျှောက်လာခဲ့ပြီး တစ်နေရာမှာရပ်လိုက်သည်။ ပြီးတော့ ခါးကိုင်း၍
ပန်းစည်းကို တစ်စုံတစ်ယောက်ဆီ လှမ်းပေးသလို ပုံစံမျိုးလုပ်ရင်း
ယောက်ျားသံလို ခပ်သြသြ အသံဖြင့်
“ကိုယ့်အချစ် ငွေလသာလေး … ဒါ မင်းအတွက် ကိုယ့်ရဲ့မွေးနေ့ လက်ဆောင်၊ မင်းကို ကိုယ် အရမ်းချစ်တယ်၊ I ove you "

ဟု ပြောပြီးပြီးချင်း ဖျတ်ခနဲ ခုန်ကာ မျက်နှာချင်း
ဆိုင်နေရာမှာ ပြောင်းရပ်၍ မိန်းမသံချိုချိုဖြင့် ...

“ကျေးဇူးတင်လိုက်တာ ကိုရယ်၊ ငွေလ အရမ်းပျော်တာပဲ” ဟု ပြန်ပြောလိုက်သည်။

ကိုယ့်အထာနှင့်ကိုယ်တော့ ဟုတ်နေတော့တာမို့
ငွေလက ကြိတ်၍ရယ်နေရင်း ဗိုက်ကလည်း ဆာလောင်လာသည်။
ငွေလ ဗိုက်ထဲမှာ ဒီညနေအဖို့ ကော်ဖီနှစ်ခွက်သာ ရှိနေပါသည်။
ကိုမလာခင် တစ်ခုခုစားထားတာ ကောင်းမလားဟု တွေးရင်း မုန့်သည်လိုက်ရှာတော့ လမ်းရဲ့ဟိုဘက် ပလက်ဖောင်းပေါ်မှာ လှည်းလေးနှင့်ရောင်းသော အကင်သည်ကို တွေ့လိုက်ရသည်။

“အိုကေ… ဗိုက်ဆာတာနဲ့တော့ အရံသင့်ပဲ"
ငွေလက အကင်သည်ဆီ ခပ်သွက်သွက်လေး လမ်း
ဖြတ်ကူးသွားပြီး အသားကင်ချောင်းတွေ ရွေးချယ်ဝယ်ယူလိုက်သည်။ ပြီးမှ အကင်ထုပ်တစ်ဖက်၊ ပန်းစည်းတစ်ဖက်ကိုကိုင်ကာ လမ်းတစ်ဖက်က ကော်ဖီဆိုင်ရှေ့ ခုံတန်းလေးဆီ လမ်းဖြတ်ကူးဖို့
လျှောက်လာခဲ့လေသည်။

********

ကော်ဖီဆိုင်နောက်ဘက် တံခါးလေးကို ဖွင့်ကာ
ထွက်လာသော မိုးသောက်ကြယ်သည် ဆိုင်ရှေ့မှာ ဟိုလျှောက် ဒီလျှောက် လုပ်နေသော ကောင်မလေးကို အတွေ့မှာ မျက်ခုံးပင့်သွားမိပါသည်။

ဒီတစ်ယောက်ဟာ ခုထိ မပြန်သေးပါလား ။
စောစောတုန်းကတော့ ဆိုင်နောက်ဘက် ရုံးခန်းလေး
မှာစာရင်းဇယားတွေ စစ်ဆေးနေရင်းက ကောင်တာဘက် တစ်ချက် ထွက်အရပ်မှာ ဒီကောင်မလေးကို မြင်ခဲ့ရသေးသည်။ နောက်တစ်ခါ ထွက်ရပ်တော့လည်း ကောင်မလေးက ထိုနေရာမှ မထွက်
ခွာခဲ့သေးပါ။ တစ်စုံတစ်ယောက်ကို စောင့်သည်ဆိုလည်း နာရီနဲ့ချီ ကြာနေမှတော့ မစောင့်ဘဲ ပြန်ရောပေါ့။ ခုတော့ ဆိုင်ပိတ်တာတောင် ဆိုင်ရှေ့မှာ ရစ်သီနေသေးသည်။

ဒီလိုနေရာ ဒီလိုအချိန်မှာ မိန်းကလေးတစ်ယောက်
တည်း ဒီလောက်ကြာအောင် စောင့်ဆိုင်းနေပုံက သူများတကာ တစ်မျိုးဖြစ်စရာပင်...။ သူမပုံစံက ဖြူဖြူစင်စင်လေးမို့သာ ဘာဘာညာညာ မထင်ရက်ပေမယ့်ဒီလို အနေအထားနှင့် အကြာကြီး ရှိနေရင်တော့ ပတ်ဝန်းကျင်မှာ အမြင်မတော်နိုင်တာကို
သူက နှမချင်း စာနာစွာ သတိပေးလိုက်ချင်သည်။

မိုးသောက်သည် ကားထဲသို့ ချက်ချင်းမဝင်သေးဘဲ
သူမကို လှမ်းကြည့်ကာ ချီတုံချတုံ စဉ်းစားနေဆဲ သူမက ပန်းတစ်စီး ဝယ်ပြီး သူမ ဖြစ်စေချင်သလို သရုပ်ဆောင်လိုက်တာမို့ မိုးသောက်က အခြေအနေကို သဘောပေါက်ကာ ရယ်ချင်သနား
သွားမိပါသည်။

ထိုခဏမှာပဲ သူမက လမ်းဖြတ်ကူးသွားခဲ့တာ ဖြစ်
သည်။ သူက ရုတ်တရက် နောက်ဆန်ငင်သလို စိတ်မျိုးဖြင့်
လှမ်းမျှော်ကြည်မိနေဆဲမှာပင် သူမက အကင်ထုပ်တစ်ဖက်၊ ပန်းစည်းတစ်ဖက်ဖြင့် ဒီဘက်သို့ ပြန်ကူးလာနေသည်။

"ဟာ..."

ဒယိမ်းဒယိုင် ကွေ့ ကောက်မောင်းလာသော ကား
တစ်စီးက မိုးသောက်ရဲ့မြင်ကွင်းထဲသို့ လျှပ်ပြက်သလို ရောက်လာခဲ့သည်။

“ဟာ … ဟေ့ . . ကား "

“ကျွီး..."

" အား "

သူက တစ်ရှိန်ထိုး ပြေးသွားကာ လှမ်းဆွဲလိုက်ပေ
မယ့် ကားက သူမကို ပွတ်ကာသီကာ တိုက်မိသွားပြီး သူမ ခန္ဓာကိုယ်က တစ်ဖက်သို့လည်ထွက် လဲပြိုသွားသည်။

“ဟာ… ဘာဖြစ်သွားလဲ၊ ဘယ်ထိသွားလဲ”

မိုးသောက်က ကောင်မလေးနား ထိုင်ချကာ စိုးရိမ်တကြီး မေးမိသည်။ သူမက လက်တစ်ဖက်ဖြင့် လမ်းပေါ်ထောက်ထားရင်း ...

“အား လက် လက်၊ အရှိန်နဲ့ ထောက်လိုက်မိတာ
လက်ကျိုးသွားပြီလား မသိဘူး”

“ဟာ… ဒါဆို” ဆေးရုံသွားမှဖြစ်မယ်၊ လာ လာ
ကျွန်တော် လိုက်ပို့ပေးမယ်၊ ကျွန်တော့်ကို တွဲပြီး ထ …."

“နေ နေ … ရတယ်၊ ငွေလ.. ငွေလ ဖုန်းခေါ်လိုက်မယ်”

“ခေါ်လေ… ခေါ်၊ လောလောဆယ်တော့ .ဆေးရုံသွားမှဖြစ်မယ်၊ လက်က ဘယ်လောက် ထိခိုက်သွားမှန်းမသိဘူး၊ ခင်ဗျား အရမ်းနာနေတာ မဟုတ်လား၊ ကျွန်တော့်မှာ ကားပါပါတယ်၊ ကားပေါ်ရောက်မှ ခေါ်လည်းဖြစ်တယ်၊ ခင်ဗျား အိမ်ကို အကြောင်းကြားမှာ မဟုတ်လား...”

“ဟို… ငွေလ… ငွေလက… ငွေလနဲ့ ချိန်းထားတဲ့ သူဆီ
ဖုန်းခေါ်မှာ၊ ငွေလ သွားနှင့်ရင် သူနဲ့လွဲနေလိမ့်မယ်၊ သူလာတော့မှာ၊ သူလာတော့မှပဲ သူနဲ့အတူသွား …”

"ဒီမယ် မငွေလ..."

မိုးသောက်က နည်းနည်းတော့ စိတ်တိုလာရတာမို့
သူမကို စိုက်ကြည့်ရင်း

“ခင်ဗျား လူက လာမှာသေချာလို့လား၊ ခင်ဗျား စောင့်နေတာ ကျွန်တော် မြင်တာပဲ၊ တစ်နာရီကျော်ကြာနေပြီ၊ ဒီအချိန်မှမလာရင် လာပါဦးတော့မလား”

“လာမှာပါ … ”

“သေချာတယ်ပေါ့”

“သေချာပါတယ် ၊ အား "

“ကဲ… လက်က နာတယ်မဟုတ်လား၊ ဒီလိုနာပုံမျိုးနဲ့
ခင်ဗျားလူလာမှ သွားလို့ဖြစ်မလား၊ ဒီအချိန်ကြီးမှာ မိန်းကလေး တစ်ယောက်တည်း၊ ဟိုကားကလည်း မောင်းပြေးသွားပြီ၊ ခင်ဗျားတို့ဗျာ .. ဖုန်းတွေက ဘာလုပ်ဖို့ထားတာလဲ၊ အခု ဘယ်ရောက်နေလဲ၊ ဘာလုပ်နေလဲ၊ လာမှာလား မလာဘူးလား၊ စောင့်နေရတာ ကြာပြီ၊ မလာဘူးဆိုရင် ပြန်တော့မယ်၊ အဲဒါလောက်လေး လှမ်းပြောပြီး ပြတ်ပြတ်သားသား မလုပ်ဘဲ ဘာဖြစ်လို့ အပင်ပန်းခံ
Romantic ဆန်နေလဲ၊ ခင်ဗျား ကြည့်ရတာ ကိုရီးယားကားထဲက မင်းသမီးအတိုင်းပဲ၊ ကဲ.. ကဲ ဆက်ချင်လည်း ဆက်ပါ ဆက်ပါ၊ ခင်ဗျားလူလာမယ်ဆိုရင်တော့ ကျွန်တော် ခင်ဗျားကို ထားခဲ့တော့မယ်”

“အိတ် ့ ့ ့ အိတ် ့ ့ ့ အိတ် ဘယ်ရောက်သွားပြီလဲ”

“ဟိုမှာ ဟိုဘက်ကို လွင့်သွားတာ၊ သွားကောက်
ပေးမယ်"

မိုးသောက်က စိတ်လည်း နည်းနည်းတိုလာပြီ
အိတ်ကို ခပ်မြန်မြန်သွားကောက်ယူပြီး သူမ လက်ထဲ ဗြတ်ခနဲ ထည့်ပေးလိုက်သည်။

“ဟို အိတ်ထဲက ဖုန်းနှိုက်ယူချင်တာ၊ လက်တစ်ဖက်
တည်းနဲ့ မရ.."

"ကဲ ပေး"

မိုးသောက်က အိတ်ကို ပြန်ဆွဲယူပြီး အိတ်ထဲက
ဖုန်းကို နှိုက်ယူပေးလိုက်ရင်း..
“ခင်ဗျား ... အတွင်းကြေတွေ ဘာတွေတော့ ကြေမသွားပါဘူးနော်”

“လက်ပဲ ထိတာပါ၊ ကားက ပွတ်မိတယ်ဆိုရုံလေးပါ…."

ငွေလက ပြန်ဖြေရင်း ကိုဖုန်းနံပါတ်တွေကို နှိပ်ရသည်။

ကိုရယ်... ဒီတစ်ခါတော့ ဖုန်းကိုင်ပါနော်။ ကို
လာမှဖြစ်မှာမို့လို့ပါ … ။ တစိမ်း ယောက်ျားတစ်ယောက်ယောက်ဆီက ငွေလ အကူအညီယူလိုက်ရင် ကို မကြိုက်ဘူးဆိုတာ ငွေလ သိလို့ ဒီလူနဲ့ လိုက်မသွားချင်တာပါ။

“ဟဲလို... အမိန့်ရှိပါ ခင်ဗျာ ..."

ငွေလသည် ကို မဟုတ်တဲ့သူရဲ့ ဟဲလိုသံကြောင့်
အရုပ်ကြိုးပြတ် ဖြစ်ချင်လာသည်။ လက်ကလည်း သေမတတ် နာနေပြီ။

“ကျွန်မ… ကျွန်မ ငွေလသာပါရှင်၊ ကား ကားတိုက်
မိလို့ ကိုလာမှဖြစ်မှာမို့လို့ပါ၊ ကို့ကို သွားပြောပေးပါရှင်”

“အားနာပါတယ် ခင်ဗျာ၊ ခုတော့ တကယ် ပြောမဖြစ်လို့ပါ၊ ဆရာ့အခန်းတံခါးလည်း ဖွင့်မလာသေးပါဘူး၊ ဆရာတားမြစ်တာကို မနာခံရင် ကျွန်တော် အလုပ်ပြုတ်"

ငွေလ ဖုန်းကိုပြန်ပိတ်ပစ်လိုက်သည်။ လက်က နာ
ကျင်စူးရှစွာ နာသထက်နာလာသည်။

“ဘယ့်နှယ်လဲ လာမယ်တဲ့လား "

“ဟို ... ဖုန်းမကိုင် ... "

“ကဲ ဒါဆိုလည်း ဆေးရုံ သွားရုံပေါ့ဗျာ၊ လာ
ကျွန်တော့်ကို တွဲ ... ၊ ကဲ… ကျွန်တော်ပဲ တွဲပါ့မယ်…"

မိုးသောက်က သူမကို ဖေးမကာ ကားဆီဆွဲခေါ်လာ
ခဲ့ရလေသည်။

********

ထင်စည့် ရုံးခန်းတံခါး ပွင့်သွားချိန်မှာ သူ့အတွင်း
ရေးမှူး ကျော်လွင်က ထင်စည့်ထံ ပျာပျာသလဲ ပြေးသွားကာ …
“ဆရာ ငွေလသာတဲ့၊ ဖုန်းလာကာ နှစ်ခါရှိပြီ၊ ပထမ
တစ်ခါကတော့ ချိန်းထားတဲ့နေရာမှာ သူဆက်စောင့်နေမယ် ပြောပေးပါတဲ့၊ နောက်တစ်ခါကျတော့ ကားတိုက်မိလို့တဲ့"

“ကားတိုက်မိတယ် ! "

“ဟုတ်ပါတယ် ဆရာ၊ ဆရာလာမှဖြစ်မယ်လည်း ...ပြောပါတယ်"

“သူကိုယ်တိုင် ဆက်ပြောတာလား"

“ဟုတ်ပါတယ်”

“အသံက ဘယ်လိုနေလဲ..”

“တအား ဆိုးဆိုးဝါးဝါးတော့ မဟုတ်ပါဘူး၊ အသံ နားထောင်ရတာတော့ ဒဏ်ရာနည်းနည်းပါးပါး ရရုံလောက်ပဲ ထင်ပါတယ်”

“မသေနိုင်ဘူးဆိုတာတော့ သေချာတယ် မဟုတ်လား”

"ဗျာ… ဟုတ် ဟုတ်ကဲ့ သေချာပါတယ်”

“ကောင်းပြီ… ငါ ပြန်ဆက်သွယ်လိုက်မယ်၊ မင်း ပြန်
တော့"

“ဆရာ ကျွန်တော်လိုက်ဖို့ လိုမလားခင်ဗျ”

“မလိုဘူး… ရတယ်”

ထင်စည်က သူ့ဖုန်းကို ပြန်ဆွဲယူကာ ထွက်သွားပြီမို့
ကျော်လွင်က မသိမသာလေး ပခုံးတွန့်ကာ သက်ပြင်းချ လိုက်မိပါသည်။

ကိုယ့်ဆရာ့ပေမယ့် အားမနာတမ်းပြောရရင် ဆရာဟာ ဘယ်လိုကြီးမှန်းမသိ၊ သွေးအေးမာကျောလှသူဟု ထင်မိသည်။

ဆရာ တရားဝင်ပြောမထားပေမယ့် ငွေလသာ
ဆိုတာ ဆရာ့ချစ်သူ မိန်းကလေးဆိုတာလောက်တော့ ကျော်လွင်က သိပါသည်။

ဆရာ့ချစ်သူဆိုပေမယ့်လည်း ငွေလသာဟာ ဘာ
အခွင့်အရေးမှ ထူးပြီးမရတာ ဆရာ့မျက်နှာကို အရိပ်လိုကြည့်ပြီး သည်းခံချစ်မြတ်နိုးနေရှာတာကို သိတာမို့ ပိုပြီး အံ့သြရသည်။

ဆရာက သူ အလုပ်ရှုပ် စိတ်ရှုပ်ပြီဆို ဘယ်သူ့
အတွက်မှ ငဲ့ကွက်ထည့်တွက်ပေးသူမဟုတ်၊ သူ ဖုန်းမကိုင်ဘဲနေချိန်မှာ ဝင်လာတဲ့ အရေးကြီးဖုန်းလို့ ထင်ရတာတွေကို ခေါ်ပေးမိလို့
အော်ငေါက်ဆူပွက်ခံရတာ၊ တစ်ခုခုနဲ့ ကောက်ပေါက်ခံရတာတွေ ခံရပေါင်းများပြီမို့ ကျော်လွင်က ဘာဖုန်းလာလာ ခေါ်မပေးဘဲ နေလိုက်ရတော့တာပင်…။

ခုလည်း ကြည့်ပါဦး တစ်ဖက် မိန်းကလေးမှာ
ကားတိုက်လို့ဆိုတာတောင် တစ်စက်မှ မတုန်လှုပ်ဘဲ
သွေးအေးအေး ထွက်သွားသည်။

ငွေလသာ မို့လို့သာပါပဲ ၊ အိမ်က မိန်းမသာဆို
ကျော်လွင်သာ ဆရာ့အချိုးမျိုး ချိုးကြည့်… ကလေး ဘယ်နှယောက်ရှိရှိ မပေါင်းဘူး ကွာမယ်ဟု ဟစ်ကြွေးမှာ အသေအချာပင်။

ကျော်လွင့် အမြင်မှာတော့ ဆရာ့ချစ်သူ ငွေလသာ
ဆိုတာ ဖြူဖြူသန့်သန့် နုနုနယ်နယ်လေး… ။ ဆရာ့အပေါ် သည်းခံနိုင်တာလည်း နှစ်ယောက်မရှိ။ ဒီလို မိန်းကလေးကို ဂရုမစိုက်သလို အေးစက်စက် ဆက်ဆံနေပုံက ဆရာ့နှလုံးသား
ကျောက်ဖြစ်နေသလားဟုပင် ထင်ရသည်။

အေးလေ … ဒါတွေ ကိုယ်နဲ့မဆိုင်ပါဘူး။ အရေး
ကြီးတာက ဒီလို လခကောင်းတဲ့အလုပ်က မပြုတ်ဖို့ပဲ မဟုတ်လားဟု တွေးကာ ကျော်လွင်က ပစ္စည်းတွေကို သိမ်းဆည်းပြီး ရုံးခန်းမီးတွေကို တစ်ခုပြီးတစ်ခု မှိတ်ပစ်လိုက်ပါသည်။

ထင်စည်ကတော့ သူ့အတွင်းရေးမှူး ဘယ်လိုတွေး
ကျန်ရစ်မယ်မှန်း သိပေမယ့် ခေါင်းထဲက ထုတ်ပစ်လိုက်ပြီး သူ ကားပေါ်တက်၊ စက်နှိုးရင်း ငွေလရဲ့ဖုန်းကို လှမ်းခေါ်လိုက်သည်။

“ဟဲလို....”

“ဟဲလို… ကို ကိုလားဟင်"

“ဟုတ်တယ် ငွေလ၊ ငွေလ ဘာဖြစ်နေလဲ အခုဘယ်
မှာလဲ၊ ကားတိုက်မိတယ်ဆို … “

“ဆောရီး ကိုရယ်… ကို့ကိုစိတ်ပူအောင်လုပ်မိပြီထင်တယ်။ ကားနဲ့ပွတ်မိရုံလေးပါ၊ ဘယ်လက်ပဲ နည်းနည်းထိသွားတာ၊ရုတ်တရက်ဆိုတော့ သူများ ကူညီတာလည်း မခံချင်တာနဲ့ ကို့ဆီဖုန်းခေါ်လိုက်မိတာ၊ ကို အနှောင့်အယှက်ဖြစ်သွားပြီ ထင်တယ်"

“ငွေလ အခု ဘယ်မှာလဲ.."

"SSC မှာ..."

“ကိုယ်လာခဲ့မယ်၊ ဒါပဲနော် ..."

ထင်စည်က ဖုန်းပိတ်ပြီး ကားကို ဆေးရုံဘက်သို့
ဦးတည်မောင်းထွက်လာပါသည်။

ငွေလသာရယ်… မင်းကတော့ ကမ္ဘာပေါ်မှာ သည်း
အခံနိုင်ဆုံး မိန်းမတစ်ယောက်ပါပဲ ။ မင်း
အဆိပ်ကင်းလို့လည်း မင်းကို ငါ့ချစ်သူအဖြစ် ရွေးချယ်ခဲ့တာပေါ့။

ထင်စည့်ချစ်သူ ငွေလသာဟာ နူးညံ့ယဉ်ကျေး သိမ်
မွေ့ သည်းခံ ရိုးသားဖြူစင်ဆိုတဲ့ ဂုဏ်ပုဒ်တွေကို အပြည့်အဝ ပန်ဆင်ထားနိုင်သူပင်။

မျက်နှာဖောင်းဖောင်းကလေးရဲ့ နဖူးပြင်ပေါ်မှာ
ဆံပင် ထူထူစင်းစင်း တိတိပပကျလျက် ခါးထိဖြောင့်စင်းသွားသော ဆံပင် ပျော့ပျော့လေးတွေကို ပိုင်ဆိုင်သော ထိုမိန်းကလေးကို သူ ချစ်တော့ချစ်ခဲ့သည်ဟု ထင်ပါသည်။ မျက်လုံးဝိုင်းဝိုင်း
လေးတွေဖြင့် ပြူးပြူးကြည့်တတ်သော အကြည့်တွေအောက်မှာ သူ ရင်ခုန်ခဲ့ဖူးသည်။ သို့သော် သူ့ဘဝမှာ အချစ်ဆိုတာ ရှေ့တန်းတင်လောက်စရာ ကိစ္စလို့တော့ မခံယူခဲ့ဖူးပါ။ အချစ်ကြောင့်
သူ့ဘဝကြီးတစ်ခုလုံး သာယာစိုပြည်လှပလာမယ်လို့ သူ မယုံကြည်ပါ။ အချစ်ဆိုတာ ဘဝဆိုတဲ့ ထမင်းဝိုင်းကြီးထဲက မစားလည်းဖြစ်တဲ့ အရံဟင်းလေး တစ်ခွက်လောက်ပါဟု သူက ခံယူ
ထားသည်။

သူ့ချစ်သူဆိုပေမယ် သူ့ကို စိတ်အနှောင့်အယှက်
ဖြစ်အောင် လုပ်ခဲ့လျှင်၊ သူ့ ကိုယ်ပိုင်ဘဝကို ဝင်ရောက်စွက်ဖက် ခြယ်လှယ်လာခဲ့ရင် သူ အသေအချာ ကျောခိုင်းပစ်မှာပင်။

ငွေလသာကတော့ သူ့ကို စိတ်ညစ်အောင် မလုပ်
သေးပါ။ အပြစ်မတင်တတ်သော မိန်းကလေးမို့ ချိန်းထားပြီးမှ နောက်ကျပျက်ကွက်နေတာကို တစ်ခွန်းတလေတောင် အပြစ်တင်စကား မပြောတဲ့အပြင် စိတ်ပူအောင်လုပ်မိလို့ အားနာစကားလေး
တောင် ဆိုနေသေးရဲ့ … ။

ကမ္ဘာပေါ်မှာ မေမေ့လို အေးစက်တဲ့အမျိုးသမီးတွေရှိသလို ငွေလလို နွေးထွေးချိုမြတဲ့ မိန်းကလေးတွေ
ရှိနေသေးတာတော့ စိတ်ကျေနပ်စရာပင် … ။

မိန်းမတစ်ယောက်ရဲ့ အဆုံးစွန် နားလည်ပေးမှုကို
ခံယူရရှိသော ယောက်ျားတစ်ယောက်ကို ကံကောင်းသူဟု ဆိုလျှင်
ခုချိန်မှာတော့ မင်းထင်စည်ဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး ယောက်ျားတစ်ယောက် ဖြစ်ပါလိမ့်မည်။

____________
အခန်း ၂ ဆက်ရန်>>>>

#စာစီ_မီးမီး

#ချစ်ခြင်းများစွာဖြင့်
#ဝတ္ထုတို ဝတ္ထုရှည်များ

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when စံ Bookshop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category