08/04/2026
🌼ခုချိန် instock item လေးတွေ မှာထားကြနော်🌼
📣 Instock item📣
💛အမျိုးသမီးတွေ အလှကြွယ်ပီး၊ period ကြောင့် နာကျင်မှုတွေသက်သာစေမယ့် EP oil ကတော့ မရှိမဖြစ်လေးပါ💛
💛Admin ဒီနေ့ Evening Primrose Oil (EPO)ရဲ့ကောင်းကျိုးကိုမျှဝေပေးမယ်နော်💛
💛 EPO ဆိုတာ?
မြောက်အမေရိကမှာပေါက်တဲ့ Evening Primrose flowers ရဲ့ အစေ့ကနေထုတ်ထားတာပါ။ သူ့ကို ကျန်းမာရေးအတွက်နှင့်အလှအပအတွက်ဖြည့်စွက်စာအနေနဲ့သုံးကြပါတယ်။ သူ့မှာ gamma-linolenic acid (GLA) နဲ့ omega 6 fatty ဆိုတဲ့ကျန်းမာရေးအတွက်လိုအပ်တဲ့ ၂ မျိုး အဓိကပါဝင်ပါတယ်။
✅အလှအပအတွက်ကောင်းကျိုးများ
💛1 . ဝက်ခြံကိုသက်သာစေပါတယ်
💛2 . နှင်းခူ၊ နေလောင်ကွက် နဲ့ ဝက်ခြံအမာရွက်အတွက် သက်သာပျောက်ကင်းစေပါတယ်
💛3. အသားရည်ကို တင်းရင်းစေပီး ရေဓါတ်ဖြည့်ဖို့ပါအထောက်ကူပြုစေပါတယ်
✅ကျန်းမာရေးအတွက်ကောင်းကျိုးများ
💛အမျိုးသမီးတွေ ဓမ္မတာမလာခင်နဲ့လာနေစဉ်ခံစားရတဲ့ PMS ကိုသက်သာစေပါတယ်
( ရင်သားနာကျင်တာ၊ ဗိုက်အောင့်တာ၊ ခေါင်းကိုက်တာ၊ ဝက်ခြံထွက်တာ၊ စိတ်တိုလွယ်တာ၊ လေပွတာ..)
💛သွေးဆုံးခါနီးဝေဒနာတွေကိုလဲသက်သာလျော့ပါးစေပါတယ်
💛အဆီကျိတ် တချို့ကိုလဲသက်သာစေပါတယ်
💛Omega 6 fatty acid ကနှလုံးကျန်းမာရေးအတွက်လဲအထောက်ကူပြုပါတယ်
💛GLA က ရောင်ရမ်းခြင်းကိုသက်သာစေပီး အရိုးအတွက်အထောက်ကူပြုလို့ Omega 3 နဲ့ တွဲသောက်ရင်အကျိုးများပါတယ်
✅သောက်သုံးပုံ
1000mg ကို တလုံး (အစာစားပီးရင်သောက်လို့ရပါတယ်) တနေ့ ၂ ကြိမ်သောက်နိူင်ပါတယ်
💛Side effects အနေနဲ့ကတော့ တချို့တွေမှာခေါင်းကိုက်ာ၊ ဗိုက်နာတာ တို့တွေဖြစ်တတ်ကြောင်းဖော်ပြထားပါတယ်။
ကဲ EPO အကြောင်းမျှဝေပီးပီဆိုတော့ အကျိုးကျေးဇူးများတဲ့ supplement လေးကို သုံးစွဲသင့်ကြောင်းသိရရင် ကိုယ်နဲ့အဆင်ပြေရာ၊ သင့်တော်တဲ့ စိတ်ချရတဲ့ brand ကိုရှာပီး မှီဝဲနိုင်ပါတယ်နော်💛
BeautyK မှာတော့ Mega ကထုတ်တဲ့ EP oil မှာနိုင်ပါတယ်။
🌼အလုံး ၃၀ ပါတစ်ဗူး ၂၅၀၀၀ ကျပ်🌼
Admin 50% sale နဲ့ ရထားတာတွေပါ။
Expiry date 2027
27 Nov 2024