04/09/2026
ကျန်းမာရေးအတွက် နေ့စဉ် ပျားရည်တစ်ဇွန်း သောက်ပေးရင် ဘာတွေပြောင်းလဲသွားမလဲ? 🤔
သဘာဝကပေးတဲ့ ဆေးကောင်းတစ်လက်ဖြစ်တဲ့ "ပျားရည်" ဟာ ရှေးယခင်တည်းက ကျန်းမာရေးအတွက် မရှိမဖြစ် သုံးစွဲခဲ့ကြတဲ့ သဘာဝဓာတ်စာ ဖြစ်ပါတယ်။
ပျားရည်ကို နေ့စဉ် ပုံမှန်မှီဝဲပေးခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ -
🐝 ခုခံအားစနစ်ကို မြှင့်တင်ပေးခြင်း - ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာ ပါဝင်တာကြောင့် ရာသီဥတုအကူးအပြောင်းမှာ ဖြစ်တတ်တဲ့ တုပ်ကွေးနှင့် အအေးမိခြင်းကို ကာကွယ်ပေးပါတယ်။
🐝 အသက်ရှူလမ်းကြောင်းနှင့် ချောင်းဆိုးသက်သာစေခြင်း - ရေနွေးနွေးလေးထဲ ပျားရည်နဲ့ သံပုရာသီး ညှစ်သောက်ပေးရင် ချောင်းဆိုး၊ လည်ချောင်းနာတာကို သက်သာစေပါတယ်။
🐝 အစာအိမ်နှင့် အူလမ်းကြောင်း ကောင်းမွန်စေခြင်း - မနက်ခင်း ဗိုက်ဟောင်းင်းမှာ ပျားရည် ရေနွေးနွေးလေး သောက်ပေးရင် အစာခြေစနစ်ကို ကူညီပေးပြီး အူလမ်းကြောင်းကို သန့်စင်ပေးပါတယ်။
🐝 အိပ်ပျော်စားဝင်စေခြင်း - ညမအိပ်ခင် ပျားရည်တစ်ဇွန်း သောက်ပေးရင် မယ်လာတိုနင် (Melatonin) ဓာတ်ထွက်ရှိမှုကို ကူညီပေးလို့ အိပ်စက်ရခက်ခဲသူတွေအတွက် အဆင်ပြေစေပါတယ်။
ကိုယ်တိုင်အတွက်ရော မိသားစုအတွက်ပါ သဘာဝစစ်စစ် ပျားရည်ကို ဆောင်ထားဖို့ မမေ့ပါနဲ့နော်။ Tazij Myanmar မှာ ယုံကြည်စိတ်ချစွာ ဝယ်ယူနိုင်ပါတယ်။
📞 ဖုန်း - 09762160940