Genius Book House

Genius Book House ရသ ၊ သုတ နှစ်ဖြာသော စာကောင်းပေမွန်များခံစားနိုင်ဖို့ 𝐆𝐞𝐧𝐢𝐮𝐬 𝐁𝐨𝐨𝐤 𝐇𝐨𝐮𝐬𝐞 ရှိနေပါပြီ 📚

𝐆𝐞𝐧𝐢𝐮𝐬 𝐁𝐨𝐨𝐤 𝐇𝐨𝐮𝐬𝐞 ( 𝐘𝐚𝐧𝐠𝐨𝐧 )

𝐏𝐡 : 09799455963
(1)

12/08/2026

❝ ဆရာမြသန်းတင့်၏ အမျိုးသားစာပေဆုရ
စာအုပ်များ ❞
ဆရာကြီး မြသန်းတင့်ဟာ အမျိုးသားစာပေဆုကို ငါးကြိမ်တိုင်ရခဲ့ပါတယ်။ ငါးကြိမ်စလုံးဟာလည်း ဘာသာပြန်စာအုပ်တွေနဲ့ပါပဲ

၁။ စစ်နှင့်ငြိမ်းချမ်းရေး - ၁၉၇၂ ( ဘာသာပြန် )
၂။ လေရူးသုန်သုန် - ၁၉၇၈ ( ဘာသာပြန် )
၃။ ခန်းဆောင်နီ အိပ်မက် - ၁၉၈၈ ( ဘာသာပြန်(ရသ))
၄။ သုခမြို့တော် - ၁၉၉၂ ( ဘာသာပြန်(ရသ))
၅။ အချစ်မိုးကောင်းကင် - ၁၉၉၅ ( ဘာသာပြန်(ရသ) )
ဒီစာအုပ် ၅ အုပ်ထဲမှာမှ ခန်းဆောင်နီအိပ်မက် စာအုပ်ဟာ ပြန်လည်ပုံနှိပ်ခြင်းမပြုတော့တဲ့ တအုပ်တည်းသောစာအုပ် ဖြစ်ပါတယ် ။

#အမျိုးသားစာပေဆုရ #မြသန်းတင့် #သုခမြို့တော် #လေရူးသုန်သုန်

ဆမ်းမားဆက်မွမ်၏ (𝐎𝐟 𝐇𝐮𝐦𝐚𝐧 𝐁𝐨𝐧𝐝𝐚𝐠𝐞) -“ ဘ၀အနှောင် ” 📚မဖြစ်မနေ ဖတ်ရှုသင့်သည့် ဂန္ထဝင်စာပေလက်ရာမွန်ကြီး "ဘဝဆိုတာ ငါတို့ထင်သလ...
12/08/2026

ဆမ်းမားဆက်မွမ်၏ (𝐎𝐟 𝐇𝐮𝐦𝐚𝐧 𝐁𝐨𝐧𝐝𝐚𝐠𝐞) -
“ ဘ၀အနှောင် ” 📚

မဖြစ်မနေ ဖတ်ရှုသင့်သည့် ဂန္ထဝင်စာပေလက်ရာမွန်ကြီး

"ဘဝဆိုတာ ငါတို့ထင်သလို လှပမနေသလို၊ ငါတို့ ကြောက်ရွံ့နေသလိုလည်း ဆိုးရွားမနေပါဘူး..."

ဆရာ တင်မောင်မြင့် ဘာသာပြန်ဆိုပြီး စာဖတ်သူတို့ အမြဲတမ်း တောင်းဆိုမျှော်လင့်နေကြတဲ့ ဒဗလျူ ဆမ်းမားဆက် မားမ် (W. Somerset Maugham) ၏ ကမ္ဘာကျော် ဂန္ထဝင်ဝတ္ထုကြီး "ဘဝအနှောင်" (Of Human Bo***ge) စာအုပ်ကြီး ပြန်လည်ထွက်ရှိလို့ လာပါပြီ။

💡 စာအုပ်ကို ဘာကြောင့် မဖြစ်မနေ ဖတ်သင့်သလဲ ... ?
'ဘဝအနှောင်' ဟာ ပေါ့ပေါ့ပါးပါး ဖတ်ရုံ အချစ်ဝတ္ထုတစ်အုပ် မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ မွေးဖွားစမှ အရွယ်ရောက်သည်အထိ ဘဝ၏ အနိမ့်အမြင့်၊ အတက်အကျ၊ အချစ်၊ အမုန်း၊ မျှော်လင့်ချက်နှင့် စိတ်ပျက်အားငယ်မှုတို့ကို အစွဲအလန်းမဲ့၊ ဟန်ဆောင်မှုမဲ့ ယှဉ်ပြိုင်ရိုက်ကူးထားသည့် ရသစာပေလက်ရာမွန် ဖြစ်ပါတယ်။

လူ့သဘာဝ၏ အနှောင်အဖွဲ့ (Human Bo***ge):

မွေးရာပါ ခန္ဓာကိုယ်ချို့ယွင်းချက်၊ ရုပ်ဝတ္ထုမက်မောမှု၊ သစ္စာမရှိသော အတ္တကြီးသည့် စားပွဲထိုးမလေး မီလ်ဒရက်ဒ်အပေါ် ရူးသွပ်စွာ စွဲလန်းမိသည့် အချစ် ...။ လူတိုင်းဟာ စိတ်၏ ကျေးကျွန်ဖြစ်နေသမျှ ကာလပတ်လုံး ဒီအနှောင်အဖွဲ့ထဲက မရုန်းထွက်နိုင်ကြပုံကို ဘူးသီးခါးသလို ပီပြင်စွာ ရိုက်ပြထားပါတယ်။

ဘဝ၏ အဓိပ္ပာယ်ကို ရှာဖွေခြင်း (Meaning of Life):

"ဘဝမှာ သီးသန့် အဓိပ္ပာယ်ရယ်လို့ မရှိဘူး၊ လူတစ်ယောက်ဟာ မိမိဘဝဆိုတဲ့ ကော်ဇောပေါ်မှာ မိမိနှစ်သက်ရာ ပန်းချီကား၊ ရုပ်ပုံစံကို ကိုယ်တိုင် ရက်လုပ်ဖန်တီးသွားရုံပဲ" ဆိုသည့် အမှန်တရားကို ရင်ထဲထိအောင် ခံစားရစေမှာပါ။

ဆရာတင်မောင်မြင့်၏ ပြောင်မြောက်လှသော ဘာသာပြန်လက်ရာ:

မူရင်းစာရေးဆရာ၏ စကားပြေအရေးအသား၊ စိတ်ခံစားမှုနှင့် ဝတ္ထု၏ လေးနက်သော အနက်အဓိပ္ပာယ်များကို ပျောက်ပျက်မသွားဘဲ မြန်မာဘာသာစကားဖြင့် အင်မတန် ပြေပြစ်၊ လှပ၊ ရသမြောက်စွာ ဘာသာပြန်ဆိုပေးထားပါတယ်။

✨ ဖတ်သင့်သည့်သူများ: ဘဝ၏ အဓိပ္ပာယ်ကို စဉ်းစားနေသူများ၊ စိတ်ပညာနှင့် လူ့သဘာဝကို စိတ်ဝင်စားသူများ၊ ဂန္ထဝင် ဘာသာပြန် စာပေကောင်းများကို စုဆောင်းလိုသူများ မဖြစ်မနေ ဖတ်ရှုသင့်သည့် စာအုပ်ကောင်း ဖြစ်ပါတယ်။

▪️ဘဝအနှောင်

✍️ ဆရာတင်မောင်မြင့် (မြန်မာပြန်)

စာမျက်နှာ: ၄၉၄ စာမျက်နှာ

ထုတ်ဝေသည့် ပုံစံ: ခေါက်ဖုံး၊ စက္ကူဖြူချော (အဆင့်မြင့် ရိုက်နှိပ်ထားပါသည်)

စာအုပ်တန်ဖိုး: ၃၅,၀၀၀ ကျပ်

စာညွှန်း - လင်းလွန်းခင်

_________

● မှာယူလိုပါက 𝐏𝐚𝐠𝐞 𝐜𝐡𝐚𝐭 𝐛𝐨𝐱 (သို့)

𝐏𝐡 𝐍𝐨 - 09799455963 , 𝐕𝐢𝐛𝐞𝐫 𝐧𝐨 09799455963

တို့ကနေမှာယူနိုင်ပါတယ်ခင်ဗျာ။

🚚 ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် ၊ ကျန်
တိုင်းဒေသကြီးများနှင့် ပြည်နယ်မြို့အတော်များများကို အိမ်အရောက်ငွေချေစနစ် ( 𝐂𝐚𝐬𝐡 𝐎𝐧 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 ) နဲ့ ပို့ဆောင်ပေးနေပါတယ်ခင်ဗျာ ။

● စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ 𝐔𝐊 ၊ဂျပန်၊ ကိုးရီးယားစတဲ့ ပြည်ပ နိုင်ငံများကိုလည်း သက်ဆိုင်ရာ 𝐂𝐚𝐫𝐠𝐨 များနဲ့ ချိတ်ဆက်ပို့ဆောင်ပေးနေပါတယ်ခဗျ။
[ ငွေကြိုလွှဲစနစ်ဖြင့် ]

● အိမ်အရောက်ငွေချေစနစ် မရတဲ့ မြို့နယ်တွေကိုလည်း ကားဂိတ်တင်ပေးပါတယ်ခဗျာ။ (ကားဂိတ်ကငွေကောက်ခံမပေးတာကြောင့် ငွေတော့ကြိုလွှဲရပါမယ်ခဗျ)

● အိမ်အရောက်ငွေချေစနစ် ( 𝐂𝐚𝐬𝐡 𝐎𝐧 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 )
ယူပြီးမှ ပစ္စည်းလက်ခံရရှိတဲ့အခါ ( 𝐁𝐚𝐧𝐤𝐢𝐧𝐠 )ဖြင့်
ငွေပေးချေမှု လက်မခံပါကြောင်း မေတ္တာရပ် ခံပါတယ်ခင်ဗျာ 🚫

● ( 𝐁𝐚𝐧𝐤𝐢𝐧𝐠 ) ဖြင့် မှာယူလိုပါက ငွေကြိုချေ ရမှာဖြစ်ပါတယ်ခင်ဗျာ ❤️

● 𝐏𝐚𝐲𝐦𝐞𝐧𝐭 အနေနဲ့ ~ 𝐂𝐚𝐬𝐡 , 𝐊𝐁𝐙 𝐩𝐚𝐲, 𝐊𝐁𝐙 𝐛𝐚𝐧𝐤, 𝐀𝐘𝐀, 𝐘𝐎𝐌𝐀, 𝐂𝐁, 𝐔𝐀𝐁, 𝐖𝐚𝐯𝐞𝐩𝐚𝐲 စသဖြင့် အဆင်ပြေရာ နဲ့ ငွေပေးချေနိုင်ပါတယ်ခဗျ။


● မှာယူအားပေးမှုအတွက် ‌𝐆𝐞𝐧𝐢𝐮𝐬 𝐁𝐨𝐨𝐤 𝐇𝐨𝐮𝐬𝐞 မှ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တယောက်ချင်းစီ တိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ 💙

● 𝐆𝐞𝐧𝐢𝐮𝐬 𝐁𝐨𝐨𝐤 𝐇𝐨𝐮𝐬𝐞 ရဲ့ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥

https://t.me/GeniusBookHouse23 ကနေလည်း

အသစ်ထွက်ရှိစာအုပ်များနှင့် စာရေးဆရာများရဲ့စာအုပ်ကောင်းများကို ၀င်ရောက်ကြည့်ရှူနိုင်ပါတယ်ခဗျာ 📚🩵


#ဘ၀အနှောင် #တင်မောင်မြင့်
#ဆမ်းမားဆက်မွမ်

ကုတ်အင်္ကျီ // လင်းဝေမြိုင်မူရင်း 𝐓𝐡𝐞 𝐎𝐯𝐞𝐫𝐜𝐨𝐚𝐭 // 𝐍𝐢𝐤𝐨𝐥𝐚𝐢 𝐆𝐨𝐠𝐨𝐥မှာယူနိုင်ပါပြီခဗျာ 📍တန်ဖိုး - 2500   #ကုတ်အင်္ကျီ  #ဂိုဂ...
12/08/2026

ကုတ်အင်္ကျီ // လင်းဝေမြိုင်

မူရင်း 𝐓𝐡𝐞 𝐎𝐯𝐞𝐫𝐜𝐨𝐚𝐭 // 𝐍𝐢𝐤𝐨𝐥𝐚𝐢 𝐆𝐨𝐠𝐨𝐥

မှာယူနိုင်ပါပြီခဗျာ 📍

တန်ဖိုး - 2500

#ကုတ်အင်္ကျီ #ဂိုဂိုးလ်

မောင်သစ်ဆိုတာ တခြားတော့မဟုတ်ပါဘူး ဆရာမောင်ကိုယု ရဲ့ကလောင်ခွဲပါ။ သရော်စာတွေ အမြင်မတော်ရာတွေထောက်ပြဖို့ ဆရာရေးသားထားတဲ့ " ...
12/08/2026

မောင်သစ်ဆိုတာ တခြားတော့မဟုတ်ပါဘူး ဆရာမောင်ကိုယု ရဲ့ကလောင်ခွဲပါ။ သရော်စာတွေ အမြင်မတော်ရာတွေထောက်ပြဖို့ ဆရာရေးသားထားတဲ့ " ကျွန်တော်တွေးမိသလိုပြောပါမည် ( ၁ + ၂ ) ❗

✅တအုပ်တန်ဖိုး - ၃၀၀၀ ကျပ်

_________

● မှာယူလိုပါက 𝐏𝐚𝐠𝐞 𝐜𝐡𝐚𝐭 𝐛𝐨𝐱 (သို့)

𝐏𝐡 𝐍𝐨 - 09799455963 , 𝐕𝐢𝐛𝐞𝐫 𝐧𝐨 09799455963

တို့ကနေမှာယူနိုင်ပါတယ်ခင်ဗျာ။

🚚 ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် ၊ ကျန်
တိုင်းဒေသကြီးများနှင့် ပြည်နယ်မြို့အတော်များများကို အိမ်အရောက်ငွေချေစနစ် ( 𝐂𝐚𝐬𝐡 𝐎𝐧 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 ) နဲ့ ပို့ဆောင်ပေးနေပါတယ်ခင်ဗျာ ။

● စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ 𝐔𝐊 ၊ဂျပန်၊ ကိုးရီးယားစတဲ့ ပြည်ပ နိုင်ငံများကိုလည်း သက်ဆိုင်ရာ 𝐂𝐚𝐫𝐠𝐨 များနဲ့ ချိတ်ဆက်ပို့ဆောင်ပေးနေပါတယ်ခဗျ။
[ ငွေကြိုလွှဲစနစ်ဖြင့် ]

● အိမ်အရောက်ငွေချေစနစ် မရတဲ့ မြို့နယ်တွေကိုလည်း ကားဂိတ်တင်ပေးပါတယ်ခဗျာ။ (ကားဂိတ်ကငွေကောက်ခံမပေးတာကြောင့် ငွေတော့ကြိုလွှဲရပါမယ်ခဗျ)

● အိမ်အရောက်ငွေချေစနစ် ( 𝐂𝐚𝐬𝐡 𝐎𝐧 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 )
ယူပြီးမှ ပစ္စည်းလက်ခံရရှိတဲ့အခါ ( 𝐁𝐚𝐧𝐤𝐢𝐧𝐠 )ဖြင့်
ငွေပေးချေမှု လက်မခံပါကြောင်း မေတ္တာရပ် ခံပါတယ်ခင်ဗျာ 🚫

● ( 𝐁𝐚𝐧𝐤𝐢𝐧𝐠 ) ဖြင့် မှာယူလိုပါက ငွေကြိုချေ ရမှာဖြစ်ပါတယ်ခင်ဗျာ ❤️

● 𝐏𝐚𝐲𝐦𝐞𝐧𝐭 အနေနဲ့ ~ 𝐂𝐚𝐬𝐡 , 𝐊𝐁𝐙 𝐩𝐚𝐲, 𝐊𝐁𝐙 𝐛𝐚𝐧𝐤, 𝐀𝐘𝐀, 𝐘𝐎𝐌𝐀, 𝐂𝐁, 𝐔𝐀𝐁, 𝐖𝐚𝐯𝐞𝐩𝐚𝐲 စသဖြင့် အဆင်ပြေရာ နဲ့ ငွေပေးချေနိုင်ပါတယ်ခဗျ။


● မှာယူအားပေးမှုအတွက် ‌𝐆𝐞𝐧𝐢𝐮𝐬 𝐁𝐨𝐨𝐤 𝐇𝐨𝐮𝐬𝐞 မှ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တယောက်ချင်းစီ တိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ 💙

● 𝐆𝐞𝐧𝐢𝐮𝐬 𝐁𝐨𝐨𝐤 𝐇𝐨𝐮𝐬𝐞 ရဲ့ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥

https://t.me/GeniusBookHouse23 ကနေလည်း

အသစ်ထွက်ရှိစာအုပ်များနှင့် စာရေးဆရာများရဲ့စာအုပ်ကောင်းများကို ၀င်ရောက်ကြည့်ရှူနိုင်ပါတယ်ခဗျာ 📚🩵

#မောင်ကိုယု

စာပေလိုက်စားသူတိုင်း အတွက် အကိုးအကားပြုစရာ၊ အားထားရာ ဖြစ်သော စာအုပ်နှစ်အုပ် ကိုလည်း ၂၀ ရာခိုင်နှုန်းလျှော့ဈေးဖြင့်ဝယ်ယူန...
12/08/2026

စာပေလိုက်စားသူတိုင်း အတွက် အကိုးအကားပြုစရာ၊ အားထားရာ ဖြစ်သော စာအုပ်နှစ်အုပ် ကိုလည်း ၂၀ ရာခိုင်နှုန်းလျှော့ဈေးဖြင့်ဝယ်ယူနိုင်ပါဦးမယ်📚💥

❝ မလိခ မြန်မာ၀တ္ထုအညွှန်းပေါင်းချုပ် ❞

မြန်မာ၀တ္ထုသည် ကမ္ဘာ့၀တ္ထုနှင့် ဆက်သွယ်ရင်းနှီးခဲ့သည့် ကာလအတွင်းမှာပင် မြန်မာ၀တ္ထုသည် တစ်စုံတစ်ခုသော အတိုင်းအတာဖြင့် တိုးတက်ရှင်သန်ခဲ့သည်ဟု ဆိုနိုင်၏။ ရှေ့ပိုင်းကာလ၌ ၀တ္ထုဆရာတို့သည် ကမ္ဘာ့၀တ္ထုပုံစံကို အမိအရယူနိုင်ရန် ကြိုးစားရင်း အစဉ်အလာ မြန်မာ၀တ္ထုပုံစံကို ဆုပ်ကိုင်ထားကာ အဓိကအခြေခံ အကြောင်းအရာဖြစ်သော လူ့အဖွဲ့အစည်းတွင်း တိုက်ပွဲများကို သာမညသာ ဖော်ပြနိုင်ခဲ့ကြသည်ဟု ဆိုရပေမည်။ စစ်ပြီးခေတ်တွင်မူ တော်လှန်ရေး နှင့် ညီညွတ်ရေး အတွေ့အကြုံကြွယ်၀လာသော စာရေးဆရာလူငယ်များသည် လူ့အဖွဲ့အစည်းအတွင်း တိုက်ပွဲများကို တတ်နိုင်သမျှ အားထုတ်ကြိုးပမ်းရာ၌ စစ်မဖြစ်မီကာလက ရယူထားသော ကမ္ဘာ့၀တ္ထုပုံစံ တိုးတက်ဖန်တီးမှုအပိုင်းတွင် အတန်အသင့် တွန့်ဆုတ်သည်ဟု ယေဘုယျအားဖြင့် ဆင်ခြင်မိပေသည်။

၁၉၆၀ နောက်ပိုင်းတွင်ကား ၀တ္ထုအဖွဲ့၌ ဇာတ်လမ်းအပြင် ဇာတ်ဆောင်၏ စရိုက်ကိုပါ ဖွဲ့ရန် ပိုမို အားထုတ်လာသည်။ တစ်ချိန်တည်းမှာပင် ခေတ်အခြေနေကိုလည်း ထင်ဟပ်နိုင်ရန် ကြိုးစားလာကြ၏။ ၀တ္ထုရေးဖွဲ့မှု နည်းပညာပိုင်း၌ တိုးတက်တီထွင်မှုများကိုလည်း တွေ့လာရသည်။

▪️၀တ္ထုနှင့်မြန်မာ့၀တ္ထုများအကြောင်းမှ

 ̄ ̄

❝ ကမ္ဘာ့စာပေအညွှန်း ❞ - မောင်ထင်

ကမ္ဘာ့စာပေအညွှန်းဟုဆိုသည့်အတိုင်း ကမ္ဘာအနှံ့အပြားတွင် စာပေယဉ်ကျေးမှု ထွန်းကား တိုးတက်လာပုံကို နှံ့နှံ့စပ်စပ် လေ့လာပြုစုထားသော ကျမ်းတစောင်။ အကိုးအကားပြုစရာ အထောက်အထားပြုစရာ များစွာပါဝင်သောကြောင့် အနီးအနားတွင် ထားပြီး မကြာခဏ ဖတ်ရှုမှတ်သားသင့်သောစာအုပ်။ စာချစ်သူတိုင်း စာအုပ်စင်တွင်ထားသင့်သော စာအုပ်ကြီး။




_________

● မှာယူလိုပါက 𝐏𝐚𝐠𝐞 𝐜𝐡𝐚𝐭 𝐛𝐨𝐱 (သို့)

𝐏𝐡 𝐍𝐨 - 09799455963 , 𝐕𝐢𝐛𝐞𝐫 𝐧𝐨 09799455963

တို့ကနေမှာယူနိုင်ပါတယ်ခင်ဗျာ။

🚚 ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် ၊ ကျန်
တိုင်းဒေသကြီးများနှင့် ပြည်နယ်မြို့အတော်များများကို အိမ်အရောက်ငွေချေစနစ် ( 𝐂𝐚𝐬𝐡 𝐎𝐧 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 ) နဲ့ ပို့ဆောင်ပေးနေပါတယ်ခင်ဗျာ ။

● စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ 𝐔𝐊 ၊ဂျပန်၊ ကိုးရီးယားစတဲ့ ပြည်ပ နိုင်ငံများကိုလည်း သက်ဆိုင်ရာ 𝐂𝐚𝐫𝐠𝐨 များနဲ့ ချိတ်ဆက်ပို့ဆောင်ပေးနေပါတယ်ခဗျ။
[ ငွေကြိုလွှဲစနစ်ဖြင့် ]

● အိမ်အရောက်ငွေချေစနစ် မရတဲ့ မြို့နယ်တွေကိုလည်း ကားဂိတ်တင်ပေးပါတယ်ခဗျာ။ (ကားဂိတ်ကငွေကောက်ခံမပေးတာကြောင့် ငွေတော့ကြိုလွှဲရပါမယ်ခဗျ)

● အိမ်အရောက်ငွေချေစနစ် ( 𝐂𝐚𝐬𝐡 𝐎𝐧 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 )
ယူပြီးမှ ပစ္စည်းလက်ခံရရှိတဲ့အခါ ( 𝐁𝐚𝐧𝐤𝐢𝐧𝐠 )ဖြင့်
ငွေပေးချေမှု လက်မခံပါကြောင်း မေတ္တာရပ် ခံပါတယ်ခင်ဗျာ 🚫

● ( 𝐁𝐚𝐧𝐤𝐢𝐧𝐠 ) ဖြင့် မှာယူလိုပါက ငွေကြိုချေ ရမှာဖြစ်ပါတယ်ခင်ဗျာ ❤️

● 𝐏𝐚𝐲𝐦𝐞𝐧𝐭 အနေနဲ့ ~ 𝐂𝐚𝐬𝐡 , 𝐊𝐁𝐙 𝐩𝐚𝐲, 𝐊𝐁𝐙 𝐛𝐚𝐧𝐤, 𝐀𝐘𝐀, 𝐘𝐎𝐌𝐀, 𝐂𝐁, 𝐔𝐀𝐁, 𝐖𝐚𝐯𝐞𝐩𝐚𝐲 စသဖြင့် အဆင်ပြေရာ နဲ့ ငွေပေးချေနိုင်ပါတယ်ခဗျ။

● ဒီကာလ စာတိုက် မသုံးပါခဗျာ 🤎

● မှာယူအားပေးမှုအတွက် ‌𝐆𝐞𝐧𝐢𝐮𝐬 𝐁𝐨𝐨𝐤 𝐇𝐨𝐮𝐬𝐞 မှ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တယောက်ချင်းစီ တိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ 💙

● 𝐆𝐞𝐧𝐢𝐮𝐬 𝐁𝐨𝐨𝐤 𝐇𝐨𝐮𝐬𝐞 ရဲ့ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥

https://t.me/GeniusBookHouse23 ကနေလည်း

အသစ်ထွက်ရှိစာအုပ်များနှင့် စာရေးဆရာများရဲ့စာအုပ်ကောင်းများကို ၀င်ရောက်ကြည့်ရှူနိုင်ပါတယ်ခဗျာ 📚🩵

#မလိခမြန်မာ၀တ္ထုအညွှန်းပေါင်းချုပ် #ကမ္ဘာ့စာပေအညွှန်း
#မောင်ထင်

❝ သိန်းစွန်ငှက် အပြန်လမ်း ❞  - ပိုင်စိုးဝေ [ကဗျာရှည်]၂၁၊ ၃၊ ၈၆ •••နောက်ဆုံး အခေါက်ပါပဲကျွန်‌‌တော် ရွာကို ပြန်လာခဲ့ပါတယ် ...
11/08/2026

❝ သိန်းစွန်ငှက် အပြန်လမ်း ❞ - ပိုင်စိုးဝေ [ကဗျာရှည်]

၂၁၊ ၃၊ ၈၆ •••
နောက်ဆုံး အခေါက်ပါပဲ
ကျွန်‌‌တော် ရွာကို ပြန်လာခဲ့ပါတယ်
အမေ။

ရွာ ဆိုတာ •••
တမာ ထနောင်း
ရှားစောင်း ပြာသာဒ်
သန်း ဒဟတ်ပင်တွေနဲ့
မိုးနံချုံပုတ်၊ ရှားပင်ငုတ်တို
နီညိုညို ကျောက်ခဲလုံးတွေနဲ့
ထန်းပင်မြင့်မြင့်ကြီးတွေ ကြားက
တဲကလေးတစ်လုံးပါ။

အဲဒီ တဲကလေးထဲ
အမေ လဲလျောင်းနေပေါ့။
အမေ ••ကျွန်တော် ရောက်လာပြီ အမေ ။
အမေ•• ကျွန်တော့်ကို ထပြီး နှုတ်ဆက်ပါဦး အမေ။

အမေ့ ခြေအစုံကို ပွေ့ဖက်
အသံမထွက်ဘဲ ကျနော် ငိုတယ်။

ထန်းပင်မြင့်မြင့်ကြီးတွေပေါ်က
ရွက်ယောင်းခြောက်တွေ
တရှဲရှဲမြည်လို့ •••။

ကျွန်‌တော့်ကို စကားမပြောချင်လို့
အမေ့သွားတွေ တင်းတင်း စေ့ထားသလား၊
ကျွန်တော့်ကိုကို မမြင်ချင်လို့
အမေ့မျက်လုံးတွေ မှိတ်ထားသလား၊
ထ ကြည့်ပါဦး
စကားပြောပါဦး အမေရယ်။

ဟော •• အမေ ••
အမေ့ကို သူတို့
ဟိုးမှာ မန်ကျည်းပင်တွေ စိမ်းညို့ညို့နဲ့
ဇရပ်အိုအို
ကျောက်တုံးနီညိုညိုတွေ စီထားတဲ့
သင်္ချိုင်းဆိုတဲ့နေရာကို
ပို့ကြတော့မလို့တဲ့။

လှည်းဘီးကို ပြင်ဆင်ပြီးကြပေါ့
အမေ့အလောင်းကို
ခေါင်းထဲထည့်ကြပေါ့
ကြေးစည်ကို
ရိုက်နှက်ကြပေါ့။

ကျွန်‌တော်
မငိုပါဘူး အမေ
ငိုလို့ မရတော့ဘူး အမေ
အမေ့မြေး ကလေးလေးတွေ
ကျွန်တော့် တူနဲ့ တူမလေးတွေ
သူတို့ ငိုပါစေ။

အမေ့သား သူတို့ရဲ့အဖေ
ကျွန်တော့် အစ်ကိုကြီး
အမေ့သမီး သူတို့ရဲ့အမေ
ကျွန်တော့် အစ်မ
သူတို့မောင်နှမ
အမေ့အရင် စောစောစီးစီး
ဟောသည် လောကကြီးထဲက
ထွက်ခွာသွားကြတော့
မိတဆိုး ဖတဆိုး
ဟောသည် ကလေးလေးတွေ
အမေ့အတွက် သူတို့ငိုပါစေ။

အမေ့အတွက်
သူတို့ မျက်ရည်တွေဟာ
ထိုက်တန်ပါတယ် အမေ။

ကျွန်တော်ကတော့
နွေဦးရက်တွေအကြောင်း
သီချင်းမဆိုနိုင်တဲ့
ဥသြငှက်တကောင်ရဲ့ ကြေကွဲမှုလို
ယာခင်းထဲက အမေ့ဘဝကို
အဝေးကပဲ
တမ်းတ ပူဆွေးခဲ့သူပါ အမေ။

“အမေ နေကောင်းပါစေ ...
အမေ့အား ထာဝရလုပ်ကျွေးပြုစုနိုင်သည့်ကိုယ်
ဖြစ်ရပါလို၏”

ညအိပ်ရာဝင်၊ ရင်ထဲလှုပ်ခတ်
ပဲ့တင်ထပ်ခဲ့တဲ့
ခွန်အားမဲ့ ဆုတောင်းသံများကြား
ရှည်လျားလွန်းတဲ့ ညတွေသာ
ခန္ဓာကိုယ်ပေါ်
တိတ်ဆိတ်စွာ ကြေပြုန်းခဲ့ရ။

မနေ့ကတော့
“အမေဆုံးပြီ၊ အမြန်လာ •••” တဲ့
ကုသိုလ်ကြမ္မာ၊ နုံချာလို့လား
ဆုတောင်းများ
မပြည့်ဝခဲ့ဘူး အမေ။
အမေက မွေးပေမယ့်
အမေကို လုပ်မကျွေးနိုင်ခဲ့တဲ့
ဟောသည် ခန္ဓာကိုယ်ကြီးဟာ
ဘာအသုံးကျတော့မှာလဲ။

အဲသည်လို နောင်တ တရားတွေက
နှလုံးသားကို ကုတ်ခြစ်
ဘဝ ဆိုတာကိုလည်း
မကျေမနပ်ဖြစ်မိပေါ့။

ကျွန်တော်
မငိုရဲတော့ပါဘူး အမေ
ငိုဖို့ရာ ရှက်လှပါတယ် အမေ
အမေနဲ့အတူ
အမေကို ခြေဆုပ်လက်နယ်ပြုခဲ့တဲ့
ဟောသည် ကလေးလေးတွေ
သူတို့ ငိုပါစေ
ကြေးစည်ကို သူတို့ ရိုက်နှက်ကြပေါ့
လှည်းဘီးကို သူတို့ တွန်းကြပေါ့။

ဟော ••
နီညိုညိုကျောက်တုံးတွေကြားက
ရထားတစ်စင်းဟာ
အဝေးကို ထွက်သွားပြီ။

ဟိုး •• လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်
သည်ရွာက လူငယ်
ကျေးတောသားတယောက်
သည်ရွာကို ပြန်ရောက်မလာ
ရထားဟာ သူ့ကို
အဝေးသို့ ခေါ်ဆောင်သွားခဲ့။

သူနဲ့ သူ စီးသွားတဲ့ ရထားအကြောင်း
လူတွေ မေ့ကြပေါ့
ပြောဆို အမှတ်ရသူ
တစ်စုံတစ်ယောက်မျှ မရှိတော့။

အဲသည်လူငယ်ဟာ
အခု
အမေ့ အလောင်း အမေ့ခေါင်းကို
ဖက်ဖက်ပြီး ငိုနေတဲ့
ကျွန်တော် ပဲပါ့ အမေ••။

ဟောသည် ယာခင်းတွေကြား
အမေ နေ့တိုင်း လှုပ်ရှားခဲ့တာ
ကျွန်တော် မမြင်နိုင်ခဲ့ဘူး။

အမေ့သမီး
ကျွန်တော့်အစ်မရဲ့ ယောက်ျားက
ထန်းရည်သမား၊ ထန်းရည်ချိုး။

အမေ့သား
ကျွန်တော့်အစ်ကိုကြီးရဲ့ မိန်းမက
မီးယပ်ကျိုး၊ မျက်စိတဖက်ကွယ်။

သူတို့တတွေနဲ့ ကျန်ရစ်ခဲ့တဲ့
အမေ့မြေး ကလေး‌လေးတွေနဲ့အတူ
ထန်းလျက်ကျို၊ ထင်းခွေ ရေခပ်
ငတ်မသေဖို့
အမေ ရုန်းကန်ခဲ့တဲ့ နေ့တွေမှာ
ကျနော်ဟာ
ဟိုအဝေးမှာပေါ့။

ဟိုတစ်နှစ်က
တစ်ရွာလုံး မီးလောင်ပြာကျ
အဲသည်ကတည်းက အမေဟာ
ရွာထဲကို ပြန်မရောက်
အိမ်ပြန်မဆောက်နိုင်
ထန်းပင်အောက်က ထန်းတဲမှာ
အမေ အနေကြာခဲ့ပါတယ်။

အမေရေ ••
အမေရေ ••
ကြေးစည်ကို ရိုက်နှက်ကြပေါ့
လှည်းဘီးကို သူတို့ တွန်းကြပေါ့
ဟိုး •• အနောက်တောင် တောတန်းက
ထန်းပင်ရိပ်ဖျားမှာ
နေလုံးဟာ တဖြည်းဖြည်း ညိုခဲ့ပေါ့။

တောင်သူဓလေ့
ယာမီးငွေ့တွေ လွင့်တက်လာပေါ့။
ဟိုတောင်ကမူ ကမ်းပါးမှာ
မြက်စားနေတဲ့ နွားမတွေက
အမေ့ကို နှုတ်ဆက်နေကြသလား။

သိန်းစွန်ငှက်အပြန်လမ်းမှာ
ကျီးကန်းတွေ ကသုတ်ကရက်နဲ့
ရွာဘက်ဆီ ပျံပြေးကြပေါ့။

နေညိုချိန် အိမ်အပြန်လမ်းမှာ
တောတန်းလျှိုမြောင်
ဟို အနောက်တောင်ထဲ
မှောင်မည်းမည်းက
ကျနော့်ဘဝကို မဝါးမျိုမီ
ကလေးဘဝအရွယ်
ငယ်ငယ်တုန်းကလေ
တောင်ရိပ်တောင်ကြား
သစ်ပင်ဖျားမှာ
မားမားရပ်နေ တစ္ဆေတွေလား။
အမေရေ ••
တစ္ဆေဆို ကျနော် ကြောက်လှချည့်။

တစ်ညသား
ပျူစောထီးဆိုလား၊ ရဲဘော်ဖြူဆိုလား
တံခါးကို တအားခေါက်
နွားကောက်စမ်း မြန်မြန်လုပ်
သေနတ်တွေ ထုတ်ချိန်ပြီး
အခိုင်အခံ့ လှည်းတစ်စင်း
နွားပြာညိုတစ်ရှဉ်းနဲ့အတူ
လှည်းမောင်းပို့ ဆိုပြီး အဖေ့ကို ခေါ်သွား
ရွာအနောက်ဘက်တောအုပ်ကြားက
သေနတ်သံတချက်ကြားလိုက်ရ။

အဖေရေ ••
အဖေရေ •• ••
ကျနော်တို့မိသားစုဘဝ
ရာဇဝင်ကို ဖြတ်သန်းရတဲ့ ညပေါ့။

လွတ်လပ်ရေး ရပြီးခါစ
သူခိုးဓားပြတွေ
တန်ခိုးပြလို့ကောင်းဆဲ ခေတ်ကြီးထဲ
လူဖြစ်ခဲ့ရတဲ့ ကျနော်
အမေ့ရဲ့ကျောပေါ်မှာ
သေနတ်သံတွေကြား
ပြေးလွှားပုန်းအောင်း
ရွာတောင်စောင်း နဘူးချုံထဲ
ညတိုင်းပဲ အိပ်ခဲ့ရတယ်မဟုတ်လား အမေ။

စစ်စနက်မီး အကြွင်းအကျန်တွေနဲ့
ခေတ်အပျက်ကြီးကို တွန်းလှန်ရင်း
အမေရယ် တခြား အမေတွေရယ်
အမေတွေအားလုံး
ကလေးတွေကို ပုခုံးပေါ်တင်ပြီး
ပြေးကြလွှားကြ၊ ပုန်းကြအောင်းကြနဲ့
တချို့ သားသေ၊ တချို့လင်ဆုံး
စစ် ဆိုတာကြီးကို
မုန်းခဲ့တယ် မဟုတ်လား အမေ။

အဖေ မရှိတဲ့နောက်
အမေရယ်၊ အစ်ကိုကြီးရယ်၊ အစ်မရယ်၊
ကျွန်တော်ရယ်လေ
လောက ကမ်းပါးမှာ
စမ်းတဝါဝါး လျှောက်ခဲ့ကြပေါ့
အရွယ်ရောက်ခါစ အစ်ကိုကြီး
ထန်းလှီး သင်ရပေါ့။

အစ်ကိုကြီးဟာ
သာသနာ့ဘောင်မှာ အရိုးထုတ်
ဘုန်းကြီးလုပ်ဖို့ စိတ်ကူးရှိပေမဲ့
ကျနော်တို့အတွက်
ယုံကြည်ချက်တွေ စွန့်ခဲ့ရပြီပေါ့။

ကျွန်တော်ကတော့
သျှောင်တစောင်းနဲ့ ဘုန်းကြီးကျောင်းသား
ပြီးတော့ ပြည်တော်သာကျောင်းရောက်
ကျောင်းဆင်းချိန်မှာ
သိုး၊ ဆိတ်၊ နွားကျောင်း။

ကျွန်တော်တို့တတွေ
ဟိုသပြေပင် တောင်စောင်းဆီက
လက်ပြ ဟစ်အော်
သီချင်းတကြော်ကြော်နဲ့
ခွေးခေါ်၊ ပတတ်တူး
ဟင်းရွက်ခူး၊ ယုန်ရှာ
တောင်ယာလုပ်သူ၊ ထင်းခုတ်သူတွေ
ထန်းလျက်ကျိုသူ၊ ထန်းတက်သူတွေ
နေက ပူလောင်
ကုန်းခေါင်ခေါင်မှာ
ဟိုးအနောက်တောင်မှာ
မှိုင်းပြာပြာ မြူခိုးတွေနဲ့
ပုပ္ပားဆိုတဲ့ တောင်တော်မြတ်ကြီးဆီ
မျှော်ကြည့်ငေးမော
စိမ်းလန်းတဲ့ ယာတောတွေကြား။

အစ်ကိုကြီးက ထန်းလှီး
ကျွန်တော်က ထန်းရည်အိုးသယ်
အမေရယ်၊ အစ်မရယ်က
ထန်းလျက်ကျို၊ ရက်ကန်းခတ်၊ ထင်းခွေ
တခါတလေ မြေပဲကောက်
တခါတလေ ဝါစိုက်
တောအလိုက် လုပ်ငန်းစုံပေါ့။

“မြို့ရွာနိဂုံး၊ ပျက်ပြုန်းစေအောင်
ဓားပြကြီးကြီး မိုက်သီးအခေါင်
မီးနှင့်မြိုက်လို့၊ တိုက်ခိုက်ပူလောင်
ဝ သ လ၊ မှတ်ကြ သူယုတ်ကောင်”

“ခလောက်လေးရယ်တဲ့ ဒိုးဒိုးဒေါင်
ပျိုတို့မောင် ယာ မလုပ်တယ်
ဝါးခုတ်တဲ့ တောင်”

အဲသည်လို အစ်ကိုကြီး တတ်တဲ့
ကဗျာတွေ၊ သံပေါက်တွေ
ကျွန်တော့်မှာ အမွေရခဲ့ပေါ့။

“နေညိုချိန်တိမ်တောက် ပျိုကြောက်တဲ့ သည်အချိန်
ဆီးမီးကွယ်မှန်အိမ်နဲ့ ... ”

အဲသည်လို
ကျေးလက်ဘဝ သီချင်းကဗျာတွေ
ရင်ထဲမှာ အမြစ်တွယ်ခဲ့ရပေါ့။

အမေရေ ••
ကြေးစည်ကို ရိုက်နှက်နေကြပေါ့
လှည်းဘီးကို သူတို့တွန်းကြပေါ့။

အမေ ခေါင်းချခဲ့တဲ့ တဲကလေးဟာ
အမေ့ရွာနဲ့ အလှမ်းဝေးပေမဲ့
သည်တော သည်တောင်ကြား
အမေ့ကို
တစ်ယောက်တည်း မထားရက်ပါဘူး အမေ။

အမေ့ အမေ ကျွန်တော့်အဘွား
ကျွန်တော့်အဘွားရဲ့ အမေ့ အမေ ... စတဲ့
ဆွေမျိုးတော်သူရော မတော်သူပါ
တစ်ရွာလုံး နောက်ဆုံး စုဝေးရာ
ဟောဟို ဇရပ်အိုအိုရဲ့
သုဿာန်ဆိုတဲ့ နေရာရောက်အောင်
အမေ့ကို
ကျွန်တော်တို့ ပို့မှာပေါ့။

လမ်းက ကြမ်းလိုက်တာ အမေ
တောင်ကမူ ကျတ်တီးကြား
နှစ်တွေ များစွာ ရေတိုက်စားမှုနဲ့
ပျက်လုလု လှည်းလမ်းမပေါ်မှာ
အမေ့ခေါင်းဟာ၊ လှုပ်ယမ်းလှချည့်။

ဖြည်းဖြည်း ... ဖြည်းဖြည်း ...
ဆူးကိုင်းတွေ ဘေးဖယ်
မျက်နှာကို ခြစ်မိကြဦးမယ်။

ဟိုသုဿာန်ကို ရောက်တဲ့ခါ
ဘုန်းကြီးတွေက
သရဏဂုံ ရွတ်ဖတ်
ကျွန်တော့်လက်နဲ့ ရေစက်သွန်းချ အမျှဝေ
အမေ ကောင်းရာသုဂတိ လားပါစေ ...လို့
ကျွန်တော် အမျှဝေမယ်။

ကျွန်တော့် ကိုယ်ပေါ်မှာ
ဖုန်တွေ ပေကပ်
ညစ်ပတ်နေမလားပဲ။

မန္တလေးက မိတ္ထီလာ
မလှိုင် ပန်းအိုင် တစ်လမ်းလုံး
ဖုန်လုံးကြီးထဲ ဖြတ်ခဲ့ရ
အခုလည်းပဲ ဖုန်လုံးကြီးထဲမှာ။

ကျွန်တော့် ကိုယ်ပေါ်မှာ
ကျွန်တော့် တစ်ခေါင်းလုံးမှာ
ဖုန်တွေ ပေကပ် ညစ်ပတ်နေမလားပဲ။

ဟိုသုဿာန်ကို ရောက်လို့
ရေစက်သွန်းချ အမျှဝေတဲ့အခါ
ငယ်ဆရာ ဘုန်းတော်ကြီး
ကျွန်တော့်ကို ကြည့်ပြီး
အံ့သြနေလိမ့်မယ်။

ညရောက်တဲ့အခါ
ဦးလေးဘယ်နေ့ ပြန်မှာလဲ
တစ်နှစ်တစ်ခါ ပြန်လာပါနော်
ကျွန်တော် ကျောင်းဆက်နေချင်တယ်
ညီမလေးမှာ ဝတ်စရာအင်္ကျီ မရှိတော့ဘူး
ဟောဒီ အငယ်မ
မနှစ်က နှစ်တန်းကျတယ်
ငါ့မောင်ရယ်
ဟောဒီ ကျန်နေတဲ့
မျက်စိတစ်ဖက်ကလည်း
ဆရာဝန်က ခွဲရမယ်တဲ့
အစ်မလည်း ကြောက်တတ်လို့
ဆေးရုံကို
နောက်ထပ် မရောက်တော့ပါဘူး
စတဲ့ … စတဲ့ စကားလုံးတွေကြား
ကျွန်တော် ဘာများ တာဝန်ယူနိုင်မလဲ။

မင်းတို့အတွက်၊ ငါ့အတွက်
အနှစ် သုံးဆယ်လုံးလုံး
ဦးလေး စဉ်းစားနေတုန်းပဲ
ဦးလေးဟာ
စဉ်းစားနေတုန်းပါပဲကွယ်။
တစ်စုံတရာ
ကတိတွေ ပေးထားပစ်ခဲ့ပြီး
နံနက်ခင်းတခုမှာ
ငှက်တကောင်လို ပျံပြေးသွားမယ်။

ဟိုတခါက
အမေ့ကို ထားပစ်ခဲ့သလိုမျိုး

ဟောသည်ကမ္ဘာမြေကြီးရဲ့
နာမကျန်းမှုတွေကို ဆေးဝါးကုသဖို့
ကျနော် ကဗျာဆရာလုပ်ရမယ်
ကဗျာဆရာလုပ်မှဖြစ်မယ် အမေ
အဲသလို ဆိုပြီး
အမေ့ကို ထားပစ်ခဲ့တုန်းက
ယာခင်းနံဘေး
တောလမ်းလေးပေါ်မှာ
မြက်ရိုင်းပင်တွေကို တိုးဖြတ်
တရှပ်ရှပ်နဲ့ ကျွန်တော့် ဖိနပ်သံတွေ
ကျန်ရစ်ခဲ့တယ်။

ယာခင်းတွေ နောက်မှာ ချန်
တောတန်းတွေ ကျန်ရစ်ခဲ့တယ်။

ကျောက်စရစ် ကုန်းခေါင်
တလင်းပြောင်မှာ
ယုန်ထောင်၊ ပုတတ်တူး၊ ချိုးတည်
ငယ်ဘဝတွေ ကျန်ရစ်ခဲ့တယ်။

လိမ်လိမ်မာမာ နေဖို့
စကားလုံးတို့ တုန်ခါ
အမေ့မျက်နှာပေါ်က
မျက်ရည်စတွေ ကျန်ရစ်ခဲ့တယ်။

သူငယ်ချင်းတွေ
လက်ပြနေဆဲ၊ ဥသြဆွဲပေါ့
တရှဲရှဲမြည်လျက် ရထားထွက်ခွာ
တုန်ခါနေတဲ့ ဓာတ်ကြိုးပေါ်မှာ
တောကျီးကန်းတကောင်
အော်မြည်ရင်း ကျန်ရစ်ခဲ့တယ်။

မြို့ပြဘဝရဲ့
ခံစားမှုမြစ် ရသသစ်ထဲမှာ
ပလက်ဖောင်းတစ်လျှောက်
ဓာတ်မီးတိုင်တွေအောက်
တစ်ယောက်ကို တစ်ယောက်
ဖြတ်ကျော် လျှောက်သွားရင်း
သူစိမ်းဆန်တဲ့ လူတွေကြားမှာ
ဟို •• အနောက်တောင်ဆီကို ရော်ရမ်း
တောလမ်းကလေးကို
လွမ်းခဲ့ရပေါ့ အမေ။

နေညိုချိန် အိမ်အပြန်
လမ်းဘေး တိုက်ကြား ဓာတ်တိုင်နားမှာ
မားမားရပ်နေ တစ္ဆေတွေလား
“အမေရေ ...
တစ္ဆေကို ကျွန်တော် ကြောက်လှချည့်”
ယောင်ရမ်း ရွတ်ဆိုမိသော်လည်း
ရဲရဲတင်းတင်း
ဖြတ်သန်းရပြီ အမေ။

လူမှုဗေဒ ဝေါဟာရနဲ့
ရသသစ်တွေက
နှလုံးသားကို တအားကုတ်ခြစ်
ပွတ်သပ်ပြီး ဖြေသော်လည်း
ယားယံမြဲပါအမေ။

ဆည်းဆာရီထဲ
တိုးရှဲဖြတ်သန်း
ကိုယ့်လမ်းကို သွားခဲ့ကြရ
စကားငြင်းဆန်
ကားဟွန်းသံတွေကြား
နှလုံးသားတိတ်ဆိတ် မသိစိတ်မှာ
ရောဂါထူပြောခဲ့ပေါ့ အမေ။

အမေ့ထံ ကျွန်တော် ပြန်မလာနိုင်တော့ဘူး
ငါ့မြေးလေးတွေ
အမေ မြင်ချင်လှပြီဆို။

ဟော ...
အကြီးလေးက မသုမာတဲ့
ပိန်ပိန်သွယ်သွယ် နဖူးကျယ်ကျယ်နဲ့
သိပ်ချစ်စရာကောင်းတယ် အမေ။

အငယ်လေးက မငုဝါတဲ့
အစားပုတ်ပုတ်၊ ဝတုတ်တုတ်ကလေး၊
နောက်တစ်ယောက်က
သားကြီး မောင်ဖိုးကာ
ဆော့တဲ့နေရာမှာ မျောက်ရှုံးပါပဲ
ငယ်ငယ်လေးကတည်းက
မျောက်ကလေးလိုပဲ
ကြီးလာရင် မျောက်နဲ့ တူမလားပဲ။

သူတို့မောင်နှမတတွေ
ဦးလေးတွေ၊ အဒေါ်တွေနဲ့ တွေ့ဖို့
ကျွန်တော်လာချင်ပါရဲ့
ဒါပေမဲ့ ... အမေ။

ဟော ••
ကျွန်တော် တို့အားလုံးအတွက်
အရွယ်မရောက်ခင်
ထန်းလှီးသင်ခဲ့ရတဲ့ အစ်ကိုကြီး
ထန်းပင်ပေါ်က ဇောက်ထိုးကျ
အနိစ္စရောက်ခဲ့ရပြီ မဟုတ်လား။

ကျနော့်အစ်မ
အမေ့သမီး ပိန်တာရိုးလေး
သားသမီးခုနှစ်ယောက်မွေးတော့
ဆင်းရဲမှုဒဏ် မခံနိုင်လို့ ထင်ရဲ့
အနိစ္စရောက်ခဲ့ရပြီမဟုတ်လား အမေ။
အမေ ...
သည်တော သည်တောင်ထဲမှာ
အမေ့ သားသမီးတွေနဲ့
အနေဝေး၊ အသေဝေးခဲ့ကြရသော်လည်း
အမေတစ်ယောက်တည်းမဟုတ်။

အမေ့မြေး တစ်အုပ်နဲ့
ထန်းလျက်ကျို၊ ထင်းခွေ၊ ရေခပ်
ကျနော် တပြားတချပ်မှ
မထောက်ပံ့နိုင်ပေမဲ့၊ ငတ်မသေခဲ့ဘူး
အမေ သေရတာ
ငတ်လို့ မဟုတ်ဘူး အမေ။

မနေ့က အမေဆုံးကြောင်း ကြေးနန်းရတော့
ခရီးသွားဖို့ ဇနီးမယားနဲ့ တိုင်ပင်
ပြင်ရဆင်ရ ငွေရှာရနဲ့ပေါ့။

ညရောက်တော့လည်း ရင်ထဲမအေး
ပူဆွေးနေဆဲမှာ
ကလေးတွေက တီဗီသွားကြည့်ကြသတဲ့
သြော် ... မင်းတို့ အဖွားသေတဲ့ရက်
မင်းတို့အတွက်
ဘာမှ မခံစားရပါလားနော်။

ငယ်သေးတဲ့ ကလေးလေးတွေပဲ
ဆိုတာက တစ်ကဏ္ဍပေါ့။
မြို့ပြမှာနေတဲ့ အမေ့မြေးကလေးတွေ
အမေနဲ့ တအား ဝေးခဲ့ပါ‌ ပေါ့လားဆိုတဲ့
အတွေးတွေက
နှလုံးသားထဲ စူးနစ်
တကယ့်ကိုပါပဲ
ဘဝဆိုတာကိုလည်း
မကျေမနပ်ဖြစ်ရပြန်ပေါ့ အမေ။

ခံစားရပြီပေါ့
ကျွန်တော် ခံစားရပြီပေါ့ အမေ။
ကျွန်တော်ဟာ
ဗုဒ္ဓ ဘာသာ ဗမာယဉ်ကျေးမှုထဲက
လူတစ်ယောက်အဖြစ်နဲ့ပဲ
အသက်ရှင် ရပ်တည်နေဆဲပါ အမေ။

အမေရေ ...
အမေရေ ... ... အမေရေ ... ... ...
ကြေးစည်ကို ရိုက်နှက်ကြပေါ့
လှည်းဘီးကို သူတို့ တွန်းကြပေါ့
အမေ့ခေါင်းဟာ
လှည်းပေါ်မှာ ယိမ်းထိုးလို့
ရှားစောင်းပြာသာဒ်ပင်ပေါ်က
ဒေါ့ရင်းဆိုတဲ့ အကောင်တွေ
တကျည်ကျည် မြည်လို့။

အမေ့ မြေးကလေးလေးတွေ
အမေ့ရဲ့ ဆွေမျိုးသားချင်းကလေးတွေ
အမေ့ကို ခင်မင်တဲ့သူတွေ
မရဏတေးကို ရွတ်ဆို ငိုကြွေးလို့။

အမေ့ခေါင်းပေါ်
ညောင်ရွက်တွေ ကြွေကျ
ဒါဟာ သင်္ခါရတရားပေပဲလို့
ဆိုချင်သလား မသိပေဘူး အမေ။

ကုန်တန်ချိန်အပြည့်နဲ့ ကားတစီး
အဝေးပြေးလမ်းမကြီးပေါ်
ဖြတ်မောင်းသွားနေရဲ့။

ထန်းပင်မြင့်မြင့်ကြီးတွေပေါ်က
ရွက်ယောင်းခြောက်တွေ
တရှဲရှဲမြည်လို့ ••• ။ ။

#ပိုင်စိုးဝေ
#သိန်းစွန်ငှက်အပြန်လမ်း

မြသန်းတင့်နှစ်တစ်ရာ ကမ္ဘာ့ စုံထောက် ဝတ္ထုတိုများကမ္ဘာ့ ပထမဆုံး စုံထောက် ဝတ္ထုကို  ၁၈၄၁ ခုနှစ်တွင် အမေရိကန် စာရေးဆရာ အဂ္ဂ...
11/08/2026

မြသန်းတင့်
နှစ်တစ်ရာ ကမ္ဘာ့ စုံထောက် ဝတ္ထုတိုများ

ကမ္ဘာ့ ပထမဆုံး စုံထောက် ဝတ္ထုကို ၁၈၄၁ ခုနှစ်တွင်
အမေရိကန် စာရေးဆရာ အဂ္ဂါ အလန်ပိုးက
စတင် ရေးသားခဲ့သည်ဟု ဆိုပါသည်။
ဝတ္ထု နာမည်မှာ 𝚃𝚑𝚎 𝙼𝚞𝚛𝚍𝚎𝚛 𝚒𝚗 𝚝𝚑𝚎 𝚁𝚞𝚎 𝙼𝚘𝚛𝚐𝚞𝚎 ဖြစ်ပြီး
စုံထောက် ဇာတ်ကောင်က စီ၊ ဩဂတ်စတီ ဒူပင် ဖြစ်ပါသည်။
သည်ဝတ္ထုနှင့် သည်စုံထောက်တို့ကို
ကမ္ဘာ့ ပထမဆုံး စုံထောက် ဝတ္ထုနှင့်
ပထမဆုံးသော စုံထောက် ဇာတ်ကောင်ဟု
ကမ္ဘာ့ စာပေ ပညာရှင်များက သတ်မှတ်ကြပါသည်။

ဤစာအုပ်ထဲတွင်
အဂ္ဂါ အလန်ပိုး၏ စုံထောက် ဒူပင် ပါဝင်သော
𝚃𝚑𝚎 𝙿𝚞𝚛𝚕𝚘𝚒𝚗𝚎𝚍 𝙻𝚎𝚝𝚝𝚎𝚛 ' စာပျောက်မှု ' ဝတ္ထုတိုကို
ပထမဆုံး ဝတ္ထုတို အဖြစ် ဖော်ပြထားပါသည်။

မြန်မာ စာဖတ် ပရိသတ်နှင့် ကျွမ်းဝင် ရင်းနှီးသည့်
အဂ္ဂါ အလန်ပိုး အပြင်
ဆရာ ဇေယျ၏ ' မြတ်လေး ရွှေဓားဗိုလ် '
မူရင်း စာရေးဆရာမကြီး ဗေရွန်းနက် အော်ဇီ၊
ဆရာကြီး ရွှေဥဒေါင်း၏ ဒေါက်တာ သောင်းထိုက်
မူရင်း အင်္ဂလိပ် စာရေးဆရာကြီး အော်စတင် ဖရီးမင်း၊
ရှားလော့ဟုမ်း ပြီးလျှင် လူကြိုက် အများဆုံး
စုံထောက် ဇာတ်ကောင် ဟာကျူလီ ပွိုင်ရိုးကို ဖန်တီးခဲ့သည့်
အင်္ဂလိပ် စာရေးဆရာမကြီး အဂ္ဂါသာ ခရစ္စတီး၊
ဆရာကြီး ရွှေဥဒေါင်းက သူတော်စိန် အမည်ဖြင့်
မြန်မာမှု ပြုခဲ့သည့် သူခိုး ဇာတ်ကောင် ' စိန့် ' ၏
ဖန်တီးရှင် လက်စလေ ရှာတာရိစ်၊
ဆရာ မိုးဝေ မြန်မာမှု ပြုခဲ့ဖူးသည့်
အင်္ဂလိပ် စုံထောက် စာရေးဆရာ အဂ္ဂါ ဝေါလေ့စ်နှင့်
အခြား စာရေးဆရာများ၏ ဝတ္ထုတို ပုဒ်ရေ ၂၄ ပုဒ် ပါဝင်သည်။

လွန်ခဲ့သော နှစ်ပေါင်း တစ်ရာကျော်က ရေးဖွဲ့ခဲ့ပြီး
ယခု အချိန်ထိတိုင် ကမ္ဘာ့ ဂန္ထဝင် အမွေအနှစ် အဖြစ်
မြတ်မြတ်နိုးနိုး တန်ဖိုးထား ဖတ်ရှုနေကြရသည့်
စုံထောက် ဝတ္ထုတို ၂၄ ပုဒ်ကို
ဆရာ မြသန်းတင့်၏
ခံ့ခံ့ထည်ထည် ပြန်ဆိုချက်။

ပထမ အကြိမ်ကို ဂုဏ်ထူး စာပေက
၁၉၈၉ ခုနှစ်တွင် သုံးတွဲခွဲ၍ ထုတ်ဝေခဲ့ပါသည်။

ပဉ္စမ အကြိမ်
ဝူဖရီး စက္ကူ အဖြူ ( အခန့်ချုပ် )
📖စာမျက်နှာ ၆၁၆
✅တန်ဖိုး ၅၀၀၀၀ ကျပ်။

#မြသန်းတင့် #စုံထောက်ဝတ္ထု #ကမ္ဘာ့စုံထောက်

ကာတွန်းမြေဇာ၏ စိန်မျောက်မျောက် ကာတွန်းများ ..🐒 ▪️‌မြန်မာ့ကာတွန်းခေတ်ကောင်းချိန်နဲ့ စာအုပ်အငှားဆိုင်ယဉ်ကျေးမှုထွန်းကားချိ...
11/08/2026

ကာတွန်းမြေဇာ၏ စိန်မျောက်မျောက် ကာတွန်းများ ..🐒

▪️‌မြန်မာ့ကာတွန်းခေတ်ကောင်းချိန်နဲ့ စာအုပ်အငှားဆိုင်ယဉ်ကျေးမှုထွန်းကားချိန်တွေမှာ ဆရာ ကာတွန်းမြေဇာရဲ့ စိန်မျောက်မျောက်ကလည်း တထောင့်တနေရာကနေပါဝင်ပါတယ်။
▪️စိန်မျောက်မျောက် ဇာတ်ကောင်ပေါ်ထွက်လာချိန်က ၁၉၇၂ ခုနှစ်မှာပါ။ တရားဝင်ထွက်ရှိထားတဲ့ စာစောင် ၊ မဂ္ဂဇင်း ၊ ဂျာနယ်တွေမှာ ပါခဲ့တာမျိုးမဟုတ်ဘဲ မှောင်ခိုစာအုပ်ဈေးကွက်မှာ မှောင်ခို ကာတွန်းအဖြစ်စတင်ခဲ့ပြီးမှ ရွှေသွေးမှာ တရားဝင်ကာတွန်းအဖြစ်နဲ့ စိန်မျောက်မျောက်ရယ်လို့ဖြစ်လာတယ်လို့ ဆရာမြေဇာကဆိုပါတယ်။

▪️အပူအပင်မရှိ ၊ မတရားတာမလုပ်သလို ❝ ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ် ❞ ဆိုတဲ့မူကို စံထားတဲ့
စိန်မျောက်မျောက် ၊ စိန်ပေါက်ပေါက် ၊ ပိပိ ၊ ပါကျယ် နဲ့
သရီးပင်တို့ရဲ့ အလွဲအချော်တွေ ၊ မတရားမှုဖော်ထုတ်ကြပုံတွေ ၊ စွန့်စားခန်းတွေကို ဖတ်ကြရင်း ငယ်ဘဝ တခဏ အလည်သွားကြဦးစို့လားဗျာ....🥰

---

▪️အတွဲ(၁) - ၁၀၀၀၀
▪️အတွဲ(၂) - ၈၀၀၀
▪️အတွဲ(၃) - ၇၀၀၀
▪️အတွဲ(၄) - ၇၅၀၀
▪️အတွဲ(၅) -၉၀၀၀
▪️အတွဲ(၆) - ၈၀၀၀
▪️အတွဲ(၇) - ၈၀၀၀

❗စုစုပေါင်း (၇) အုပ် - ၅၇,၅၀၀ ကျပ်❗

✨၂၀ ရာခိုင်နှုန်းလျော့ဈေး- ၄၆၀၀၀ ကျပ် ( ဩဂက်စ် ၁၂ ရက်နေ့ထိ)

_________

● မှာယူလိုပါက 𝐏𝐚𝐠𝐞 𝐜𝐡𝐚𝐭 𝐛𝐨𝐱 (သို့)

𝐏𝐡 𝐍𝐨 - 09799455963 , 𝐕𝐢𝐛𝐞𝐫 𝐧𝐨 09799455963

တို့ကနေမှာယူနိုင်ပါတယ်ခင်ဗျာ။

🚚 ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် ၊ ကျန်
တိုင်းဒေသကြီးများနှင့် ပြည်နယ်မြို့အတော်များများကို အိမ်အရောက်ငွေချေစနစ် ( 𝐂𝐚𝐬𝐡 𝐎𝐧 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 ) နဲ့ ပို့ဆောင်ပေးနေပါတယ်ခင်ဗျာ ။

● စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ 𝐔𝐊 ၊ဂျပန်၊ ကိုးရီးယားစတဲ့ ပြည်ပ နိုင်ငံများကိုလည်း သက်ဆိုင်ရာ 𝐂𝐚𝐫𝐠𝐨 များနဲ့ ချိတ်ဆက်ပို့ဆောင်ပေးနေပါတယ်ခဗျ။
[ ငွေကြိုလွှဲစနစ်ဖြင့် ]

● အိမ်အရောက်ငွေချေစနစ် မရတဲ့ မြို့နယ်တွေကိုလည်း ကားဂိတ်တင်ပေးပါတယ်ခဗျာ။ (ကားဂိတ်ကငွေကောက်ခံမပေးတာကြောင့် ငွေတော့ကြိုလွှဲရပါမယ်ခဗျ)

● အိမ်အရောက်ငွေချေစနစ် ( 𝐂𝐚𝐬𝐡 𝐎𝐧 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 )
ယူပြီးမှ ပစ္စည်းလက်ခံရရှိတဲ့အခါ ( 𝐁𝐚𝐧𝐤𝐢𝐧𝐠 )ဖြင့်
ငွေပေးချေမှု လက်မခံပါကြောင်း မေတ္တာရပ် ခံပါတယ်ခင်ဗျာ 🚫

● ( 𝐁𝐚𝐧𝐤𝐢𝐧𝐠 ) ဖြင့် မှာယူလိုပါက ငွေကြိုချေ ရမှာဖြစ်ပါတယ်ခင်ဗျာ ❤️

● 𝐏𝐚𝐲𝐦𝐞𝐧𝐭 အနေနဲ့ ~ 𝐂𝐚𝐬𝐡 , 𝐊𝐁𝐙 𝐩𝐚𝐲, 𝐊𝐁𝐙 𝐛𝐚𝐧𝐤, 𝐀𝐘𝐀, 𝐘𝐎𝐌𝐀, 𝐂𝐁, 𝐔𝐀𝐁, 𝐖𝐚𝐯𝐞𝐩𝐚𝐲 စသဖြင့် အဆင်ပြေရာ နဲ့ ငွေပေးချေနိုင်ပါတယ်ခဗျ။

● မှာယူအားပေးမှုအတွက် ‌𝐆𝐞𝐧𝐢𝐮𝐬 𝐁𝐨𝐨𝐤 𝐇𝐨𝐮𝐬𝐞 မှ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တယောက်ချင်းစီ တိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ 💙

● 𝐆𝐞𝐧𝐢𝐮𝐬 𝐁𝐨𝐨𝐤 𝐇𝐨𝐮𝐬𝐞 ရဲ့ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥

https://t.me/GeniusBookHouse23 ကနေလည်း

အသစ်ထွက်ရှိစာအုပ်များနှင့် စာရေးဆရာများရဲ့စာအုပ်ကောင်းများကို ၀င်ရောက်ကြည့်ရှူနိုင်ပါတယ်ခဗျာ 📚🩵

#ကာတွန်းမြေဇာ #စိန်မျောက်မျောက် #စိန်ပေါက်ပေါက် #ရုပ်ပြ #ရွှေသွေး

✍️ဆရာမင်းခက်ရဲ•••ရဲ့ စာအုပ်အသစ်♦️စစ်နှင့် လူ့အဖွဲ့အစည်း🟥(လူမှုဗေဒရှုထောင့်မှ လေ့လာခြင်း)✍️မင်းခက်ရဲ♦️WAR & SOCIETY🟥MIGUE...
11/08/2026

✍️ဆရာမင်းခက်ရဲ•••ရဲ့ စာအုပ်အသစ်

♦️စစ်နှင့် လူ့အဖွဲ့အစည်း

🟥(လူမှုဗေဒရှုထောင့်မှ လေ့လာခြင်း)

✍️မင်းခက်ရဲ

♦️WAR & SOCIETY

🟥MIGUEL A.CENTENO & ELAINE ENRIQUEZ

🎨မျက်နှာဖုံး🔹 အံဘွယ်ဇင်

📖စာ ၂၀၂

📕၁၅•၅ *၂၄ စင်တီ

✅တန်ဖိုး◼️ ၁၅၀၀၀

🛵ဖြန့်ချိရေး 🔲 GeniusBook House

🗣 စစ်ကို ခင်ဗျား စိတ်မဝင်စားပေမယ့်
စစ်ကတော့ ••• ခင်ဗျားကို စိတ်ဝင်စားတယ်’

✍️ထရော့စကီး

🟨ဒီစာအုပ်ဟာ စစ်ဆန့်ကျင်ရေး စာအုပ်တစ်အုပ် မဟုတ်ပါဘူး။ စစ်ရဲ့ အမှန်အမှား၊ အကောင်းအဆိုးတွေကိုလည်း တိုက်ရိုက်ကျကျ ရေးသားထားတဲ့စာအုပ် မဟုတ်ပါဘူး။ ဒီစာအုပ်ဟာ သူရဲ့ ခေါင်းစဉ်ပါအတိုင်းပဲ စစ်နဲ့လူ့အဖွဲ့အစည်းနှစ်ခု အပြန်အလှန် ဆက်စပ်နေပုံ၊ အပြန်အလှန်အကျိုးသက်ရောက်ပုံကို လူမှုဗေဒပညာရပ် ရှုထောင့်ကနေ ရေးသားထားတဲ့စာအုပ် ဖြစ်တယ်။

🟨စစ်ပွဲတွေကို ဘယ်လိုတိုက်ခိုက်ကြသလဲ၊ စစ်ပွဲတွေ အသွင်သဏ္ဌာန် ဘယ်လို ပြောင်းလဲလာသလဲ၊ လူအများစုရဲ့ စုပေါင်းဘဝတွေကို ဘယ်လောက်အထိ အကျိုးသက်ရောက်သလဲ ဆိုတာကို ဒီစာအုပ်မှာ မြင်ရပါမယ်။

🟨စာအုပ်ကို ဖတ်ပြီး နှစ်သက်စရာ ကောင်းတဲ့အချက်က နက်ရှိုင်းတဲ့ သိမှုဆိုင်ရာ မေးခွန်းတွေကို ကြေကွဲဖွယ်ကောင်းလောက်အောင် ထုတ်ဖော်ပြသနေတာပါပဲ။ စစ်နဲ့ပတ်သက်တဲ့ အသိပညာတွေကို ဘယ်လို ထုတ်လုပ်ပေးလိုက်သလဲ၊ အသိပညာနဲ့ စစ်ရေးနည်းဗျူဟာတွေနဲ့ ဘယ်လို ဆက်စပ်ပတ်သက်နေသလဲ။


🟨ဒီစာအုပ်မှာ ကြေကွဲစရာကောင်းတဲ့ အရှိတရားတွေကို တစ်ခုပြီးတစ်ခု မြင်ရပါမယ်။ ကိုယ့်ရဲ့အစွဲတွေကို သမိုင်းဆိုင်ရာ ဖြစ်ထွန်းတိုးတက်ပုံက ဖျက်ဆီးချေမှုန်းနိုင်တယ်။ ဒါမှမဟုတ် ပိုပြီး ဆန့်ထွက်တွေးခေါ်နိုင်အောင် ဆွပေးနိုင်ပါတယ်။ ကျွန်တော်တို့မှာ စစ်ဆိုတာ မကောင်းဘူးဆိုတဲ့ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာကို အတိမ်းအညွတ်များပေးမယ့် စာအုပ်က အဲဒီဘက် လမ်းကြောင်းကနေ အသိပညာဆီကို သွားတာမဟုတ်ပါဘူး။ စစ်ဆိုတာ လူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးတတ်သလို၊ အင်စတီကျူးရှင်းပုံစံတွေကိုလည်း ဖန်တီးပေးတယ်ဆိုတဲ့ သိမှုဆိုင်ရာအပြောင်းအလဲ (epistemoloical change) တွေကို ဖော်ပြတဲ့ လမ်းကြောင်းကနေ သွားတာပါ။

🟨စာအုပ်ဟာ Centenoရဲ့ War and Society ကို ဖတ်ရလွယ်ကူအောင် အနည်းငယ် simplify လုပ်ပြီး ပြန်လည်ရေးသားထားတာပါ။ နောက်ဆုံးအခန်းဟာ သူ ပရင်စတန် တက္ကသိုလ်မှာ ပေးခဲ့တဲ့ လက်ချာရဲ့ နောက်ဆုံးအခန်း Conquest နဲ့ War and Society နောက်ဆုံးအခန်းကိုပေါင်းပြီး ပြန်လည်ဖော်ပြထားတာဖြစ်တယ်။ စစ်ဟာ ကိုယ်နဲ့အဝေးကြီးလို့ လူတိုင်းက ထင်တတ်ပါတယ်။ ကျွန်တော်တို့လည်း အဲဒီလို ထင်ခဲ့ကြတာပါပဲ။ ဒါပေမဲ့ ‘စစ်ကို ခင်ဗျား စိတ်မဝင်စားပေမယ့် စစ်ကတော့ ခင်ဗျားကို စိတ်ဝင်စားတယ်’ ဆိုတဲ့ ထရော့စကီးရဲ့ အဆိုကို အမြဲသတိရမိပါတယ်။ ကမ္ဘာစစ်၊ မပြီးဆုံးနိုင်တဲ့ ပြည်တွင်းစစ်၊ လက်နက်ကိုင်ဖြေရှင်းမှုဟာ လူမှုရေးဖြစ်စဉ်ထဲ စိမ့်ဝင်နေပုံ (Socialization of violence) ပေါက်တဲ့ လူ့အဖွဲ့အစည်းတစ်ခုအနေနဲ့ စစ်နဲ့လူ့အဖွဲ့အစည်းအကြောင်းကိုတော့ ကျွန်တော်တို့ လေ့လာသင်ယူသင့်ကြတယ်လို့ မြင်တာပါပဲ။

✍️မင်းခက်ရဲ

🔴[အမှာစာမှ ကောက်နုတ်ဖော်ပြပါသည်။ ]

#ပါရီစာပေ (𝐏𝐚𝐫𝐢𝐬 𝐏𝐮𝐛𝐥𝐢𝐬𝐡𝐢𝐧𝐠 𝐇𝐨𝐮𝐬𝐞)
#မင်းခက်ရဲ
#စစ်နှင့်လူ့အဖွဲ့အစည်း

Address

အမှတ် ၂၉၄ ( ပထမထပ် ) ၊ လမ်းလေးဆယ် ၊ အထက်ဘလောက် ၊ ကျောက်တံတားမြို့
Yangon
11181

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959799455963

Website

Alerts

Be the first to know and let us send you an email when Genius Book House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category