11/06/2026
Rating by FirdauScent "Rayhaan Pacific Aura"
Rayhaan Pacific Aura ကတော့ (Aromatic Aquatic) အမျိုးအစား Eau de Parfum (EDP) ရေမွှေးတစ်ခုဖြစ်တယ်
နာမည်ကြီး "L-o-u-i-s V-u-i-t-t-o-n Pacific Chill" ရေမွှေးရဲ့ အနံ့ကို အနီးစပ်ဆုံး Dupe ထားနိုင်ပြီး Budget Save perfume လေးအဖြစ် လူသိများတယ်
ဆွတ်ခါစ ပထမ ၁ နာရီမှ ၂ နာရီအတွင်း အနံ့ပျံ့လွင့်မှု တော်တော်လေး ကောင်းမွန်ပြီး နောက်ပိုင်းမှာတော့ ကိုယ်ခန္ဓာအနီးအနားမှာပဲ သင်းသင်းလေး ကျန်ရှိနေမှာ ဖြစ်ပါတယ်
အနံ့ပြင်းလွန်းတာမျိုး မရှိလို့ အများကြီးဆွတ်မိရင်တောင် ဘေးလူကို အနှောင့်အယှက် မဖြစ်စေပါဘူး
L-o-u-i-s V-u-i-t-t-o-n Pacific Chill ရဲ့ Luxury အငွေ့အသက်ကို စျေးသက်သက်သာသာလေးနဲ့ ရရှိနိုင်ပြီး Fresh နဲ့ Minty အနံ့ကြိုက်သူတွေအတွက် Blind Buy (မနမ်းကြည့်ဘဲ ဝယ်ယူဖို့) စိတ်ချရတဲ့ Budget ရေမွှေးကောင်းတစ်ခု ဖြစ်ပါတယ်