26/04/2024
"နှစ်ဆယ့်ရှစ်နှစ်ရှိပြီဖြစ်တဲ့ မိန်းမတစ်ယောက်"
စာအုပ်လေးကို စဖတ်တော့မယ်ဆိုတာနဲ့
" အသက်မပါဘဲ မွေးဖွားလာတယ်ရယ်လို့ စွန့်ပစ်ခံခဲ့ရတဲ့ ကလေးတစ်ယောက်ကို စာရေးဆရာဖြစ်ခွင့်ပေးခဲ့တဲ့ ကျွန်မရဲ့ အမေကြီးသို့...." ဆိုပီး စမြင်ရမှာပါ
၁၉၅၇ခု ၊ မေလ ဆယ့်ရှစ်ရက်၊ ၁၃၁၉ ခု၊ ကဆုန်လပြည့်ကျော် ၅ရက် စနေနေ့မနက် ခြောက်နာရီခွဲတိတိမှာ မွေးဖွားခဲ့တဲ့ "နှင်းနှင်းဦး"ဆိုတဲ့ကောင်မလေးရဲ့ မွေးစကနေ အသက်28နှစ်ထိ ဖြတ်သန်းလာတဲ့ အဖြစ်အပျက် အတွေ့အကြုံကို ရေးဖွဲ့ထားတဲ့ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်
စာအုပ်တစ်အုပ်လုံးကလေ တစ်နေရာမှဟာကွက်မရှိအောင် ဘေးကနေ လူတစ်ယောက်က သူ့ဘဝအကြောင်းကို တူတူထိုင်ပြောပြနေသလိုကို မျက်စိထဲ မြင်ယောင်ပီး သိပ်ကိုခံစားရစေပါတယ်
"မိန်းကလေးဆိုတာ အစောကြီး ဒီလိုဖြစ်လာရင် သိပ်ရှက်စရာကောင်းတာ။ အပျိုဖော်ဝင်တယ်ဆိုတာ နောက်ကျလေ ကောင်းလေပဲ" ဆိုတဲ့ နှင်း မေမေပြောတဲ့စကားကို ဖတ်မိတဲ့ချိန်တုန်းကလည်း အဲ့ခေတ်တွေက မိန်းကလေးဖြစ်ရတဲ့ပေါ် နိမ့်ကျသလို အတွေးတွေရှိပါလားဆိုပီး စိတ်ပါတိုချင်လာတဲ့ထိဖြစ်ခဲ့ရပါသေးတယ်
အဘိုး အဘွားက တုန်နေအောင်ချစ်ပီး ဖူးဖူးမှုတ်ခံထားရတဲ့ကောင်မလေးတစ်ယောက် အိမ်ထောင်ကျပြီးတဲ့အချိန် ကြုံလာရတဲ့ အခက်အခဲဒုက္ခတွေကို ကျော်ဖြတ်ခဲ့ပုံလေးတွေကလည်း တကယ်ကိုခံစားရစေပါတယ်
1960s vibeကို အပြည့်အ၀ရစေမှာဖြစ်တဲ့အပြင် အပိုဆားဒါးတစ်ခုမှ မပါပဲ sweet ဖြစ်ချင်ရင် ဒီစာအုပ်လေး ဖတ်ဖို့ recommended ပေးပါတယ်ရှင် စာအုပ်တစ်အုပ်လုံးက 528မေတ္တာကို နင့်နေအောင်ခံစားပီး ကြည်နူးရမှာဖြစ်တဲ့ပြင် 1500 မေတ္တာကိုပါ ခံစားရစေမှာမို့ အားရင် ဖတ်ကြည့်ကြပါအုံးနော်
ဆရာမရဲ့ နှစ်ဆယ့်ရှစ်နှစ်ရှိပြီဖြစ်တဲ့မိန်းမတစ်ယောက်ကိုတော့ ကိုယ့်အသက်23နှစ်အရွယ်မှာဖတ်ခွင့်ခဲ့ရပြီး ကိုယ်ကရောအသက်28နှစ်ကျရင်ဘာတွေဆက်ဖြစ်လာအုံးမှာလဲ....
Review by-Cho Zin Hlaing
#နုနုရည်အင်းဝ #နှစ်ဆယ့်ရှစ်နှစ်ရှိပြီဖြစ်တဲ့မိန်းမတစ်ယောက်