အညာတန်ဆောင်_Anyar Tansaung

အညာတန်ဆောင်_Anyar Tansaung Local products

အညာတန်ဆောင် နေ့ရက်တွေက သိပ်လွမ်းပြီး သိပ်ပျော်ဖို့ကောင်းခဲ့တယ်တော့……ကျုပ်တော့ ဒါကို အဓိပ္ပါယ်ဖွင့်ရရင်လေ🤔 အညာက ပစ္စည်းတွ...
04/09/2026

အညာတန်ဆောင် နေ့ရက်တွေက သိပ်လွမ်းပြီး သိပ်ပျော်ဖို့ကောင်းခဲ့တယ်တော့……

ကျုပ်တော့ ဒါကို အဓိပ္ပါယ်ဖွင့်ရရင်လေ

🤔 အညာက ပစ္စည်းတွေ ရောက်တဲ့အချိန်လား
🤔 တစ်အိမ်လုံးမှာ ဂျုံရိုးနံ့လေးတွေ သင်းနေတဲ့အချိန်လား
🤔 ပွဲရက်တွေမတိုင်ခင်က စိတ်လှုပ်ရှားမှုလား
🤔 ဝယ်သူတွေကို ပစ္စည်းအကြောင်း အသေးစိတ် ရှင်းပြရတဲ့ အချိန်လား
🤔 Feedback ကောင်းကောင်းလေးတွေ ပြန်ရတဲ့ ပျော်ရွှင်မှုလား
🤔 အညာကပစ္စည်းလေးတွေ ဂုဏ်ယူပြီး သုံးနေရတဲ့ အချိန်လား

အို ပြောရရင်တော့ ကုန်ဘူးပေါင်။ ကျုပ်ကတော့ အားလုံးကို အောက်မေ့ပါရဲ့တော်။ တော်တို့ရော အညာတန်ဆောင်ကို သတိရမိကြရဲ့လားနော်။ ဘာလေးတွေကို အလွမ်းဆုံးဖြစ်မလဲတော့။

ဗျို့……နေကောင်းကြရဲ့လားတော့ကျုပ်တော့ အားလုံးကိုသတိရနေပါရဲ့တော်။တော်တို့ဆီက အကူအညီသေးသေးလေးများရရင် လိုချင်ပါရဲ့။ များမျာ...
26/04/2026

ဗျို့……နေကောင်းကြရဲ့လားတော့

ကျုပ်တော့ အားလုံးကိုသတိရနေပါရဲ့တော်။
တော်တို့ဆီက အကူအညီသေးသေးလေးများရရင် လိုချင်ပါရဲ့။ များများစားစားတော့ ဟုတ်ပါဘူးအေ။ Bachelor Thesis အတွက် interview လေးလုပ်ရုံပါ။ ကြာချိန်ကတော့ မိနစ် (၃၀) လောက်ရှိမယ်နော်။ ဘာအကြောင်းနဲ့ ပတ်သက်လဲဆိုရင် အရှေ့တောင်အာရှမှာရှိတဲ့ Natural-Fiber products တွေဟာ ဘယ်လောက်ထိ sustainable ဖြစ်လဲဆိုတာပါ။ Interview အတွက်ကိုတော့ natural-fiber products ပြု/ထုတ်လုပ်သူ၊ ရောင်းချသူ (retailers, small business owners)၊ လက်မှုပညာနဲ့ ဆက်စပ်တဲ့ organization တွေကို လိုအပ်ပါတယ်။ အတွေ့အကြုံလေးတွေ ဝေမျှပေးဖို့ စိတ်ဝင်စားတယ်ဆိုရင် comment, messenger ကနေတစ်ဆင့် စာလေးပို့ပေးထားပါနော်။

ကျေးဇူးအထူးပါဗျို့။

အထူးဧည့်သည်တော်ဝယ်သူလေးတွေ….. 🤍
18/07/2024

အထူးဧည့်သည်တော်ဝယ်သူလေးတွေ….. 🤍

ဂျုံနှံ 🌾🧺
17/07/2024

ဂျုံနှံ 🌾🧺

A sunny day with 2in1 straw bag ⛅️
16/07/2024

A sunny day with 2in1 straw bag ⛅️

ရာသီဥတုကပူအိုက်အိုက် မီးကပျက်ပျက်နဲ့ ကျုပ်ကတော့ ဂျုံရိုးယပ်တောင်လေးပဲ အားကိုးနေရတယ်တော်…….. #ဂျုံရိုးယပ်တောင်
15/07/2024

ရာသီဥတုကပူအိုက်အိုက် မီးကပျက်ပျက်နဲ့ ကျုပ်ကတော့ ဂျုံရိုးယပ်တောင်လေးပဲ အားကိုးနေရတယ်တော်……..
#ဂျုံရိုးယပ်တောင်

တော်ဝင်ဖျာလေးကပွဲတွေမှာဆို အဓိကဇာတ်ဆောင်ပဲတော်ရေဘာလို့ဒီလိုပြောရလဲဆိုတော့…….Pop up shop လေးတွေစသွားဖြစ်ကတည်းကဆိုပါတော့။တ...
14/07/2024

တော်ဝင်ဖျာလေးကပွဲတွေမှာဆို အဓိကဇာတ်ဆောင်ပဲတော်ရေ

ဘာလို့ဒီလိုပြောရလဲဆိုတော့…….
Pop up shop လေးတွေစသွားဖြစ်ကတည်းကဆိုပါတော့။တွေ့တာနဲ့ လူတိုင်းဆီက “ဟယ် လှလိုက်တာတော်” ဆိုတာ ကြားနေကျပဲပေါ့။ ၂ပေ/၃ပေ ဆိုဒ်လေးတွေရှိတုန်းကလည်း ဟိုနေရာလေးသုံးမယ် ဒီနေရာလေးသုံးမယ်နဲ့ ကျုပ်တောင်မှ မတွေးမိပါဘူးတော်။ ဝယ်သူလေးတွေဆီကကြားရမှပဲ အတွေးလေးတွေပိုရတော့တာအေ့။ (၄)ပေဆိုဒ်ဆိုရင်တော့ ပြောမနေပါနဲ့တော့။တချို့ပွဲတွေဆို ပါသွားတဲ့အချပ်ရေတောင်မလောက်လို့ preorder တွေတင်လိုက်ကြ၊ ပွဲမပြီးခင် ပစ္စည်းထပ်ထည့်ရနဲ့ တအားရောင်းကောင်းခဲ့တာတော့။ အခုတော့ အဲ့အချိန်လေးတွေ ပြန်သတိရမိပါရဲ့အေ။ တစ်ခါက ပွဲတစ်ခုမှာလည်း ဝယ်သူက ဝယ်ပြီးလိပ်သွားတာပေါ့။ ပွဲအမှတ်တရဓာတ်ပုံရိုက်တော့ အမှတ်တမဲ့ပါသွားတာ အဲ့ပုံလေးက။ ဖြစ်ချင်တော့ ပစ္စည်းက stock ကုန်နေပြီလေ။ နောက်တစ်ရက်ကျ အဲ့ပုံထဲကဖျာလေးဆိုပြီး လာပြပြီးဝယ်ကြတာ ကျုပ်ဖြင့် အားတွေနာလိုက်ရတာ။ ပစ္စည်းကမရှိ၊ ကျုပ်လည်း ရောင်းပေးချင်တာပေါ့တော်။ နောက်တော့ ကျုပ်လည်း ပွဲတွေသွားမယ်ဆို တော်ဝင်ဖျာလေးကို အလုံအလောက် ထည့်သွားမှ တော်ကာကျတော့တယ်ဗျို့။ ဒါကြောင့်မို့ တော်ဝင်ဖျာလေးက အညာတန်ဆောင်ရဲ့ ဇာတ်ဆောင်လေး ဖြစ်နေရတာပေါ့။

မရှိမဖြစ် 💁🏻‍♀️
13/07/2024

မရှိမဖြစ် 💁🏻‍♀️

ထန်းခေါက်ဖာ…….
10/07/2024

ထန်းခေါက်ဖာ…….

Address

Yangon

Website

Alerts

Be the first to know and let us send you an email when အညာတန်ဆောင်_Anyar Tansaung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share