16/12/2020
Glow ဖို့တင်မကပဲ ကျန်းမာစိုေပြလှပတဲ့ အသားအရည် နဲ့ ဆံသား ကို ရရှိနိုင်ဖို့ Glowing Hydration လေးမှာ ဘယ်လို အကျိုးပြု အဆီအနှစ်တွေ ထည့်ထားေပးလဲ ?
(1) Apricot kernel oil
တရုတ်ဆီးသီးအစေ့ ရဲ့ အဆီအနှစ် ဖြစ်တဲ့ Apricot kernel oil က လူ့အသားအရည်က သဘာဝအတိုင်းထုတ်တဲ့ အဆီ - sebum နဲ့ ဆင်တူပါတယ်။ non-greasy oil တစ်မျိုး (လိမ်းလိုက်ရင် မစေးကပ်တဲ့ဆီ) ဖြစ်ပါတယ်။
ဆံသားအတွက်ဆိုရင် — အရှည်မြန်စေတယ်။ ဆံသားတစ်မျှင်ချင်းစီကို အာသာရဖြည့်ပေးတယ်။
အသားအရည်အတွက်ဆိုရင် — Antioxidant တစ်မျိုးဖြစ်တဲ့အတွက် နေရောင်ခြည်ကြောင့် အရေပြားပေါ်မှာဖြစ်လာတဲ့၊ ကင်ဆာဖြစ်စေနိုင်တဲ့ free radicals တွေကို တိုက်ဖျက်ပေးတယ်။
Anti-inflammatory property ရှိတဲ့အတွက် ရောင်ရမ်းတာ သက်သာစေတယ်။
Anti-bacterial, antiseptic, anti-aging properties တွေရှိပြီး အသားအရည်ကို နူးညံ့ပြီး အားပြည့်စေတယ်။ အရေးအကြောင်း သက်သာစေတယ်။
အသားအရည်ရဲ့ Healing process ကိုမြန်စေတာကြောင့် ရောင်ရမ်းနေတဲ့နေရာတွေ ကို အမြန်ဆုံး သက်သာစေပြီး အကြောအဆစ် နာကျင် ကိုက်ခဲတာမျိုးတွေအတွက်ပါ သုံးကြတဲ့ အကျိုးပြုဆီ တစ်မျိုးဖြစ်ပါတယ်။
(2) Avocado oil
ထောပတ်သီးကရတဲ့ဆီဖြစ်တဲ့ Avocado oil ကတော့ natural SPF တစ်မျိုးဖြစ်ပြီး ယေဘုယျအားဖြင့် SPF 4-10 ကနေ SPF 15 အထိ ပါပါတယ်။ သူ့သဘာဝကိုက smoking point မြင့်တာကြောင့် အပူဒဏ်တွေ နေပူဒဏ်တွေကနေ ကာကွယ်ေပးနိုင်ပါတယ်။
Oleic acid, Vitamin E, Vitamin A, Vitamin B5, Good cholesterol နဲ့ Biotin စတဲ့ အသားအရည်ရော ဆံသားအတွက်ရော ကောင်းတဲ့ အာဟာရဓါတ်တွေ ပါတာကြောင့်
ဦးရေပြားအတွက်ဆိုရင် — သွေးလှည့်ပတ်မှုအားကောင်းစေတယ်။
ဆံသားအတွက်ဆိုရင် — မွေးညှင်းပေါက်ပိတ်တာကို ပွင့်စေတာကြောင့် ဆံပင်ကွျတ်တာ သက်သာစေတယ်။ cuticle (ဆံသားအပေါ်ဆုံးလွှာ) တွေကို seal လုပ်ပေးတာကြောင့် ဆံပင် ကျိုးပြတ်တာမျိုး သက်သာစေတယ်။
အသားအရည်အတွက်ဆိုရင် — non greasy ဖြစ်တာကြောင့် စေးကပ်မှုမရှိ Moisture သေချာပေးနိုင်တယ်။ အသားအရည် စိုပြေလာစေတယ်။
(3) Tea tree oil
SPF 1.7 ရှိတဲ့ Tea tree oil မှာ Antibacterial နဲ့ soothing properties တွေရှိပြီး tea tree ဆိုတာ ဝက်ခြံ အတွက် နာမည်ကြီးတဲ့ ဆီ တစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် Eczema (နှင်းခူ) ရောဂါ နဲ့ Psoriasis ကုသတဲ့အခါမှာလည်း တော်တော်လေး ထိရောက်မှု ရှိပါတယ်။
ဦးရေပြားအတွက် ဆိုရင် — သူက chemicals တွေအပြင် ဆဲလ်သေတွေကိုပါ
ဖယ်ရှားပေးနိုင်တာကြောင့် ဗောက်သက်သာစေပါတယ်။
အသားအရည်အတွက်ဆိုရင် — soothe ဖြစ်စေတဲ့ သူ့ရဲ့ ဂုဏ်သတ္တိကြောင့် ယားတာ ယံတာ တွေ သက်သာစေနိုင်ပါတယ်။
(4) Canola oil
Can (Canadian) + ola (oil) = Canola oil မှာ Vitamin E နဲ့ Vitamin K ဆိုတဲ့ Antioxidant ကြွယ်ဝစွာ ပါဝင်ပါတယ်။smoking point မြင့်တဲ့အပြင် Antibacterial နဲ့ anti-inflammatory properties တွေရှိတဲ့အပြင် fatty acid level မြင့်မားစွာ ပါဝင်တာကြောင့် healthy skin ရဖို့ အတွက် အကောင်းဆုံး အာဟာရဓါတ်တွေကို ရရှိနိုင်ပါတယ်။
ဆံသားနဲ့ ဦးရေပြားအတွက်ဆိုရင် — Vitamin A နဲ့ K ကြောင့် ဆံသားနှစ်ခွ ဖြစ်တာတွေ သက်သာစေမယ်။ မွဲခြောက်နေတဲ့ ဆံသားကို စိုပြေလာစေမယ်။ ဆံပင်အကျွတ်သက်သာမယ်။ ဗောက်သက်သာမယ်။
အသားအရည်အတွက်ဆိုရင် — အိုမင်းရင့်ရော်တာတွေ ကို တားဆီးပေးပါတယ်။ အသားအရည် စိုစိုတင်းတင်းလေး ဖြစ်စေနိုင်ပါတယ်။
(5) Grape seed oil
စပျစ်ဝိုင် ထုတ်လုပ်ပြီး ထွက်လာတဲ့ Grapeseed oil မှာ Omega 6 fatty acids ကြွယ်ဝစွာ ပါဝင်ပါတယ်။ non greasy ဖြစ်တာကြောင့် လိမ်းတဲ့အခါ ပေါ့ပေါ့ပါးပါး ဖြစ်စေတဲ့အပြင် SPF 10 ပါဝင်တာကြောင့် နေလောင်ဒဏ်ကို အထိုက် အလျောက် ကာကွယ်ပေးနိုင်ပါတယ်။
ဦးရေပြား နဲ့ ဆံသားအတွက် ဆိုရင် — Omega 6 ကြောင့် ခြောက်သွေ့လို့ အမှုန်ဖြူဖြူေလးေတွ ဖြစ်နေတဲ့ ဦးရေပြားကို စိုပြေစေပြီး dead skin cells တွေကို ဖယ်ရှားပေးနိုင်ပါတယ်။
အသားအရည်အတွက်ဆိုရင် — သူက smoking point မြင့်တာကြောင့် နေဒဏ် လေဒဏ် နဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှု ဒဏ်တွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ Omega 6 ကြောင့် skin barrier ကိုကျန်းမာလာစေတယ်။
(6) Jojoba oil
Jojoba shrub က ထုတ်လုပ်လို့ရတဲ့ Jojoba oil မှာ natural SPF 4 ပါဝင်ပြီး Vitamin B, C, E အပြင် copper, zinc စတဲ့ ဗီတာမင် နဲ့ သတ္တုဓါတ် တွေပါဝင်ပါတယ်။ လူ့အသားအရည်က ထုတ်တာ သဘာဝအဆီ sebum နဲ့ အဆင်တူဆုံးသော ဆီ ဖြစ်တာကြောင့် အရေပြားအတွက်ရော ဦးရေပြား အပြင် ဆံသား အတွက် တော်ေတာ်လေး အကျိုးပြုတဲ့ ဆီတစ်မျိုးဖြစ်ပါတယ်။
ဦးရေပြားနဲ့ဆံသားအတွက်ဆိုရင် — Jojoba oil က ခြောက်သွေ့တဲ့အရေပြားဆို အစိုဓါတ်ထိန်းပေးပြီး အဆီပြန်တဲ့ ဦးရေပြားဆိုရင် အဆီထိန်းပေးနိုင်ပါတယ်။ ဒါ့အပြင် သူ့ဆီမှာ Palmitic acid နဲ့ Steraic acid ပါဝင်နေတာကြောင့် ဦးရေပြား ယားယံတာ၊ ဗောက်ထတာ တွေကိုလည်း သက်သာစေနိုင်ပါတယ်။
အရေပြားအတွက်ဆိုရင် — healing property မျိုးစုံပါဝင်တာကြောင့် acne, eczema နဲ့ psoriasis ဆိုတဲ့ အရေပြား ပြဿနာတွေ ကုသတဲ့နေရာမှာ အသုံးဝင်ပါတယ်။ အရေးအကြောင်းတွေနဲ့ အသားအရေ ခြောက်သွေ့တာ အဆီပြန်တာတွေအတွက် ေရွးချယ်လို့အကောင်းဆုံး ဆီ တစ်မျိုးဖြစ်ပါတယ်။
(7) Rice bran oil
SPF 4 ပါဝင်တဲ့ rice bran oil မှာ Vitamins, minerals တွေနဲ့ antioxidants တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ free radicals တွေကို တိုက်ဖျက်ပေးနိုင်ပြီး အဆိပ်အတောက်တွေ stressors တွေကနေ ကာကွယ်ပေးနိုင်တဲ့ flavonoids တွေပါဝင်ပါတယ်။
ဆံသား နဲ့ ဦးရေပြားအတွက်ဆိုရင် — ဆံသားကိုအာဟာရဖြစ်စေပြီး ဆံသားထူလာစေပါတယ်။ ဆံပင်အမြန်ဖြူလာတာကို ကာကွယ်ပေးနိုင်တဲ့အပြင် ဆံသားနှစ်ခွတွေ သက်သာစေတာကြောင့် ဆံပင်အရှည်မြန်လာစေနိုင်ပါတယ်။ ဦးရေပြားကိုလည်း အစိုဓါတ်ေကာင်းေကာင်း ဖြည့်ပေးနိုင်ပါတယ်။
အသားအရည်အတွက်ဆိုရင် — rice bran oil က သွေးလည်ပတ်မှုအားကောင်းစေတယ်၊ အသားအရည် ညီလာစေတယ်။ ပုံမှန်စွဲသုံးရင် အသားအိအိစိုစိုလေးဖြစ်လာစေပါတယ်။
(8) Sunflower oil
Lightweight ဖြစ်တဲ့ ဆီတစ်မျိုးဖြစ်တဲ့ နေကြာဆီက ဆဲလ်အသစ်ဖြစ်ပွားမှုကို အားပေးပြီး Antioxidant ပါဝင်မှုကြောင့် ကင်ဆာဖြစ်စေနိုင်တဲ့ free radicals တွေကို တိုက်ဖျက်ပေးတယ်။
ဦးရေပြား နဲ့ ဆံသား အတွက်ဆိုရင် — ဦးရေပြားခြောက်သွေ့တာကို ကာကွယ်ပေးတယ်။ ဆံသားထူပြီး ပြောင်ပြောင်ေချာေချာ အိအိ လေးဖြစ်လာစေတယ်။ ဆံသားကျိုးပြတ်တာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
အသားအရည်အတွက် — နေကြာဆီက အစိုဓါတ်ထိန်းညှိပေးပြီး inflammation, irritation နဲ့ နှင်းခူရောဂါ တွေကို ကုသပေးနိုင်ပါတယ်။
(9) Vitamin E
ဆံသားအတွက် ရော အသားအရည်လှပဖို့ အတွက်ရော အကောင်းဆုံး Vitamin E ပါ ့ဝင်ပါသေးတယ်။ cell function နဲ့ အရေပြားကျန်းမာရေးအတွက် အကောင်းဆုံး Antioxidant တွေထဲက တစ်ခုဖြစ်ပြီး UV rays တွေကြောင့် အရေပြားပျက်စီးမှုကို ကာကွယ်ပေးနိုင်ပါတယ်။
ဒါ့အပြင် DT Glowing Hydration လေးမှာ Aromatherapy ဆိုတဲ့ ရနံ့ကုထုံး အာနိသင်ရရှိဖို့အတွက် အနံ့လည်းမွှေး၊ အသားလည်းလှစေမယ့် essential oils (4) မျိုးကိုပါ ထည့်သွင်းဖော်စပ်ထားပါတယ်။
Jasmine essential oil က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပြီး stress အတွက် ကောင်းတယ်ဆိုတဲ့ Lavender ထက်တောင်မှ anxiety ကိုလျော့ကျစေနိုင်ပါတယ်။
Bergamot essential oil က positive mood ရအောင် ကူညီပေးနိုင်ပြီး စိတ်ငြိမ်စေ၊ စိတ်အားတက်ကြွစေနိုင်ပါတယ်။
Lime essential oil က အားအင်ပြည့်စေပြီး လန်းဆန်းစေပါတယ်။ အစာအိမ်မအီမသာ/ အော့အန်ချင်စိတ်ကို သက်သာစေတဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်တွေအတွက်လည်း အကျိုးပြုတဲ့ essential oil တစ်မျိုးဖြစ်ပါတယ်။
Thyme essential oil ကတော့ anxiety level ကိုလျှော့ချပေးနိုင်တဲ့ essential oil တစ်ခုအနေနဲ့ နာမည်ကြီးပါတယ်။
✨ Glow skin ရဖို့အတွက် ပထမခြေလှမ်းက Cleansing ပါ။ ဒါကြောင့် အသားအရည် အစိုဓါတ်ကိုထိန်းပေးနိုင်တဲ့အပြင် စိတ်ကြည်လင်စေတဲ့ အနံ့ ပေါ့ပေါ့ပါးပါး ရှိတဲ့ DT bath & shower gel လေးနဲ့ ရေချိုးပါ။
နောက်တစ်ဆင့်က Exfoliating - ဆဲလ်သေဖယ်ဖို့ ပါ။ DT Body polish လေးနဲ့ အသားအရည် ညစ်စေတဲ့ ဆဲလ်သေတွေကိုတစ်ပတ် ၂ ခါ ဖယ်ရှားပေးပါ။
နောက်ဆုံးတစ်ဆင့်က DT Glowing Hydration လေးနဲ့ အစိုဓါတ်ဖြည့်ပြီး ကျန်းမာ လှပတဲ့ အသားအရည်ကိုရယူလိုက်ပါ။
ဒါဆို Glow skin ကို အဆင့် ၃ ဆင့်တည်းနဲ့ ရရှိနိုင်ပါပြီ 🥰❤️
✨ Healthy Glow Hair ရဖို့အတွက် ခေါင်းမလျှော်ခင် နာရီဝက် အလိုမှာ ဆံသားကို လိမ်းပေးပါ။
ပြီးရင် Chemical reducing method နဲ့ထုတ်ထားတဲ့ DT green tea anti hair loss shampoo လေးနဲ့ ခေါင်းလျှော်ပါ။
ဒါဆို Glow skin တင်မကပဲ Glow hair ပါ ရရှိလာမှာ အသေအချာပါပဲ။
ဒီလို ဦးရေပြား၊ ဆံသား နဲ့အသားအရည်အတွက် အကျိုးပြုတဲ့ oil တွေနဲ့ချည်း ဖော်စပ်ထားတဲ့ DT glowing hydration 80ml ကို 9,500 ကျပ်တည်း နဲ့ ဝယ်ယူရရှိနိုင်ပါပြီ။
ကြုံတောင့်ကြုံခဲ discount အနေနဲ့ December လ အတွင်းဝယ်ယူမယ်ဆိုရင် ဆိုဒ်ပြည့် ဂိုက်ပြည့် တစ်ဘူးဝယ် 80ml ကို 8,500 ကျပ်တည်း နဲ့ ရရှိနိုင်ပါတယ်။