27/02/2026
အရူးဆေးရုံမှာ ရေးတဲ့ကဗျာ
"ဘော့မာလေ" ဆံပင်ပုံစံနဲ့
ဆေးကြောင်နေတဲ့ ...
သူငယ်ချင်း တစ်ယောက်က
ငါ့ကို ... မေးတယ် ...
"ဂလော်ရီယာအိစ်ဖန်း" နဲ့
ညစာ အတူ စားဖူးလား ?
"အမေဇုံ" တောကြီးထဲမှာ
ကျားသစ် တစ်ကောင်နဲ့
နပမ်း လုံးဖူးလား ?
"ချီလီ" မိုင်းတွင်းထဲမှာ
အောက်ဆီဂျင် ပြတ်ဖူးလား ?
"ရီရိုဒီဂျနေးဒိုး" မှာ
ဆေးရှူဖူးလား ?
"ကာရေဗီယမ်" ပင်လယ်ထဲမှာ
ငါးမျှားဖူးလား ?
ငါ ပြန်ဖြေမယ် ...
တကယ်တော့ တောင်အမေရိကားရဲ့
ဖာသယ်မ တစ်ယောက်လောက်နဲ့တောင်
ည အတူ မအိပ်ဘူးဘဲ
ဒီကမ္ဘာပေါ်မှာ ...
ဘယ်ယောက်ျားမှ
စောက်ကြီး စောက်ကျယ်
ပြောခွင့် မရှိပါဘူးကွာ ...
ငါတို့က ...
အဝီစိထက် နက်တဲ့ ဆင်းရဲတွင်းထဲက
ဖာ ပါး စပ် ထက် တောင်
ဗလောင်းဗလဲ များတဲ့
ဥပဒေတွေနဲ့ တိုင်းပြည်က
ကဗျာဆရာတွေပါ
ငါတို့က ...
တစ်ရက်ကို
အမဲသား အစိတ်သား ကျွေးရတဲ့
ကိုလံဘီယာ အကျဉ်းထောင် ထဲက
ခွေး တွေ လော က် တော င်
အဟာရ မပြည့်ဝတဲ့ နိုင်ငံသားတွေပါ
ငါတို့က ...
အရှေ့တောင်အာရှ မှာ အကျဉ်း ကျပြီး
မင်းက မက္ကစီကို မှာ လွတ်မြောက်နေတာပါ
"ဂါစီယာမားကွက်စ်" က ပြောတယ်
သူတို့ကို "အာဂျင်တီးနား" လို့မခေါ်ပါနဲ့
"အာဂျင်တိုင်း" လို့ပဲ ခေါ်ပါတဲ့
ငါတို့မှာ ... ခုထိ
"ဗမာ" မှန်း မသိ ... "မြန်မာ" မှန်း မသိ ...
ငါတို့က ...
ဒဏ်ရာကို ဘာသာရေး နဲ့ ကုသတယ်
မင်းတို့က ...
မူးယစ်ဆေးဝါး နဲ့ ကုသတယ်
မင်းတို့က ...
တော်လှန်ရေး တစ်ခုပဲ ရှိတယ်
ငါတို့က ...
လက်နက်ကိုင် အေဂျင်စီတွေ ရှိတယ်
မင်းတို့က ...
"ဟာဗာနား" ရှိတယ်
ငါတို့က ...
"နဂါးနီ" ရှိတယ်
မင်းတို့လည်း ...
"အော်တာဗီယိုပက်ဇ်" ကို
အလကား ရခဲ့တာ မဟုတ်
ငါတို့လည်း ...
"မောင်ချောနွယ်ကြီး"
အလကား ရခဲ့တာ မဟုတ်
ဟုတ်ပြီလား
သားကြီး ... ။
▪️ကြည်ဇော်အေး
#ကြည်ဇော်အေး
#ကဗျာ