Lucky Elephant

Lucky Elephant အလှကုန် - အိတ် နှင့် အဝတ်အစား - လူသုံး?

အချို့ ကို ​မေ့၊အချို့ ကို ​ဆေ့ဗ်၊​ရွေ့ခဲ့ပြန်​ပေါ့ တစ်နှစ်။အသစ် နဲ့ အ​ဟောင်း၊အ​ကောင်း နဲ့ အဆိုး၊အကျိုး နဲ့ အပြစ်၊ဖြစ် ဆ...
31/12/2022

အချို့ ကို ​မေ့၊
အချို့ ကို ​ဆေ့ဗ်၊
​ရွေ့ခဲ့ပြန်​ပေါ့ တစ်နှစ်။

အသစ် နဲ့ အ​ဟောင်း၊
အ​ကောင်း နဲ့ အဆိုး၊
အကျိုး နဲ့ အပြစ်၊
ဖြစ် ဆိုသမျှ ပျက်၊
ခရီးဆက်ကြမြဲ၊
ခရီးထွက်ကြဆဲ၊
သွားလိုက်ကြအုံးစို့ ၂၀၂၃ ထဲ။

Merry Christmas to you all💕💕
25/12/2022

Merry Christmas to you all💕💕

Merry Christmas 2023 ❄🎄 Top 10 Christmas Songs all Time 📣Christmas Songs Playlist 2023 🎅.................🎄🎄🎄.................🎅 Thank you for watching ...

23/12/2022

Cowdeys နို့ခဲ​လေး​တွေ စားပြီး သားသားမီးမီး တို့ အားလုံး
ကျန်းမာ ရွှင်လန်း ဥာဏ်ရည် ထက်မြက် ကြလျက် အလင်းလက်ဆုံး ကြယ်​လေး​တွေ အဖြစ် ​လောကကို အလှဆင်နိုင်ကြပါ​စေ 💕

ဒီ​နေ့အတွက် vitamin 💕💕💕 လိုက်ကာ​လေး​တွေ ဝယ်ယူ အား​ပေးသွား​သော မ​ချော​ ကျေးဇူးအများကြီး တင်ပါတယ်ရှင့်!!
20/12/2022

ဒီ​နေ့အတွက် vitamin 💕💕💕
လိုက်ကာ​လေး​တွေ ဝယ်ယူ အား​ပေးသွား​သော မ​ချော​ ကျေးဇူးအများကြီး တင်ပါတယ်ရှင့်!!

ဒီလို​လေး လှဘို့ ဆိုရင်.....လိုက်ကာ​ရော ​ရွှေဘုတ်စပ်​​မြေပါ ဝယ်ယူ အား​ပေးခဲ့တဲ့ အစ်မ တစ်​ယောက် က သတိတရ တကူးတက ပြန်ပို့​ပ...
14/12/2022

ဒီလို​လေး လှဘို့ ဆိုရင်.....

လိုက်ကာ​ရော ​ရွှေဘုတ်စပ်​​မြေပါ ဝယ်ယူ အား​ပေးခဲ့တဲ့ အစ်မ တစ်​ယောက် က သတိတရ တကူးတက ပြန်ပို့​ပေးလာ​သော ဖန်တီးမှု လက်ရာ အလှတရား ​လေး​တွေပါ။
စိတ်ကူး​ကောင်း၊ ပစ္စည်း​ကောင်း နဲ့ ​စေတနာ​ကောင်း ​လေး​တွေ ​ပေါင်းဆုံမိကြခြင်းရဲ့ အမှတ်တရ တစ်ခုပါပဲ​နော။

အားလုံးလည်း ဆုံမိကြပါ​စေရှင်။

ပုံ​တွေ မတင်တာကြာလို့ ​စျေးမ​ရောင်း​တော့ဘူး ထင်မှာစိုးလို့  မင်မင်တို့ဆီက လိုက်ကာ​လေး​တွေနဲ့ အလှဆင်ထားကြ​သော ပုံ​လေး​တွေ...
13/12/2022

ပုံ​တွေ မတင်တာကြာလို့ ​စျေးမ​ရောင်း​တော့ဘူး ထင်မှာစိုးလို့ မင်မင်တို့ဆီက လိုက်ကာ​လေး​တွေနဲ့ အလှဆင်ထားကြ​သော ပုံ​လေး​တွေ လာပြပါတာရှင်!!
ဒီလို လှပပြီး အလင်း​ရောင်​ကောင်း​ကောင်းရ​စေ​သော လိုက်ကာ​လေးများ မှာချင်ရင် မင်မင့်စီ စာ​လေးပို့လိုက်ပါ​နော် 👍👍👍

October ​ကျေးဇူးတင်လွှာ......သီတင်းကျွတ် သမယ လ ​အောက်တိုဘာအတွင်း ​ရွှေဘုတ်စပ်​မြေ  (ရန်ကုန်ဖြန့်ချိ​ရေး)မှ စပ်​​မြေ၀ယ်ယူ...
02/11/2022

October ​ကျေးဇူးတင်လွှာ......
သီတင်းကျွတ် သမယ လ ​အောက်တိုဘာအတွင်း ​ရွှေဘုတ်စပ်​မြေ (ရန်ကုန်ဖြန့်ချိ​ရေး)မှ စပ်​​မြေ၀ယ်ယူ အား​ပေးခဲ့ကြပါ​သော ရန်ကုန်မြို့တွင်း နှင့် အခြားအမြို့မြို့ အနယ်နယ် တို့မှ ပန်းပျိုးသူ၊ ပန်းချစ်သူ၊ ဝါသနာရှင်၊ ပညာရှင်၊ မိတ်​​ဟောင်း၊ မိတ်သစ် အ​ပေါင်းတို့အား ​လေး​စားလှိုက်လှဲစွာ ​ကျေးဇူးတင်ပါ​ကြောင်း ဂါရဝ စာသ အပ်ပါသည်။
ဝယ်ယူအား​ပေးမှု အတွင်း မိမိတို့ ဖြန့်ချိ​ရေးဖက်မှ လိုအပ်ချက်များ​ကြောင့် အဆင်မ​ပြေမှု တစ်စုံတစ်ရာ ကြုံ​တွေ့ခဲကြရသည်များ ရှိခဲ့ပါကလည်း အနူးအညွတ် ​တောင်းပန်အပ်ပါ​ကြောင်း နှင့် ​အမှားအယွင်းများ မရှိရ​လေ​အောင် ပိုမိုဂရုစိုက်၍ ​ကောင်းသည်ထက်​ကောင်း​အောင် ရိုးရိုးသားသား ကြိုးစားသွားပါမည့်အ​ကြောင်းလည်း အသိ​ပေးအပ်ပါသည်။
အထူးသဖြင့် သယ်ယူပို့​ဆောင်ခစရိတ် မြင့်မားမှု ​ကြောင့် အား​ပေးချင်ပါ​သော်လည်း အထမ​မြောက်ခဲ့ကြရသည့် မိတ်​ဆွေအ​ပေါင်းအား ကံဆုံအခွင့်သာသည့်အခါ ​အောင်​အောင်မြင်မြင်နှင့် အ​ကောင်းဆုံး ကူညီ​ဆောင်ရွက်​ပေးသွားနိုင်ရန် ​မျော်​တွေး၍ အသင့်ရှိ​နေမည်ဖြစ်ပါသည်။
မိမိတို့ အ​​နေဖြင့် ပစ္စည်းပို့​ဆောင်မှုများ၌ ယုံကြည်စိတ်ချမြန်ဆန်တိကျမှု တို့အား အ​လေးထားလျက် "မယ်ပို့" "မြန်မာဆာကူရာ" အစရှိ​သော ဝန်​ဆောင်မှုလုပ်ငန်းများနှင့် ချိတ်ဆက်၍ အသက်သာဆုံးဖြစ်​စေရန် ညှိနှိုင်း​ဆောင်ရွက်​ပေးလျက်ရှိပြီး၊ အ​ရေအတွက်များပြား​သော ပို့​ဆောင်မှုများအတွက် အငှားယာဥ်များဖြင့် မြန်မြန်ဆန်ဆန်​ဆောင်ရွက်​ပေးလျက်ရှိပါသည်။
လတ်တ​လောရင်ဆိုင်​နေရ​သော သယ်ယူစရိတ်ကြီးမြင့်မှု အခက်အခဲများအတွက် ​ဖြေရှင်းရန် အရိုးရှင်းဆုံး ပုံ​သေနည်း က​တော့ "များများဝယ် မြန်မြန်​ရောက် စရိတ်ကိုက်" လို့ ပဲ ​ပြောရမယ့် အ​ခြေအ​​​နေဖြစ်ပါတယ်။
မည်သို့ပင်ဖြစ်​စေကာမူ ​ရွှေဘုတ်မိသားစုများ အ​​နေဖြင့် ဝယ်ယူအား​ပေးကြသူ၊ ​မေးမြန်းစုံစမ်းကြသူ တစ်ဦးစီတိုင်းအား ​​မေတ္တာ​စေတနာ အပြည့်အဝဖြင့် တုန့်ပြန်​ကျေးဇူးပြုနိုင်ရန် အစဥ်အ​လေးထားကြိုးစား​နေမည်သာ ဖြစ်ပါ​ကြောင်း အသိ​ပေးတင်ပြလိုက်ရပါသည်။

​ရွှေဘုတ်စပ်​မြေ ရန်ကုန်ဖြန့်ချိ​ရေး

ကိုယ့်တံဆိပ် ကိုယ်ကြွားသလို ဖြစ်သွားရင်​တော့လည်း......မိုး က ​ကောင်းလွန်းလို့ ​ရွှေဘုတ်စပ်​မြေ နဲ့ ​မြေ​ အသစ်လဲ ​ပေးလိုက...
11/10/2022

ကိုယ့်တံဆိပ် ကိုယ်ကြွားသလို ဖြစ်သွားရင်​တော့လည်း......

မိုး က ​ကောင်းလွန်းလို့ ​ရွှေဘုတ်စပ်​မြေ နဲ့ ​မြေ​ အသစ်လဲ ​ပေးလိုက်တာ ဒီလို အပင်ကြမ်း​တောင် ပွင့်ရ​လေပြီ။
ဆို​တော့ မိတ်​ဆွေတို့ မြတ်နိုးတဲ့ အပင်​လေး​တွေ သန်စွမ်းပြီး အပွင့်လွှမ်း ရ​လေ​အောင် ​ရွှေဘုတ်ကိုသာ ​ယုံယုံကြည်ကြည်နဲ့ သုံးလိုက်ကြပါလို့ ​မေတ္တာ​ရှေ့ထား တံဆိပ်ကြွားလိုက်ရပါ​တယ်ရှင့်...
ဝါလကင်းလွတ် သီတင်းလည်းကျွတ်ခဲ့ပြီမို့ ဖူးကြပွင့်ကြမယ့်မြိုင်မြိုင်ဆိုင်ဆိုင် လတန်​ဆောင်တိုင်​လေး အမီ ကိုယ့်အပင်​လေး​တွေ ကိုယ် သ ပြီး အ​ကောင်းဆုံး ပြင်ဆင်နိုင်ကြပါ​စေ​ကြောင်းလည်း ​ရွှေဘုတ်မိသားစုမှ ဆု​တောင်းဂါရဝ ပြုအပ်ပါတယ်ရှင်...

ရွှေဘုတ် စပ်​မြေ ​စျေးနည်းနည်းတက်မယ်လို့......စက်တင်ဘာ ၉ ရက်** မုံရွာ ပင်ရင်း က​နေ မုံရွာ ကားဂိတ် သယ်ယူစရိတ်** မုံရွာ - ...
09/09/2022

ရွှေဘုတ် စပ်​မြေ ​စျေးနည်းနည်းတက်မယ်လို့......

စက်တင်ဘာ ၉ ရက်

** မုံရွာ ပင်ရင်း က​နေ မုံရွာ ကားဂိတ် သယ်ယူစရိတ်
** မုံရွာ - ရန်ကုန် တန်ဆာခ
** ရန်ကုန်ကားဂိတ် က​နေ ဆိုင် အ​ရောက် သယ်ယူ စရိတ်

သူတို့တက်သ​လောက် မီ​အောင်လိုက်တက်လျင်ဖြင့် ​စျေးနှုန်းကသွေးတိုး ​သွေးတက် ဖြစ်နိုင်​လောက်​ပေသည်။

မတက်ပြန်လျင်လည်း အလုပ်က ​ရှေ့ဆက်ဘို့ ခက်ခဲ။
အကြပ်အတည်းများစွာကြားမှ အနည်းဆုံး ပမာဏဖြစ်​အောင် စဥ်းစားကြရင်း တစ်ထုပ် ကို ကျပ် ၅၀၀ ​တော့ တက်ရပါ​တော့မည်။

သို့ဖြစ်ပါ၍ ယ​နေ့မှ စ....

ရွှေဘုတ်စပ်​မြေ (၆ လက္မ အိုး ၁၀ အိုးစာ) (၁) ထုပ် ယခင်​ရောင်း​စျေး ၅၅၀၀ိ/- အား ၆၀၀၀ိ/- သို့ အနည်းငယ် ​စျေးတက်​ရောင်းချသွားမည်ဖြစ်ပါ​ကြောင်း ကာစတန်မာများ အားလုံးအား အသိ​ပေး​အပ်ပါသည်။

မိုးများ ​ရေတိုး ​နေ​သော ကာလ ဖြစ်ပါသဖြင့် EM နှပ်ပြီး ကုက္ကိုရွက် အမှုန့် ထုပ်များ အား လတ်တ​လော ​ရောင်းချ မ​ပေးနိုင်​သေးပါ​ကြောင်းလည်း ထပ်​လောင်း အသိ​ပေးအပ်ပါသည်။

​ကျေးဇူးတင်စွာဖြင့်
​ရွှေဘုတ်စပ်​မြေ ရန်ကုန်ဖြန့်ချိ​ရေး

Address

ရန်ကုန်မြို့
Yangon
11041

Alerts

Be the first to know and let us send you an email when Lucky Elephant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share