B book

B book Local Book Store in Myanmar.

🧐စာဖတ်သူများ ဆင့်ပွားဖတ်မှတ်လေ့လာနိုင်ဖို့ရာ  Aalborg University ၏ ဖွံ့ဖြိုးရေးနှင့် နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ Dr. Li ...
12/04/2026

🧐စာဖတ်သူများ ဆင့်ပွားဖတ်မှတ်လေ့လာနိုင်ဖို့ရာ Aalborg University ၏ ဖွံ့ဖြိုးရေးနှင့် နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ Dr. Li Xing ရဲ့
တိုင်ပြည်တည်ဆောက်ရေးဆိုင်ရာ အတွေးစ တစ်ခုကို မျှဝေလိုက်ပါတယ်။

🗣️”ပါတီစုံစနစ်၊ အနောက်တိုင်းဒီမိုကရေစီစနစ်၊ နိုင်ငံတော် ဖွံဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်ဟု မယူဆပါ။ လစ်ဘရယ်အတွေးအခေါ်များက နိုင်ငံရည်မှန်းချက်ကို ထိခိုက်စေပါက ဖယ်ရှားရပါမည်။ နိုင်ငံတော်တည်ဆောက်စတွင် ဒီမိုကရေစီထက် စည်းကမ်းကျနမှုက ပိုအရေးကြီးပါသည်။"
Dr. Li Xing, Professor, Aalborg University

🚨BBook မှ အသစ်ထွက်ရှိထားတဲ့
“၂၁ ရာစု၏ စတုတ္ထမျိုးဆက်စစ်ပွဲ” စာအုပ်ကို BBook Page, 09778319097 နှင့် အမြို့မြို့ အနယ်နယ်ရှိ စာအုပ်ဆိုင်များတွင် မေးမြန်းဝယ်ယူနိုင်
ပါပြီ။

#၂၁ရာစု၏စတုတ္တမျိုးဆက်
စစ်ပွဲ
#ဇာနည်(ဘူမိဗေဒ)

10/04/2026

B Bookတွင် အမြဲတမ်းအားပေး၀ယ်ယူနေသော စာပေဖတ်ရှူသူများသို့ကြေငြာခြင်း

မဟာသင်္ကြန်ကာလသို့ ရောက်ရှိတော့မှာဖြစ်တဲ့အတွက်ကြောင့်၊
ကျွန်တော်တို့ သင်္ကြန်ဆိုင်ပိတ်ရက်များကို
အောက်ပါအတိုင်း လေးစားစွာ အသိပေးအပ်ပါတယ်ခင်ဗျာ။

ဧပြီလ (၁၁) ရက် မှ ဧပြီလ (၁၉) ရက် အထိ စာအုပ်ပို့ဆောင်ခြင်းကိုခေတ္တရပ်နားထားမှာဖြစ်ပါတယ်။

ဧပြီလ (၂၀) ရက်နေ့မှစတင်၍
စာအုပ်ပို့​ဆောင်ခြင်းကို ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်သွားပါမယ်။

အွန်လိုင်းမှ မှာယူမှုများအတွက် ရုံးပိတ်ရက်ကာလအတွင်းမှာလည်း Page Messenger ကတစ်ဆင့် စာအုပ်များကိုပုံမှန်အတိုင်း ဆက်လက်မှာယူနိုင်ပါတယ်။

၂၀၂၆တွင်ကျရောက်လာမည့် နှစ်သစ်မှာ
စာပေဖတ်ရူ့သူများအားလုံး စိတ်ရောကိုယ်ပါ
ကျန်းမာချမ်းသာပြီး၊ မိသားစုများနှင့်အတူ
ပျော်ရွှင်ဖွယ် သင်္ကြန်ကာလကို အေးချမ်းစွာ ဖြတ်သန်းနိုင်ကြပါစေလို့ B Bookမိသားစုမှဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

စာအုပ်အမည်- ၂၁ ရာစုနှစ်၏ စတုတ္ထမျိုးဆက်စစ်ပွဲဘာသာပြန်သူ- ဇာနည်  (ဘူမိဗေဒ)စာမျက်နှာ- ၃၁၃တန်ဖိုး- ၁၅၀၀၀ ကျပ်စတုတ္ထမျိုးဆက်...
26/03/2026

စာအုပ်အမည်- ၂၁ ရာစုနှစ်၏ စတုတ္ထမျိုးဆက်စစ်ပွဲ
ဘာသာပြန်သူ- ဇာနည် (ဘူမိဗေဒ)
စာမျက်နှာ- ၃၁၃
တန်ဖိုး- ၁၅၀၀၀ ကျပ်

စတုတ္ထမျိုးဆက်စစ်ပွဲဆိုတာ ဘာလဲ?
ပထမမျိုးဆက်စစ်ပွဲဆိုတာ အဓိကကျသောနေရာတွင် လူအင်အားကို အလုံးအရင်းအသုံးပြု တိုက်ခိုက်ခြင်းဖြစ်သည်။
ဒုတိယမျိုးဆက်စစ်ပွဲဆိုတာ ပစ်အားအလုံးအရင်းအပေါ်အားထား တိုက်ခိုက်ခြင်းဖြစ်သည်။
တတိယမျိုးဆက်စစ်ပွဲဆိုတာ စစ်ကစားမှုနှင့်တိုက်စစ် အပေါ်အားထား တိုက်ခိုက်ခြင်းဖြစ်သည်။
စတုတ္ထမျိုးဆက်စစ်ပွဲဆိုတာက‌တော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေး၊ နည်းပညာ၊ သတင်းမီဒီယာ စသောရနိုင်သမျှ ကွန်ရက်တွေကို အသုံးပြုပြီး တိုက်ခိုက်ခြင်းပဲ။
ဘယ်လိုရေးသားပြုစုထားလဲ?
ဤစာအုပ်ထဲတွင် စတုတ္ထမျိုးဆက်စစ်ပွဲပုံသဏ္ဌာန်ကို အခန်းကြီး (၁၇) ခန်းဖြင့် အသေးစိတ် ရေးသားပြုစုထားသည်။
ဦးစွာ စစ်ပွဲပုံသဏ္ဌာန်များ မျိုးဆက်အလိုက် ပြောင်းလဲသွားပုံ အကြောင်းအရင်းများကို သုံးသပ်ချက်များနှင့်တကွ ရှင်းလင်းထားသည်။
ထို့‌‌နောက် စတုတ္ထမျိုးဆက်စစ်ပွဲရှင်းလင်းရာတွင် မော်စီတုန်း၏ တရုတ်ပြည်တော်လှန်ရေး၊ ဗီယက်နမ်စစ်ပွဲ၊ ဆာဒီနစ္စတာသူပုန်များ၏ တော်လှန်ရေး၊ ပါလက်စတိုင်းနှင့် အစ္စရေးတို့ကြား စစ်ပွဲများ၊ အယ်လ်ကေဒါတို့၏ တိုက်ခိုက်မှုများ၊ အာဖဂန်နစ္စတန်နိုင်ငံအတွင်းမှ စစ်ဆင်ရေးများ၊ အီရတ်စစ်ပွဲ စသည့်စစ်ပွဲများကို တစ်ခန်းချင်းစီ သုံးသပ်လေ့လာတင်ပြထားသည်။
ထို့နောက် စတုတ္ထမျိုးဆက်စစ်ပွဲကို ရင်ဆိုင်ကိုင်တွယ်ဖို့ရာ မဟာဗျူဟာအဆင့်၊ စစ်ဆင်မှုအဆင့်၊ စစ်နည်းဗျူဟာအဆင့်တို့တွင် ပြင်ဆင်ရမည့်အချက်များ၊ အားသာချက်၊ အားနည်းချက်တို့ကို အသေးစိတ်ရှင်းပြထားတယ်။
နောက်ဆုံးတွင် အနာဂတ်တွင်ဖြစ်ပေါ်လာနိုင်သည့် ပဥ္စမမျိုးဆက်စစ်ပွဲပုံသဏ္ဌာန်ကို တင်ပြထားပြီး နိုင်ငံများအနေဖြင့် ဆောင်ရွက်သင့်သည်များကို ဆွေးနွေးရေးသားထားသည်။
ဘယ်လိုလူတွေဖတ်ရှုသင့်လဲ?
စစ်ရေးလေ့လာသူများ၊ နိုင်ငံရးသိပ္ပံနှင့် နိုင်ငံတကာဆက်ဆံရေး လေ့လာသူများ၊ မီဒီယာနှင့် သတင်းသမားများ၊ နယ်ပယ်အသီးသီးမှ ခေါင်းဆောင်များ၊ မဟာဗျူဟာသမားများ၊ စီးပွားရေးသမားများ လုံးဝဖတ်ရှုသင့်ပါတယ်။
မှာယူလိုပါက Bbook Page Messenger (or) 09778319097, 09698314595 (or) Comment တွင် ဆက်သွယ်မှာယူနိုင်ပါသည်။
-အိမ်ရောက်ငွေချေစနစ်ရ (မြို့ အလိုက်ပို့ခကျသင့်ပါမည်)
-နယ် (ကားဂိတ်တင်ပေးသည်)
ရွှင်လန်းချမ်းမြေ့ကြပါစေ။
#၂၁ရာစု၏စတုတ္ထမျိုးဆက်စစ်ပွဲ #ဇာနည်(ဘူမိဗေဒ) #စစ်ပွဲ #မဟာဗျူဟာ #စာအုပ်

22/03/2026

🚨အားလုံးစောင့်မျှော်နေတဲ့ BBook ရဲ့ စာအုပ်သစ်လေး ထွက်ရှိလို့လာပါပြီ။
Pre-Order တင်ထားသူများနှင့် အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်များကို ပို့ဆောင်ဖို့ ဆောင်ရွက်နေပါပြီရှင့်။

စာအုပ်အမည်- ၂၁ ရာစုနှစ်၏ စတုတ္ထမျိုးဆက်စစ်ပွဲ
ဘာသာပြန်သူ- ဇာနည် (ဘူမိဗေဒ)
စာမျက်နှာ- ၃၁၃
တန်ဖိုး- ၁၅၀၀၀ ကျပ်

#ဇာနည်(ဘူမိဗေဒ) #စစ်ပွဲ #စတုတ္ထမျိုးဆက်စစ်ပွဲ #စာအုပ်အသစ်

စာအုပ်အမည်- ၂၁ ရာစုနှစ်၏ စတုတ္ထမျိုးဆက်စစ်ပွဲဘာသာပြန်သူ- ဇာနည်  (ဘူမိဗေဒ)စာမျက်နှာ- ၃၁၃တန်ဖိုး- ၁၅၀၀၀ ကျပ်စတုတ္ထမျိုးဆက်...
05/03/2026

စာအုပ်အမည်- ၂၁ ရာစုနှစ်၏ စတုတ္ထမျိုးဆက်စစ်ပွဲ
ဘာသာပြန်သူ- ဇာနည် (ဘူမိဗေဒ)
စာမျက်နှာ- ၃၁၃
တန်ဖိုး- ၁၅၀၀၀ ကျပ်

စတုတ္ထမျိုးဆက်စစ်ပွဲဆိုတာ ဘာလဲ?
ပထမမျိုးဆက်စစ်ပွဲဆိုတာ အဓိကကျသောနေရာတွင် လူအင်အားကို အလုံးအရင်းအသုံးပြု တိုက်ခိုက်ခြင်းဖြစ်သည်။
ဒုတိယမျိုးဆက်စစ်ပွဲဆိုတာ ပစ်အားအလုံးအရင်းအပေါ်အားထား တိုက်ခိုက်ခြင်းဖြစ်သည်။
တတိယမျိုးဆက်စစ်ပွဲဆိုတာ စစ်ကစားမှုနှင့်တိုက်စစ် အပေါ်အားထား တိုက်ခိုက်ခြင်းဖြစ်သည်။
စတုတ္ထမျိုးဆက်စစ်ပွဲဆိုတာက‌တော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေး၊ နည်းပညာ၊ သတင်းမီဒီယာ စသောရနိုင်သမျှ ကွန်ရက်တွေကို အသုံးပြုပြီး တိုက်ခိုက်ခြင်းပဲ။
ဘယ်လိုရေးသားပြုစုထားလဲ?
ဤစာအုပ်ထဲတွင် စတုတ္ထမျိုးဆက်စစ်ပွဲပုံသဏ္ဌာန်ကို အခန်းကြီး (၁၇) ခန်းဖြင့် အသေးစိတ် ရေးသားပြုစုထားသည်။
ဦးစွာ စစ်ပွဲပုံသဏ္ဌာန်များ မျိုးဆက်အလိုက် ပြောင်းလဲသွားပုံ အကြောင်းအရင်းများကို သုံးသပ်ချက်များနှင့်တကွ ရှင်းလင်းထားသည်။
ထို့‌‌နောက် စတုတ္ထမျိုးဆက်စစ်ပွဲရှင်းလင်းရာတွင် မော်စီတုန်း၏ တရုတ်ပြည်တော်လှန်ရေး၊ ဗီယက်နမ်စစ်ပွဲ၊ ဆာဒီနစ္စတာသူပုန်များ၏ တော်လှန်ရေး၊ ပါလက်စတိုင်းနှင့် အစ္စရေးတို့ကြား စစ်ပွဲများ၊ အယ်လ်ကေဒါတို့၏ တိုက်ခိုက်မှုများ၊ အာဖဂန်နစ္စတန်နိုင်ငံအတွင်းမှ စစ်ဆင်ရေးများ၊ အီရတ်စစ်ပွဲ စသည့်စစ်ပွဲများကို တစ်ခန်းချင်းစီ သုံးသပ်လေ့လာတင်ပြထားသည်။
ထို့နောက် စတုတ္ထမျိုးဆက်စစ်ပွဲကို ရင်ဆိုင်ကိုင်တွယ်ဖို့ရာ မဟာဗျူဟာအဆင့်၊ စစ်ဆင်မှုအဆင့်၊ စစ်နည်းဗျူဟာအဆင့်တို့တွင် ပြင်ဆင်ရမည့်အချက်များ၊ အားသာချက်၊ အားနည်းချက်တို့ကို အသေးစိတ်ရှင်းပြထားတယ်။
နောက်ဆုံးတွင် အနာဂတ်တွင်ဖြစ်ပေါ်လာနိုင်သည့် ပဥ္စမမျိုးဆက်စစ်ပွဲပုံသဏ္ဌာန်ကို တင်ပြထားပြီး နိုင်ငံများအနေဖြင့် ဆောင်ရွက်သင့်သည်များကို ဆွေးနွေးရေးသားထားသည်။
ဘယ်လိုလူတွေဖတ်ရှုသင့်လဲ?
စစ်ရေးလေ့လာသူများ၊ နိုင်ငံရးသိပ္ပံနှင့် နိုင်ငံတကာဆက်ဆံရေး လေ့လာသူများ၊ မီဒီယာနှင့် သတင်းသမားများ၊ နယ်ပယ်အသီးသီးမှ ခေါင်းဆောင်များ၊ မဟာဗျူဟာသမားများ၊ စီးပွားရေးသမားများ လုံးဝဖတ်ရှုသင့်ပါတယ်။
စတုတ္ထမျိုးဆက်စစ်ပွဲဆိုတာ ဘာလဲ?
ပထမမျိုးဆက် — လူအင်အားအလုံးအရင်း
ဒုတိယမျိုးဆက် — ပစ်အားအလုံးအရင်း
တတိယမျိုးဆက် — စစ်ကစားမှု၊ တိုက်စစ်အမြန်
စတုတ္ထမျိုးဆက်စစ်ပွဲ ကတော့ —
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေး၊ နည်းပညာ၊ သတင်းမီဒီယာ…
ရနိုင်သမျှ ကွန်ရက်အားလုံးကို အသုံးပြုပြီး တိုက်ခိုက်ခြင်း ဖြစ်သည်။
စစ်မြေပြင်ဟာ မြေပြင်ပေါ်တင် မဟုတ်တော့ပါဘူး။
လူထုစိတ်ထဲမှာပါ ဖြစ်နေပါသည်။
ဒီစာအုပ်မှာ ဘာတွေပါလဲ?
📌 စတုတ္ထမျိုးဆက်စစ်ပွဲပုံသဏ္ဌာန်ကို အခန်းကြီး (၁၇) ခန်းဖြင့် အသေးစိတ် ရေးသားပြုစုထား
📌 မျိုးဆက်အလိုက် စစ်ပုံစံ ပြောင်းလဲလာပုံ
📌 တရုတ်ပြည်တော်လှန်ရေး၊ ဗီယက်နမ်စစ်ပွဲ၊ ပါလက်စတိုင်း–အစ္စရေးစစ်ပွဲများ၊ အယ်လ်ကေဒါတိုက်ခိုက်မှုများ၊ အာဖဂန်နစ္စတန်နိုင်ငံအတွင်း စစ်ဆင်ရေးများ၊ အီရတ်စစ်ပွဲ စသည့် ကိစ္စရပ်များကို တစ်ခန်းချင်းစီ သုံးသပ်ချက်များ
📌 စတုတ္ထမျိုးဆက်စစ်ပွဲကို ရင်ဆိုင်ရန် မဟာဗျူဟာ / စစ်ဆင်မှု / စစ်နည်းဗျူဟာ အဆင့်ဆင့် ပြင်ဆင်ရမည့်အချက်များ
📌 အနာဂတ် ပဥ္စမမျိုးဆက်စစ်ပွဲအမြင်
ဘယ်လိုလူတွေ ဖတ်သင့်လဲ?
✔️ စစ်ရေးလေ့လာသူများ
✔️ နိုင်ငံရေး / နိုင်ငံတကာဆက်ဆံရေး လေ့လာသူများ
✔️ မီဒီယာနှင့် သတင်းသမားများ
✔️ ခေါင်းဆောင်များ၊ မဟာဗျူဟာသမားများ
✔️ စီးပွားရေးသမားများ
အာဏာ၊ စိတ်ဓာတ်၊ သတင်း၊ ကွန်ရက်၊ နည်းပညာ
ယနေ့ခေတ်မှာ ဘယ်အရာက အဓိကလဲဆိုတာ နားလည်ချင်သူတိုင်း နှင့် ထိုအရာတွေကို ဘယ်လိုကိုင်တွယ်ရမလဲ သိချင်သူတိုင်း ဖတ်သင့်တဲ့စာအုပ်တစ်အုပ်ပါ။
မှာယူလိုပါက Bbook Page Messenger (or) 09778319097, 09698314595 (or) Comment တွင် ဆက်သွယ်မှာယူနိုင်ပါသည်။
-အိမ်ရောက်ငွေချေစနစ်ရ (မြို့ အလိုက်ပို့ခကျသင့်ပါမည်)
-နယ် (ကားဂိတ်တင်ပေးသည်)
ရွှင်လန်းချမ်းမြေ့ကြပါစေ။
#၂၁ရာစု၏စတုတ္ထမျိုးဆက်စစ်ပွဲ #ဇာနည်(ဘူမိဗေဒ) #စစ်ပွဲ #မဟာဗျူဟာ #စာအုပ်

" ဂျာမန်စစ်သားတို့၏ အနေအထား"  #စစ်ပွဲ
05/03/2026

" ဂျာမန်စစ်သားတို့၏ အနေအထား"

#စစ်ပွဲ

🌾 တောင်သူလယ်သမားနေ့ အထိမ်းအမှတ်“မြေယာကနေ စတင်တဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု”တောင်သူလယ်သမားဟာအစာအာဟာရထုတ်လုပ်သူသာ မဟုတ...
02/03/2026

🌾 တောင်သူလယ်သမားနေ့ အထိမ်းအမှတ်
“မြေယာကနေ စတင်တဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု”

တောင်သူလယ်သမားဟာ
အစာအာဟာရထုတ်လုပ်သူသာ မဟုတ်ပါဘူး။
သူတို့ဟာ တိုင်းပြည်စီးပွားရေးရဲ့ အခြေခံအုတ်မြစ်ပါ။

စိုက်ပျိုးရေးက ကောင်းမွန်ရင်
✔️ အစားအသောက်လုံလောက်မှု ရှိမယ်
✔️ ကုန်ဈေးနှုန်း တည်ငြိမ်မယ်
✔️ အလုပ်အကိုင်များ ဖန်တီးနိုင်မယ်
✔️ ပြည်ပသို့ တင်ပို့ရောင်းချမှု တိုးတက်မယ်

ဒါကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို ပြောမယ်ဆိုရင်
မြေယာ၊ ရေ၊ မျိုးစေ့၊ နည်းပညာနဲ့
တောင်သူတွေရဲ့ ဘဝအရည်အသွေးကို အရင်ဆုံး စဉ်းစားရပါမယ်။

ခေတ်သစ်ဖွံ့ဖြိုးတိုးတက်မှုဆိုတာ
မြို့ပြတည်ဆောက်ရေးတင် မဟုတ်ပါဘူး။
ကျေးလက်ဒေသ တိုးတက်ရေး၊
တောင်သူရဲ့ ဝင်ငွေတိုးတက်ရေး၊
စိုက်ပျိုးရေးနည်းပညာ မြှင့်တင်ရေးတို့ပါ ပါဝင်ပါတယ်။

ဒီနေ့ တောင်သူလယ်သမားနေ့မှာ
မြေထဲမှာ လုပ်ကိုင်နေတဲ့ လက်များကိုသာမက
တိုင်းပြည်အနာဂတ်ကို စိုက်ပျိုးနေတဲ့ လူများကိုပါ
လေးစားဂုဏ်ပြုကြရအောင်။

🌾 တောင်သူအားကောင်းမှ တိုင်းပြည်အားကောင်းမယ်။
🌱 စိုက်ပျိုးရေးတိုးတက်မှ ဖွံ့ဖြိုးတိုးတက်မှု တည်တံ့မယ်။

"စပါးရွှေဝါဝင်းပါစေ၊ ပန်းတွေသင်းပါစေ"

#တောင်သူလယ်သမားနေ့

Niccolò Machiavelli – စစ်မဟာဗျူဟာအမြင်ရှိတဲ့ အတွေးအခေါ်ပညာရှင်Niccolò Machiavelli (1469–1527) ကို လူအများက နိုင်ငံရေးအတွ...
18/02/2026

Niccolò Machiavelli – စစ်မဟာဗျူဟာအမြင်ရှိတဲ့ အတွေးအခေါ်ပညာရှင်

Niccolò Machiavelli (1469–1527) ကို လူအများက နိုင်ငံရေးအတွေးအခေါ်ရှင်အဖြစ် သိကြပေမယ့်
အမှန်တကယ်တော့ သူဟာ စစ်မဟာဗျူဟာကို အလွန်အရေးထားခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။

Florence သမ္မတရုံးမှာ တာဝန်ထမ်းဆောင်စဉ်
သူဟာ စစ်ရေးအင်အား၊ ပြည်တွင်းကာကွယ်ရေးစနစ်နဲ့
နိုင်ငံတစ်ခုရဲ့ အာဏာတည်တံ့မှုကို နက်နက်ရှိုင်းရှိုင်း လေ့လာခဲ့ပါတယ်။

📖 “The Prince” မှာ ဖော်ပြထားတဲ့ စစ်ဗျူဟာအမြင်

Machiavelli အမြင်အရ —
👉 နိုင်ငံတစ်ခုကို ထိန်းသိမ်းဖို့ အခြေခံအင်အားက စစ်တပ်ဖြစ်တယ်။

သူက အထူးသဖြင့်

အခြားနိုင်ငံက ငှားရမ်းထားတဲ့ စစ်သားများ (Mercenaries) ကို မယုံကြည်ခဲ့ဘူး

ကိုယ့်နိုင်ငံသားတွေ ပါဝင်တဲ့ စစ်တပ်ကိုသာ ယုံကြည်ခဲ့တယ်

ဘာကြောင့်လဲဆိုတော့
သစ္စာရှိမှုနဲ့ စိတ်ဓာတ်ဟာ အင်အားထက် ပိုအရေးကြီးတယ် လို့ ယုံကြည်ခဲ့လို့ပါ။

🛡 Machiavelli ရဲ့ စစ်မဟာဗျူဟာအယူအဆများ

1️⃣ စစ်ရေးအင်အား မရှိတဲ့ နိုင်ငံရေးဟာ မတည်တံ့နိုင်ဘူး။
2️⃣ ခေါင်းဆောင်တစ်ယောက်ဟာ စစ်ပညာကို မသိမဖြစ် သိထားရမယ်။
3️⃣ အန္တရာယ်ကို မကြိုတင်တွက်ချက်နိုင်ရင် အာဏာကို မထိန်းသိမ်းနိုင်ဘူး။
4️⃣ အချိန်၊ အခြေအနေ၊ လူမှုစိတ်ဓာတ်ကို တွက်ချက်နိုင်ခြင်းက မဟာဗျူဟာ၏ အခြေခံဖြစ်တယ်။

🔎 စစ်မဟာဗျူဟာရှုထောင့်မှ ကြည့်ရင်

Machiavelli ဟာ
စစ်ရေးကို သီးခြားကိစ္စအဖြစ် မမြင်ခဲ့ဘူး။
👉 နိုင်ငံရေး = စစ်ရေး + အာဏာစနစ် + လူမှုစိတ်ဓာတ်
လို့ မြင်ခဲ့သူဖြစ်ပါတယ်။

သူ့အမြင်အရ
“ခေါင်းဆောင်တစ်ယောက်ဟာ သီလနဲ့သာ မလုံလောက်ဘူး၊
အန္တရာယ်ကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည် လိုအပ်တယ်”။

#စာအုပ်

“ဝမ်းနည်းကြေကွဲခြင်း”ကဗျာဆရာ ဝင်းမြင့် (၁၅.၂.၂၀၂၆)ရက်နေ့ ပုသိမ်မြို့ရှိ သူ့နေအိမ်တွင် ကွယ်လွန်သွားကြောင်း သိရတဲ့အတွက် မျ...
16/02/2026

“ဝမ်းနည်းကြေကွဲခြင်း”

ကဗျာဆရာ ဝင်းမြင့် (၁၅.၂.၂၀၂၆)ရက်နေ့ ပုသိမ်မြို့ရှိ သူ့နေအိမ်တွင် ကွယ်လွန်သွားကြောင်း သိရတဲ့အတွက် များစွာ စိတ်မကောင်း ဖြစ်ရပါတယ်။
ကျွန်တော်တို့အတွက် ကဗျာအားဖြင့် ရင်းနှီးရသော ကဗျာဆရာ တစ်ဦးဖြစ်ပါတယ်။ ဒီဘက်ခေတ် Facebook platform, Tiktok platform တွေမှာလည်း ဆရာကဗျာတွေက လူငယ်တွေကြားမှာ ပြန်နှံ့လျက်ပါ။

မှတ်မှတ်ရရ ကျောင်းသားဘဝ ကဗျာ စာအုပ်တွေ အဖတ်သန်တဲ့ ကာလတွေက ဆရာ့ရဲ့ “ပဲ့တင်”ကဗျာကို အခုထိ မှတ်မိနေတုန်းပါပဲ။
အိမ်ပြန်မလာနိုင်တော့တဲ့ ဆရာ့အတွက် ပြန်ဖော်ပြပါရစေ။
ငြိမ်းချမ်းစွာ အနားယူပါဆရာ။

"အိမ်ဆိုတာ
ပြန်လို့ရတဲ့အရာမှန်းသိလေ ပိုနာကျင်ရလေ
ဒါကြောင့်မို့ မြစ်တွေဟာ
သွယ်ဝိုက်စီးဆင်းတာဖြစ်မယ်"

-ဝင်းမြင့်

#ဝင်းမြင့်
#ကဗျာဆရာ

Address

No. 10 B, Kaba Aye Pagoda Road
Yangon
11062

Telephone

+959778319097

Website

Alerts

Be the first to know and let us send you an email when B book posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category