SHWE BURMA - ရွှေဘားမား

Call Directions Website Contact the business

SHWE BURMA - ရွှေဘားမား ရွှေဘားမား အကောင်းဆုံး မြန်မာ့ရိုးရာ ဆေးပေါ့လိပ် | Shwe Burma Best Traditional Cheroot | 18+

ရွှေဘားမားထုတ်ကုန်များစုစည်းရာ ဒီခေတ်ကြီးထဲမှာ မြန်မာဓလေ့ မြန်မာ့ရိုးရာ အသုံးအဆောင်တွေကို ခုချိန်ထိတိုင် ဂုဏ်ယူစွာ ထုတ်ဝ...
10/10/2026

ရွှေဘားမားထုတ်ကုန်များစုစည်းရာ

ဒီခေတ်ကြီးထဲမှာ မြန်မာဓလေ့ မြန်မာ့ရိုးရာ အသုံးအဆောင်တွေကို ခုချိန်ထိတိုင် ဂုဏ်ယူစွာ ထုတ်ဝေကြတဲ့ထဲမှာ 𝐒𝐡𝐰𝐞 𝐁𝐮𝐫𝐦𝐚 - ရွှေဘားမား လည်း အပါအဝင်ပါ ။

လူသုံးကုန်ပစ္စည်းများကို ရိုးရာဓလေ့အတိုင်း ထုတ်ဝေလျက်ရှိတာနဲ့အတူ နောက်ထပ်နောက်ထပ်လည်း မြန်မာမှုလက်ရာတွေကို သေချာစွာထုတ်ဝေနိုင်ဖို့ ကြိုးစားလျက်ရှိပြီး ယခုလက်ရှိ ရွှေဘားမား မှာ ရနိုင်တဲ့ ပစ္စည်းတွေကတော့

👉ရွှေဘားမား - ဆေးပေါ့လိပ်
👉ရွှေဘားမား - အမွှေးတိုင်
👉ရွှေဘားမား - ဖယောင်းတိုင်
👉ရွှေဘားမား - မီးခြစ်ဆံ တို့ ဖြစ်ကြပြီး

အကုန်လုံးကို ရှေးမူလက်ရာအတိုင်း ပြုလုပ်ထားတာဖြစ်ပြီး အရသာ ၊ ပုံစံဒီဇိုင်း ၊ ထုပ်ပိုးမှု အားလုံးကို မြန်မာနွယ်ဖွား တိုင်းရင်းသားအားလုံး ရင်းနှီးခဲ့ကြတဲ့ ရှေးအစဉ်အဆက်က နည်းလမ်းတွေအတိုင်းသာ တသွေမတိမ်းပြုလုပ်ထားတာ ဖြစ်ပါတယ် ။

ဒါကြောင့် မြန်မာမှုဆိုတာ သေချာခံစားချင်သူများ ရွှေဘားမားထုတ်ကုန်တွေကိုသာ သုံးစွဲကြည့်ပါလို့

ရွှေဘားမား အကောင်းဆုံး မြန်မာ့ရိုးရာဆေးပေါ့လိပ်
--------------------------------------------
ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည်။




Viber Community ကို join ဖို့ဖိတ်ခေါ်လိုက်ပါတယ်။
https://rb.gy/ex5c7x
www.shweburma.com.mm


#ရွှေဘားမား #ရွှေဘားမားဆေးပေါ့လိပ် #ဖယောင်းတိုင် #အမွှေးတိုင် #မီးခြစ်ဆံ

U Kyin Wan X Zay Ya𝐓𝐇𝐄 𝐌𝐄𝐍𝐓𝐎𝐑𝐒𝐇𝐈𝐏 — လမ်းပြသူနှင့် လျှောက်လှမ်းသူအောင်မြင်မှုဆိုတာ တစ်ယောက်တည်း တည်ဆောက်ခဲ့တာ မဟုတ်ဘဲ အတွ...
03/10/2026

U Kyin Wan X Zay Ya
𝐓𝐇𝐄 𝐌𝐄𝐍𝐓𝐎𝐑𝐒𝐇𝐈𝐏 — လမ်းပြသူနှင့် လျှောက်လှမ်းသူ
အောင်မြင်မှုဆိုတာ တစ်ယောက်တည်း တည်ဆောက်ခဲ့တာ မဟုတ်ဘဲ အတွေ့အကြုံ၊ လမ်းပြမှုတွေနဲ့ မျိုးဆက်တစ်ခုမှတစ်ခုသို့ လက်လွှဲပေးခဲ့တာ ဖြစ်ပါတယ်။
"The Mentorship" ရိုက်ကူးမှုမှာတော့ ရင့်ကျက်တဲ့ အသိပညာအစဉ်အဆက်နဲ့ အနာဂတ်အတွက် သစ်လွင်တဲ့ မျှော်မှန်းချက်တို့ရဲ့ ပေါင်းစည်းမှုကို အဖြူအမဲ ပုံစံဖြင့် ရိုက်ကူးပုံဖော်ထားပါတယ်။
Leadership is not just about leading the present; it is about guiding the future.
📸 Concept: The Mentorship
✨ Studio: Metro Brothers Photography
Powered by Z Entertainment
In association with SHWE BURMA - ရွှေဘားမား

ရိုးရာထဲမှ ယုံကြည်မှုတစ်ခုခေတ်တွေဘယ်လိုပြောင်းပြောင်း ရိုးရာနဲ့ ယဉ်ကျေးမှုကို မပြောင်းလဲစွာ ယနေ့ထိတိုင် ဆီမီး၊ အမွှေးတို...
02/10/2026

ရိုးရာထဲမှ ယုံကြည်မှုတစ်ခု

ခေတ်တွေဘယ်လိုပြောင်းပြောင်း ရိုးရာနဲ့ ယဉ်ကျေးမှုကို မပြောင်းလဲစွာ ယနေ့ထိတိုင် ဆီမီး၊ အမွှေးတိုင်နဲ့ ပူဇော်ရတာကိုပဲ အားရနှစ်သက်တဲ့သူတွေရှိလား ???

အခုချိန်ထိ အမွှေးတိုင်နဲ့ဆီမီးကိုသာ ကျကျနန ပူဇော်ရတာ သဘောကျတာ ဆိုသူများအတွက်
𝐒𝐡𝐰𝐞 𝐁𝐮𝐫𝐦𝐚 - ရွှေဘားမားရဲ့ ဆုတောင်းပြည့်အမွှေးတိုင်

ရွှေပြည့်နဲ့ ငွေလျှံ - အမွှေးတိုင်နှစ်မျိုး လာပါပြီ ။

အားလုံးအတွက် အသင့်အလတ်ဖြစ်ရအောင်
တစ်ထုပ်ကို နဝင်းကိုက် ( ၃၆ ) တိုင်စီ ပြုလုပ်ပေးထားတာဖြစ်ပြီး
သင့်တော်ရာ ရွေးချယ်နိုင်အောင် ရွှေနဲ့ငွေ နှစ်မျိုး စီစဉ်ပေးထားတာဖြစ်ပါတယ် ။

“အတိတ်တဘောင် နမိတ်ဆောင်ဆိုတဲ့အတိုင်း
ရွှေတွေငွေတွေ တိုးပွားအောင်
ရွှေပြည့် နဲ့ ငွေလျှံကို သုံးပြီး
မြတ်ဘုရားကို ဂုဏ်ပြုပူဇော်ကြရအောင်”




Viber Community ကို join ဖို့ဖိတ်ခေါ်လိုက်ပါတယ်။
https://rb.gy/ex5c7x
www.shweburma.com.mm


#ရွှေဘားမား #ရွှေဘားမားအမွှေးတိုင် #အမွှေးတိုင် #ရွှေပြည့်အမွှေးတိုင် #ငွေလျှံအမွှေးတိုင်

U Kyin Wan X Zay Ya𝐓𝐇𝐄 𝐌𝐄𝐍𝐓𝐎𝐑𝐒𝐇𝐈𝐏 — လမ်းပြသူနှင့် လျှောက်လှမ်းသူအောင်မြင်မှုဆိုတာ တစ်ယောက်တည်း တည်ဆောက်ခဲ့တာ မဟုတ်ဘဲ အတွ...
27/09/2026

U Kyin Wan X Zay Ya
𝐓𝐇𝐄 𝐌𝐄𝐍𝐓𝐎𝐑𝐒𝐇𝐈𝐏 — လမ်းပြသူနှင့် လျှောက်လှမ်းသူ

အောင်မြင်မှုဆိုတာ တစ်ယောက်တည်း တည်ဆောက်ခဲ့တာ မဟုတ်ဘဲ အတွေ့အကြုံ၊ လမ်းပြမှုတွေနဲ့ မျိုးဆက်တစ်ခုမှတစ်ခုသို့ လက်လွှဲပေးခဲ့တာ ဖြစ်ပါတယ်။
"The Mentorship" ရိုက်ကူးမှုမှာတော့ ရင့်ကျက်တဲ့ အသိပညာအစဉ်အဆက်နဲ့ အနာဂတ်အတွက် သစ်လွင်တဲ့ မျှော်မှန်းချက်တို့ရဲ့ ပေါင်းစည်းမှုကို အဖြူအမဲ ပုံစံဖြင့် ရိုက်ကူးပုံဖော်ထားပါတယ်။

Leadership is not just about leading the present; it is about guiding the future.

Made it again
27/09/2026

Made it again

ကော်ဖီနဲ့ စီးကရက်က မြို့ပြလူငယ်ရဲ့ အထာတစ်ခုဆို လက်ဖက်ရည်နဲ့ ဆေးပေါ့လိပ်က ကျေးလက်လူငယ်ရဲ့ ယဉ်ကျေးမှုတစ်ခုပါပဲရေနွေးကြမ်း ...
25/09/2026

ကော်ဖီနဲ့ စီးကရက်က မြို့ပြလူငယ်ရဲ့ အထာတစ်ခုဆို
လက်ဖက်ရည်နဲ့ ဆေးပေါ့လိပ်က ကျေးလက်လူငယ်ရဲ့ ယဉ်ကျေးမှုတစ်ခုပါပဲ
ရေနွေးကြမ်း (လက်ဖက်ရည်ကြမ်း) နဲ့ ဆေးပေါ့လိပ် ဆိုရင်တော့ ဓလေ့တစ်ခုရဲ့ ပြယုဂ်အထိ ဖြစ်ခဲ့တာပေါ့

မြန်မာ့ရိုးရာအရသာ ရွှေဘားမားနဲ့ ခံစားပါ ။

ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည်။




Viber Community ကို join ဖို့ဖိတ်ခေါ်လိုက်ပါတယ်။
https://rb.gy/ex5c7x
www.shweburma.com.mm

***co &G &G_Store
#ရွှေဘားမား #ရွှေဘားမားဆေးပေါ့လိပ် #ဆေးပေါ့လိပ် #ဆေးပေါ့လိပ်ရောင်းဝယ်ရေး

ကော်ဖီတစ်ခွက်  စာအုပ်တစ်အုပ် ဆေးပေါ့လိပ်တစ်လိပ်မင်းမရှိတော့တဲ့နောက် ကိုယ့်ရဲ့အဖော်တွေပေါ့ဒီလောက်နဲ့ပဲ လုံလောက်ပါပြီ ❗မြန...
22/09/2026

ကော်ဖီတစ်ခွက်
စာအုပ်တစ်အုပ်
ဆေးပေါ့လိပ်တစ်လိပ်
မင်းမရှိတော့တဲ့နောက် ကိုယ့်ရဲ့အဖော်တွေပေါ့
ဒီလောက်နဲ့ပဲ လုံလောက်ပါပြီ ❗
မြန်မာ့ရိုးရာအရသာ ရွှေဘားမားနဲ့ ခံစားပါ ။
ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည်။




Viber Community ကို join ဖို့ဖိတ်ခေါ်လိုက်ပါတယ်။
https://rb.gy/ex5c7x
www.shweburma.com.mm

***co &G &G_Store
#ရွှေဘားမား #ရွှေဘားမားဆေးပေါ့လိပ် #ဆေးပေါ့လိပ် #ဆေးပေါ့လိပ်ရောင်းဝယ်ရေး

ဟိုယခင်နှစ်များစွာမှာ ဆေးလိပ်ဆိုတာ လူကြီးသူမများသာ သုံးခဲ့ကြတာဖြစ်ပြီး ယနေ့ခေတ် လူမှုအသိုင်းအဝိုင်းမှာတော့ ဆေးလိပ်ကို လူ...
21/09/2026

ဟိုယခင်နှစ်များစွာမှာ ဆေးလိပ်ဆိုတာ လူကြီးသူမများသာ သုံးခဲ့ကြတာဖြစ်ပြီး ယနေ့ခေတ် လူမှုအသိုင်းအဝိုင်းမှာတော့ ဆေးလိပ်ကို လူငယ်တွေကြားမှာ ပိုမိုမြင်တွေ့လာရပါတယ်။ ယခင်က ဆေးလိပ်သောက်ခြင်းကို လူကြီးများ၏အလေ့အထတစ်ရပ်အဖြစ်သာ မြင်တွေ့ခဲ့ကြရာမှ နည်းပညာတိုးတက်လာမှု ၊ လူငယ်တွေရဲ့ စူးစမ်းလိုစိတ်နဲ့အတူ စမ်းသပ်မှုတွေကြောင့် ဆေးလိပ်သောက်ခြင်းက လူငယ်တွေအတွက်ပါ ဖြစ်လာပါတယ် ။

လူငယ်များ ဆေးလိပ်စသောက်ခြင်း အကြောင်းရင်း အမျိုးမျိုးရှိရာ သူငယ်ချင်းမိတ်ဆွေများ မြှောက်ပင့်ပေးမှုကြောင့် စမ်းသောက်ကြသူများရှိသလို ကိုယ့်ဘာသာ စူးစမ်းလိုစိတ်နဲ့ သောက်ကြသူများလည်းရှိပါတယ်။ ဒါ့အပြင် ဆေးလိပ်နဲ့ ရှိုးထုတ်ချင်ကြတဲ့လူငယ်များ အပါအဝင် စိတ်ဖိစီးမှုများကြောင့် စွဲမိစွဲရာ ဆေးလိပ်စွဲသွားကြသူများလည်း ရှိကြပါတယ်။

အချိန်ကြာလာသည်နှင့်အမျှ လူငယ်နှင့်ဆေးလိပ်က ခွဲခြားမရသကဲ့သို့ ဖြစ်လာပြီး ကျောင်းများ၊ ကောလိပ်များနှင့် လူငယ်များစုဝေးရာနေရာများမှာ ဆေးလိပ်သောက်နေတဲ့ လူငယ်များကို အလွယ်တကူတွေ့လာရသလို ထိုမှတဆင့် ဆေးလိပ်သောက်ခြင်းက ပုံမှန်အလေ့အထတစ်ခုဖြစ်လာပြီး လူငယ်အသိုင်းအဝိုင်းမှ ဆေးလိပ်သောက်ခြင်းက ပိုမိုကျယ်ပြန့်လာပါတယ်။

လူကြီးမိဘများ ၊ လူမှုအသိုင်းဝိုင်းအဖွဲ့အစည်းများမှ မှန်ကန်သော လမ်းညွှန်ပေးမှုများနဲ့ လူငယ်များ ဆေးလိပ်ကို အလွန်အကျွံမသုံးစွဲမိစေရန် ၊ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ရန် ပြုလုပ်ပေးဖို့ လိုပါတယ်။
အထူးသဖြင့် နိုင်ငံခြားဖြစ်စီးကရက်များတွင် နီကိုတင်းပမာဏပိုမြင့်ပြီး ဓါတုပစ္စည်းပါဝင်မှုပိုများတာကြောင့် နိုင်ငံခြားဖြစ်ထက် Chemicals နည်းသော မြန်မာဆေးပေါ့လိပ်များကို ရွေးချယ်သောက်သုံးကြရန် အကြံပြုပေးဖို့လိုပါတယ်။

ရွှေဘားမား အကောင်းဆုံး မြန်မာ့ရိုးရာဆေးပေါ့လိပ်
--------------------------------------------
ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည်။




Viber Community ကို join ဖို့ဖိတ်ခေါ်လိုက်ပါတယ်။
https://rb.gy/ex5c7x
www.shweburma.com.mm

***co
#ရွှေဘားမား #ရွှေဘားမားဆေးပေါ့လိပ် #ဆေးပေါ့လိပ် #ဆေးပေါ့လိပ်ရောင်းဝယ်ရေး

ရွှေဘားမား ထုတ်ကုန်များ G & Gမှာ ရနိုင်တာ သိပြီးကြပြီလား ???ဟုတ်ပါတယ် 𝐒𝐡𝐰𝐞 𝐁𝐮𝐫𝐦𝐚 - မြန်မာ့ရိုးရာ ‌ဆေးပေါ့လိပ် နဲ့ ပတ်သက်...
21/09/2026

ရွှေဘားမား ထုတ်ကုန်များ G & Gမှာ ရနိုင်တာ သိပြီးကြပြီလား ???

ဟုတ်ပါတယ် 𝐒𝐡𝐰𝐞 𝐁𝐮𝐫𝐦𝐚 - မြန်မာ့ရိုးရာ ‌ဆေးပေါ့လိပ် နဲ့ ပတ်သက်တဲ့ ထုတ်ကုန်များ အမြို့မြို့အနယ်နယ်ရှိ 𝐆 & 𝐆မှ ဆိုင်တိုင်းမှာ ရနေပြီဖြစ်လို့ ရွှေဘားမားနဲ့ အလွင့်တစ်လိုင်း လုပ်ချင်သူများ
အဝေးကြီးမှာ သွားရှာစရာ မလို‌တော့ဘူးနော်…

‌ရောက်ရာနေရာမှာ 𝐆 & 𝐆 မှာ အလွယ်တကူ ဝယ်ယူပါ ။
မြန်မာ့ရိုးရာအရသာ ရွှေဘားမားနဲ့ ခံစားပါ ။
ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည်။




Viber Community ကို join ဖို့ဖိတ်ခေါ်လိုက်ပါတယ်။
https://rb.gy/ex5c7x
www.shweburma.com.mm

***co &G &G_Store
#ရွှေဘားမား #ရွှေဘားမားဆေးပေါ့လိပ် #ဆေးပေါ့လိပ် #ဆေးပေါ့လိပ်ရောင်းဝယ်ရေး

လူတွေဘာကြောင့် ဆေးလိပ်သောက်ကြတာလဲဆေးလိပ်သောက်ကြရတဲ့ အကြောင်းရင်းတွေက မတူညီကြပါဘူး။ လူငယ်အချို့က သူငယ်ချင်းအပေါင်းအသင်းတွ...
18/09/2026

လူတွေဘာကြောင့် ဆေးလိပ်သောက်ကြတာလဲ

ဆေးလိပ်သောက်ကြရတဲ့ အကြောင်းရင်းတွေက မတူညီကြပါဘူး။ လူငယ်အချို့က သူငယ်ချင်းအပေါင်းအသင်းတွေကြားမှာ ဆေးလိပ်မသောက်ရင် ခေတ်မမီသလို ခံစားရခြင်း၊ စတိုင်ထုတ်လိုခြင်းတို့ကြောင့် သောက်ကြတာ ဖြစ်ပြီး အချို့လူများကတော့ စိတ်ဖိစီးမှုများတဲ့အချိန်၊ စိတ်ပင်ပန်းနေချိန်တွေမှာ စိတ်သက်သာစေတယ်လို့ ထင်မြင်ယူဆပြီး သောက်ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် အလုပ်ပင်ပန်းမှုခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်ရှုပ်ထွေးနေခြင်းတို့ကြောင့် ဆေးလိပ်ကို စွဲသောက်မိသူများလည်း ရှိပါတယ်။ ဆေးလိပ်ထဲမှာ ပါဝင်တဲ့ နီကိုတင်းဓာတ်က ခဏတာ စိတ်ကြည်နူးသလို ၊ ပေါ့ပါးသလို ခံစားစေရတာကြောင့် ဆေးလိပ်ကို စွဲလမ်းစေမိတာလည်းဖြစ်ပါတယ်။

ဘာကြောင့်သောက်သောက် ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးအတွက် အန္တရာယ်ရှိပြီး ဆေးလိပ်မှာ ပါဝင်တဲ့ အဆိပ်အတောက်ဓာတ်များက ကိုယ်ခန္ဓာတွင်း အစိတ်အပိုင်းများကို ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် အဆုတ်၊ နှလုံး၊ သွေးကြောများကို ထိခိုက်စေပြီး အဆုတ်ကင်ဆာ၊ နှလုံးရောဂါ၊ သွေးကြောပိတ်ရောဂါများ ဖြစ်ပွားနိုင်ခြေကို အလွန်မြင့်မားစေပါတယ်။

ဆေးလိပ်သောက်ခြင်းက သွားနှင့်ခံတွင်းကျန်းမာရေးလည်း ထိခိုက်နိုင်စေပြီး သွားအဝါရောင်ပြောင်းခြင်း၊ သွားနံ့မကောင်းခြင်း၊ သွားဖုံးရောဂါများ ဖြစ်ပွားခြင်း၊ သွားကျွတ်လွယ်ခြင်းတို့ ဖြစ်စေနိုင်တဲ့ပြင် အလွန်အကျွံသုံးပါက ပါးစပ်ကင်ဆာအထိ ဖြစ်နိုင်ပါတယ်။

အဆိုးဆုံးမှာ ဆေးလိပ်သောက်ခြင်းက ဆေးလိပ်သောက်သူတင်မက အနားရှိနေသူများ၊ ဆေးလိပ်အခိုးငွေ့ ရှူရှိုက်မိသူများပါ ထိခိုက်စေတာပါ ။အထူးသဖြင့် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များအတွက် အန္တရာယ်ပိုများပါတယ်။ဆေးလိပ်စွဲလမ်းရခြင်းရဲ့ အဓိကတရားခံကနီကိုတင်းဓာတ်ဖြစ်တာကြောင့် ဆေးလိပ်ဖြတ်တဲ့အခါ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အခက်အခဲအနည်းငယ် ရှိနိုင်ပေမဲ့ ကျန်းမာရေးအတွက်ဆိုရင်တော့ ဆေးလိပ်ကိုအလွန်အကျွံသောက်သုံးခြင်းကိုရှောင်ကြဉ်သင့်ပါတယ်။
--------------------------------------------
ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည်။




Viber Community ကို join ဖို့ဖိတ်ခေါ်လိုက်ပါတယ်။
https://rb.gy/ex5c7x
www.shweburma.com.mm

***co
#ရွှေဘားမား #ရွှေဘားမားဆေးပေါ့လိပ် #ဆေးပေါ့လိပ် #ဆေးပေါ့လိပ်ရောင်းဝယ်ရေး

Address

Times City, Building 401, Kamayut Township
Yangon
11041

Alerts

Be the first to know and let us send you an email when SHWE BURMA - ရွှေဘားမား posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SHWE BURMA - ရွှေဘားမား:

Shortcuts

Share