10/10/2019
****
ဖြိုးပြည့်စုံ အဖမ်းခံရခြင်း နောက်ကွယ်မှ ဖြစ်ရပ်မှန်
တကယ်က ဖြိုးပြည့်စုံကို ဖမ်းချင်တာ မဟုတ်ပါဘူး။
မူးယစ်ရဲက စစချင်းသတင်းရတာဟာ ရန်ကုန်ရဲ့ အင်တာနေရှင်နယ် ကျောင်းတစ်ခုက ကျောင်းသားလေးတွေ မြန်မာပလာဇာမှာ ဆေးလာပစ် (မူးယစ်ဆေး အရောင်းအဝယ်) လုပ်နေကြတယ်လို့ သတင်းရတာပါ။
ဒါနဲ့ လာစောင့်ဖမ်းတာ။ ဖြစ်ချင်တော့ ဖြိုးပြည့်စုံတို့နဲ့ တိုးတယ်။ မင်္သကာလို့ ဆိုပြီး ဖမ်းတာပါ။
ဖမ်းတဲ့အချိန်မှာ ဝင်ဖမ်းတဲ့ ရဲတွေက မူးနေပါတယ်။ ဒါ့ကြောင့် ပါးရိုက်တာတွေ နဗန်ကျင်းတာတွေ ဖြစ်ကုန်တာပါ။
သူတို့က ဖြိုးပြည့်စုံဆိုတဲ့ နာမည်ကြီးအဆိုတော်မှန်း မသိဘူး။ အင်အားသုံးဖမ်းပြီးတော့မှ လူတွေအုံလာကြပြီး ဖြိုးပြည့်စုံ အဖမ်းခံရတယ်ဟေ့ လို့ လှုပ်လှုပ်ရှားရှားတွေဖြစ်ကြ ဗီဒီယို ထရိုက်သူတွေ ရိုက်နဲ့ဆိုမှ သူတို့တော့ မီးပုံနင်းမိပြီမှန်း သိလိုက်တယ်။ ဒါနဲ့ လန့်ဖြန့်ပြီး ဗဟန်းစခန်းကို လာ ထိုးထည့်သွားပါတယ်။
ဖမ်းပြီးတော့မှ ကက်တာမင်း မိတယ် ဆိုပြီး အမှုဆွဲကပ်ဖို့ လုပ်ပါသေးတယ်။ လူကြီးတွေပါ သိကုန်တော့မှ ပြန်လျောချသွားတာပါ။
ဖြိုးပြည့်စုံတို့ကို ဖမ်းတဲ့ရဲလေး တင်ထားတဲ့ fb post တွေ screen shot ယူ ပြပေးလိုက်ပါတယ်။
credit , ဦးနတ်ဆရာ
အပြစ်ကင်းစင်ပါလျက် သံသယရှိသူတစ်ဦးအနေနဲ့ ဖမ်းဆီးခံရခြင်းကို အသာတကြည်လက်ခံနေပါလျက် အများပြည်သူမြင်ကွင်းမှာ လက်ထိပ်ခတ်ပြီး ကိုယ်ထိလက်ရောက် ကျူးလွန်ရဲတဲ့ အထူးမူးယစ်က Ye Min Aung သို့ …
တပ်ဖွဲ့ဝင်တစ်ဦး အနေနဲ့ လိုက်နာစောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို ခင်ဗျား သင်ယူလေ့လာခဲ့ဖူးမယ်လို့ ယူဆပါတယ်။ လိုက်နာစောင့်ထိန်းရကောင်းမှန်းတော့ သိပုံမရဘူး …
သတင်းအချက်အလက်စီးဆင်းမှု အားကောင်းမြန်ဆန်နေတဲ့ ခေတ်ကာလအတွင်း အများပြည်သူမြင်ကွင်းမှာတောင် ဒီလိုကျူးလွန်ရဲတာ ခင်ဗျားရဲ့ ပင်ကိုယ်ဗီဇကိုက ဆိုးသွမ်းတာကြောင့်လား? အရင့်အရင် မှုခင်းတွေမှာလည်း ခင်ဗျားဒီလိုပဲ ကျူးလွန်နေကျပဲလား?
လူသားတိုင်းမှာ လူ့ဂုဏ်သိက္ခာ ရှိပါတယ်။ ခင်ဗျားက အဲ့ဒီ့ဂုဏ်သိက္ခာကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ရုံနဲ့ အားမရဘဲ Social Media မှာပါ ထပ်မံစော်ကားတယ်။
ပညာတတ်ဆိုတဲ့ အလွှာကိုပါ စော်ကားတယ်။
ခင်ဗျား စော်ကားခဲ့တဲ့သူက အတတ်ပညာအားဖြင့်လည်း B.E. (Civil) ဆိုတဲ့ဘွဲ့ကို ရရှိထားတဲ့သူ။ အသိပညာအားဖြင့်လည်း မိဘ၊ ဆရာသမား၊ ပတ်ဝန်းကျင် အပေါင်းအသင်း ဘယ်သူ့ကိုမှ ဒုက္ခမပေးတဲ့၊ သူ့အနုပညာနဲ့ လောကကို အလှဆင်နေတဲ့၊ အားလုံးက ချစ်ခင်ကြတဲ့ အနုပညာသမား။
ခင်ဗျားရဲ့ လုပ်ရပ်တွေက တပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကိုပါ ကျဆင်းစေပါတယ်။
တာဝန်ယူမှု တာဝန်ခံမှု ဆိုတဲ့ စကားရပ်ကိုရော ခင်ဗျား ဘယ်လိုလက်ခံထားပါသလဲ? အားပါးတရ စော်ကားထားပြီး အကောင့်ပါ ဖျက်ပြေးတာ ယောက်ျားတစ်ယောက်ရဲ့ လုပ်ရပ်ဟုတ်ပါသလား?
တပ်ဖွဲ့ကနေ ရဲပြေးအဖြစ် မပြေးလောက်သေးဘူးလို့တော့ ယူဆပါတယ်။ ယောက်ျားစစ်တယ် ဆိုရင်ပေါ့။ ရင်ဆိုင်ဖို့ အသင့်ပြင်ဆင်ထားပါ။
တပ်ဖွဲ့အနေနဲ့ရော ဒီကိစ္စအတွက်ဘယ်လိုတာဝန်ယူမလဲဆိုတာ မေးခွန်းထုတ်လိုပါတယ် …
Khit Thit Media
Tole Mole