Nay_D

Nay_D personal blog

ရှူးရှဲ ငါးကြင်း ငပိချက် ==============ငါးကြင်း ကို ရေ အနည်းငယ်ဖြင့် ပြုတ်၍အရိုး နွှင် ထား ပါ . .!ငပိရည် ကို ဆနွမ်း အနည်...
29/10/2019

ရှူးရှဲ ငါးကြင်း ငပိချက်
==============

ငါးကြင်း ကို ရေ အနည်းငယ်ဖြင့် ပြုတ်၍
အရိုး နွှင် ထား ပါ . .!

ငပိရည် ကို ဆနွမ်း အနည်းငယ်ခက် ကျို ပီး
အရိုးစစ် ထုတ် ၍ အရည် သာ ဖယ်ထားပါ .!

ကြက်သွန် ဖြူ များများ ကို မညတ်တညတ် ထောင်းပါ. .!
ကြက်သွန်နီ နည်းနည်းကို ပါးပါးလှီးပါ. .!

အိုးထဲ ဆီ အနည်း ငယ်မျှ သာ ထည့် ၍ ထောင်းထားသော ကြက်သွန်ဖြူ နှင့် ကြက်သွန်နီ ထည့်၍ ဆီသက်ပါ . .!

ထို့နောက် အရိုးနွှင်ထားသော ငါး ကို ထည့်၍ ဆီသက်ပါ. .!

ငါးဆီသက် ပီးလျှင် အရိုးစစ်ထုတ်၍ ဖယ်ထားသော ငပိရည်ကျို ကို လောင်းထည့် ပါ. .!

အချိုမှုန့် အနည်းငယ် ထည့် ပီး လိုသလောက် အရည်အနေအထား ရသည်အထိ တည်ပါ. .!

ထို့ နောက် ငရုပ်သီးစိမ်း များများ ထောင်းပီး ထည့်၍ ခဏအပူပေးကာ အိုးချ ၍ သုံးဆောင် လို့ ရပါပီရှင်. .!
( ငရုပ်သီးစိမ်း စားလို့ ဗိုက်နာ တက်လျှင် ငရုပ်သီးစိမ်းများ ကို အရင် လှော်ပီးမှ ထောင်းထည့်ပါ)

(ချဉ်ငံစပ် စားချင်လျှင် မန်ကျည်းရည် အနည်းငယ်ထည့်ပါ)

( တခါ ချက်ဆို ပင်စိမ်း or နံနံပင်အုပ်၍ ချက်နိုင်ပါသည် )

အရမ်းမွှေးပီး ထမင်းမြိန်မှာ ဧကန်ပါ. .!

*ငါး နေရာတွင် ပုစွန် အစားထိုး၍လည်း ဤနည်းအတိုင်း ရှူးရှဲ ပုစွန်ငပိချက် ချက်နိုင်ပါသည် *
-
Credit - စားကြမယ် ချက်ကြမယ်

ဒိန်ချဉ်လေးလုပ်ကြမယ်ရေမရောနွားနို့ 50 ကျပ်သားကို ကြာကြာလေးကျိုရပါမယ် ပြီးရင်အအေးခံထားပါ။ဒိန်ချဉ်လုပ်မည့် အအေးခံထားသောနွာ...
21/10/2019

ဒိန်ချဉ်လေးလုပ်ကြမယ်

ရေမရောနွားနို့ 50 ကျပ်သားကို ကြာကြာလေးကျိုရပါမယ် ပြီးရင်အအေးခံထားပါ။
ဒိန်ချဉ်လုပ်မည့် အအေးခံထားသောနွားနို့ထဲသို့ ဒိန်ချဉ် လက်ဖက်စားဇွန်တစ်ဇွန်းထည့်မွှေပေးပါ။ လေဝင်လေထွက်ကောင်းပြီး ငြိမ်သောနေရာတွင် 24နာရီထားပါ။ အရသာရှိသော ဒိန်ချဉ်‌ရပါပြီ။

🍳အိမ်ချက် 🍝ဟင်းချက်နည်း 🍩မုန့်လုပ်နည်းတွေတင်ပေးမယ်လေနော် စိတ်ဝင်စားရင် Likeလုပ်ထားပါနော့် 😍
18/10/2019

🍳အိမ်ချက် 🍝ဟင်းချက်နည်း 🍩မုန့်လုပ်နည်းတွေတင်ပေးမယ်လေနော် စိတ်ဝင်စားရင် Likeလုပ်ထားပါနော့် 😍

Address

Muditar Housing 1
Yangon
0959

Telephone

+959422453685

Website

Alerts

Be the first to know and let us send you an email when Nay_D posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share