Emily's outfits

Emily's outfits Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Emily's outfits, Shopping & retail, Yangon.

အကြိုက်ဆုံး အတန်ဆုံး Eye line ဆို  4U2 Super Slim 0.1mm Eyeliner (01 Super Black) ပဲ  တန်လိုက်တာဆိုတာ  တကယ်ပေးရတဲ့ဈေးထက်...
21/05/2026

အကြိုက်ဆုံး အတန်ဆုံး Eye line ဆို 4U2 Super Slim 0.1mm Eyeliner (01 Super Black) ပဲ

တန်လိုက်တာဆိုတာ တကယ်ပေးရတဲ့ဈေးထက် ၁၀ဆလောက်ပြန်ရတယ် ခံစားရတယ် ဒါလေးက သူငယ်ချင်း Bkkက ပြန်လာတော့ သူပေးတာ သုံးကြည့်တာ အရမ်းကြိုက်သွားတာ ထုတ်ပေးတာကိုတင်ကျေးဇူးတင်နေရတဲ့ eye liner 😂😂😂

ပထမဆုံး သဘောအကျဆုံး အချက်က သူ့ရဲ့ Brush ပေါ့ 0.1mm ပဲရှိတဲ့အတွက် တကယ့်ကို အပ်ဖျားလောက် သေးမျှင်ပြီး စုတ်တံခေါင်းက အရမ်းပျော့လွန်းတာမျိုး မဟုတ်ဘဲ ခိုင်ခိုင်လေးရှိနေလို့ ဆွဲရတာ အရမ်းအသားကျတာနော် 🤭🤭

မျက်တောင်တစ်လျှောက် Tightline ဖြည့်ချင်တာပဲဖြစ်ဖြစ်
Cat-eye / Winged liner အပါးလေး ဆွဲချင်တာပဲဖြစ်ဖြစ် လက်မငြိမ်တဲ့သူတွေတောင် ဘာအမှားအယွင်းမှမရှိဘဲ စိတ်တိုင်းကျ ကစားလို့ရတဲ့အထိ Precision အပြည့် ပေးနိုင်ပါတယ်

နာမည်အတိုင်းပဲ 01 Super Black က တကယ့်ကို နက်မှောင် ပြီး ပေါ်လွင်တဲ့ အမည်းရောင် စစ်စစ်လေး ဆွဲလိုက်တဲ့ရင် ကွက်သွားတာကြားထဲမှာ ပြတ်တောက်သွားတာမျိုး လုံးဝမရှိဘဲ Liquid က တောက်လျှောက် ညီညီညာညာလေး Matte ဘက်ကို ပိုသွားပြီး ခြောက်တာလည်း မြန်တယ် မျက်တောင်ခတ်လို့ အပေါ်ခွံမှာ ပေကျံသွားတာမျိုး လုံးဝမဖြစ်ဘူး💕💕

နောက်ဆုံးပြောရရင် ဝယ်ကိုဝယ် အရမ်းဝယ် 😂😂

ဆံပင်ကို ကပ်နေ စင်းနေရင် မကြိုက်လို့  ဖောင်းဖောင်းလေး နဲ့ ထူထူလေး ဖြစ်နေအောင် ညှပ်တာတောင်  တော်တော်ကို ဆိုင်ရွေးညှပ်တဲ့ထ...
03/05/2026

ဆံပင်ကို ကပ်နေ စင်းနေရင် မကြိုက်လို့ ဖောင်းဖောင်းလေး နဲ့ ထူထူလေး ဖြစ်နေအောင် ညှပ်တာတောင် တော်တော်ကို ဆိုင်ရွေးညှပ်တဲ့ထဲပါတယ်

လျှော်ပြီးရင် ဆံပင်volumeလေးလို ဖြစ်တာ သိသာတယ်လို့ သတိထားမိတဲ့ Shampoo & Conditioner လေးက ခုပြထားတဲ့ Moroccanoil ပဲ

သူက Argan Oil ပါဝင်တဲ့အတွက် ဆံသားကို စိုစိုပြောင်ပြောင်လေး နဲ့ လိုအပ်တဲ့ အစိုဓာတ်ကို ဖြည့်တင်းပေးတာမျိုး

Sulfate-free မို့လို့ အမြှုပ်သိပ်မထွက်တတ်ဘူးလျှော်တဲ့အခါ ရေကို အားရပါးရ သုံးပေးမှ အမြှုပ်ထွက်ပြီး ပိုသန့်သွားလိမ့်မယ်

ခေါင်းလျှော်ပြီးရင် ဦးရေပြားက တော်တော်လေး ပေါ့ပါးသွားတယ်

ဆံပင်က ပြားမကပ်သွားဘဲ ပွပွအိအိလေးပဲ 🥰

ဒီအတွဲရဲ့ ရနံ့ကတော့ တကယ့်ကို Luxury ဆန်တာမို့ လျှော်ပြီးတိုင်း ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိစေတယ် ဈေးတော့ နည်းနည်းကြီးတယ် ဆိုပေမယ့် Quality ကို ကြည့်ရင်တော့ တန်တယ်လို့ ပြောလို့ရပါတယ် ကိုယ့်ဆံသားလေးကို ဒီလိုမျိုး ဂရုစိုက်ပေးတာကလည်း စိတ်အပန်းပြေစေတဲ့ အရာတစ်ခုပဲလေ

သူက လူရွေးသုံးတာ ကောင်းတယ် သူက Volume တက်ဖို့အတွက် ထုတ်ထားတာဖြစ်လို့ ဆံပင်ကို ပွပွလေးဖြစ်အောင် လုပ်ပေးပါတယ် 💕

တကယ်လို့ ကိုယ့်ဆံပင်က မူလကတည်းက ခြောက်သွေ့ပျက်စီးနေရင်တော့ ဒီအတွဲကိုသုံးတဲ့အခါ ပိုပြီးဖွာသလို ခြောက်သလိုမျိုး ခံစားရနိုင်ပါတယ်🥲

ဇူးကတော့ လျှော်ပြီးတာနဲ့ ထူတာကို ကြိုက်လို့ dryer သုံးပြီးရင် သူတို့ဆီက treatment light နဲ့ တွဲသုံးတယ်

ဒီ Treatment Light လေးက ဆံသားကို မလေးလံစေဘဲ လိုအပ်တဲ့ အစိုဓာတ်ကို ဖြည့်ပေးတယ် Volume ရချင်လို့ ဆံပင်ကို ပွအောင်လုပ်ထားပေမဲ့ စည်းစနစ်မကျဘဲ ဖွာလန်ကြဲနေရင် ကြည့်မကောင်းပါဘူး ဒီအဆီလေးက ဆံပင်ဖွာတာကို ဝပ်သွားစေပြီး ပုံကျသွားတာမျိုး သူက Lightဖြစ်တဲ့အတွက် ဆံပင်ပါးတဲ့သူတွေ သုံးရင်တောင် ဆံပင်ပြားကပ်သွားတာမျိုး လုံးဝမဖြစ်စေပါဘူး

သူက နဲနဲသုံးရင်ကို အဆင်ပြေတယ် တဗူးဆို အကြာကြီးသုံးရတယ် ဆံပင်အလယ်လောက်က စသုံးလို့ရတယ် ဦးရေနဲ့ထိရင် အဆီပြန်မြန်မှာစိုးလို့ 💕

ဖောင်းတာကြိုက်ရင် သုံးကွာ 🤭🤭

23/03/2026

Clarins Double Serum Foundation လေး လိမ်းထားတာ ပြပေးတာ အဲ့ဒါ လိမ်းပြီးခါစ အဆီ အရမ်းမပြန်ချင်ရင် serum လျှော့လိမ်းလို့ရတယ် သူက လိမ်းတာကြာလေ glow လေး ပဲ မိတ်ကပ်သားလည်း အရမ်းမပါးဘူး 🌝

Hourglass  ဒီ Ambient Lighting Collection က စထွက်ထဲက စိတ်ဝင်စားခဲ့တာ  အခုဆိုရင် ၁၀ နှစ်ကျော် သက်တမ်းရှိပြီဖြစ်တဲ့အထိ Bea...
20/03/2026

Hourglass ဒီ Ambient Lighting Collection က စထွက်ထဲက စိတ်ဝင်စားခဲ့တာ အခုဆိုရင် ၁၀ နှစ်ကျော် သက်တမ်းရှိပြီဖြစ်တဲ့အထိ Beauty World မှာ နာမည်ကြီးနေဆဲ🌝🌝

ပုံထဲက ဗူးလေးကို ကြည့်ရင်တောင် သူစထုတ်ခဲ့တဲ့ Version အဟောင်းလေး ဖြစ်နေပါပြီ နှစ်အကြာကြီး သုံးထားတာတောင် အမှုန်တွေက ပျက်မသွားဘဲ အရည်အသွေး ကောင်းနေတုန်းပါပဲ တကွက်ကတော့ ကုန်တာကြာပြီ သားတော်လက်ချက်တွေပေါ့ 🫩

ဒီဗူးလေးကို နေ့တိုင်းနီးပါး သုံးခဲ့မယ်ဆိုရင် တစ်ရက်စာ ကုန်ကျစရိတ်က ရာဂဏန်းလောက်ပဲ ရှိပါတော့တယ် အဲ့ဒီလောက် တန်ဖိုးနည်းနည်းလေးနဲ့ တစ်နေ့ကုန် Expensive Look ရနေတာက တကယ်ကို တန်ပါတယ်

Hourglass ရဲ့ အမှုန်တွေက အရမ်းညက်တော့ နည်းနည်းလေး သုံးရုံနဲ့ သိသာပါတယ် ဗူးတစ်ဗူးကို အကြာကြီး မုန်းနေအောင် သုံးလို့ရတယ်

ခရီးသွားရင် မိတ်ကပ်ဗူးတွေ အများကြီး သယ်စရာမလိုတော့လို့ ပစ္စည်းတန်ဖိုးတင်မကဘဲ နေရာလွတ်ပါ save ဖြစ်စေပါတယ် inishing Powder, Bronzer, Blush နဲ့ Highlighter ၄ ခုလုံးကို သီးသန့်စီ ဝယ်ရမယ့်အစား ဒီတစ်ခုထဲနဲ့ အပြီးအစီး ရတာ ကို တော်တော်ကျေနပ်တာ

ဇူးဆို ဒါလေး လက်ထဲရောက်ထဲက တခြား ဘာကိုမှ မဝယ်ဖြစ်သလို သိပ်စိတ်မဝင်စားဖြစ်နေတော့ဘူး တနေ့ တနေ့ ဒါနဲ့ပြင်ရတာကိုပဲ perfect ဖြစ်နေပြီ စိတ်ကြီးဝင်နေတာမျိုး 😂

ဒီ Palette တစ်ခုထဲမှာတင် မျက်နှာတစ်ခုလုံးအတွက် လိုအပ်တာတွေ အကုန်ပါဝင်တယ်

Finishing Powder - မိတ်ကပ်သားကို ပိုပြီး Soft ဖြစ်သွားစေတယ်၊ ချွေးပေါက်တွေကို ပျောက်သွားစေတဲ့ Blurring effectရတယ်

Bronzer- မျက်နှာကို သဘာဝကျကျ ပိန်သွယ်သွားစေပြီး နွေးထွေးတဲ့ Glow ကို ပေးတယ်

Blush - ပါးနီက အရောင်အရမ်းမတောက်ဘဲ အသားထဲကနေ စိမ့်ထွက်လာတဲ့ အရောင်လေးလိုမျိုး သဘာဝကျကျ လှတာ

Highlighterသိသိသာသာ ပြောင်လက်နေတာမျိုး မဟုတ်ဘဲ Expensive Glow look ရတယ် 🤭

စကားတွေ အများကြီး ပြောနေစရာမလိုဘဲ ကိုယ့်မျက်နှာလေး ကြည်ကြည်လေးဖြစ်နေတာကတင် ဘယ်လောက် Quality ကို ဦးစားပေးသလဲဆိုတာ သက်သေပြနေသလိုပဲ တကယ် မိုက်တယ် ဝယ်သမျှ ထဲမှာ အတန်ဆုံး ပဲ နောက်ပိုင်း version တွေ ကြိုက်တာတောင် ဝယ်မရဘူး မကုန်နိုင်လို့ 😩

ဝယ်ခဲ့သမျှထဲမှာ ဒါလေးကတော့ စိတ်ကျေနပ်မှု အရဆုံးပဲ 🌝

19/03/2026

ယူတို့ ဝယ်ကို ဝယ်ရမယ့် ငွေ ကို တကယ်ကုန်ခံသင့်တဲ့ Hourglass ဗူးလေး မနက်ဖြန် တချက် ပြပေးမယ် အိုင်ဘယ်လောက် တန်အောင်သုံးထားတယ်ဆိုတာ လက်တွေ့ပြရင်း ဘာကြောင့်ဝယ်သင့်လဲ ရေးပေးမယ် 😂😂

ဒီနောက်ပိုင်းမှ Hour glassက ဟော့တာ အိုင်သုံးတာက ကြာလှပြီ ခုထိ ကို နေရာတကာ ဒါပဲ သုံးတာ တဗူးမကုန်သေးဘူး ရှယ်တန်တာ 🥲🥲

Expectation vs Realityရေးရမလား  မရေးရမလား စဉ်းစားပေမဲ့  ကိုယ်တိုင်ဝယ်သုံးတာမို့ ကိုယ့်အမြင်ကို အရှိအတိုင်းပဲရေးမယ်  အဆင်...
17/03/2026

Expectation vs Reality

ရေးရမလား မရေးရမလား စဉ်းစားပေမဲ့ ကိုယ်တိုင်ဝယ်သုံးတာမို့ ကိုယ့်အမြင်ကို အရှိအတိုင်းပဲရေးမယ် အဆင်ပြေရင်ဖတ်ပြီး အဆင်မပြေရင်ကျော်သွားလို့ရပါတယ် 🫦🫦

ဒီနှုတ်ခမ်းနီလေးက မြင်လိုက်တာနဲ့ Packaging ကအစ တအား Luxury ဆန်ပြီး စွဲမက်ဖို့ကောင်းတာတော့ အမှန်ပဲ ဒါပေမဲ့ တကယ့် User တစ်ယောက်အနေနဲ့ သုံးကြည့်တဲ့အခါ အားရတာတွေရှိသလို၊ အားမလိုအားမရ ဖြစ်ရတဲ့ အချက်လေးတွေလည်း ရှိနေပြန်ရော 👀👀

Dior ရဲ့ Signature "CD" Logo နဲ့ အနက်ရောင် Case လေးက တကယ့်ကို အထာကျပါတယ် အိတ်ထဲက ထုတ်လိုက်တာနဲ့တင် Confidence ကို တိုးစေတဲ့ ပုံမျိုးပေါ့🌝

နှုတ်ခမ်းပေါ်မှာ ဆိုးထားမှန်း မသိသာအောင် ပေါ့ပါးပြီး Satin ဆန်တဲ့ ခံစားချက်ကို ပေးပါတယ်

တစ်ချက်ဆိုးလိုက်ရုံနဲ့ အရောင်က ထင်ထင်ရှားရှား ထွက်လာတယ် အရောင်ထွက်ကတော့ တကယ့်ကို Premium ပါပဲ🫢

နာမည်ကြောင့် ဈေးနှုန်းကမြင့်ပါတယ် ဈေးကြီးပေးထားရတဲ့အပေါ်မှာ မျှော်လင့်ချက်က ပိုကြီးသွားတာမျိုးပေါ့ 🥹

အားမလို အားမရဖြစ်ရတဲ့ အဓိကအချက်က ကြာရှည်မခံတာ ပါပဲ အစားအသောက်စားပြီးရင် ပျက်လွယ်တာကြောင့် ခဏခဏ ပြန်ထပ်ဆိုးနေရတတ်ပါတယ် Transfer-proof သိပ်မဖြစ်တာလေးက စိတ်ပျက်စရာပါ 🫩

အချိန်အကြာကြီး ထားတဲ့အခါ နှုတ်ခမ်းအဖတ်လေးတွေ ကွာတတ်တာမျိုး ရှိတယ်ရှင်🥹

အလှအပအတွက်ဆိုရင်တော့ No.1 ပေးလို့ရပေမဲ့ တကယ် အကြာကြီးခံချင်တဲ့သူတွေအတွက်တော့ နည်းနည်း စဉ်းစားစရာ ဖြစ်သွားစေတယ် နောက်တချောင်းဝယ်ဖို့ တော့ လောလောဆယ် မရှိသေးပါဘူး 🥹

pageစဖွင့်ထဲက honest review ရေးဖို့ ဖွင့်ထားတာမို့ အမြဲကောင်းတာချညိး မျှော်လင့်လို့မရသလို ပစ္စည်း အသစ်ထွက်တိုင်းလည်း သုံးပြနေမှာမဟုတ်လို့ ကိုယ်ဝယ်တဲ့ ထဲက မှ အဆင်ပြေတယ် မပြေဘူး တော့ ပြောထားပေးပါမယ်နော် 🥰🥰

ဘတ်ဂျက်တွေ အလေအလွင့်မရှိအောင်နဲ့ ဝယ်ခါနီး စဉ်းစားလို့ရအောင် ရေးပေးထားတယ်နော်



အသစ်မြင် လို့ အဟောင်းမမေ့ပါဘူးနော် ဒီ Charlotte Tilbury Airbrush Flawless Foundation ကလည်း  အိုင်  အကြာကြီးကို သုံးခဲ့တာ...
15/03/2026

အသစ်မြင် လို့ အဟောင်းမမေ့ပါဘူးနော် ဒီ Charlotte Tilbury Airbrush Flawless Foundation ကလည်း အိုင် အကြာကြီးကို သုံးခဲ့တာ ဘယ်လောက် အသုံးခံလဲမေး 🫢🫢🫢

သူက Full Coverage အမျိုးအစားပါမျက်နှာပေါ်မှာ ရှိတဲ့ အမည်းစက်၊ ဝက်ခြံဖုလေးတွေကို တော်တော်လေး ကောင်းကောင်းဖုံးပေးနိုင်တယ်

Matte ဖြစ်ပေမဲ့ အရမ်းကြီး ခြောက်ကပ်ကပ်ကြီး မဟုတ်ဘဲ နည်းနည်းလေး Glowတဲ့ဘက် သွားပါတယ် ဘာလို့လဲဆိုတော့ Hour glass နဲ့ တွဲ သုံးလို့ 🤣🤣 သူတခုထဲဆို ပုံမှန်ပဲ Glow မနေပါဘူး matte ဖြစ်နေပေမဲ့ ဆွဲရမခက်တာ ကို သူ့ကို တကယ်စွဲလန်းတာ

Stay all day and nightဆိုတဲ့အတိုင်း တစ်နေကုန်ခံတယ်ချွေးထွက်ရင်တောင် အရမ်းကြီး ပျက်မသွားဘူး မိတ်ကပ်သားက မျက်နှာပေါ်မှာ တော်တော်လေး ငြိမ်ပြီး ခိုင်တယ် ညဘက်ထိတောင် လှနေတုန်းပဲ ကြာလေ လှလေ
ထဲမှာ သူလည်းပါတာပဲ

လိမ်းလိုက်ရင် ချွေးပေါက်လေးတွေကို ပျောက်သွားသလိုပေါ့ မျက်နှာက filter ခံထားသလို ညက်ညက်လေး ဖြစ်သွားတာ
သူက Glow ဖို့ အရမ်းမမျှော်လင့်ပဲ အပြစ်အနာအဆာ ဖုံးဖို့ ဆိုရင်တော့ဝယ်သင့်သော

သူက Matte ဖြစ်တာကြောင့် အသားအရမ်းခြောက်တဲ့သူဆိုရင် မလိမ်းခင် Moisturizerကောင်းကောင်းလိမ်းဖို့ လိုပါတယ် မဟုတ်ရင် အဖတ်တွေ ကွာသလို ဖြစ်နိုင်တယ် ဒါပေမဲ့ အပေါ်မှာပြောသလို matte မို့ ဆွဲရမှာ မကြောက်နဲ့
လိမ်းရတာ အရမ်းအဆင်ပြေ ရုပ်ထွက်လှတယ်

မိတ်ကပ်သား တော်တော်လေး ထူတဲ့အတွက် နည်းနည်းပဲ သုံးပါ နည်းနည်းလေးနဲ့ တစ်မျက်နှာလုံး နှံ့ပါတယ်
အများကြီး လိမ်းလိုက်ရင် Cakey ဖြစ်သွားနိုင်လို့ပါ

အကြာကြီး မုန်းလောက်အောင်အသုံးခံလို့ တန်တာ တော့ အရမ်း မကုန်လို့ကို စိတ်ညစ်တယ် နဲနဲလေးနဲ့ကို မိုက်ထွက်နေတာ ကြိုက်ရင် ဒါလေးအကြံပေးပါတယ်

ဗူးက ဟောင်းနေပြီ ဘယ်လောက်အသုံးခံလဲ သက်သေ တခု 🥲🥲

ဒါကုန်ရင် ထပ်ဝယ်ဖြစ်မလား မေးရင်  ဝယ်မှာပါ  🙂မိတ်ကပ်လိမ်းထားမှန်း မသိသာဘူး   ဒါပေမဲ့ တစ်ဖက်လူက ကြည့်လိုက်ရင် အသားအရေက ကြည...
15/03/2026

ဒါကုန်ရင် ထပ်ဝယ်ဖြစ်မလား မေးရင် ဝယ်မှာပါ 🙂

မိတ်ကပ်လိမ်းထားမှန်း မသိသာဘူး ဒါပေမဲ့ တစ်ဖက်လူက ကြည့်လိုက်ရင် အသားအရေက ကြည်တောက် နေတာပဲ ဆိုကြားချင်တဲ့ သူတွေ သုံးသင့်သော 🌝🌝🌝

သူ့ကို လိမ်းလိုက်တာနဲ့ မျက်နှာက ခြောက်ကပ်မနေဘဲ Serum လိမ်းထားသလိုမျိုး စိုစိုကြည်ကြည်လေး ဖြစ်သွားတာ အသားထဲကနေ တောက်နေတာမျိုး look ရတယ် အထူးသဖြင့် ဓာတ်ပုံရိုက်ရင် မျက်နှာက အရမ်းလှတယ် 🫢

မိတ်ကပ်သားက ပေါ့ပါးတယ် မျက်နှာပေါ်မှာ အလွှာကြီး တင်ထားသလိုမျိုး လေးလံတာ အသက်ရှူကျပ်တာမျိုး လုံးဝမရှိဘူး တစ်နေကုန် လိမ်းထားလည်း မျက်နှာက Fresh ဖြစ်နေတုန်းပဲ အဲံဒါကြောင့် ဒို့ကြိုက်တယ် 🌝

အသားခြောက်တဲ့ သူတွေ ပို အဆင်ပြေမယ် ဇူးဆို အသားခြောက်တာ ဒီနေ့ တနေကုန်လိမ်းထားတာ အစိုဓာတ်ထိန်းတယ် ကြာလေ လှလေ ပဲ

သူက Skin Tint လိုမျိုး ပေါ့ပါးတာဆိုတော့ ဝက်ခြံဖုတွေ အမဲစက် အကြီးကြီးတွေကိုတော့ အကုန်မဖုံးပေးနိုင်ဘူး အပြစ်အနာအဆာ ကင်းချင်ရင်တော့ Concealer နည်းနည်း ထပ်သုံးပေးမှ အဆင်ပြေမယ် 🥲

များများလိမ်းလည်း ပြာတာ ကွက်တာ မညီတာ ဘာမှ မဖြစ်ဘူး မိတ်ကပ် စွဲလို့လည်း ကောင်းတယ် 🥰

သူ့ထဲမှာ Serum ပါဝင်မှု များတဲ့အတွက် အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေဆိုရင် နေ့လယ်ဘက်ရောက်ရင် မျက်နှာက အရမ်းပြောင်လွန်းသွားနိုင်တယ် 🥹 ဒါပေမဲ့ အသားအဆီပြန်တတ်တဲ့သူက serum လျှော့ဖို့ တိုးဖို့ ခလုတ်လေးပါတော့ ကိုယ်ထည့်ချင်သလောက်ပဲ ထည့်လိမ်းပေါ့

ဇူးကတော့ Brush ထက် လက်ချောင်းလေးတွေ နဲ့ အသားထဲ စိမ့်ဝင်အောင် အသာအယာ နှိပ်နယ်ပြီး လိမ်းပေးတာက ပိုပြီး Natural ဖြစ်တယ် ခံစားရလို့ လက်နဲ့ပဲ လိမ်းဖြစ်တယ် 🌝

အသားအရေကို မိတ်ကပ်သားတွေအောက်မှာ ဖုံးကွယ်ထားတာထက် ကိုယ့်ရဲ့ သဘာဝအသားအရေကို ပိုလှလာအောင် ပံ့ပိုးပေးမယ့် Foundation မျိုးပါပေါ့ 🌝🌝🌝

Dressလေးကို ဇူးရဲ့ PETRA Page လေးမှာ    ထုတ်ပေးထားပါပြီနော် အခုမှစထွက်တာဆိုတော့  ပစ္စည်း ရှိနေပါသေးတယ်ရှင်https://www.fa...
22/04/2025

Dressလေးကို ဇူးရဲ့ PETRA Page လေးမှာ ထုတ်ပေးထားပါပြီနော် အခုမှစထွက်တာဆိုတော့ ပစ္စည်း ရှိနေပါသေးတယ်ရှင်

https://www.facebook.com/share/1AYWSkdKeT/?mibextid=wwXIfr

Address

Yangon
11111

Telephone

+959950455255

Website

Alerts

Be the first to know and let us send you an email when Emily's outfits posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share