Felicia’s Mysteries

Felicia’s Mysteries Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Felicia’s Mysteries, Shopping & retail, Yangon.

09/08/2026

ဒါကတော့ကမ္ဘာပေါ်မှာအန္တရာယ်အရှိဆုံးကျွန်းတစ်ကျွန်းပါပဲ။
India အစိုးရကဒီကျွန်းကိုတင်းတင်းကျပ်ကျပ်
ကာကွယ်ထားတာကြောင့်DonaldTrump,ElonMuskနဲ့ကမ္ဘာ့အချမ်းသာဆုံးသူတွေတောင်မှသွားရောက်လည်ပတ်ခွင့်မရှိပါဘူး
တကယ်လို့မရမကသွားခဲ့ရင်လဲအိန္ဒိယအစိုးရက
သင့်ကိုတစ်သက်လုံးလိုက်လံဖမ်းဆီးနေမှာပါ။
အကြောင်းအရင်းကတော့တကယ်ကို
ထိတ်လန့်စရာကောင်းပါတယ်။
ပထမအချက်ကတော့ကျွန်းကိုမရောက်ခင်မှာတင်
အသက်ဘေးကြုံရနိုင်ပါတယ်။ဒီကျွန်းပေါ်ကို
လေယာဉ်နဲ့သွားလို့မရသလိုတရားမဝင်ခိုးဝင်ရမှာ
ဖြစ်တာကြောင့်လှေအသေးလေးတွေနဲ့ပဲသွားရမှာပါ။အိန္ဒိယသမုဒ္ဒရာရဲ့လှိုင်းဒဏ်ကြောင့်ကျွန်းမရောက်
ခင်မှာတင်မြုပ်သွားနိုင်ပါတယ်။
ဒုတိယအချက်ကတော့ကျွန်းပေါ်မှာနေထိုင်တဲ့Sentinelမျိုးနွယ်စုတွေကြောင့်ပါ။သူတို့ကပြင်ပလူတွေကိုလုံးဝလက်မခံဘဲအလွန်ရန်လိုကြပါတယ်။အနီးအနားကပ်တဲ့သူတွေကိုမြှားနဲ့ပစ်ခတ်တိုက်ခိုက်လေ့ရှိပါတယ်။တတိယအချက်ကတော့သူတို့ရဲ့ယဉ်ကျေးမှုနဲ့မျိုးနွယ်စုမပျောက်ပျက်အောင်ကာကွယ်ထားတာပါ။သူတို့ဟာပြင်ပကမ္ဘာနဲ့အဆက်အသွယ်မရှိဘဲသီးခြားနေထိုင်လာတာကြာပြီဖြစ်လို့ကျွန်တော်တို့လိုရောဂါခုခံအားမရှိကြပါဘူး။ဒါကြောင့်ပြင်ပကသာမန်တုပ်ကွေးလိုရောဂါမျိုးကူးစက်ရုံနဲ့တင်သူတို့မျိုးနွယ်စုတစ်ခုလုံးပျက်စီးသွားနိုင်လို့ဖြစ်ပါတယ်။

30/07/2026

ဒီဖြစ်ရပ်ဟာကင်မရာမှာပထမဆုံးရိုက်ကူးမိခဲ့တဲ့ သက်ရှိဆွန်ဘီ ရဲ့ဖြစ်စဉ်ဆိုပြီး အင်တာနက်မှာဟိုလေးတစ်ကျော်ကျော်ဖြစ်ခဲ့ဖူးပါတယ်။
ဒီဗီဒီယိုထဲမှာတော့ ခန္ဓာကိုယ်တွင်းအင်္ဂါအချို့ထုတ်ယူထားပြီး ဆုံးပါးသွားပြီလို့သတ်မှတ်ထားခံရတဲ့ အမျိုးသားတစ်ယောက် ဆေးရုံအခန်းထဲမှာ ထူးဆန်းစွာ ပြန်လည်ထရပ်လာတာကို တွေ့ရမှာပါ။

သတင်းတွေအရတော့ ဒီအမျိုးသားရဲ့အမည်ဟာ
ကီဒန်ဆွာလမ်ဖြစ်ပြီး အသက် ၁၉ နှစ်အရွယ်မှာ အိမ်မီးလောင်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တာပါ။ ဆရာဝန်တွေက သူ့ကိုဆုံးပါးသွားပြီလို့ သတ်မှတ်ခဲ့သလို ခန္ဓာကိုယ်တွင်းအင်္ဂါအချို့ကိုပါ ထုတ်ယူပြီးမှ ခန္ဓာကိုယ်က ရုတ်တရက် ပြန်လည်လှုပ်ရှားလာခဲ့တာဖြစ်ပါတယ်။
ဒါကြောင့်မို့လည်း သူ့ကို ကင်မရာမှာရိုက်ကူးမိတဲ့ ပထမဆုံး ဆွန်ဘီ လို့ လူသိများသွားခဲ့တာပါ။

ဒါပေမဲ့ နောက်ထပ် သီအိုရီတစ်ခုလည်း ရှိပါသေးတယ်။ အဲ့ဒါကတော့ ဒီအမျိုးသားဟာ သေဆုံးသွားခဲ့တာမဟုတ်ဘဲ အိပ်ပျော်ရင်း လမ်းလျှောက်တတ်တဲ့ Parasomnia လို အိပ်စက်ခြင်းဆိုင်ရာ ပုံမှန်မဟုတ်တဲ့အခြေအနေကို ခံစားနေရတာလည်း ဖြစ်နိုင်ပါတယ်။
အဲ့ဒီအခြေအနေမှာ လူတစ်ယောက်ဟာ လုံးဝနိုးမလာဘဲ ထထိုင်တာ၊ လမ်းလျှောက်တာနဲ့ ပတ်ဝန်းကျင်ကို ကြည့်တာမျိုးတွေ လုပ်ဆောင်နိုင်တာပါ။

ဒါပေမဲ့လည်း ဘယ်ဆေးရုံမှတ်တမ်းနဲ့ သက်သေကမှ ဒီဖြစ်စဉ်နှစ်ခုစလုံးရဲ့ မှန်ကန်ကြောင်းကို အတည်မပြုနိုင်ခဲ့ကြပါဘူး။

29/07/2026

သတင်းထောက်ကိုယ်တိုင်တောင်မထင်မှတ်ဘဲဖြစ်သွားခဲ့တဲ့အတုန်လှုပ်စရာအကောင်းဆုံးဖြစ်ရပ်ပါ။

၂၀၂၅ဇွန်လ၃၀ရက်နေ့ကဘရာဇီးမှာရှိတဲ့မေယာရင်
မြစ်ထဲကနေသတင်းထောက်လန်နီဒိုဟာပျောက်ဆုံးနေတဲ့အသက်၁၃နှစ်အရွယ်မိန်းကလေးအကြောင်းကို
တိုက်ရိုက်လွှင့်ပြီးသတင်းတင်ဆက်ခဲ့ပါတယ်။

သူဟာမိန်းကလေးသေဆုံးနေတာကိုကြိုသိလို့လွှင့်တာမဟုတ်ဘဲမြစ်ရေရဲ့အန္တရာယ်ရှိပုံကိုလူတွေကိုသတိပေးဖို့ရေထဲဆင်းပြခဲ့တာပါ။

ရေထဲမှာခြေတစ်လှမ်းချင်းလှမ်းရင်းသတင်းဆက်တင်ဆက်နေစဉ်မှာပဲသူ့မျက်နှာချက်ချင်းပြောင်းလဲသွားခဲ့ပါတယ်။

သူ့ခြေထောက်အောက်မှာကျောက်ခဲမဟုတ်ဘဲထူးဆန်းတဲ့အရာတစ်ခုကိုထိတွေ့မိလိုက်လို့ပါ။

နောက်ပိုင်းမှာကယ်ဆယ်ရေးအဖွဲ့တွေရောက်ရှိလာပြီးရှာဖွေခဲ့ရာမှာတော့ပျောက်ဆုံးနေတဲ့မိန်းကလေးရဲ့ရုပ်အလောင်းကိုသတင်းထောက်ရပ်နေခဲ့တဲ့နေရာမှာပဲပြန်လည်တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
#ဖြစ်ရပ်မှန်

28/07/2026

ဒီဓာတ်ပုံကိုသေချာကြည့်ကြည့်ပါ။
ဒီပြုံးနေတဲ့မျက်နှာရဲ့နောက်ကွယ်မှာတော့
ခရီးသွားရင်းပျောက်ဆုံးသွားခဲ့တဲ့
အဆန်းကြယ်ဆုံးဖြစ်ရပ်တစ်ခုရှိနေပါတယ်။

သူမနာမည်ကတော့SophiaKoetsierပါ။ဒီပုံထဲမှာသူမဟာကလေးတွေနဲ့အတူပျော်ရွှင်စွာပြုံးပြနေပြီးရိုးရိုးရှင်းရှင်းခရီးသွားဓာတ်ပုံတစ်ပုံလိုပါပဲ။

ဒါပေမဲ့သူမရဲ့မိသားစုအတွက်တော့ဒီပုံဟာသူမမပျောက်ဆုံးမီနောက်ဆုံးကျန်ရစ်ခဲ့တဲ့အမှတ်တရဖြစ်သွားခဲ့ပါတယ်။

ရက်ပိုင်းအကြာမှာတော့Sophiaဟာသူမတည်းခိုရာအနီးအနားကိုခဏတည်းလမ်းလျှောက်ထွက်သွားခဲ့ပြီးဘယ်တော့မှပြန်ရောက်မလာတော့ပါဘူး။

ချက်ချင်းဆိုသလိုပဲရှာဖွေရေးအဖွဲ့တွေကအနီးအနားတစ်ဝိုက်ကိုပိုက်စေ့စေ့ရှာဖွေခဲ့ကြပါတယ်။

ဒါပေမဲ့အချိန်တွေကုန်လွန်သွားပေမဲ့သူမရဲ့သဲလွန်စကိုလုံးဝမတွေ့ခဲ့ရပါဘူး။ဖုန်းဆက်တာ၊မက်ဆေ့ခ်ျပို့တာ၊ဘာမှမရှိဘဲအတိအကျပျောက်ဆုံးသွားခဲ့တာပါ။

အဲ့ဒီနောက်မှာတော့စုံစမ်းစစ်ဆေးသူတွေဟာနားလည်ရခက်တဲ့သက်သေအချို့ကိုတွေ့ရှိခဲ့ပါတယ်။စုတ်ပြဲနေတဲ့အဝတ်အစားစများ၊သူမရဲ့မျက်မှန်၊အိတ်၊သပ်သပ်ရပ်ရပ်ကျန်ခဲ့တဲ့ရှူးဖိနပ်တစ်ဖက်နဲ့အဆန်းကြယ်ဆုံးကတော့သစ်ပင်အမြင့်ပေါ်မှာချိတ်ဆွဲထားတဲ့အဝတ်အစားအချို့ပဲဖြစ်ပါတယ်။

ဒါပေမဲ့သူမရဲ့ခန္ဓာကိုယ်၊ကျူးလွန်သူ ဒါမှမဟုတ် ရေရေရာရာသက်သေရယ်လို့လုံးဝမတွေ့ရပါဘူး။

အချို့ကမတော်တဆမှုလို့ထင်ကြပြီး၊အချို့ကတော့တောသတ္တဝါတွေရဲ့တိုက်ခိုက်မှုလို့ယူဆကြပါတယ်။

ဒါပေမဲ့ဘယ်အယူအဆကမှတွေ့ရှိခဲ့တဲ့သက်သေတွေကိုရေရေရာရာမရှင်းပြနိုင်ပါဘူး။

ဒီနေ့အချိန်ထိလူတွေကိုအံ့ဩစေတာကတော့သူမပျောက်ဆုံးသွားတာတင်မကဘဲကျန်ရစ်ခဲ့တဲ့သဲလွန်စတွေဟာဘယ်သူမှနားမလည်နိုင်တဲ့ပဟေဠိတစ်ခုဖြစ်နေတာပဲဖြစ်ပါတယ်။

#ထူးဆန်းထွေလာ

26/07/2026

၁၉၇၀ပြည့်လွန်နှစ်တွေတုန်းကOliverဆိုတဲ့ဒီချင်ပန်ဇီကိုလူတွေစတွေ့ချိန်မှာပဲတစ်ခုခုလွဲမှားနေတယ်ဆိုတာချက်ချင်းသတိထားမိခဲ့ကြပါတယ်။

သူဟာရိုးရိုးချင်ပန်ဇီတွေလိုမလှုပ်ရှားဘဲမတ်မတ်ရပ်ပြီးခြေနှစ်ချောင်းနဲ့လမ်းလျှောက်ခဲ့တာပါ။
လူတွေကိုစိုက်ကြည့်တဲ့အခါမှာလည်းလူတစ်ယောက်လိုမျိုးခံစားရစေခဲ့ပါတယ်။

ပထမတော့ထူးဆန်းရုံဘဲထင်ခဲ့ပေမယ့်သူနဲ့အချိန်ပိုကုန်လွန်လာလေလေပိုပြီးကြက်သီးထဖွယ်ကောင်းလာလေလေပါပဲ။

Oliverဟာခြားမျောက်တွေကိုလုံးဝရှောင်ပြီးလူတွေနားမှာဘဲနေချင်ခဲ့ပါတယ်။

လူတွေရဲ့လှုပ်ရှားမှုတွေကိုအကြာကြီးစိုက်ကြည့်ပြီးအတုယူပြုမူခဲ့တာပါ။

အဲဒီနောက်မှာတော့သတင်းတွေစထွက်လာခဲ့ပါတယ်။
အချို့ကသူဟာတံခါးတွေကိုဖွင့်နိုင်တယ်လို့ပြောကြပြီးအချို့ကတော့လူတွေရဲ့စကားသံကိုတုပဖို့ကြိုးစားတယ်လို့ဆိုကြပါတယ်။

အချို့ဆိုရင်သူဟာရိုးရိုးသတ္တဝါမဟုတ်ဘဲမဖြစ်သင့်တဲ့စမ်းသပ်မှုတစ်ခုရဲ့ရလဒ်လို့ပင်ယုံကြည်ခဲ့ကြပါတယ်။
မီဒီယာတွေကတော့သူ့ကိုလူနဲ့ချင်ပန်ဇီပေါင်းစပ်ထားတဲ့Humanzeeလို့တောင်အမည်ပေးခဲ့ကြပါတယ်။
သိပ္ပံပညာရှင်တွေကဒီအချက်ကိုစစ်ဆေးဖို့ကြိုးစားခဲ့ကြပေမယ့်သူတို့ကိုယ်တိုင်လည်းစစချင်းမှာဝေခွဲမရဖြစ်ခဲ့ကြပါတယ်။

ဘာလို့လဲဆိုတော့Oliverဟာသူ့မျိုးစိတ်လိုမျိုးလုံးဝပြုမူမနေလို့ပါ။

နှစ်အတော်ကြာမှမျိုးရိုးဗီဇစစ်ဆေးမှုတွေအရသူ့မှာချင်ပန်ဇီအတိအကျဖြစ်တဲ့Chromosomes၄၈ခုပါဝင်ကြောင်းတွေ့ရှိခဲ့ရပါတယ်။
ဒါပေမယ့်ဒီလိုမျိုးရိုးဗီဇအဖြေထွက်လာပြီးနောက်မှာတောင်သူ့ကိုမြင်ဖူးသူတိုင်းဟာသူ့ရဲ့ထူးဆန်းတဲ့ပြုမူပုံတွေကိုဘာကြောင့်လဲဆိုတာရှင်းမပြနိုင်သေးပါဘူး။
#ထူးဆန်းထွေလာ

Mexico နိုင်ငံချီဟွာဟွာမြို့ကမင်္ဂလာဆောင်ဝတ်စုံဆိုင်တစ်ဆိုင်မှာလွန်ခဲ့တဲ့အနှစ်၉၀ကျော်ကတည်းကပြသထားတဲ့"LaPascualita"လို့ခေ...
27/06/2026

Mexico နိုင်ငံချီဟွာဟွာမြို့က
မင်္ဂလာဆောင်ဝတ်စုံဆိုင်တစ်ဆိုင်မှာလွန်ခဲ့တဲ့အနှစ်၉၀ကျော်ကတည်းကပြသထားတဲ့"LaPascualita"လို့ခေါ်တဲ့အရုပ်ကြီးအကြောင်းကိုကြားဖူးကြလား။
ဒီအရုပ်ကို၁၉၃၀ပြည့်နှစ်ကတည်းကဆိုင်ရဲ့မှန်ပြတင်းပေါက်မှာစတင်ပြသခဲ့တာဖြစ်ပြီးသူ့ရဲ့အလှတရားကအပြင်လူတစ်ယောက်နီးပါးကိုတူလွန်းနေခဲ့တာပါ။
အစပိုင်းမှာတော့လူတွေကရိုးရိုးအရုပ်လို့ပဲထင်ခဲ့ကြပေမယ့်နောက်ပိုင်းမှာဝယ်သူတွေကထူးဆန်းတဲ့အချက်တွေကိုသတိထားမိလာကြပါတယ်။
အဲ့ဒါကတော့သူ့ရဲ့လက်ချောင်းလေးတွေမှာလူတွေလိုပဲအရေပြားအရေးအကြောင်းတွေနဲ့သွေးကြောတွေအထင်းသားရှိနေပြီးသူ့ရဲ့မျက်လုံးတွေကလည်းကိုယ့်ကိုတစ်ကောက်ကောက်လိုက်ကြည့်နေသလိုမျိုးခံစားရတာပါပဲ။မကြာခင်မှာပဲဆိုင်ရှင်ရဲ့သမီးဖြစ်သူဟာမင်္ဂလာဆောင်မယ့်နေ့မှာပဲပင့်ကူကိုက်ခံရပြီးရုတ်တရက်ကွယ်လွန်သွားခဲ့တယ်ဆိုတဲ့သတင်းတွေထွက်လာခဲ့ပါတယ်။စိတ်မကောင်းစရာကဆိုင်ရှင်ဖြစ်သူဟာသမီးရဲ့ရုပ်အလောင်းကိုမြေမမြှုပ်ဘဲဆေးစိမ်ပြီး
အရုပ်အဖြစ်ဖန်တီးကာဆိုင်မှာထာဝရပြသထားခဲ့တာလို့လူတွေကအတပ်ပြောကြပါတယ်။အဲဒီဆိုင်ကတချို့ဝန်ထမ်းတွေဆိုရင်ဒီအရုပ်ရဲ့အဝတ်အစားကိုတစ်ယောက်တည်းမလဲပေးရဲကြသလို
ညဘက်ဆိုရင်သူ့ရဲ့ရပ်နေတဲ့အနေအထားကအလိုလိုပြောင်းလဲနေတတ်တယ်လို့လည်းဆိုကြပါတယ်။တချို့ဆိုရင်သူလှုပ်ရှားတာကိုတောင်မြင်ခဲ့ရတယ်လို့ပြောကြပါတယ်။ဒီအရာကတကယ်ပဲလူသေအလောင်းလားဒါမှမဟုတ်လက်ရာပြောင်မြောက်တဲ့အရုပ်တစ်ခုလားဆိုတာအခုထက်ထိဘယ်သူမှတရားဝင်သက်သေမပြနိုင်သေးပေမယ့်ဒီနေ့အထိလူတွေဟာသူတို့ကိုအရုပ်မ
ပြန်ကြည့်နေမလားဆိုတာကိုသိချင်လို့
ဒီဆိုင်ထဲကိုလာရောက်ကြည့်ရှုနေကြတုန်းပါပဲ။

Address

Yangon

Telephone

+959442158229

Website

Alerts

Be the first to know and let us send you an email when Felicia’s Mysteries posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share