12/07/2021
Zawgyi
*ဆြမ္းေမႊးရြက္ကုိ (Pandan Leaf)လုိ႔ေခၚပါတယ္။
*ကြၽန္ေတာ္တုိ႔ ေဒသမွာက ဒီအရြက္ကုိ ခ်က္ၿပီးခါစ ထမင္းအုိးထဲမွာ ထည့္ထားလုိက္ရင္ ထမင္းမွာ အန႔ံစြဲၿပီး ရန႔ံသင္းေစပါတယ္။ဒါ့ေၾကာင့္ သူ႔ကုိ ဆြမ္းေမႊရြက္လုိ႔ ေခၚဆုိၾကျခင္း ျဖစ္ပါတယ္။အခ်ဳိ့ကလည္း ဆူးေမႊးရြက္လုိ႔ ေခၚၾကပါတယ္။
*ေနာက္ၿပီးေတာ့ ဆြမ္းေမႊးရြက္အရည္ကုိ မုန္႔လက္ေဆာင္းဖတ္ ျပဳလုပ္တဲ့ ေနရာေတြမွာလည္း ထည့္သြင္း အသုံးျပဳၾကသလုိ အျခားေသာ အစားအစာေတြထဲ၌လည္း ရန႔ံေမႊးေအာင္ ထည့္သြင္း အသုံးျပဳၾကပါတယ္။
*ဆြမ္းေမႊးရြက္ဟာ မည္သည့္ေဒသမွာ မဆုိ လြယ္ကူစြာ ႐ွာေဖြ ေတြ႔႐ွိႏုိင္ပါတယ္။
*ထူျခားတာက ဆြမ္းေမႊးရြက္ဟာ ကြၽန္ေတာ္တုိ႔ သိထားတာထက္ ပုိၿပီးေတာ့ အသုံးဝင္သလုိ လူသားတုိ႔ က်န္းမာေရးအတြက္လည္း ေဆးစြမ္းေကာင္းတလက္ ျဖစ္ေစပါတယ္။
*သူ႔အရြက္ကုိ ခူးဆြတ္၍ ေရသန္႔စင္ေအာင္ ေဆးေၾကာၿပီး ႀကိတ္၍ အရည္ညႇစ္ေသာက္ပါက...
*အသည္းေရာင္အသားဝါေရာဂါ...
*အဆုတ္ေရာဂါ..
*အဆစ္အျမစ္ေရာင္ေရာဂါ..
*ဒူးနာေရာဂါ..
*ခါးနာေရာဂါ..
*ဗုိက္ေအာင့္၊ဗုိက္နာေရာဂါ..
*ေဂါက္ေရာဂါ..
*ေသြးတုိးေရာဂါ..
*ကင္ဆာေရာဂါ..
*အဖ်ားေရာဂါအမ်ဳိးမ်ဳိး..
*အေရျပားေရာဂါအမ်ဳိးမ်ဳိး..
*ေခါင္းကုိက္..
*နားကုိက္..
*သြားဖုံးနာ..
*အပူက်ျခင္း..
*အဆိပ္ေျပေစျခင္း...
*အိပ္မေပ်ာ္ျခင္း..
*ပင္ပန္းႏြမ္းနယ္ျခင္း..
*့အားအင္ကုန္ခမ္းျခင္း...
*အရက္မူးေျပေပ်ာက္ျခင္း..
*အရက္နာက်ျခင္းမ်ား ေပ်ာက္ကင္းသည့္အျပင္
*သူ႔ရဲ႕အရြက္ေျခာက္အဖတ္ကုိ လၻက္ေျခာက္ကဲ့သုိ႔ ေရေႏြးခပ္ ေသာက္လုိ႔ ရသလုိ သူ႔အရြက္ေျခာက္ကုိ အမႈန္႔ႀကိတ္၍ ၄င္းအမႈန္႔ကုိ အင္ပ်ဥ္ႏွင့္ အျခားေသာ ယာနာအဖုမ်ားေပၚသုိ႔ ပြတ္လိမ္းေပးပါက ေပ်ာက္ကင္း သက္သာေစပါတယ္။
*ဆြမ္းေမႊရြက္ဟာ အန႔ံအသက္ဆုိးမ်ားကုိ စုတ္ယူေပးႏုိင္ျခင္းေၾကာင့္ မိမိတုိ႔၏ အိမ္ခန္း၊အိပ္ခန္းႏွင့္ ဖိနပ္စဥ္မ်ားေပၚ၌ ခ်ိတ္ဆြဲထားႏုိင္ပါတယ္။
Unicode
*ဆွမ်းမွှေးရွက်ကို (Pandan Leaf)လို့ခေါ်ပါတယ်။
*ကျွန်တော်တို့ ဒေသမှာက ဒီအရွက်ကို ချက်ပြီးခါစ ထမင်းအိုးထဲမှာ ထည့်ထားလိုက်ရင် ထမင်းမှာ အနံ့စွဲပြီး ရနံ့သင်းစေပါတယ်။ဒါ့ကြောင့် သူ့ကို ဆွမ်းမွှေရွက်လို့ ခေါ်ဆိုကြခြင်း ဖြစ်ပါတယ်။အချို့ကလည်း ဆူးမွှေးရွက်လို့ ခေါ်ကြပါတယ်။
*နောက်ပြီးတော့ ဆွမ်းမွှေးရွက်အရည်ကို မုန့်လက်ဆောင်းဖတ် ပြုလုပ်တဲ့ နေရာတွေမှာလည်း ထည့်သွင်း အသုံးပြုကြသလို အခြားသော အစားအစာတွေထဲ၌လည်း ရနံ့မွှေးအောင် ထည့်သွင်း အသုံးပြုကြပါတယ်။
*ဆွမ်းမွှေးရွက်ဟာ မည်သည့်ဒေသမှာ မဆို လွယ်ကူစွာ ရှာဖွေ တွေ့ရှိနိုင်ပါတယ်။
*ထူခြားတာက ဆွမ်းမွှေးရွက်ဟာ ကျွန်တော်တို့ သိထားတာထက် ပိုပြီးတော့ အသုံးဝင်သလို လူသားတို့ ကျန်းမာရေးအတွက်လည်း ဆေးစွမ်းကောင်းတလက် ဖြစ်စေပါတယ်။
*သူ့အရွက်ကို ခူးဆွတ်၍ ရေသန့်စင်အောင် ဆေးကြောပြီး ကြိတ်၍ အရည်ညှစ်သောက်ပါက...
*အသည်းရောင်အသားဝါရောဂါ...
*အဆုတ်ရောဂါ..
*အဆစ်အမြစ်ရောင်ရောဂါ..
*ဒူးနာရောဂါ..
*ခါးနာရောဂါ..
*ဗိုက်အောင့်၊ဗိုက်နာရောဂါ..
*ဂေါက်ရောဂါ..
*သွေးတိုးရောဂါ..
*ကင်ဆာရောဂါ..
*အဖျားရောဂါအမျိုးမျိုး..
*အရေပြားရောဂါအမျိုးမျိုး..
*ခေါင်းကိုက်..
*နားကိုက်..
*သွားဖုံးနာ..
*အပူကျခြင်း..
*အဆိပ်ပြေစေခြင်း...
*အိပ်မပျော်ခြင်း..
*ပင်ပန်းနွမ်းနယ်ခြင်း..
*့အားအင်ကုန်ခမ်းခြင်း...
*အရက်မူးပြေပျောက်ခြင်း..
*အရက်နာကျခြင်းများ ပျောက်ကင်းသည့်အပြင်
*သူ့ရဲ့အရွက်ခြောက်အဖတ်ကို လ္ဘက်ခြောက်ကဲ့သို့ ရေနွေးခပ် သောက်လို့ ရသလို သူ့အရွက်ခြောက်ကို အမှုန့်ကြိတ်၍ ၎င်းအမှုန့်ကို အင်ပျဉ်နှင့် အခြားသော ယာနာအဖုများပေါ်သို့ ပွတ်လိမ်းပေးပါက ပျောက်ကင်း သက်သာစေပါတယ်။
*ဆွမ်းမွှေရွက်ဟာ အနံ့အသက်ဆိုးများကို စုတ်ယူပေးနိုင်ခြင်းကြောင့် မိမိတို့၏ အိမ်ခန်း၊အိပ်ခန်းနှင့် ဖိနပ်စဉ်များပေါ်၌ ချိတ်ဆွဲထားနိုင်ပါတယ်။
#ဆွမ်းမွှေးရွက်
Credit: original uploader
ဗဟုသုတကျေးရွာ