The Burmese Wisdom

The Burmese Wisdom We're always for you. Spent your time by reading.

မင်္ဂလာပါရှင့်။နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး လိုအင်ဆန္ဒတွေ တစ်လုံးတစ်ဝတည်း ပြည့်ဝပါစ...
17/04/2026

မင်္ဂလာပါရှင့်။

နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး လိုအင်ဆန္ဒတွေ တစ်လုံးတစ်ဝတည်း ပြည့်ဝပါစေကြောင်း ဆုတောင်းပေးရင်း နှစ်ဆန်းတစ်ရက်နေ့ အစဥ်အလာလေးတွေကိုပါ ဖော်ပြပေးလိုက်ပါတယ်ရှင့်။

မြန်မာ့ရိုးရာ အစဉ်အလာအရ နှစ်ဆန်းတစ်ရက်နေ့ဆိုတာ အင်မတန် မင်္ဂလာရှိပြီး အေးချမ်းတဲ့ နေ့ထူးနေ့မြတ်တစ်နေ့ ဖြစ်ပါတယ်။ သင်္ကြန်အတက်နေ့အပြီးမှာ ကျရောက်တဲ့ ဒီနေ့ဟာ မြန်မာသက္ကရာဇ်သစ်ကို စတင်တဲ့ ပထမဆုံးနေ့လည်း ဖြစ်ပါတယ်။

​နှစ်ဆန်းတစ်ရက်နေ့မှာ ပြုလုပ်လေ့ရှိတဲ့ ချစ်စရာကောင်းတဲ့ မြန်မာ့ဓလေ့လေးတွေကတော့ -

​၁။ ကောင်းမှုကုသိုလ် ပြုကြခြင်း
​မြန်မာလူမျိုးတွေဟာ နှစ်သစ်ကို ကောင်းမွန်တဲ့ စိတ်ဓာတ်တွေ ၊ ကုသိုလ်တွေနဲ့ စတင်ချင်ကြတာကြောင့် ဒီနေ့မှာ ဘုရားကျောင်းကန်သွားတာ ၊ သီလဆောက်တည်တာနဲ့ တရားဘာဝနာ ပွားများတာတွေကို အလေးအနက်ထား လုပ်ဆောင်ကြပါတယ်။

​၂။ သက်ကြီးပူဇော်ပွဲများ
​"မိဘဘိုးဘွားတွေကို ပူဇော်တာဟာ မင်္ဂလာတစ်ပါး" ဆိုတဲ့အတိုင်း မိမိတို့ရဲ့ ဘိုးဘွား ၊ မိဘတွေအပြင် ရပ်ကွက်ထဲက သက်ကြီးရွယ်အိုတွေကို ကန်တော့ကြပါတယ်။ လူကြီးမိဘတွေရဲ့ ခြေသည်း လက်သည်း ညှပ်ပေးတာ ၊ ခေါင်းလျှော်ပေးတာနဲ့ အဝတ်အစားသစ်တွေ လဲလှယ်ပေးတာမျိုးတွေဟာ နှစ်ဆန်းတစ်ရက်နေ့ရဲ့ အလှပဆုံး မြင်ကွင်းတွေပါပဲ။

​၃။ ဇီဝိတဒါန ငါးလွှတ် ၊ နွားလွှတ်ခြင်း ( ဘေးမဲ့လွှတ်ခြင်း )
​သတ်ဖြတ်ခံရမယ့် ဘေးကနေ ကယ်တင်တဲ့အနေနဲ့ ငါးတွေကို ချောင်းတွေ မြစ်တွေထဲ လွှတ်ပေးတာ ၊ နွားတွေကို ဘေးမဲ့ခြံတွေထဲ ပို့ဆောင်ပေးတာမျိုးတွေ ပြုလုပ်ပြီး သတ္တဝါတွေ အသက်ဘေးက ကင်းဝေးစေဖို့ ဆုတောင်းပေးကြပါတယ်။

​၄။ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်း
​ရပ်ကွက် ၊ လမ်း အလိုက် အန္တရာယ်ကင်း ပရိတ်တရားတော်တွေကို ရွတ်ဖတ်ပူဇော်ကြပါတယ်။ အချို့ဒေသတွေမှာတော့ ဆရာတော် သံဃာတော်တွေကို ပင့်ဖိတ်ပြီး နိဗ္ဗာန်ဆော်တွေနဲ့အတူ ရပ်ကွက်ထဲ လှည့်လည်ကာ အန္တရာယ်ကင်း ပရိတ်ရေတွေ ပက်ဖျန်းပေးလေ့ ရှိပါတယ်။

​၅။ စတုဒိသာ ကျွေးမွေးခြင်း
​သင်္ကြန်ရက်တွေမှာတင်မကဘဲ နှစ်ဆန်းတစ်ရက်နေ့မှာလည်း မြန်မာ့ရိုးရာ မုန့်လုံးရေပေါ် ၊ ရွှေရင်အေး စတဲ့ မုန့်တွေကို တစ်ဦးနဲ့တစ်ဦး အိမ်နီးချင်းတွေ အပြန်အလှန် ပို့ပေးကြသလို လမ်းဆုံလမ်းခွတွေမှာလည်း စတုဒိသာ ကျွေးမွေးပြီး ပျော်ရွှင်စွာ ဖြတ်သန်းကြပါတယ်။

အခုပြောပြသွားတဲ့ အချက်လက်လေးတွေကို သိရှိပြီးတဲ့သူတွေလဲ ရှိသလို ၊ မသိရှိသေးတဲ့ လူတွေလဲ ဗဟုသုတရဖို့ မျှော်လင့်ပါတယ်။ နောက်လဲ အခါအခွင့် သင့်ရင် သင့်သလို အချက်လက်လေးတွေ မျှဝေပေးဦးမှာမို့ ဆက်လက်စောင့်ကြည့်ပေးကြပါဦးရှင့်။



" သတိရနေကြသေးရဲ့လားရှင့်...Bookie တို့ရေ 🤍မင်မင်တို့ ​Page လေးမှာ post တွေ မတင်ဖြစ်တာ တော်တော်လေး ကြာသွားခဲ့ပေမယ့် စောင့...
19/03/2026

" သတိရနေကြသေးရဲ့လားရှင့်...Bookie တို့ရေ 🤍

မင်မင်တို့ ​Page လေးမှာ post တွေ မတင်ဖြစ်တာ တော်တော်လေး ကြာသွားခဲ့ပေမယ့် စောင့်နေပေးကြတဲ့သူတွေကို ကျေးဇူးအများကြီး တင်ပါတယ်ရှင်။ ပျောက်နေတဲ့ အတောအတွင်းမှာ စာအုပ်တွေ ပိုဖတ်ဖြစ်သလို ၊ မင်မင်တို့ရဲ့ အတွေးစလေးတွေကိုလည်း ပြန်လည်မျှဝေနိုင်အောင် ပြင်ဆင်နေခဲ့ပါတယ်ရှင့်။

​အခုနောက်ပိုင်းမှာတော့ အရင်လို စာအုပ်တွေအကြောင်းအပြင် ၊ ခံစားချက်နဲ့ အတွေးအမြင်လေးတွေကို Content လေးတွေကိုပါ ပိုပြီး မျှဝေပေးသွားဖို့ ရှိနေသေးတာမို့ bookie တို့ reviews လိုချင်တဲ့ စာအုပ်လေးတွေ ရှိရင်ဘဲဖြစ်ဖြစ် ၊ အတွေးအမြင်အသစ်လေးတွေ ရှိရင်ဘဲဖြစ်ဖြစ် မင်မင်တို့ page chatbox လေးမှာ တောင်းဆို မျှဝေတာမျိုး လုပ်ပေးလို့ ရပါတယ်ရှင့်။ မင်မင်တို့ page လေးကိုလဲ အရင်လိုဘဲ အားပေးကြပါဦးနော်။ 🙄🫶🏻 "



စာဖတ်ခြင်းက သင့်ကိုဘယ်လိုထူးခြားတဲ့စွမ်းအင်တွေပေးနိုင်တယ်လို့ ထင်ပါလဲ။???စာပေဗဟုသုတရှိသူသည် စာပေဗဟုသုတမရှိသူထက် အမြဲတမ်း...
27/11/2025

စာဖတ်ခြင်းက သင့်ကိုဘယ်လိုထူးခြားတဲ့စွမ်းအင်တွေပေးနိုင်တယ်လို့ ထင်ပါလဲ။???

စာပေဗဟုသုတရှိသူသည် စာပေဗဟုသုတမရှိသူထက် အမြဲတမ်းခေါင်းတစ်လုံး မြင့်နေတတ်ပါတယ်။
အနောက်တိုင်းသားများက အရှေ့တိုင်းသားများထက် နေရာတိုင်းတွင် သာနေရခြင်းမှာ စာဖတ်ခြင်းကြောင့်ပင်ဖြစ်တယ်။

အင်္ဂလန်၌ ရပ်ကွက်တစ်ခုဖော်တိုင်း မဖြစ်မနေပါရသောအရာမှာ “စာကြည်တိုက်” ပင်ဖြစ်တယ်။
ရပ်ကွက်စာကြည်တိုက်ပင် ဖြစ်သော်လည်း ထိုစာကြည်တိုက်တွင် ကမ္ဘာ့ဂန္ထဝင်စာအုပ်အားလုံး ရှိနေရသည်။

ထိုစာပေဗဟုသုတအားကြောင့်လည်း ကျွန်းနိုင်ငံလေးတစ်ခုသာဖြစ်သော အင်္ဂလန်သည် တစ်ကမ္ဘာလုံးနီးပါးကို အုပ်ချုပ်နိုင်ခဲ့ခြင်းဖြစ်တယ်။

စာဖတ်ခြင်းက ဗဟုသုတတိုးပွားဖို့အတွက်ပဲလို့ ထင်နေကြပါတယ်။ တကယ်တော့ စာဖတ်ခြင်းကနေ ဗဟုသုတတိုးပွားရုံ
သာမက သင်မသိသေးတဲ့ အခြားကောင်းမွန်တဲ့ရလဒ်တွေအများကြီး ရှိပါသေးတယ်။
ဒါကြောင့် အားလပ်ချိန်တွေမှာ စာအုပ်လေးတွေဖတ်ပေးပါ။

စာဖတ်ခြင်းက -

(၁) ဦးနှောက်ကို ပိုမိုလှုံ့ဆော်ပေးနိုင်တယ်။

စာဖတ်ခြင်းဟာ သင့်ရဲ့ဦးနှောက်ကို အလုပ်လုပ်စေပါတယ်။ ဦးနှောက်ဟာ ခန္ဓာကိုယ်ရဲ့ တခြားကြွက်သားတွေလိုပဲ သင်လေ့ကျင့်ခန်းလုပ်လေ သင့်ရဲ့ကြွက်သားတွေ ကြီးထွားလာလေ ဖြစ်ပါတယ်။

(၂) စာဖတ်ခြင်းက အာရုံစူးစိုက်မှုအားကောင်းစေပါတယ်။

ဘ၀မှာတစ်ခုခုကို အောင်မြင်ချင်တယ်ဆိုရင် အာရုံစူးစိုက်မှုရှိနေဖို့က အရမ်းအရေးကြီးပါတယ်။
သင်ဟာ စာအုပ်တစ်အုပ်ကို ဖတ်နေတဲ့အခါမှာ စာရွက်ပေါ်က စာလုံးတွေတိုင်းအပေါ်ကို အာရုံစူးစိုက်ထားပြီး ဇာတ်လမ်းထဲမှာ မျောပါနေတတ်ပါတယ်။ စာဖတ်ခြင်းဟာ သင့်ရဲ့အာရုံစူးစိုက်မှုအကျင့်ကို အလွယ်တကူပြုစုပျိုးထောင်ပေးနိုင်ပါတယ်။

(၃) ဗဟုသုတများစွာ ကြွယ်ဝစေတယ်။

စာအုပ်ဖတ်ခြင်းဟာ ဗဟုသုတကြွယ်ဝစေပြီး အတွေးအခေါ် မြင့်တက်လာစေနိုင်ပါတယ်။
စာအုပ်လေးဘယ်လောက်ပါးပါစေ သင်တစ်ချိန်ချိန်မှာ ပြန်လည်အသုံးပြုရမယ့်အသိပညာတွေပါ၀င်ပြီး သင်စာများများဖတ်နိုင်လေ သင့်အတွက်ပိုအကျိုးများလေဖြစ်ပါတယ်။

(၄) စိတ်ဖိစီးမှုလျော့ကျစေတယ်။

စာအုပ်ကောင်းကောင်း ၊ ၀တ္ထုကောင်းကောင်းတစ်အုပ်ဟာ သင့်ကို တခြားကမ္ဘာတစ်ခုဆီ ဆွဲခေါ်သွားနိုင်ပြီး သင့်လက်ရှိဘ၀ရဲ့စိတ်ဖိစီးမှုတွေကို ကုသဖို့အတွက်အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။

(၅) စာဖတ်ခြင်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်ပါတယ်။

စာအုပ်တစ်အုပ်ကိုင်လိုက်တာနဲ့ အိပ်ပျော်သွားတဲ့သူတွေ
များစွာရှိတတ်ပါတယ်။ စာဖတ်တဲ့အလေ့အကျင့် မရှိသေးကြလို့ဖြစ်ပါတယ်။
ဒါပေမယ့် သင်ဟာအိပ်ယာမ၀င်ခင် စာအုပ်ကိုနည်းနည်းပဲဖြစ်ဖြစ် ဖတ်တတ်တဲ့အကျင့်ရှိမယ်ဆိုရင် သင့်အိပ်စက်ချိန်မှာ
ပိုပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်မှာဖြစ်ပါတယ်။

(၆) လူတွေကို ပိုပြီး နားလည်ပေးနိုင်လာတယ်

တခြားလူတွေရဲ့အတွေ့အကြုံတွေ ၊ အခက်အခဲတွေကို ဖတ်ရှုခြင်းဟာ ဘ၀မှာတခြားလူတွေရဲ့အခက်အခဲတွေကို
ပိုမိုသိလာပြီး လူတွေကိုပိုမိုနားလည်တတ်လာပါတယ်။
လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီးဝေဖန်ဖို့က လွယ်ပါတယ်။ သို့ပေမယ့် သင်ဟာစာအုပ်တွေထဲကနေ လူအများရဲ့ အတွေ့အကြုံမျိုးစုံကိုဖတ်ထားမယ်ဆိုရင် လူအမျိုးမျိုးကို
ပိုပြီး နားလည်ပေးတတ်နိုင်လာပါတယ်။

မည်သည့်ကျောင်းဆရာမှ တပည့်များအား တစ်သက်လုံး သုံးမကုန်နိုင်လောက်သော ပညာသုတကို ပေးလိုက်နိုင်သည်မဟုတ်။ ကျောင်းသား၏နှလုံးသားကို ပညာမွတ်သိပ်လာအောင်လုပ်နိုင်သူပင်လျှင် အတော်ဆုံးဆရာဖြစ်သည်ဟု ဆာရစ်ချယ်လစ်ဗင်းစတုန်းဆိုသော ပုဂ္ဂိုလ်ကြီးက ပညာရေးသြဝါဒစကား ဆိုခဲ့ဖူးပါသည်။

ထိုနောက်တစ်ဖန် လူငယ်တို့၏ဘဝကို ပညာနှင့်ကိုယ်ကျင့်တရားကောင်းမွန်စေရန် စိတ်အားထက်သန်လေ့ရှိသော ဆရာကြီးဦးအောင်သင်း၏အမှာစကားက ဘယ်သူတွေဘာပြောနေနေ သင့်ကိုယ်သင်ချစ်ရင်ပညာသင်ပါ ၊ စာဖတ်ပါ။ မိဘကိုချစ်ရင်ပညာသင်ပါ ၊ စာဖတ်ပါ။ တိုင်းပြည်နဲ့လူမျိုးကိုချစ်ရင်ပညာသင်ပါ ၊ စာဖတ်ပါ ။

ပညာဆိုတာဘာလဲ။
မေးရင် မသိဘူး။ မမေးရင် သိတယ်။
ပညာသင်တယ်ဆိုတာ အတွေးအကြံနဲ့အတွေ့အကြုံကို လက်ဆင့်ကမ်းခြင်းဖြစ်ပါတယ်။

ဘာကြောင့် စာဖတ်သင့်တာလဲ။
စာအုပ်ဆိုတာ ဝင့်ခွင့်ဖြေစရာမလိုတဲ့တက္ကသိုလ် သို့မဟုတ် ကျောင်းတော်ကြီးဖြစ်နေလို့ပါဘဲ။ ဒါပေမယ့် ကျောင်းဆရာ
မရှိဘူး။ ဝင်ကြေးမပေးရဘူး။

ထို့နောက်တစ်ဖန် လူမျိုးတစ်မျိုး၏အခြေအနေ ၊ အဆင့်အတန်း ၊ အနိမ့်အမြင့်ကိုသိလိုပါလျှင် ထိုလူမျိုးတို့လေ့လာလိုက်စားသောစာပေ ၊ အနုပညာ ၊ ဂီတတို့ကို ကြည့်မှသိနိုင်မည်ဟု မြဝတီမင်းကြီးဦးစက မှတ်တမ်းပြုခဲ့တာကို ကြည့်မည်ဆိုလျှင်လည်း စာအုပ်စာပေသည်ပင်လျှင် လူ့တန်ဖိုး ၊ လူ့အဆင့်အတန်းကို ဖော်ပြနေပေသည်။

တကယ်တော့ စာဖတ်ခြင်းသည် သစ်ပင်စိုက်ပျိုးခြင်းနှင့် တူ၏။ တဖြည်းဖြည်းချင်း လူသားဘဝကို ကောင်းကျိုးပေးသော သဘောရှိ၏။ အချိန်ကြာလေ အကျိုးရှိလေဖြစ်၏။

"စာအုပ်စာပေ လူ့မိတ်ဆွေ ၊ အလိမ္မာ စာမှာရှိ ၊ စာပေစကား နေ့တိုင်းကြားက ထူးခြားလိမ္မာရှိသည်သာ" စတဲ့ ဆောင်ပုဒ်များသည် စာအုပ်စာပေကိုဖတ်စေချင် ၊ မြတ်နိုးစေချင်သော
စာရေးဆရာကြီး ၊ ပညာရှိကြီးတို့၏ စေတနာ အမှာစကားများပင် ဖြစ်တော့သည်။

စာ ဘာကြောင့် သင်ရတာလဲ?
တကယ်တော့စာသင်တာ စိတ်ထားတတ်ဖို့ပါ။ စာသာတတ်ပြီး စာမဖတ်ရင် စိတ်မထားတတ်တော့ပါ။ စိတ်မထားတတ်ရင်
ပညာတတ် လူပေါကြီးတွေ ဖြစ်သွားတတ်ပါတယ်။

မရှိတာလည်း ရှိအောင်လုပ်ရင် ရှိနိုင်ပါတယ်။ မသိတာလည်း သိအောင်လုပ်ရင် သိနိုင်ပါတယ်။ မလုပ်တာကတော့ ဘာမှမဖြစ်နိုင်တော့တာမို့ အခက်အခဲဆုံးလို့ပြောပါတယ်။ ဒီလိုဆိုရင် စာဖတ်ပြီး သိသွားနိုင်ပါတယ်။ အသိနဲ့အလုပ်လုပ်မည်ဆိုပါက သေချာပေါက်ရှိလာမှာပါ။
ဘဝမှာ ကိုယ်ဘာသိချင်သလဲ စာဖတ်ပါ။
ဘဝမှာ ကိုယ်ဘာရှိချင်သလဲ စာဖတ်ပါ။
ဘဝမှာ ကိုယ်ဘာလုပ်ချင်သလဲ စာဖတ်ပါ။

စာဖတ်ခြင်းဟာ သင့်ကို ဗဟုသုတနဲ့ ပြည်ဝတဲ့သူတစ်ယောက် ဖြစ်စေတယ်။ ဉာဏ်ကောင်းသူတစ်ယောက်ပေါ့။ သင်ဉာဏ်ကောင်းချင်ရင် စာများများဖတ်ပါ။

စာရေးခြင်းဟာ သင့်ကို တိကျသေချာတဲ့သူတစ်ယောက် ဖြစ်စေပါတယ်။ နှုတ်တစ်ရာ စာတစ်လုံးဆိုတဲ့ စကားပုံကို သင်ကြားဖူးမှာပါ။

တွေးတောကြံဆခြင်းကတော့ သင့်ကိုပြီးပြည့်စုံတဲ့သူတစ်ယောက် ဖြစ်စေပါတယ်။ လိုလျှင်ကြံဆ နည်းလမ်းရဆိုသလိုပေါ့။

တွေးတတ်ဖိုဆိုတာကလည်း သင်စာများများဖတ်မှ တွေးတတ်မယ်ဆိုတာ သင်ငြင်းချင်သေးလား။???

နောက်ဆုံးပြောချင်တာကတော့ မိမိကိုယ်ကိုယ်ချစ်ရင်ကောင်းကောင်းစာဖတ်ပါ။ သင့်ကိုယ်သင် မချစ်ရင်တော့ စာမဖတ်ဘဲ နေချင်သလိုသာနေလိုက်တော့။ စာမဖတ်ခြင်းက သင့်ဘဝကို နိမ့်ကျစေမှာဖြစ်ပြီး စာဖတ်ခြင်းကတော့ သင့်ဘဝကို
တောက်ပစေမှာဖြစ်ပါတယ်။


"ချစ်မိပြီဆိုရင်တော့ ပေးဆပ်ဖို့ပဲ သိရမှာပေါ့။ ကိုယ်ပြန်ရဖို့ မျှော်လင့်တာနဲ့တင် အချစ်က မစင်ကြယ်တော့ဘူး။"ဒီနေ့မှာတော့ တော...
24/11/2025

"ချစ်မိပြီဆိုရင်တော့ ပေးဆပ်ဖို့ပဲ သိရမှာပေါ့။ ကိုယ်ပြန်ရဖို့ မျှော်လင့်တာနဲ့တင် အချစ်က မစင်ကြယ်တော့ဘူး။"

ဒီနေ့မှာတော့ တော်တော်များများဖတ်ဖူးကြမယ့် သမိုင်းနောက်ခံဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ ဆရာကြီးချစ်ဦးညိုရဲ့လင်္ကာဒီပချစ်သူစာအုပ်လေးကို ပြန်သတိရစေဖို့ တင်ပေးလိုက်ပါတယ်ရှင့်။ လူကြိုက်များခဲ့ ၊ များနေသေးတဲ့စာအုပ်လေးဖြစ်လို့ အင်္ဂလိပ်ဘာသာပြန်သာမက အကြိမ်ရေ ၁၉ ကြိမ်မြောက်အထိထုတ်ဝေခဲ့ပြီးပြီလဲဖြစ်ပါတယ်ရှင့်။

ပုံမှန်ရာမဇာတ်တော်မှာမြင်နေကြအတိုင်းမဟုတ်ဘဲ ဗီလိန်ဇာတ်ရုပ်ဖြစ်တဲ့ ရာဝဏ(ဒဿ)ကို အဓိကဇာတ်ကောင်အနေနဲ့ထားပြီး ရိုးရာယဥ်ကျေးမှုတွေနဲ့သစ္စာ ၊ မေတ္တာ ၊ ချစ်ချင်းတရားတို့ကို ပုံဖော်ရေးသားထားပြီး ဆရာကြီးရဲ့အမြင်အရ ကိုလိုနီခေတ်အကြောင်းကိုပါသွယ်ဝိုက်ရေးသားထားတဲ့စာအုပ်ကောင်းတစ်အုပ်လဲဖြစ်ပါတယ်ရှင့်။ ဒါ့ကြောင့် ဒီစာအုပ်လေးကိုမဖတ်ဘူးတဲ့သူလေးတွေကလဲအခုဘဲဖတ်ကြည့်လိုက်တော့နော်။

နောက်ရက်တွေမှာလဲ တခြားသောစာအုပ်တွေကိုဖော်ပြပေးနိုင်ဖို့ကြိုးစားပါဦးမယ်ရှင့်။ မင်မင့်ရဲ့ pageလေးကနေ ဖတ်ကြည့်ဖို့အတွက် စာအုပ်ကောင်းလေးတွေအကြံဉာဏ်ရခဲ့တယ်ဆိုရင်လဲ ပြောပေးခဲ့ကြပါဦးနော်...🫶🏻

ဟီးဟီးဟားဟားတွေဘဲတင်ချင်ပေမယ့် စာအုပ်pageဖြစ်နေတော့ အရင်ကတင်ဖူးတဲ့ဗဟုသုတရစရာလေးတွေကိုဘဲ ပြန်ရှယ်ပေးလိုက်ပါတယ်ရှင့်။
20/10/2025

ဟီးဟီးဟားဟားတွေဘဲတင်ချင်ပေမယ့် စာအုပ်pageဖြစ်နေတော့ အရင်ကတင်ဖူးတဲ့ဗဟုသုတရစရာလေးတွေကိုဘဲ ပြန်ရှယ်ပေးလိုက်ပါတယ်ရှင့်။

စာဖတ်ခြင်းက သင့်ကို ဘယ်လိုထူးခြားတဲ့
စွမ်းအင်တွေ ပေးနိုင်တယ်လို့ထင်ပါသလဲ?

စာပေဗဟုသုတရှိသူသည်
စာပေဗဟုသုတ မရှိသူထက် အမြဲတမ်း
ခေါင်းတစ်လုံးမြင့်နေတယ်။…
အနောက်တိုင်းသားများက အရှေ့တိုင်းသား
များထက် နေရာတိုင်းတွင် သာနေခြင်းမှာ
စာဖတ်ခြင်းကြောင့်ပင်ဖြစ်သည်။…

အင်္ဂလန်၌ ရပ်ကွက်တစ်ခုဖော်တိုင်း
မဖြစ်မနေ ပါရသောအရာမှာ
“စာကြည်တိုက်”ပင်ဖြစ်သည်။…
ရပ်ကွက်စာကြည်တိုက်ပင်ဖြစ်သော်လည်း
ထိုစာကြည်တိုက်တွင် ကမ္ဘာ့ဂန္ထဝင်
စာအုပ်အားလုံး ရှိနေရသည်။…

ထိုစာပေဗဟုသုတအားကြောင့်လည်း
ကျွန်းနိုင်ငံလေး တစ်ခုသာဖြစ်သော
အင်္ဂလန်သည် တစ်ကမ္ဘာလုံးနီးပါးကို
အုပ်ချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။..

စာဖတ်ခြင်းက ဗဟုသုတတိုးပွားဖို့အတွက်
ပဲလို့ ထင်နေကြပါတယ်။ တကယ်တော့
စာဖတ်ခြင်းကနေ ဗဟုသုတ တိုးပွားရုံ
သာမက သင်မသိသေးတဲ့ အခြား ကောင်းမွန်
တဲ့ရလဒ်တွေ အများကြီး ရှိပါသေးတယ်။
ဒါကြောင့် အားလပ်ချိန်တွေမှာ
စာအုပ်လေးတွေ ဖတ်ပေးပါ။

(၁) ဦးနှောက်ကို ပိုမိုလှုံ့ဆော်ပေးနိုင်တယ်။

စာဖတ်ခြင်းဟာ သင့်ရဲ့ဦးနှောက်ကို
အလုပ် လုပ်စေပါတယ်။ ဦးနှောက်ဟာ
ခန္ဓာကိုယ်ရဲ့ တခြားကြွက်သားတွေလိုပဲ
သင် လေ့ကျင့်ခန်းလုပ်လေ သင့်ရဲ့ကြွက်သား
တွေ ကြီးထွားလာလေ ဖြစ်ပါတယ်။

(၂) စာဖတ်ခြင်းက အာရုံစူးစိုက်မှုအားကောင်းစေပါတယ်။

ဘ၀မှာ တစ်ခုခုကို
အောင်မြင်ချင်တယ်ဆိုရင် အာရုံစူးစိုက်မှု
ရှိနေဖို့က အရမ်းအရေးကြီးပါတယ်။
သင်ဟာ စာအုပ်တစ်အုပ်ကို ဖတ်နေတဲ့အခါ
မှာ စာရွက်ပေါ်က စာလုံးတွေတိုင်းအပေါ်ကို
အာရုံစူးစိုက်ထားပြီး ဇာတ်လမ်းထဲမှာ မျောပါ
နေပါတယ်။ စာဖတ်ခြင်းဟာ သင့်ရဲ့
အာရုံစူးစိုက်မူအကျင့်ကို အလွယ်တကူ
ပြုစုပျိုးထောင်ပေးနိုင်ပါတယ်။

(၃) ဗဟုသုတများစွာ ကြွယ်ဝစေတယ်။

စာအုပ်ဖတ်ခြင်းဟာ ဗဟုသုတကြွယ်ဝစေပြီး
အတွေးအခေါ် မြင့်တက်လာစေနိုင်ပါတယ်။
စာအုပ်လေး ဘယ်လောက်ပါးပါစေ
သင် တစ်ချိန်ချိန်မှာ ပြန်လည် အသုံးပြုရမယ့်
အသိပညာတွေပါ၀င်ပြီး သင် စာများများ
ဖတ်နိုင်လေ သင့်အတွက်
ပိုအကျိုးများလေ ဖြစ်ပါတယ်။

(၄) စိတ်ဖိစီးမှုလျော့ကျစေတယ်။

စာအုပ်ကောင်းကောင်း၊ ၀တ်ထုကောငျးကောငျး
တစ်အုပ်ဟာ သင့်ကို တခြားကမ္ဘာတစ်ခုဆီ
ဆွဲခေါ်သွားနိုင်ပြီး သင့်လက်ရှိဘ၀ရဲ့
စိတ်ဖိစီးမှုတွေကို ကုသဖို့အတွက်
အကောင်းဆုံး နည်းလမ်း တစ်ခုဖြစ်ပါတယ်။

(၅) စာဖတ်ခြင်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်ပါတယ်။

စာအုပ်တစ်အုပ်
ကိုင်လိုက်တာနဲ့ အိပ်ပျော်သွားတဲ့သူတွေ
များစွာ ရှိတတ်ပါတယ်။ စာဖတ်တဲ့
အလေ့အကျင့် မရှိသေးကြလို့ ဖြစ်ပါတယ်။
ဒါပေမယ့် သင်ဟာ အိပ်ယာမ၀င်ခင်
စာအုပ်ကို နည်းနည်းပဲဖြစ်ဖြစ် ဖတ်တတ်တဲ့
အကျင့်ရှိမယ်ဆိုရင် သင့်အိပ်စက်ချိန်မှာ
ပိုပြီး နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်နိုင်မှာ ဖြစ်ပါတယ်။

(၆) လူတွေကို ပိုပြီး နားလည်ပေးနိုင်လာတယ်

တခြားလူတွေရဲ့အတွေ့အကြုံတွေ၊
အခက်အခဲတွေကို ဖတ်ရှုခြင်းဟာ ဘ၀မှာ
တခြားလူတွေရဲ့ အခက်အခဲတွေကို
ပိုမိုသိလာပြီး လူတွေကို ပိုမိုနားလည်တတ်
လာပါတယ်။ လူတစ်ယောက်ကို အပေါ်ယံ
ကြည့်ပြီး ဝေဖန်ဖို့က လွယ်ပါတယ်။
သို့ပေမယ့် သင်ဟာ စာအုပ်တွေထဲကနေ
လူအများရဲ့ အတွေ့အကြုံမျိုးစုံကို
ဖတ်ထားမယ်ဆိုရင် လူအမျိုးမျိုးကို
ပိုပြီး နားလည်ပေးတတ်နိုင်လာပါတယ်။

မည်သည့်ကျောင်းဆရာမှ တပည့်များအား
တစ်သက်လုံး သုံးမကုန်နိုင်လောက်သော
ပညာသုတကို ပေးလိုက်နိုင်သည်မဟုတ်။
ကျောင်းသား၏ နှလုံးသားကို ပညာမွတ်သိပ်
လာအောင် လုပ်နိုင်သူပင်လျှင် အတော်ဆုံး
ဆရာဖြစ်သည်ဟု ဆာရစ်ချယ်လစ်ဗင်းစတုန်း
ဆိုသော ပုဂ္ဂိုလ်ကြီးက ပညာရေးသြဝါဒ
စကား ဆိုခဲ့ဖူးပါသည်။

ထိုနောက်တစ်ဖန် လူငယ်တို့၏ဘဝကို
ပညာနှင့် ကိုယ်ကျင့်တရား ကောင်းမွန်စေရန်
စိတ်အားထက်သန်လေ့ရှိသော ဆရာကြီး
ဦးအောင်သင်း၏ အမှာစကားက ဘယ်သူတွေ
ဘာပြောနေနေ မင်းကိုမင်းချစ်ရင်
ပညာသင်ပါ၊ စာဖတ်ပါ။ မိဘကိုချစ်ရင်
ပညာသင်ပါ၊ စာဖတ်ပါ။
တိုင်းပြည်နဲ့လူမျိုးကိုချစ်ရင်
ပညာသင်ပါ ၊ စာဖတ်ပါ ။

ပညာဆိုတာဘာလဲ။
မေးရင် မသိဘူး။ မမေးရင် သိတယ်။
ပညာသင်တယ်ဆိုတာ အတွေးအကြံနဲ့
အတွေ့အကြုံကို လက်ဆင့်ကမ်းခြင်း
ဖြစ်ပါတယ်။

ဘာကြောင့် စာဖတ်သင့်တာလဲ။
စာအုပ်ဆိုတာ ဝင့်ခွင့်ဖြေစရာမလိုတဲ့
တက္ကသိုလ် သို့မဟုတ် ကျောင်းတော်ကြီး
ဖြစ်နေလို့ပါဘဲ။ ဒါပေမယ့် ကျောင်းဆရာ
မရှိဘူး။ ဝင်ကြေးမပေးရဘူး။

ထို့နောက်တစ်ဖန်
လူမျိုးတစ်မျိုး၏ အခြေအနေ အဆင့်အတန်း
အနိမ့်အမြင့်ကို သိလိုပါလျှင် ထိုလူမျိုးတို့
လေ့လာလိုက်စားသောစာပေ၊ အနုပညာ၊
ဂီတတို့ကို ကြည့်မှသိနိုင်မည် ဟု
မြဝတီမင်းကြီး ဦးစက မှတ်တမ်းပြုခဲ့တာကို
ကြည့်မည်ဆိုလျှင်လည်း စာအုပ် စာပေ
သည်ပင်လျှင် လူ့တန်ဖိုး၊ လူ့အဆင့်အတန်းကို
ဖော်ပြနေပေသည်။

တကယ်တော့ စာဖတ်ခြင်းသည်
သစ်ပင်စိုက်ပျိုးခြင်းနှင့် တူ၏။
တဖြည်းဖြည်းချင်း လူသားဘဝကို
ကောင်းကျိုးပေးသော သဘောရှိ၏။
အချိန်ကြာလေ အကျိုးရှိလေဖြစ်၏။

စာအုပ်စာပေ လူ့မိတ်ဆွေ၊
အလိမ္မာ စာမှာရှိ၊
စာပေစကား နေ့တိုင်းကြားက
ထူးခြားလိမ္မာရှိသည်သာ။
စတဲ့ ဆောင်ပုဒ်များသည် စာအုပ်စာပေကို
ဖတ်စေချင် မြတ်နိုးစေချင်သော
စာရေးဆရာကြီး ပညာရှိကြီးတို့၏
စေတနာ အမှာစကားများပင် ဖြစ်တော့သည်။

စာ ဘာကြောင့် သင်ရတာလဲ?
တကယ်တော့စာသင်တာ စိတ်ထားတတ်ဖို့ပါ။
စာသာတတ်ပြီး စာမဖတ်ရင် စိတ်မထား
တတ်တော့ပါ။ စိတ်မထားတတ်ရင်
ပညာတတ် လူပေါကြီးတွေ
ဖြစ်သွားတတ်ပါတယ်။

မရှိတာလည်း ရှိအောင်လုပ်ရင် ရှိနိုင်ပါတယ်။
မသိတာလည်း သိအောင်လုပ်ရင်
သိနိုင်ပါတယ်။ မလုပ်တာကတော့
ဘာမှမဖြစ်နိုင်တော့တာမို့ အခက်အခဲဆုံးလို့
ပြောပါတယ်။ ဒီလိုဆိုရင် စာဖတ်ပြီး
သိသွားနိုင်ပါတယ်။ အသိနဲ့ အလုပ်
လုပ်မည်ဆိုပါက သေချာပေါက်ရှိလာမှာပါ။
ဘဝမှာ ကိုယ်ဘာသိချင်သလဲ စာဖတ်ပါ။
ဘဝမှာ ကိုယ်ဘာရှိချင်သလဲ စာဖတ်ပါ။
ဘဝမှာ ကိုယ်ဘာလုပ်ချင်သလဲ စာဖတ်ပါ။

စာဖတ်ခြင်းဟာ မင်းကို ဗဟုသုတနဲ့
ပြည်ဝတဲ့သူတစ်ယောက်ဖြစ်စေတယ်။
ဉာဏ်ကောင်းသူတစ်ယောက်ပေါ့။
မင်းဉာဏ်ကောင်းချင်ရင် စာများများဖတ်ပါ။

စာရေးခြင်းဟာ မင်းကို တိကျသေချာတဲ့
သူတစ်ယောက် ဖြစ်စေပါတယ်။
နှုတ်တစ်ရာ စာတစ်လုံးဆိုတဲ့
စကားပုံကို မင်းကြားဖူးမှာပါ။

တွေးတော့ကြံဆခြင်းကတော့ မင်းကို
ပြီးပြည့်စုံတဲ့ သူတစ်ယောက်ဖြစ်စေပါတယ်။
လိုလျှင်ကြံဆ နည်းလမ်းရဆိုသလိုပေါ့။

တွေးတတ်ဖိုဆိုတာကလည်း
မင်း စာများများဖတ်မှ တွေးတတ်မယ်ဆိုတာ
မင်းငြင်းချင်သေးလား။

နောက်ဆုံးပြောချင်တာကတော့
မိမိကိုယ်ကိုယ်ချစ်ရင် ကောင်းကောင်း
စာဖတ်ပါ။ မင်းကိုယ်မင်း မချစ်ရင်တော့
စာမဖတ်ဘဲ နေချင်သလိုသာ နေလိုက်တော့။
စာမဖတ်ခြင်းက မင်းဘဝကို နိမ့်ကျစေမှာ
ဖြစ်ပြီး စာဖတ်ခြင်းကတော့ မင်းဘဝကို
နိမ့်ကျစေမှာဖြစ်ပြီး စာဖတ်ခြင်းကတော့ မင်းဘဝကို
တောက်ပစေမှာဖြစ်ပါတယ်။


Hello Everyone👋မင်မင်တို့ကို မေ့နေကြပြီလား ခင်ဗျအကြောင်းအမျိုးမျိုးကြောင့် မင်မင်တို့ စာအုပ်လေးတွေရောင်းတာကို ခေတ္တရပ်ထာ...
11/09/2022

Hello Everyone👋
မင်မင်တို့ကို မေ့နေကြပြီလား ခင်ဗျ
အကြောင်းအမျိုးမျိုးကြောင့် မင်မင်တို့ စာအုပ်လေးတွေရောင်းတာကို ခေတ္တရပ်ထားပေးမယ့် Bookie လေးတွေကို အမြဲသတိရနေပါတယ်ဗျာ 🤪( မင်မင့်ချုပ်ဆေး😆)

ခုလည်း Bookie လေးတွေကို သတိရလို့ ထပ်ပြီး
မဝေးချင်တော့လို့ Youtube Channel လေး နဲ့အတူ
ပြန်လာခဲ့ပါပြီ ခင်ဗျ🤩

မင်မင်တို့ရဲ့ Youtube Channel လေးကိုလည်း
Subscribe လုပ်ပေးသွားကြပါဦးလို့ တောင်းဆိုပါရစေ
ခင်ဗျ💜

Develop your life and energy by reading.

14/03/2022
"လှေသမားဟာဟိုးအ​ဝေးက ကျွန်းတွေမှာ ကောက်သိမ်းပြီးတော့သူ့အိမ်...ငြိမ်းချမ်းတဲ့ သူ့မြစ်ချောင်းထံပြန်လာခဲ့တယ်။ကိုယ်လည်း အိမ်...
24/02/2022

"လှေသမားဟာ
ဟိုးအ​ဝေးက ကျွန်းတွေမှာ ကောက်သိမ်းပြီးတော့
သူ့အိမ်...ငြိမ်းချမ်းတဲ့ သူ့မြစ်ချောင်းထံ
ပြန်လာခဲ့တယ်။

ကိုယ်လည်း အိမ်ပြန်ချင်ပါရဲ့
ဒါပေမဲ့ ကိုယ့်မှာဘာများ ရိတ်သိမ်းစရာ ရှိပါသလဲ။
ဒုက္ခခံစားခြင်းသာ ရိတ်သိမ်းစရာ ရှိခဲ့တယ်။
မိတ်ဆွေ... မြစ်ကမ်းနဖူးရယ်
သင်ဟာ ကိုယ့်ကို မွေးမြူကြီးပြင်းစေခဲ့တယ်။
အချစ်ရဲ့ ဝေဒနာကိုရော
သက်သာရာရအောင် သင် မတတ်နိုင်ဘူးလား။

အို... ကိုယ့်ကလေးဘဝရဲ့
တောအုပ်များ ကိုယ်အိမ်ပြန်လာရင်
ငြိမ်းချမ်းခြင်းကို တစ်ဖန်ပေးနိုင်ပါဦးမလား။ "

စာအုပ်အမည် - မောင် ကိုကိုနှင့်မြနန္ဒာ
စာရေးဆရာအမည် - ကြည်အေး
ဈေးနှုန်း - ၂၇၀၀ ကျပ်

မြန်မာနိုင်ငံရဲ့ မြို့ကြီးတော်တော်များများကို ပန်းပို့ ဝန်ဆောင်မှု နှင့် ချိတ်ဆက်၍ အိမ်အရောက်ပို့ဆောင်ပေးသွားမှာပါ ခင်ဗျ။ ပန်းပို့ မရောက်သော မြို့နယ်များကိုလည်း ကားဂိတ်မှတစ်ဆင့် ဂိတ်တင်ပို့ဆောင်ပေးမှာပါခင်ဗျ။ အသေးစိတ်ကို
Page Messenger မှ တစ်ဆင့် စုံစမ်းမှာယူနိုင်ပါတယ် ခင်ဗျ။

" စာဖတ်ခြင်းဖြင့် ဉာဏ်အမျှော်အမြင်
အတွေးအခေါ်များ တိုးတက်ရင့်သန်၍ ဖြတ်သန်းရာ
ဘဝပင်လယ်ထဲတွင် စာပေဖတ်ရှူခြင်း၏ကောင်းကျိုးများအား ပြန်လည်အသုံးချနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျ "

Address

Yangon

Telephone

+959784579983

Website

Alerts

Be the first to know and let us send you an email when The Burmese Wisdom posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Burmese Wisdom:

Shortcuts

Share