Nay Chi in Dubai

Nay Chi in Dubai 🇲🇲 🇹🇭 🇦🇪

Latest news from UAE 🇦🇪 Hoping tomorrow will be better — stay safe and be alert ‼️
28/02/2026

Latest news from UAE 🇦🇪
Hoping tomorrow will be better — stay safe and be alert ‼️

အရွယ်ရောက်လာတော့ မိသားစုအတွက်တွေးပူရ ကိုယ့်ဘဝရှေ့ရေးအတွက်တွေးပူရနဲ့ ဘဝကထင်ထားသလိုပျော်စရာမကောင်းတော့ဘူးအခုနေများ အိမ်ပြန...
25/02/2026

အရွယ်ရောက်လာတော့ မိသားစုအတွက်တွေးပူရ
ကိုယ့်ဘဝရှေ့ရေးအတွက်တွေးပူရနဲ့
ဘဝကထင်ထားသလိုပျော်စရာမကောင်းတော့ဘူး
အခုနေများ အိမ်ပြန်ရမယ်ဆို သိပ်ကောင်းမယ်
အပူပင်ကင်းတဲ့ဘဝလေးမှာပဲ ပြန်နေချင်တယ်💟

23/02/2026

သူပြန်ချစ်လာအောင်တော့မလုပ်တတ်ပါဘူး

#ဒူဘိုင်းရောက်အဘွား

Ramadan 🌙 ကာလမှာ အလုပ်ချိန်တွေလျှော့ကျလား??UAE Law အရ Working hourလျှော့ရမှာပါဒါပေမယ့် အလုပ်အတိုင်းလိုလိုတော့မလိုက်နာကြပ...
21/02/2026

Ramadan 🌙 ကာလမှာ အလုပ်ချိန်တွေလျှော့ကျလား??

UAE Law အရ Working hourလျှော့ရမှာပါ
ဒါပေမယ့် အလုပ်အတိုင်းလိုလိုတော့မလိုက်နာကြပါဘူး နေခြည်ကတော့ F&B ပိုင်းမှာ အလုပ်လုပ်နေတဲ့သူတစ်ယောက်ပါ နေခြည့် UAE Experience အရဆို နေခြည့်ပထမအလုပ်က အလုပ်ချိန်မလျှော့ပေးခဲ့ပါဘူး ပိတ်ရက်လဲ ပုံမှန်တစ်ပတ် တစ်ရက်က တစ်ပတ် တစ်ရက်ပါပဲ အခုဒုတိယအလုပ်က အလုပ်ချိန်မလျှော့ပေးဘူး ဒါပေမယ့် တစ်ပတ်တစ်ရက်ပုံမှန်ပိတ်တာကို နှစ်ရက်ပိတ်ပေးပါတယ်🤓 သူငယ်ချင်းတို့ရော….

Emirates Flight Catering in Dubai ကနေ ယခုနှစ်မှာ Hiring!!!! positionတွေကတော့ Senior Waiter and Senior Waitress - premium...
19/02/2026

Emirates Flight Catering in Dubai ကနေ ယခုနှစ်မှာ Hiring!!!! positionတွေကတော့ Senior Waiter and Senior Waitress - premium lounge မှာပါ
6 March 2026 မှာနောက်ဆုံးဖောင်တင်ခွင့်ရက်ပါနော်
အားလုံးပဲအဆင်ပြေကြပါစေလို့ မျှော်လင့်ပါတယ်🙏🏻

နေခြည်ကတော့ နောက် ၂ နှစ် ၃ နှစ်လောက်နေမှ Try တော့မှာပါ အခုမှ အလုပ်အသစ်ပြောင်းထားပီး
ဒီအလုပ်လေးမှာလဲ အရမ်းအဆင်ပြေနေသေးတာမို့ပါ😁

ဒီနေ့မှာတော့ UAE မှာ တစ်လ နေစရိတ် စားစရိတ် ပျမ်းမျှ ဘယ်လောက်ကုန်နိုင်လဲ ဘယ်လောက်ပိုလဲဆိုတာကို နေခြည့် အတွေ့အကြုံအရ ပြောပ...
18/02/2026

ဒီနေ့မှာတော့ UAE မှာ တစ်လ နေစရိတ် စားစရိတ် ပျမ်းမျှ ဘယ်လောက်ကုန်နိုင်လဲ ဘယ်လောက်ပိုလဲဆိုတာကို နေခြည့် အတွေ့အကြုံအရ ပြောပြပေးသွားပါမယ်ရှင့်💌Good Morning everyone😁 နေခြည်ကတော့ ဒီရက်ပိုင်း closing shift တွေဆင်းနေရတော့ အခုမှပဲနိုးပါတယ်🥰

ပျမ်းမျှ ဒီနိုင်ငံမှာ ရောက်ခါစ လူတွေရတဲ့ လစာအရမှာ နေအပြီး စားအပြီး ဘယ်လောက်ကျန်နိုင်မလဲဆိုတာ တွက်ကြည့်ကြရအောင်။ ရောက်ခါစ လူတစ်ယောက်အလုပ်ရရင် 2500 AED လောက်ကနေစရပါတယ်
မြန်မာနိုင်ငံပေါက်ဈေး Rate - 1150 နဲ့ဆို 2,875,000 ဆိုပါစို့ Dubai မှာအိမ်ဌားစရိတ်က 700 လောက်ဆိုကောင်းကောင်းနေလို့ရပါတယ် လူတစ်ယောက်နဲ့ share ပြီး Car lift စီးကိုစီးရပါတယ် အလုပ်တခုရပြီဆိုတာနဲ့ သွားရေးလာရေးအတွက် Car lift ခက Depend on location ပါ 200,250,300 စသဖြင့် 250 နဲ့ပဲတွက်ပါမယ် အခုဆို Expense က နေတာနဲ့ သွားရေး လာရေးအတွက် 950 ကုန်သွားပါပီ

ကယ်လူရယ်လို့ဖြစ်လာတော့ စားရေးသောက်ရေး ကိစ္စဖြေရှင်းရမယ် ဒီမှာတော့ နိုင်ငံခြားရောက်နေတဲ့လူတစ်ယောက်အနေနဲ့ အကြံပေးရမယ်ဆို အိမ်မှာချက်ပြုတ်စားသောက်ဖို့ပါ အိမ်မှာချက်စားတာနဲ့ အပြင်မှာဝယ်စားတာနဲ့က ချက်စားတစ်ပတ်နဲ့ ဝယ်စားတစ်ရက်စာအဲ့လောက်ကို ညီတူမျှတူနီးပါးကွာပါတယ်နော် နေခြည်က အိမ်မှာချက်စားတဲ့သူအုပ်စုထဲကပါ အိမ်မှာ ချက်စားမယ်ဆို AED 200 တောင်မကုန်ပါဘူး တစ်လစာကို ဒါတောင် နေခြည်အစားကြီးတဲ့သူပါ ကယ်အဲ့တော့ ခုန 950+200 = 1150 ပဲနေစားသွားပြီးပါတယ် အဲ့တော့ တစ်လကို 1,350 ပိုပါတယ် မြန်မာငွေနဲ့ဆို ၁၅ သိန်းကျော်ပေါ့ ❤️

အားလုံးပဲ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နဲ့ပြည့်စုံပီး ရည်မှန်းထားတဲ့ စိတ်ကူးအိမ်မက်တွေအမြန်ဆုံးအကောင်ထည်ပေါ်ကြပါစေ💝

Dubai မှာ ကောင်းတဲ့အကြောင်းလေးတွေပဲမပြောပါနဲ့Dark side အကြောင်းလေးတွေလဲ sharing လုပ်ပေးပါအုံးဆိုပီး Messenger မှာ Reques...
17/02/2026

Dubai မှာ ကောင်းတဲ့အကြောင်းလေးတွေပဲမပြောပါနဲ့
Dark side အကြောင်းလေးတွေလဲ sharing လုပ်ပေးပါအုံးဆိုပီး Messenger မှာ Request လာလုပ်ထားလို့ ဒီနေ့မှာရေးသားလိုက်ပါတယ်💌နေခြည့်အနေနဲ့လဲ Dubai နဲ့ပတ်သက်ပြီး မြင်ရတဲ့ Dark side ပေါင်းမျိုးစုံရှိပါတယ်

(၁) Dubai မှာအလုပ်လာလျှောက်မယ်ဆို အထူးသဖြင့် ယောက်ကျားလေးတွေ အလုပ်ရှာရတာ အနည်းငယ်ခက်ခဲတာတွေမြင်တွေ့ရဖူးတယ် တနည်းအားဖြင့် ကံပေါ်မူတည်တယ် ကြိုးစားအားထုတ်မှုပေါ်မူတည်တယ်လို့လဲပြောလို့ရပါတယ် ဒါပေမယ့် မိန်းကလေးတွေက အလုပ်ရတာမြန်ကြတယ်ဆိုပီးရှိပါတယ်

(၂) နေစရာ နေရာအခက်အခဲ Dubai မှာ Partition Capsule Bed space Family Room Master bedroom Studio Room Villa စသဖြင့် အမျိုးမျိုး ကိုယ်တတ်နိုင်တဲ့ငွေပမဏပေါ်မူတည်ပီး နေရပါတယ် အခန်းလေးတွေက ကျဉ်းတယ် ပေးရတဲ့ဈေးက များတယ် ဒူဘိုင်းမှာနေစရိတ်ဈေးအရမ်းကြီးပါတယ် တစ်ယောက်ထဲ Partition နေတဲ့သူတွေ အတွက်ဆိုပိုဈေးကြီးပါတယ် အနည်းဆုံးလူတစ်ယောက်ရဲ့ ပျမ်းမျှနေစရိတ်တွက်မယ်ဆိုရင် ၇၀၀ ၈၀၀ ကနေစတွက်ရပါမယ် Sharing သမားတွေအတွက်ပါ

(၃) Visa Emirates ID အခက်အခဲ As per UAE Law ဘယ်အလုပ်မှာမဆို ID ပေးရတယ် အလုပ်သမားခန့်တယ်ဆိုတာနဲ့ တပြိုင်နက် ဒါပေမယ့် နေခြည်စရောက်ကတည်းကကြားသိရတာတွေရော နေခြည့်Experience တခုအရရောမှာ Visit Visa နဲ့ Employment Visa(Emirates ID) ကဘယ်လောက်တောင်ကွားခြားပီးအရေးပါလဲဆိုတာမျိုးတွေသိခဲ့ရတယ် ဒီမှာအလုပ်ရှင်တချို့က ID လုပ်ပေးရမှာကိုအရမ်းကိုတွန့်တိုတတ်ကြပါတယ် လစာပေးတာတွေလဲမမှန် အဲ့လိုအလုပ်မျိုးတွေတကယ့် Reality မှာရှိနေပါတယ်

(၄) အလုပ်ချိန်များခြင်း အထူးသဖြင့် Fast Food Service ပိုင်းတွေမှာလုပ်တဲ့ သူလေးတွေဆို အရမ်းသနားဖို့ကောင်းတယ် လစာအားဖြင့်နည်းတယ် Visa ID ကိစ္စတော့စိတ်မပူရပေမယ့် အလုပ်ချိန်တအားများတယ် 12 hrs - 14 hrs အဲ့လိုမျိုးတွေလုပ်ရတာမျိုးတွေရှိတယ် ဘဝပျောက်သလိုခံစားချက်ကြီးမျိုးပါ ဒီလိုတွေမှာလုပ်နေရတဲ့သူတွေဟာ အလုပ်သွားအိမ်ပြန် အိပ်စား နိုးထ အလုပ်သွား အိမ်ပြန် Again!!

(၅) တချို့ ကုမ္ပဏီတွေ လစာရက်မမှန်ခြင်းမျိုးတွေလဲရှိပါတယ် လစာကို လကုန်ပီး ဆယ်ရက်ကျော်မှ ထုတ်တာတို့ ဆယ့်ငါးရက်ကျော်မှ ထုတ်တာတို့ ရက် ၂၀ မှထုတ်ပေးတာတို့တောင်ရှိပါတယ် တချို့နေခြည့်အသိထဲကတစ်ယောက်ဆို ၂ လ လောက်နေမှပေးတယ်လို့တောင်ကြားဖူးတယ် သူတို့ဘက်ကလစာ နောက်ကျလို့ရပေမယ့် ဒီဘက်မှာ အိမ်ဌားစရိတ် Car Lift ဖိုးတွေကနောက်ကျမှပေးလို့မရဘူး

တချို့တွေ Visa Extend အခါခါ တိုးပီး အလုပ်ရှာနေရတဲ့သူတွေ Overstay ဖြစ်နေတဲ့သူတွေ အခုအများကြီးရှိနေပါတယ် Ramadan ထဲလဲဝင်ပြီဆိုတော့ အလုပ်တွေရှားပါးနေပီ ဒါပေမယ့် ဖိုက်တင်းပါ လစာကောင်းကောင်း အလုပ်ကောင်းကောင်းတွေများကြီးက သင့်ကိုစောင့်ကြိုနေစမြဲပါ အားလုံးပဲကံကောင်းကြပါစေ

CV Form ပြီးသွားရင် ဒုတိယအရေးကြီးဆုံးက အင်တာဗျူးသွားတဲ့ချိန် ဝတ်တဲ့ ကိုယ့်ရဲ့အဝတ်အစားပါDubai မှာ Interview သွားတဲ့အခါ ဘယ...
07/02/2026

CV Form ပြီးသွားရင် ဒုတိယအရေးကြီးဆုံးက အင်တာဗျူးသွားတဲ့ချိန် ဝတ်တဲ့ ကိုယ့်ရဲ့အဝတ်အစားပါ

Dubai မှာ Interview သွားတဲ့အခါ ဘယ်လိုမျိုး ဝတ်စားသင့်လဲ??? Formal ဝတ်သင့်လား🙄Casual ပဲဝတ်ရမလား🤔နေခြည့်ရဲ့ Experience နဲ့ပတ်သတ်ပြီးပြောပြရမယ်ဆိုရင် Formal ကိုပိုအားပေးပါတယ် များသောအားဖြင့် UAE က F&B ပိုင်းတွေနဲ့ အင်တာဗျူးခေါ်တဲ့အခါ တချို့တွေက Dress Code Mention လုပ်ပြီးသားပါ Shirt အဖြူ Pant အမဲ Shoe အဖြူ စသဖြင့်ပေါ့။ ဘာမှ Mention မလုပ်ထားတဲ့ခါတွေဆို ကိုယ်ကြိုက်တာကိုယ်ဝတ်ခွင့်ရှိပါတယ် ဒါပေမယ့် အဝတ်အစားကအရမ်းစကားပြောပါတယ်နော် Be careful ပါ😙
နေခြည့်အနေနဲ့ သပ်သပ်ရပ်ရပ်လေး Coat အကျီ shirt အဖြူ Skirt or pant ဝတ်သွားဖို့ပဲ အကြံပေးချင်ပါတယ် အားလုံးပဲ အင်တာဗျူးတွေအောင်ပီး လစာများများနဲ့အလုပ်တွေအမြန်ဆုံးရကြပါစေလို့ ဆုတောင်းပေးပါတယ်❤️❤️

နေခြည့်ရဲ့ မျက်စိရှေ့မှာတင်ပဲဖြစ်သွားတဲ့ဖြစ်ရပ်လေးတခုကို ပြောပြအုံးမယ် ဟိုတနေ့က စားသောက်ဆိုင်တခုမှာ နေခြည် Guest အနေနဲ့သ...
05/02/2026

နေခြည့်ရဲ့ မျက်စိရှေ့မှာတင်ပဲဖြစ်သွားတဲ့ဖြစ်ရပ်လေးတခုကို ပြောပြအုံးမယ် ဟိုတနေ့က စားသောက်ဆိုင်တခုမှာ နေခြည် Guest အနေနဲ့သွားစားခဲ့တယ် တခြားဝိုင်းမှာ
လူ ၄ ယောက်ထိုင်တယ် မိန်းကလေးနှစ်ယောက် ယောကျာ်းလေး နှစ်ယောက် စုံတွဲနှစ်တွဲပေါ့ နေခြည့်ဝိုင်းကိုကျတဲ့ Waiter နဲ့ သူတို့ဝိုင်းကိုကျတဲ့ Waiter ကတစ်ယောက်ထဲပါ နေခြည့်မျက်စိရှေ့တင် သူတို့ကို Waiter service ဘယ်လိုပေးကြောင်း သူတို့လိုအပ်သမျှ မေးသမျှ တောင်းသမျှ အရာရာလုပ်ပေးတာ နေခြည်မြင်ပါတယ် သူတို့နောက်ထပ်တိုး အော်ဒါနှစ်ခုမှာတယ် သူတို့ မှာတဲ့ Food ကြောင့်ပဲလား Restaurant busy တာကြောင့်ပဲလား တော့မသိဘူး order delay နေတာကိုတော့သတိထားမိတယ် သူတို့တွေ့ကရာလူကိုမေးတယ် ငါတို့မှာထားတာတွေ ဘယ်မှာလဲ ဘယ်မှာလဲဆိုပီး အချိန်တခုရောက်ပြီးနောက် အစားအသောက်တွေ ရောက်လာတယ် အဲ့ထဲမှာတခုကသူတို့မှာထားတာမဟုတ်နေဘူး မှားနေတယ် Waiter mistake ပဲလား Customer fault လားတော့မသိပေမယ့် အဲ့မှာပြသာနာလေးစတက်ရော Customer က Shout လုပ်နေတယ် တော်တော်လေး Waiter လေးခမျ သူ့အမှားဟုတ်လား မဟုတ်လားတော့မသိပေမယ့်တောင်းပန်နေရှာတယ် သူတို့ပြောနေတာကြားတာတော့ Food delay ဖြစ်နေတာက ပြသာနာကြီးကြီးဖြစ်သွားခဲ့တာ Waiter food change ဖို့အထဲပြန်ဝင်သွားတဲ့ချိန်မှာ သူတို့ Manager ကိုခေါ်ပြီးစကားပြောတယ် အဲ့ချိန်မှာသူတို့ Complain တတ်တာက Food delay ကိစ္စမဟုတ်ပဲ Waiter က သူတို့ကို Assist မလုပ်ကြောင်း ဘာတွေလိုအပ်နေလဲမမေးကြောင်း Order မှားကြောင်း Service တအားဆိုးကြောင်း တွေပြောပီး သူတို့မှာပီးပြန်ချိန်းခိုင်းထားတဲ့ Burger ဖိုးကို မပေးနိုင်ဘူးဆိုပြီး ပြောတယ် အမှန်တကယ်တော့ သူတို့ဖြစ်ချင်တာက ပိုက်ဆံမပေးချင်တာ ဒါပေမယ့် သူတို့ ဝန်ထမ်းတစ်ယောက်ရဲ့ဘဝကို ထိုးချသွားခဲ့တယ် ဘာမဟုတ်တဲ့ ဘာဂါလေးတစ်လုံးတန်ဖိုးအတွက်နဲ့ တော်တော်စိတ်မကောင်းဖြစ်မိတယ် ဒါလေးကို့မျက်စိအောက်မှာ မြင်လိုက်ကြားလိုက်ရတော့ ဘာဆက်ဖြစ်သွားလဲတော့မသိဘူး Waiter က Burger ဖိုးစိုက်လျော်လိုက်ရလား အလုပ်ပဲပြုတ်သွားလားဆိုတာ
တော်တော်ကိုတော့ သနားစိတ်ဝင်မိတယ် နေခြည့်ဝိုင်းကို bill လာပေးတဲ့အချိန်မှာအဲ့ Burger ဖိုးကွက်တိ နေခြည်သူ့ကို Tip အနေနဲ့ပေးလိုက်တယ် Waiter လေးခမျာ မျက်ရည်လေးဝဲလို့ရော Waiter က Myanmar nationality ပါပဲ တော်တော်စိတ်မကောင်းဘူး
လူတိုင်းပြေလည်နေကျတာမဟုတ်ဘူးလေ

နေခြည်ရလိုက်တဲ့ သင်ခန်းစာတခုက ကိုယ်ပိုက်ဆံမပေးပဲ Drama လုပ်ချင်ရင်တောင် ဝန်ထမ်းအပေါ်အပြစ်ပုံချပီး Complaint မလုပ်သင့်ဘူး နေခြည်အနေနဲ့သွားစားသောက်တဲ့ဆိုင်တွေမှာ ဝန်ထမ်းကြောင့်အဆင်မပြေမှုတွေရှိခဲ့ဖူးတာတောင် တခါမှ ထုတ်မပြောခဲ့ဖူးပါဘူး…

နေခြည်အပါအဝင် ဒီလိုနိုင်ငံရပ်ခြားမှာ Waiter လုပ်နေတဲ့သူလေးတွေ အခုလိုအဖြစ်မျိုး မကြုံရအောင် ဆုတောင်းပါတယ် အာလုံးပဲအဆင်ပြေကြပါစေ🙏🏻

နေခြည် ဒီကိုမလာခင် ဘယ်သင်တန်းမှာတတ်ခဲ့လဲဘယ်လိုတွေ ပြင်ဆင်ခဲ့လဲ မေးမေးနေတဲ့သူလေးအတွက် sharing လုပ်ပေးချင်တာလေးတခုကို ဒီနေ...
02/02/2026

နေခြည် ဒီကိုမလာခင် ဘယ်သင်တန်းမှာတတ်ခဲ့လဲ
ဘယ်လိုတွေ ပြင်ဆင်ခဲ့လဲ မေးမေးနေတဲ့သူလေးအတွက် sharing လုပ်ပေးချင်တာလေးတခုကို ဒီနေ့မှာရေးသားလိုက်ပါတယ် အရင်ဆုံး နေ့ခြည့်ရဲ့ မြန်မာနိုင်ငံက ဝန်ထမ်းဘဝအကြောင်းလေးကို အရင်ရှင်းပြပါ့မယ် နေခြည်က Consumer Goods Myanmar Limited ရုံးချုပ်မှာ Divisional Account Incharge အနေနဲ့ ၄ နှစ်အလုပ်လုပ်ခဲ့ပါတယ် နေခြည်တစ်ပတ်ကို Sunday 1 ရက်ပဲပိတ်ရက်ရပါတယ် ဒူဘိုင်းကိုလာမယ်လို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာ နေခြည့် Career အသစ်တခုကိုထပ်တိုးထားသင့်တယ်ဆိုတာသိလိုက်ရတာမို့ ဘယ်လိုအလုပ်မျိုးတွေကဒီမှာအလုပ်ရတာမြန်လဲ အဆင်ပြေလဲဆိုတာကို နေခြည်လေ့လာပီးနောက် Food & Beverage Hospitality Field ပိုင်းကိုလေ့လာဖို့ ၅ လလောက်အချိန်ပေးခဲ့ပါတယ် ၂ လကသင်တန်းမှာပါ ၃ လကတော့ Training သဘောမျိုးအနေနဲ့ သူတို့ခေါ်တဲ့ရက် ကိုယ်အားတဲ့ရက်တွေနဲ့ကြုံရင် လိုက်ဆင်းပါတယ် Training ဆိုတာက Yangon မှာရှိတဲ့
5 star Hotel Wedding ပွဲတွေ Dinner Party တွေမှာ သူတို့ Hotel ကဝန်ထမ်းတွေနဲ့မလောက်လို့ လူအပိုခေါ်တဲ့အခါမျိုးတွေပါ နေခြည်တတ်ခဲ့တဲ့ သင်တန်းကျောင်းလေးက နေခြည်ကတော့ တစ်ပတ်မှာတစ်ရက်ပဲပိတ်တဲ့အတွက်အရမ်းကိုအဆင်ပြေပါတယ် အချိန်တွေညှိပီးလုပ်ပေးတယ် သင်တန်းပီးခါနီးကစပြီးတော့လဲ ခုနနေခြည်ပြောတဲ့ Hotel Training (Park Royal, Lotte, Sedona, Melia, Chatrium and more) အစရှိတဲ့ နေရာတွေမှာ Training ဆင်းဖို့ရာ အဆက်အသွယ်တွေလဲလုပ်ပေးပါတယ် သွားဆင်းတဲ့ခါမျိုးမှာလဲ အချိန်ပိုင်းလုပ်အားခအနေနဲ့ပိုက်ဆံရပါတယ်🙄ကယ်စကားတွေများနေတာနဲ့ သင်တန်းကျောင်းနာမည်လေးကို မိတ်ဆက်ပေးဖို့ မေ့တော့မလို့ သင်တန်းကျောင်းကတော့ ရန်ကုန်တိရစ္ဆာန်ရုံနားမှာပါ
Wisdom Hospitality and Hotel Management ဆိုပီးရှိပါတယ် ကျောင်း Page Link အနေနဲ့ကတော့
https://www.facebook.com/share/173LnA4rur/?mibextid=wwXIfr ဒါလေးပါရှင့်❤️ အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်🫶🏻

UAE နိုင်ငံက Mall တွေမှာ အလုပ်လုပ်နေတဲ့သူတွေအတွက် တော်တော်များများ မသိကြသေးတဲ့ Tips ၁ ချက် staff meal ဆိုပီးမှာစားရင် AE...
31/01/2026

UAE နိုင်ငံက Mall တွေမှာ အလုပ်လုပ်နေတဲ့သူတွေအတွက် တော်တော်များများ မသိကြသေးတဲ့ Tips ၁ ချက် staff meal ဆိုပီးမှာစားရင် AED 15 ကျပ်နဲ့ တစ်ယောက်စာ Lunch set လေးတွေကို ဝယ်စားလို့ရပါတယ် ဥပမာ KFC ဆို ကြက်ကြော် ၂ တုံး အအေး ၁ ခွက် အာလူးကြော် set Pizza Hut ဆိုလဲတူတူပဲ ပုံမှာပါတဲ့အတိုင်း ကိုယ်တောင်မှ အသိနောက်ကျလို့ 😓😓
မသိသေးတဲ့သူတွေ အတွက် sharing လုပ်ပေးတာပါ🥰

Mall တိုင်းက Food court တိုင်းမှာရပါတယ်🤭🤭

“ဒါကတော့ UAE ပါ” နေခြည့်ရဲ့ ပထမဆုံးအလုပ်အကြောင်းလေးကိုExperience တခုအနေနဲ့ Sharing လုပ်ပေးပါရစေDuty - 10 hours (break1နာ...
28/01/2026

“ဒါကတော့ UAE ပါ”

နေခြည့်ရဲ့ ပထမဆုံးအလုပ်အကြောင်းလေးကို
Experience တခုအနေနဲ့ Sharing လုပ်ပေးပါရစေ
Duty - 10 hours (break1နာရီofferအရ)ဒါပေမယ့်နေခြည်လုပ်ခဲ့တဲ့ သက်တမ်းတစ်လျှောက် ရေတွက်လို့ရပါတယ် ဘယ်နှစ်ရက်တွေမှာ ၁ နာရီအပြည့်ရခဲ့တယ်ဆိုတာ Waitress အလုပ်နဲ့တော့ခန့်ထားတာ မှန်ပေမယ့် လုပ်ရတဲ့အလုပ်က လူကြီးတွေအလုပ်လောက်ထိကိုလုပ်ရတယ် Waitress ဆိုတဲ့အတိုင်း Waitress အလုပ်လုပ်ရတဲ့အပြင် တခြား လုပ်ရတာတွေက Cashier တစ်ယောက်လို ငွေရေးကြေးရေးအပိုင်းတွေ ကိုင်တွယ်ရတယ် Cashier သီးသန့်မရှိဘူး Accountant တစ်ယောက်လိုနီးပါး Sales Report တွေ စာရင်းတွေ လုပ်ရတယ် အစည်းအဝေးတွေ Online ကနေတက်ရတယ် ရတဲ့လစာနဲ့မမျှအောင်လုပ်ရပါတယ် closing ဆိုရင်လဲ closing အလျှောက် morning ဆိုလဲ morning အလျှောက် ပင်ပန်းရတယ် Bartender လိုမျိုးလဲ အအေးတွေဖျော်ရတယ် Mojito တို့ smoothie တို့ထိကို လုပ်ရတယ် ဧည့်ကြိုဆိုပီး section ပေးရင်လုပ်ရပြန်ရော….ဒီမှာ့ အလုပ်အကုန်လုံးလို့တော့မပြောပေမယ့် တော်တော်များများ အလုပ်တွေမှာ ရေသမမွှေခိုင်းတာတွေ တွေ့နေရတယ် ကိုယ်ကိုယ်တိုင်လဲကြုံတွေခဲ့ရတာပေါ့နော် အဲ့တော့ UAE ကိုလာအလုပ်ရှာတဲ့သူတွေအရေးကြီးဆုံး အင်တာဗျူးမှာသေချာ မေးသင့်တာကတော့ အလုပ်ချိန် ပိတ်ရက် လစာပြီးရင် ဘာတွေလုပ်ရမှာလဲဆိုတာကိုပဲ ဖြစ်ပါတယ် အလုပ်တွေမနိုင်အောင်ခိုင်းတယ် မဖြစ်နိုင်တဲ့ ခက်ခဲတဲ့ Target တွေပေးပြီး ခေါင်းပုံဖြတ်တာတွေကရှိသေးတာမို့ အလုပ်ရွေးမမှားစေကြဖို့ ဆုတောင်းပေးပါတယ်🙏🏻🙏🏻

နေခြည့်အနေနဲ့ အလုပ်ရဲ့ ဂုဏ်သိက္ခာထိခိုက်စေလိုခြင်းမျိုးမရှိပါဘူး နေခြည့်ရဲ့ပထမဆုံးUAE ကအလုပ်လေးကိုနေခြည်အရမ်းချစ်တာပါ အဲ့အလုပ်မှာ တစ်နှစ်ကျော်လုပ်ခဲ့ရလို့လဲနောင်တရတာမျိုး မရှိပါဘူး အဲ့အလုပ်ကနေခြည်ကို သန်မာအောင်လုပ်ပေးခဲ့တာ အစစအရာရာအဲ့မှာသင်ယူခဲ့တာပါ Just as a knowledge share ပေးခြင်းပဲဖြစ်ပါတယ်❤️ကျေးဇူးတင်ပါတယ်ရှင့်🙏🏻

Address

Yangon

Telephone

+959764606658

Website

Alerts

Be the first to know and let us send you an email when Nay Chi in Dubai posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nay Chi in Dubai:

Shortcuts

Share