Cele Gabar TV

Cele Gabar TV The World of Celebrity

07/09/2026

All For Love Imperial Novotel Wedding Fair 2026 ပွဲကြီး ဒုတိယနေ့မှာ အနုပညာရှင်များစွာနဲ့ စည်ကားသိုက်မြိုက်ခဲ့...

မင်္ဂလာပွဲအခမ်းအနားများအတွက် လိုအပ်သမျှကို တစ်နေရာတည်းမှာ စုံလင်စွာ လေ့လာရွေးချယ်နိုင်မယ့် All For Love Imperial Novotel Wedding Fair 2026 အခမ်းအနားကြီးကို စက်တင်ဘာလ (၅) ရက်နှင့် (၆) ရက်နေ့များတွင် ရန်ကုန်မြို့ရှိ Novotel Hotel တွင် နှစ်ရက်တိုင်တိုင် ခမ်းနားစွာ ကျင်းပပြုလုပ်လျက်ရှိပါတယ်။

စက်တင်ဘာလ (၆) ရက်နေ့၊ ပွဲတော်ရဲ့ ဒုတိယနေ့မှာတော့ သရုပ်ဆောင် မေသန်းနု၊ ခိုင်သင်းကြည်၊ မင်းဦး၊ ချောရတနာ၊ မိုးပြည့်ပြည့်မောင်၊ ခြူးလေး၊ စန္ဒီမြင့်လွင်၊ နန်းသူဇာ၊ နန်းမြတ်ဖြိုးသင်း၊ စံထိပ်ထားဦး၊ အဆိုတော် နွဲ့ယဉ်ဝင်း၊ နီနီခင်ဇော်၊ The Sai တို့အပါအဝင် အနုပညာရှင်များ၊ အတတ်ပညာရှင်များ၊ တာဝန်ရှိသူများနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များက ဂုဏ်ပြုတက်ရောက်ခဲ့ကြပါတယ်။

ဒါ့အပြင် ပွဲအခမ်းအနားရဲ့ စိတ်ဝင်စားဖွယ်အစီအစဉ်တစ်ခုအဖြစ် နာမည်ကြီး ဖက်ရှင်မော်ဒယ်များစွာက ဒီဇိုင်နာ မပုံ့ ရဲ့ ဖန်တီးချုပ်လုပ်ထားတဲ့ မင်္ဂလာဝတ်စုံဒီဇိုင်းလက်ရာများကို ဝတ်ဆင်ကာ အလှပဆုံးနဲ့ အမိုက်စား ဖက်ရှင်လျှောက်လမ်းပေါ်မှာ ပါဝင်ပြသခဲ့ကြပါတယ်။

ထို့အပြင် နိုင်ငံကျော် အဆိုတော် ဇော်ဝင်းထွဋ် ကလည်း ပရိသတ်များနှင့် ပွဲတက်ရောက်လာသူများအတွက် လူကြိုက်များတဲ့ တေးသီချင်းများစွာကို သီဆိုဖျော်ဖြေခဲ့ပြီး ပွဲရဲ့ ဒုတိယနေ့ကို ပိုမိုစည်ကားသိုက်မြိုက်စေခဲ့ပါတယ်။

မင်္ဂလာပွဲအတွက် ဝတ်စုံ၊ အလှဆင်၊ ဓာတ်ပုံနှင့် ဗီဒီယို၊ အစားအသောက်နှင့် အခြားဝန်ဆောင်မှုများကို တစ်နေရာတည်းမှာ လေ့လာရွေးချယ်နိုင်မယ့် All For Love Imperial Novotel Wedding Fair 2026 ဟာ မင်္ဂလာဆောင်ဖို့ ပြင်ဆင်နေကြတဲ့ စုံတွဲများအတွက် အထူးစိတ်ဝင်စားဖွယ်ရာ Wedding Fair တစ်ခုအဖြစ် ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။

#ဆယ်လီသတင်း #ဆယ်လီကမ္ဘာ

07/09/2026

အပြင်မှာဆို နယုန်ကို ကောင်လေးမျိုးက Toxic ဖြစ်လို့မတွဲစေချင်ဘူး...

#ဆယ်လီကမ္ဘာ #ဆယ်လီသတင်း #နယုန်

07/09/2026

ဒီကားလေးကလည်း "မောင်သည်သာ" ဆိုတော့ မောင်နဲ့အကျိုးပေးတယ်လို့ ပြောရမှာပေါ့၊ ဒါပေမဲ့ ဒီကားမှာတော့ ကျွန်တော်က မမောင်တော့ဘူး၊ မောင်တာက ကိုယ့်ထက် အခြားတစ်ယောက်ဆိုတော့လေ...ဆိုပြီး ပြောပြလာတဲ့ သရုပ်ဆောင် ဇော်ရှိုင်းထက်...

#ဆယ်လီသတင်း #ဆယ်လီကမ္ဘာ #သရုပ်ဆောင် #ဇော်ရှိုင်းထက် #မောင်သည်သာ

07/09/2026

ဦးဇေဆီက (၃)ချက်အရိုက်ခံပြီး အမ်းထားတဲ့ဆွဲကြိုးဝတ်လာတဲ့ ဝင်းခန့်မိုး...

#ဆယ်လီကမ္ဘာ #ဆယ်လီသတင်း #ပိုင်တံခွန် #ဝင်းခန့်မိုး

07/09/2026

ကိုယ့်ဆုံးဖြတ်ချက်အမှားတွေကြောင့် သမီးတွေကို ထမင်းရည်တိုက်ပြီး မွေးခဲ့ရတယ်...

#ဆယ်လီကမ္ဘာ #ဆယ်လီသတင်း #ပိုင်တံခွန်

07/09/2026

“ရင်ဘတ်ထဲကဓား”ဇာတ်ကားထဲမှ အူဝဲသရုပ်ဆောင်ပုံတိုင်း တိကျစွာ သရုပ်ဆောင်ပြနိုင်ခဲ့တဲ့ ချစ်မွှေးလေး...

#ဆယ်လီကမ္ဘာ #ဆယ်လီသတင်း #ပိုင်တံခွန်

Y Creative Production မှ ရိုက်ကူးသွားမည့် "မောင်သည်သာ"  ဇာတ်လမ်းမိတ်ဆက်ကန်တော့ပွဲအခမ်းအနားကို ယနေ့မနက်ပိုင်းက အိမ်တော်ရာ...
07/09/2026

Y Creative Production မှ ရိုက်ကူးသွားမည့် "မောင်သည်သာ" ဇာတ်လမ်းမိတ်ဆက်ကန်တော့ပွဲအခမ်းအနားကို ယနေ့မနက်ပိုင်းက အိမ်တော်ရာဘုရားတွင်ကျင်းပပြုလုပ်ခဲ့ပြီး သရုပ်ဆောင် ဇော်ရှိုင်းထက်၊ ရွှေဖလားကျော်၊ ဖြူစင်သော် နှင့်တခြားအနုပညာရှင်များစွာတတ်ရောက်ခဲ့ကြပါတယ်။

#ဆယ်လီကမ္ဘာ #ဆယ်လီသတင်း #မောင်သည်သာ #သရုပ်ဆောင် #ဇော်ရှိုင်းထက် #ရွှေဖလားကျော် #ဖြူစင်သော်

07/09/2026

"ကျွန်တော့်ကိုအားပေးတဲ့ပရိသတ်တွေက အရင်ကဖုန်းလေးထဲမှာကျွန်တော့်ကိုကြည့်ရတယ်၊ နောက်တော့ TV စီးရီးတွေ အခုရုပ်ရှင်ရုံမှာကြည့်ရပြီပေါ့၊ အားပေးတဲ့ပရိသတ်တွေမျက်နှာမငယ်ရအောင်ကြိုးစားပေးနေရတာကိုပဲဝမ်းသာပါတယ်..."လို့ပြောပြလာတဲ့ သရုပ်ဆောင် ပေါက်စီ...

#ဆယ်လီကမ္ဘာ #ဆယ်လီသတင်း #သရုပ်ဆောင် #ပေါက်စီ

07/09/2026

ကိုယ့်ဘဝမှာ အမေမွေပြီးရင် ဒုတိယဝမ်းသာခြင်းကတော့ ကိုပိုင်တံခွန်နဲ့ တွေ့ဆုံခြင်းပါ...

#ဆယ်လီကမ္ဘာ #ဆယ်လီသတင်း #ပိုင်တံခွန်

06/09/2026

PUMA Energy Drink ရဲ့ “Unleash Your Power Mandalay Event” ကို စက်တင်ဘာ ၅ ရက်မှာ မန္တလေး Mingalar Mandalay Outdoor Promotion Area မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

ပွဲမှာ PUMA Brand Ambassador မင်းသားပိုင်တံခွန် အပါအဝင် နာမည်ကြီး Influencer တွေ တက်ရောက်ခဲ့ကြပြီး Dance Performance၊ ဂိမ်းအစီအစဉ်တွေနဲ့ Surprise Gift ပေးအပ်တဲ့ အစီအစဉ်တွေနေဲ့အတူ မန္တလေးပရိသတ်တွေ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။


#အမြင့်မားဆုံးစွမ်းအားPUMA

Address

No. 38, Thiri Street, 2nd Qtr, Hlaing Township
Yangon
11051

Alerts

Be the first to know and let us send you an email when Cele Gabar TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share