mmec

mmec 😊✅Get the achievements of your hospital,
while saving patients' lives.✅😊

🎉 New Arrival – 3-Tier Paramount Bed Bedside Storage Cabinet (Japan Brand) is Now Available! ✨We're excited to introduce...
07/09/2026

🎉 New Arrival – 3-Tier Paramount Bed Bedside Storage Cabinet (Japan Brand) is Now Available! ✨

We're excited to introduce our 3-Tier Paramount Bed Bedside Storage Cabinet from Japan Brand, designed with a focus on smart storage, durability, hygiene, and patient care.

Featuring a practical 3-tier storage design and modern Tambour Door Design, this bedside cabinet provides convenient storage while maintaining a clean and organized healthcare environment. Its stable and safe construction makes it an excellent choice for hospitals, clinics, and healthcare facilities.

✨ Key Features:
🔹 Japan Brand – Paramount Bed
🔹 3-Tier Storage Design
🔹 Smart Storage & Hygienic Care
🔹 Durable & Hygienic Construction
🔹 Tambour Door Design
🔹 Stable & Safe
🔹 Easy to Maintain
🔹 Premium Quality
🔹 Ideal for Hospital Use

📦 Now Available – Contact us today!

📞 For more information:
☎️ +959 886 333 337 | +959 886 333 338

📍 No.42, Banyar Dala Road, Thapy Gone Quarter, Mingalar Taung Nyunt Township, Yangon, Myanmar.

05/09/2026

✨ Olympus GIF-H170 Upper Scope | Installation Completed Successfully ✨

အရည်အသွေး၊ ယုံကြည်မှုနှင် ဝန်ဆောင်မှုတို့ကို အလေးထားဦးစားပေးတဲ့ MMEC မှာ Olympus Model Endoscopy များကို လိုအပ်ချက်အလိုက် ရွေးချယ်ဝယ်ယူနိုင်ပြီနော်။

ယခုတစ်ကြိမ်မှာတော့ Olympus GIF-H170 Upper Scope ကို Scope သီးသန့်အနေနဲ့ ရောင်းချပေးခဲ့ပြီး သက်ဆိုင်ရာအသုံးပြုမည့်နေရာမှာ Professional Installation & Setup ပြုလုပ်ပေးထားတာလေးပါရှင့်။😍😍

✔️ Olympus Brand Upper / Lower Scope သီးသန့် ဝယ်ယူနိုင်ခြင်း
✔️ အသုံးပြုမည့် Hospital / Clinic ရဲ့ လိုအပ်ချက်အလိုက် Endoscopy / Laparoscopy Complete Set များ ရရှိခြင်း
✔️ Scope Installation & Setup ကို စနစ်တကျ ဆောင်ရွက်ပေးခြင်း
✔️ လိုအပ်သော Medical Equipment များအတွက် Professional Consultation ရရှိနိုင်ခြင်း

ဆေးရုံ၊ ဆေးခန်းနဲ့ Specialist Center များအတွက် Medical Instrument အသေးစားများမှ Equipment စက်ကြီးများအထိ ယုံကြည်စိတ်ချစွာ ရွေးချယ်နိုင်မယ့် Medical Equipment Partner — MMEC မှာ လိုအပ်သမျှကို တစ်နေရာတည်းမှာ စနစ်တကျ ရွေးချယ်နိုင်ပါတယ်ရှင့်။ 🏥✨

"ဘာပဲလိုလို....MMEC ကိုသာ သတိတရ လှမ်းလာလိုက်ပါနော် 🥰"

📩 Olympus Endoscope နှင့် Medical Equipment များအတွက် အသေးစိတ်အချက်အလက်များကို Page Messenger မှာ မေးမြန်းနိုင်ပါတယ်ရှင့်။

📞 For more information:
☎️ +959 886 333 337 | +959 886 333 338

📍 No.42, Banyar Dala Road, Thapy Gone Quarter, Mingalar Taung Nyunt Township, Yangon, Myanmar.





Installation Completed | Hitachi Sirius Star 130 HP (100MA) Mobile X-Ray ✨MMEC မှ ယုံကြည်စိတ်ချစွာ ရွေးချယ်အားပေးခဲ့တဲ့ ...
04/09/2026

Installation Completed | Hitachi Sirius Star 130 HP (100MA) Mobile X-Ray ✨

MMEC မှ ယုံကြည်စိတ်ချစွာ ရွေးချယ်အားပေးခဲ့တဲ့ Hitachi Sirius Star 130 HP (100MA) Mobile X-Ray ကို ကျွမ်းကျင် အင်ဂျင်နီယာများနှင့် Installation အောင်မြင်စွာ ဆောင်ရွက်ပေးခဲ့တာလေးပါရှင့်။ 💚

Medical Equipment တစ်ခု၏ တန်ဖိုးသည်စက်ပစ္စည်း၏ Quality တစ်ခုတည်းတွင် သာမက၊ Professional Installation, Reliable Technical Support နှင့် Long-Term After-Sales Service တို့လည်း လိုအပ်ပါတယ်နော်။

MMEC အနေဖြင့် အရည်အသွေးပြည့် Medical Equipment များကို ပံ့ပိုးပေးရုံသာမက၊ Customer များ၏ ယုံကြည်မှုကို ရေရှည်တည်ဆောက်နိုင်ရန် Warranty & After-Sales Service များကိုပါ စနစ်တကျ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်ရှင့်။

Your Trust. Our Commitment. Better Healthcare. 💚

ဆရာ၊ ဆရာမများ၏ ယုံကြည်အားပေးမှုအတွက် MMEC မှ အထူးကျေးဇူးတင်ရှိပါတယ်ရှင့်။ 🙏🏻

Detailed photos and specifications of the GE Lunar Bone Densitometer Machine will be uploaded soon – stay tuned! 🩻😍Enhan...
01/09/2026

Detailed photos and specifications of the GE Lunar Bone Densitometer Machine will be uploaded soon – stay tuned! 🩻😍

Enhance your bone health assessment services with the GE Lunar Bone Densitometer, designed to provide accurate and reliable bone density measurements for hospitals, diagnostic centers, and healthcare facilities.

✨ Key Features:

– High Accuracy – Reliable results for confident
assessment
– Low Radiation – Designed with patient safety in
mind
– Fast Scanning – Quick and comfortable
examination
– Advanced Analysis – Comprehensive reports to
support treatment planning

🏥 A trusted solution for bone density testing and osteoporosis assessment, helping healthcare professionals make informed decisions for better patient care.

📞 For more information, please contact us:
☎️ +959 886 333 337 | +959 886 333 338

"2 Cranks Manual Hospital Bed" (Japan Brand) တွေ MMECမှာ Instock အများကြီးရပြီနော် 📢 🛏️ လူနာ သက်တောင့်သက်သာဖြစ်စေဖို့နဲ့...
31/08/2026

"2 Cranks Manual Hospital Bed" (Japan Brand) တွေ MMECမှာ Instock အများကြီးရပြီနော် 📢

🛏️ လူနာ သက်တောင့်သက်သာဖြစ်စေဖို့နဲ့ စောင့်ရှောက်ဖို့အတွက် အထူးသင့်လျော်တဲ့ Manual Hospital Bed ဖြစ်ပါတယ်ရှင့်

🛏️ ခါးမတ်ပြီး ထိုင်ချင်တာမျိုးနှင့် သွေးလည်ပတ်မှုကောင်းစေရန် ခြေထောက်​မြှောက်​ပြီးလဲနေချင်တဲ့ လူနာများအတွက် အဆင်ပြေစေပါတယ်နော်

🛏️ Side Rail တွေလဲပါတာမို့ လူနာပြုတ်ကျတာမျိုး မဖြစ်ပေါ်အောင် ကာကွယ်ပေးပါတယ် အသုံးမလိုတဲ့အချိန်မှာလဲ Side Rail ကို ဖယ်ထားနိုင်တဲ့ ဒီဇိုင်းမျိုးဖြစ်ပါတယ်ရှင့်

လူနာကုတင် ဝယ်လျှင် မွေ့ယာပါ လက်ဆောင်ပေးပါတယ်ရှင့်🥰🥰

ဆရာ၊ဆရာမတို့ မှာယူချင်လျှင် အသေးစိတ်ကို
☎– 𝟎𝟗 𝟖𝟖𝟔 𝟑𝟑𝟑 𝟑𝟑𝟕/ 𝟎𝟗 𝟖𝟖𝟔 𝟑𝟑𝟑 𝟑𝟑𝟖 တို့ကိုဆက်သွယ်၍​ စုံစမ်းမေးမြန်းနိုင်သလို page Messenger မှာလဲ မေးလို့ရပါတယ်ရှင့်🥰

#ဆေးရုံဆေးခန်းသုံးပစ္စည်း #ဆေးရုံကုတင်

🦠 အစာအိမ်ပိုး (H. pylori) အကြောင်း သိထားသင့်တဲ့အချက်များ 🦠 အစာအိမ်ထဲမှာ အက်ဆစ်ဓာတ်ပြင်းတာကြောင့် ဘက်တီးရီးယားတွေ မရှင်သန...
29/08/2026

🦠 အစာအိမ်ပိုး (H. pylori) အကြောင်း သိထားသင့်တဲ့အချက်များ 🦠

အစာအိမ်ထဲမှာ အက်ဆစ်ဓာတ်ပြင်းတာကြောင့် ဘက်တီးရီးယားတွေ မရှင်သန်နိုင်ဘူးလို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် Helicobacter pylori (H. pylori) ဆိုတဲ့ ဘက်တီးရီးယားကတော့ အစာအိမ်အတွင်းမှာ အခြေချနေထိုင်နိုင်တဲ့ ပိုးတစ်မျိုး ဖြစ်ပါတယ်။

H. pylori ရှိသူတိုင်းမှာ ရောဂါလက္ခဏာတွေ ပေါ်လာတာမဟုတ်ပါဘူး။ တချို့လူတွေမှာ ဘာလက္ခဏာမှမရှိဘဲ ရှိနေနိုင်ပါတယ်။ ဒါပေမယ့် တချို့အခြေအနေတွေမှာတော့ အစာအိမ်ရောင်ရမ်းခြင်း၊ အစာအိမ်နဲ့ အူသိမ်အနာတို့ ဖြစ်စေနိုင်ပြီး ရေရှည်မှာ အစာအိမ်ကင်ဆာဖြစ်နိုင်ခြေကိုလည်း မြင့်တက်စေနိုင်ပါတယ်။

🔎 H. pylori ရှိရင် ဘာတွေခံစားရနိုင်လဲ?
• ဗိုက်အပေါ်ပိုင်း မအီမသာဖြစ်ခြင်း သို့မဟုတ် နာကျင်ခြင်း
• ရင်ပူ၊ ဗိုက်ဖောင်း၊ လေချဉ်တက်ခြင်း
• ပျို့အန်ခြင်း
• အစာစားချင်စိတ် လျော့နည်းခြင်း
• တချို့အခြေအနေတွေမှာ မရည်ရွယ်ဘဲ ကိုယ်အလေးချိန်ကျလာခြင်း

ဒါပေမယ့် ဒီလက္ခဏာတွေရှိတာနဲ့ H. pylori ပိုးရှိတယ်လို့ တန်းပြီးသတ်မှတ်လို့မရပါဘူး။ အခြားအစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာ အခြေအနေတွေကြောင့်လည်း အလားတူလက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

💧 ဘယ်လိုကူးစက်နိုင်လဲ?
H. pylori ကူးစက်မှုဟာ အများအားဖြင့် ငယ်စဉ်ကတည်းက ရရှိလာတာဖြစ်ပြီး လူနေမှုအခြေအနေ၊ သန့်ရှင်းရေးနဲ့ ပတ်ဝန်းကျင်အခြေအနေတွေကလည်း ကူးစက်မှုနဲ့ ဆက်စပ်နိုင်ပါတယ်။ ဒါကြောင့် လက်ကိုသေချာဆေးကြောခြင်း၊ သန့်ရှင်းတဲ့ရေနဲ့ အစားအစာတွေကို စနစ်တကျ စီမံချက်ပြုတ်ခြင်းတို့က အရေးကြီးပါတယ်။

⚠️ မကုသဘဲထားရင် ဘာတွေဖြစ်နိုင်လဲ?
H. pylori က အစာအိမ်ရောင်ရမ်းခြင်းနဲ့ peptic ulcer ဖြစ်စေနိုင်ပါတယ်။ ရေရှည်မှာတော့ အစာအိမ်ကင်ဆာဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ အရေးကြီးတဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်။

🧪 ပိုးရှိ၊ မရှိ ဘယ်လိုစစ်ဆေးမလဲ?
ဆရာဝန်က သင့်အခြေအနေပေါ်မူတည်ပြီး—
✔️ Urea Breath Test – လေမှုတ်ပြီး စစ်ဆေးခြင်း
✔️ Stool Antigen Test – ဝမ်းနမူနာနဲ့ စစ်ဆေးခြင်း
✔️ Endoscopy / Biopsy – လိုအပ်တဲ့အခြေအနေတွေမှာ အစာအိမ်အတွင်းကို စစ်ဆေးပြီး အသားစယူခြင်း စတဲ့နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။ Breath test နဲ့ stool test တွေဟာ H. pylori လက်ရှိရှိနေခြင်းကို စစ်ဆေးရာမှာ အသုံးဝင်တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။ Blood antibody test ကတော့ လက်ရှိပိုးရှိနေခြင်းနဲ့ အရင်ကကူးစက်ဖူးခြင်းကို ခွဲခြားရာမှာ ကန့်သတ်ချက်ရှိပါတယ်။

💊 ပိုးတွေ့ရင် ဘယ်လိုလုပ်မလဲ?
H. pylori ပိုးတွေ့ရှိရင် ဆရာဝန်ညွှန်ကြားချက်အတိုင်း ပိုးသတ်ဆေးများနဲ့ အစာအိမ်အက်ဆစ်လျှော့ဆေးများ ပါဝင်တဲ့ ကုသမှု ကို ခံယူရတတ်ပါတယ်။

❗ ဆေးသောက်ပြီး လက္ခဏာသက်သာသွားတာနဲ့ ပိုးပျောက်ပြီလို့ မယူဆသင့်ပါဘူး။
ဆရာဝန်ညွှန်ကြားတဲ့ ကုသမှုကို အဆုံးအထိ လိုက်နာပြီး ကုသပြီးနောက် Urea Breath Test၊ Stool Antigen Test သို့မဟုတ် လိုအပ်ပါက biopsy-based test နဲ့ ပိုးအမှန်တကယ်ပျောက်သွားကြောင်း ပြန်လည်စစ်ဆေးဖို့ အရေးကြီးပါတယ်။ ACG guideline အရ ဒီလို test-of-cure ကို antibiotics ပြီးနောက် အနည်းဆုံး ၄ ပတ်အကြာမှာ ပြုလုပ်ဖို့ အကြံပြုထားပါတယ်။

🩺 ဗိုက်အပေါ်ပိုင်း မကြာခဏနာတာ၊ အစာမကြေတာ၊ ပျို့အန်တာတွေ ဆက်တိုက်ဖြစ်နေတယ်ဆိုရင် ကိုယ့်ဘာသာ ဆေးဝယ်သောက်နေမယ့်အစား ဆရာဝန်နဲ့တိုင်ပင်ပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။

H. pylori ဆိုတာ အဖြစ်များတဲ့ ပိုးတစ်မျိုးဖြစ်ပေမယ့် သေချာစစ်ဆေးပြီး မှန်ကန်တဲ့ကုသမှုခံယူရင် ကုသနိုင်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ 🩺

ကျန်းမာပျော်ရွင်တဲ့ အဖိုးတန် နေ့ရက်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေရှင့်🍀

#အစာအိမ်ပိုး #အစာအိမ်ကျန်းမာရေး

28/08/2026

MMEC မှာ Olympus Endoscopy System Model မျိုးစုံ Instock ရရှိပါပြီရှင့်။

ဆေးရုံ၊ ဆေးခန်းတွေအတွက် ယုံကြည်စိတ်ချရပြီး အရည်အသွေးကောင်းမွန်တဲ့ Endoscopy System ကို ရှာဖွေနေပါသလား❓❓MMEC မှာ Olympus ...
28/08/2026

ဆေးရုံ၊ ဆေးခန်းတွေအတွက် ယုံကြည်စိတ်ချရပြီး အရည်အသွေးကောင်းမွန်တဲ့ Endoscopy System ကို ရှာဖွေနေပါသလား❓❓

MMEC မှာ Olympus Endoscopy System Model မျိုးစုံ Instock ရရှိပါပြီရှင့်။

🔹 Olympus CV-150
🔹 Olympus CV-170
🔹 Olympus CV-190
🔹 Olympus CV-260

Model အလိုက် လိုအပ်ချက်နှင့် အသုံးပြုမည့် System ပေါ်မူတည်ပြီး ရွေးချယ်နိုင်သလို Gastroscope / Colonoscope နှစ်မျိုးလုံးနှင့်လည်း တွဲဖက်အသုံးပြုနိုင်ပါတယ်။ Model အချို့တွင် Laparoscopy နှင့်လည်း တွဲဖက်အသုံးပြုနိုင်ပါတယ်။

Endoscopy System ရွေးချယ်ရာမှာ Image Quality တစ်ခုတည်းသာမက Performance, Compatibility နဲ့ After-Sales Service အထိ ထည့်သွင်းစဉ်းစားဖို့ အရေးကြီးပါတယ်။

ဘာကြောင့် Olympus Endoscopy System ကို ရွေးချယ်သင့်လဲ?

📌 Clear & High-quality Imaging — စစ်ဆေးမှုအတွင်း လိုအပ်တဲ့ Visual Information တွေကို ကောင်းမွန်စွာ မြင်တွေ့နိုင်စေရန် အထောက်အကူပြုနိုင်ခြင်း

📌 Japan Brand စစ်စစ် ဖြစ်တာကြောင့် တစ်ခါဝယ်ပြီးတာနဲ့ ရေရှည်အတွက် နှစ်ချီ အသုံးပြုနိုင်ပြီး Quality နှင့် Performance ကျမသွားခြင်း

📌 Stable Performance — နေ့စဉ် Clinical Workflow အတွက် ယုံကြည်စိတ်ချရတဲ့ Performance ရရှိစေရန် ရည်ရွယ်ထားခြင်း

📌 User-friendly Operation — အသုံးပြုရလွယ်ကူပြီး Clinical Workflow နဲ့ အဆင်ပြေစွာ အသုံးပြုနိုင်ခြင်း

📌 Flexible System Options — ဆေးရုံ၊ ဆေးခန်းရဲ့ လိုအပ်ချက်နဲ့ Budget အပေါ်မူတည်ပြီး Model နဲ့ Configuration ကို ရွေးချယ်နိုင်ခြင်း

💡 Quality Medical Equipment ဆိုတာ စက်ဝယ်ယူပြီးတဲ့အချိန်မှာပဲ မပြီးဆုံးပါဘူး။ ရေရှည်အသုံးပြုနိုင်ဖို့ After-Sales Service နဲ့ Technical Support ကလည်း အရေးကြီးပါတယ်။

ဒါကြောင့် MMEC မှာ—

✅ စက်ပစ္စည်းချို့ယွင်းမှုတစ်စုံတစ်ရာရှိပါက Technical Service & Repair Support ပေးနိုင်ခြင်း

✅ စက်အသုံးပြုမှုနှင့် ပတ်သက်ပြီး မသိနားမလည်တာများရှိပါက အသေးစိတ်ရှင်းပြပေးခြင်း

✅ Medical Equipment ဝယ်ယူရာတွင် သတ်မှတ်ထားသော Warranty နှင့် ရေရှည် Service Support ရရှိနိုင်ခြင်း

✅ ဆေးရုံတစ်ခုလုံးအတွက် လိုအပ်နိုင်တဲ့ Medical Equipment မျိုးစုံကို တစ်နေရာတည်းမှာ ရှာဖွေနိုင်ခြင်း တို့ကြောင့်ဖြစ်ပါတယ်။

⭐ အရည်အသွေးကောင်းမွန်တဲ့ Medical Equipment + သင့်တော်တဲ့ System Configuration + Lifetime Service Support
ဆေးရုံ၊ ဆေးခန်းရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Endoscopy System ကို ရွေးချယ်ဖို့ MMEC ကို ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်ရှင့်။

အသေးစိတ် စုံစမ်းလိုပါက
📞09-886 333 337
📞09-886 333 338 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။

Showroom Address
🏠 အမှတ် (၄၂)၊ ဗညားဒလလမ်း၊
သပြေကုန်းရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

ဘယ်လိုအခြေအနေမျိုးမှာ အစာအိမ်မှန်ပြောင်းကြည့်သင့်သလဲ❓❓အစာအိမ်မှန်ပြောင်း (Upper GI Endoscopy) ဆိုတာ အစာရေမျိုပြွန်၊ အစာအ...
21/08/2026

ဘယ်လိုအခြေအနေမျိုးမှာ အစာအိမ်မှန်ပြောင်းကြည့်သင့်သလဲ❓❓

အစာအိမ်မှန်ပြောင်း (Upper GI Endoscopy) ဆိုတာ အစာရေမျိုပြွန်၊ အစာအိမ်နဲ့ အူသိမ်အစပိုင်းအထိကို ပျော့ပြောင်းတဲ့ မှန်ပြောင်းပိုက်လေးအသုံးပြုပြီး အတွင်းပိုင်းအခြေအနေတွေကို တိုက်ရိုက်ကြည့်ရှုစစ်ဆေးတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ဖြစ်နေတဲ့ ပြဿနာရဲ့ အကြောင်းရင်းကို တိတိကျကျ သိရှိနိုင်ဖို့အတွက် မှန်ပြောင်းစစ်ဆေးခြင်းက အရေးကြီးတဲ့ စမ်းသပ်စစ်ဆေးမှုတစ်ခု ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် လိုအပ်တဲ့အခါ အသားစနမူနာယူစစ်ဆေးခြင်း၊ အသားပိုဖယ်ရှားခြင်း၊ သွေးထွက်နေတဲ့နေရာကို ကုသပေးခြင်း စတာတွေကိုလည်း မှန်ပြောင်းကနေတစ်ဆင့် ပြုလုပ်နိုင်ပါတယ်။

အောက်ပါအခြေအနေတွေရှိနေတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး အစာအိမ်မှန်ပြောင်းစစ်ဆေးဖို့ လိုအပ်နိုင်ပါတယ် —
🔹 အကြောင်းရင်းမသိဘဲ ဗိုက်နာခြင်း၊ ဗိုက်အောင့်ခြင်းတွေ ကာလရှည်ဖြစ်နေခြင်း
🔹 အစာမကြေခြင်း၊ ရင်ပူခြင်း၊ ပျို့အန်ခြင်းတွေ မကြာခဏဖြစ်နေခြင်း
🔹 အစာ သို့မဟုတ် ရေမျိုချရခက်ခြင်း၊ မျိုချတဲ့အခါ နာကျင်ခြင်း
🔹 အကြောင်းရင်းမရှင်းဘဲ ကိုယ်အလေးချိန် သိသိသာသာကျလာခြင်း
🔹 သွေးအားနည်းခြင်း သို့မဟုတ် အစာခြေလမ်းကြောင်းအတွင်း သွေးယိုစီးနိုင်တယ်လို့ သံသယရှိခြင်း
🔹 အန်တဲ့အခါ ကော်ဖီမှုန့်ရောင်/ညိုမည်းရောင်အရည်တွေ ပါလာခြင်း
🔹 ဝမ်းသွားတဲ့အလေ့အထ ပုံမှန်မဟုတ်ဘဲ ပြောင်းလဲလာခြင်း
🔹 ကာလရှည် ဝမ်းလျှောနေခြင်း
🔹 အစာရေမျိုပြွန်၊ အစာအိမ် သို့မဟုတ် အူလမ်းကြောင်းကင်ဆာ မိသားစုမျိုးရိုးရှိခြင်း
အစာအိမ်မှန်ပြောင်းစစ်ဆေးခြင်းဟာ ရောဂါရှာဖွေရုံသာမက လိုအပ်တဲ့အခြေအနေတွေမှာ ကုသမှုကိုပါ တစ်ခါတည်းလုပ်ဆောင်နိုင်တဲ့ အားသာချက်ရှိပါတယ်။

ဥပမာ—အစာအိမ်နဲ့ အူလမ်းကြောင်းအတွင်း အနာ၊ ရောင်ရမ်းမှု၊ သွေးထွက်နေတဲ့နေရာ၊ အသားပို ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့ အလုံးအကျိတ်တွေကို ရှာဖွေနိုင်ပြီး လိုအပ်ရင် အသားစယူစစ်ဆေးနိုင်ပါတယ်။ H. pylori ပိုးရှိ၊ မရှိကိုလည်း စစ်ဆေးနိုင်ပါတယ်။

မှန်ပြောင်းကြည့်ရမှာကို စိုးရိမ်တာ၊ မသက်မသာဖြစ်မှာကို ကြောက်တာတွေ ရှိနိုင်ပေမယ့် လိုအပ်တဲ့အခြေအနေမှာ စောစောစစ်ဆေးခြင်းက ရောဂါရဲ့အကြောင်းရင်းကို အချိန်မီရှာဖွေပြီး သင့်တော်တဲ့ကုသမှုကို ရရှိစေနိုင်ပါတယ်။ လက်ရှိမှာလည်း လူနာရဲ့အခြေအနေအပေါ်မူတည်ပြီး စိတ်ငြိမ်ဆေး သို့မဟုတ် အိပ်ဆေးအသုံးပြုကာ သက်တောင့်သက်သာဖြစ်အောင် စစ်ဆေးပေးနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။

ဒါပေမယ့် လူတိုင်း အစာအိမ်မှန်ပြောင်း မဖြစ်မနေကြည့်ရမယ်လို့ မဆိုလိုပါဘူး။ မိမိမှာရှိနေတဲ့ ရောဂါလက္ခဏာ၊ အသက်အရွယ်၊ မိသားစုမျိုးရိုးနဲ့ ကျန်းမာရေးအခြေအနေတွေကို ဆရာဝန်က သုံးသပ်ပြီး မှန်ပြောင်းစစ်ဆေးဖို့ လိုအပ်၊ မလိုအပ် ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။

အထက်ပါလက္ခဏာတွေထဲက တစ်ခုခုရှိနေတယ်ဆိုရင် ကိုယ့်ဘာသာ အချိန်ဆွဲမနေဘဲ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်တော်တဲ့ စစ်ဆေးမှုကို ခံယူသင့်ပါတယ်။

ရောဂါကို ကြောက်လို့ မစစ်ဆေးဘဲနေခြင်းထက် ရောဂါအကြောင်းရင်းကို အချိန်မီသိရှိပြီး သင့်တော်တဲ့ကုသမှုရရှိနိုင်ဖို့ စောစောတိုင်ပင်စစ်ဆေးခြင်းက ပိုအရေးကြီးပါတယ်။

#အစာအိမ်မှန်ပြောင်း

#အစာအိမ်နှင့်အူလမ်းကြောင်း
#ကျန်းမာရေးဗဟုသုတ

Precision in Every Run. Reliability in Every Result.Laboratory workflow တစ်ခုမှာ Centrifuge ရဲ့ performance ဖြစ်တဲ့ samp...
20/08/2026

Precision in Every Run. Reliability in Every Result.

Laboratory workflow တစ်ခုမှာ Centrifuge ရဲ့ performance ဖြစ်တဲ့ sample preparation နဲ့ result quality ကအရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်ရှင့်။

Temperature control, speed control နဲ့ programmable operation တွေကို တိကျစွာအသုံးချနိုင်ဖို့အတွက် Hitachi Refrigerated Compact Centrifuge – HIMAC CF7D2 ကို မိတ်ဆက်ပေးလိုက်ပါတယ်နော်။

💦Hitachi Refrigerated Compact Centrifuge💦

Model – HIMAC CF7D2
Manufacture – Hitachi
Country of origin – Japan

Specifications📌

Maximum Rotational Speed: 7,000 rpm

Maximum Centrifugal Acceleration (RCF): 6,570 x g

Speed Control Range: 300 to 7,000 rpm (adjustable in 10 rpm increments)

Temperature Setting Range: -9°C to 40°C (adjustable in 1°C increments)

Refrigeration System: 300W sealed type (refrigerant: R134a)

Timer Range: 1 to 99 minutes (in increments of 1 minute) with "HOLD"

Acceleration/Deceleration Profiles: 6-stage adjustable settings (from slow to fast)

Memory Capacity: Programs up to 4 different custom combinations of speed, time, temperature, and acceleration/deceleration profiles

Rotor stop buzzer: Selectable five different melodies and an electronic buzzer

Dimensions: 575 mm (Width) x 588 mm (Depth) x 800 mm (Height)

Motor: Series motor

Door lock: Door is locked when running starts and the lock is released when the rotor stops.

Weight: 80 kg

Power Supply Requirements: AC 100V (±10V), 15A, 50/60Hz

HIMAC CF7D2 ရဲ့ အားသာချက်က 7,000 rpm အထိ Speed Control၊ -9°C မှ 40°C အထိ Temperature Setting၊ 6-stage Acceleration/Deceleration Control နှင့် Custom Program 4 ခုအထိ သိမ်းဆည်းအသုံးပြုနိုင်ခြင်းတို့ကြောင့် Laboratory ရဲ့ လုပ်ငန်းစဉ်အလိုက် setting များကို စနစ်တကျအသုံးချနိုင်ပါတယ်။

ဆရာ၊ဆရာမတို့ Laboratory ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Centrifuge တစ်လုံးကို ရွေးချယ်နေတယ်ဆိုရင်တော့... HIMAC CF7D2 ကို စဉ်းစားသင့်တဲ့ option တစ်ခုအဖြစ် ရွေးချယ်နိုင်ပါတယ်နော်။

📩 Order / စက်အသေးစိတ်ကို Viber Ph:𝟎𝟗 𝟖𝟖𝟔 𝟑𝟑𝟑 𝟑𝟑𝟕 ကိုဆက်သွယ်နိုင်သလို MMEC page chatboxမှာလဲ လာရောက်မေးမြန်းနိုင်ပါတယ်ရှင့်🥰

Address

Banyar Dala Street
Yangon
11221

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30

Telephone

+959886333337

Website

Alerts

Be the first to know and let us send you an email when mmec posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to mmec:

Shortcuts

Share