TTG Online seller.

TTG Online seller. Fashion clothes / Laptop / Shoes & Other item...

27/11/2020
အသက် ၂၀ ကျော်အရွယ်မှာ စုမိဆောင်းမိရှိစေဖို့ အကြံပြုချက် ၅ ချက် အသက် ၂၀ ကျော်အရွယ်ဆိုတာဘဝရဲ့အကောင်းဆုံးအရွယ်လို့ ဆိုလို့ ...
31/10/2020

အသက် ၂၀ ကျော်အရွယ်မှာ စုမိဆောင်းမိရှိစေဖို့ အကြံပြုချက် ၅ ချက်
အသက် ၂၀ ကျော်အရွယ်ဆိုတာဘဝရဲ့အကောင်းဆုံးအရွယ်လို့ ဆိုလို့ ရပါတယ်။ ကိုယ်ပိုင်အလုပ်အကိုင်၊ကိုယ်ပိုင်ဝင်ငွေရှိနေပြီဖြစ်သလို မိဘရဲ့အုပ်ထိန်းမှုအောက်ကလွတ်ပြီဖြစ်လို့ ပျော်လို့ပါးလို့ကောင်းတဲ့အရွယ်ပါပဲ။ ဒါကြောင့်ပဲဒီအရွယ်ဟာလုပ်နိုင်၊ကိုင်နိုင်သလောက် ငွေစုမိဖို့တော့ ခက်တဲ့အရွယ်ပါ။ ဒါပေမဲ့ ဒီအရွယ်မှာ စုမိဆောင်းမိရှိတဲ့သူတွေဟာ ဘဝခရီးလမ်းကို သက်သောင့်သက်သာနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ကြတာ များပါတယ်။ ဒါကြောင့် အသက် ၂၀ ကျော်အရွယ်မှာ စုမိဆောင်းမိ ရှိအောင် အကြံအနည်းငယ်ပေးချင်ပါတယ်။
(၁) ငွေစုတဲ့အလေ့အထကိုပျိုးထောင်ပါ
ပထမဆုံးအနေနဲ့ တစ်နှစ်အတွင်းငွေဘယ်လောက်စုမိရမယ်ဆိုတဲ့ ရည်မှန်းချက်မျိုးမချခင် ငွေစုတဲ့အလေ့အထကိုအရင်ပျိုးထောင်ဖို့လိုပါတယ်။ ဒီနေရာမှာ ကံကောင်းတာကတော့ လူတော်တော်များများမှာ ပိုက်ဆံများများစုမိလာလေ၊ ပိုစုချင်လာလေဖြစ်လာတတ်တဲ့ အကျင့်မျိုးရှိတတ်တာပါပဲ။ ဒါကြောင့် အစပိုင်းမှာသာ ငွေစုတဲ့အလေ့အထကို ရအောင်ပျိုးထောင်လိုက်ပါ။ နောက်ပိုင်းမှာ ငွေစုရတာသင့်အတွက် ပိုပိုပြီးလွယ်ကူလာမှာပါ။
(၂) အရေးပေါ်အခြေအနေမှာသုံးဖို့ငွေကို သက်သက်ဖယ်ထားပါ
ငွေစုတဲ့အခါ ကိုယ်တိုင်နဲ့မိသားစုမှာ ကျန်းမာရေး၊လူမှုရေးပြဿနာတွေ ကြောင့် အရေးပေါ်သုံးစွဲဖို့လိုလာတဲ့အခါမျိုးမှာသုံးဖို့ ငွေကိုသက်သက်ဖယ် ပြီးစုဆောင်းထားဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ရင် သင်စုထားတဲ့ ငွေတွေကို အရေးပေါ်အခြေအနေကြုံတဲ့အခါထုတ်သုံးလိုက်ရတာကြောင့် ကုန်သွားခဲ့ရင် စိတ်ဓါတ်ကျပြီးနောက်တစ်ခါပြန်စုဖြစ်ဖို့ အစကနေပြန်ကြိုးစား နေရပါလိမ့်မယ်။
(၃) ရေတို၊ရေရှည် ရည်မှန်းချက်ထားပြီးစုပါ။
တစ်နှစ်အတွင်းဘယ်လောက်စုမိရမယ်ဆိုတဲ့ ရည်မှန်းချက်မျိုးအပြင်၊ တစ်လ၊ နှစ်လ အတွင်းဘယ်လောက်စုမယ်ဆိုတဲ့ရည်မှန်းချက်မျိုးတွေလည်း ချမှတ်ထားရပါမယ်။ ရည်မှန်းချက်တစ်ခါပြည့်သွားတိုင်း စိတ်ဓါတ်တစ်ခါ တက်လာတာကြောင့် ငွေပိုစုဖြစ်လာမှာဖြစ်ပါတယ်။
(၄) မဖြစ်နိုင်တဲ့ရည်မှန်းချက်တွေ မချပါနဲ့
ကိုယ်လိုချင်တဲ့ ငွေပမာဏကြီးတစ်ခုကိုရည်မှန်းချက်ထားပြီးစုတာမျိုးထက် ကိုယ့်ရဲ့လက်ရှိဝင်ငွေ၊ အသုံးစရိတ်တွေကိုတွက်ချက်ပြီးမှ ဖြစ်နိုင်တဲ့ ပမာဏမျိုးကိုစုဆောင်းတာက ပိုပြီးလက်တွေ့ကျသလို အောင်မြင်ဖို့လည်း ရာခိုင်နှုန်းများမှာပါ။ ဝင်ငွေတိုးလာမှသာ တိုးလာသလို စုဆောင်းငွေကိုလည်း လိုက်တိုးသွားရမှာဖြစ်ပါတယ်။
(၅) ဘဏ်မှာစုပါ
ဘဏ်မှာငွေစုစာအုပ်လုပ်ပြီးစုတာဟာ ကိုယ့်အိမ်မှာကိုယ်စုထားတာထက် ပိုပြီးစုမိနိုင်သလို အတိုးလည်းရတာကြောင့် ကိုယ့်စုငွေများလာလေ အတိုးကလည်းများလာလေဖြစ်တာကြောင့်အကျိုးရှိပါတယ်။ စိတ်ချရတဲ့ဘဏ်နဲ့ အတိုးနှုန်းအများဆုံးရနိုင်တဲ့အပ်ငွေပုံစံမျိုးဖြစ်ဖို့ကိုတော့ သေသေချာချာစုံစမ်းမေးမြန်းပြီး အပ်နှံရမှာဖြစ်ပါတယ်။

sales..
31/10/2020

sales..

Address

Yangon

Telephone

+959796118368

Website

Alerts

Be the first to know and let us send you an email when TTG Online seller. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share