M3Z Family Online Shopping

M3Z Family Online Shopping အိမ်သုံးလျှပ်စစ်ပစ္စည်းများရောင်းဝယ်ရေးနှင့် ငွေလွှဲလုပ်ငန်း

{English Below}ပုပ္ပားလန်ဂါ(ခေါ်) ပုပ္ပားမျောက်မြီးရှည်ပုပ္ပားမျောက်မြီးရှည်လေးတွေဟာ ကမ္ဘာပေါ်မှာ မြန်မာမှာပဲရှိတဲ့ မြန်...
24/06/2023

{English Below}
ပုပ္ပားလန်ဂါ(ခေါ်) ပုပ္ပားမျောက်မြီးရှည်

ပုပ္ပားမျောက်မြီးရှည်လေးတွေဟာ ကမ္ဘာပေါ်မှာ မြန်မာမှာပဲရှိတဲ့ မြန်မာဌာနေမျိုးရင်း မျောက်မျိုးစိတ်ဖြစ်ပါတယ်။ သူတို့ရဲ့ အရေအတွက်ဟာ အလွန်အမင်း ကျဆင်းနေပြီး မျိုးသုဉ်းရန်အလွန်အန္တရာယ်ရှိနေသော မျိုးစိတ်လေးတွေလည်းဖြစ်ပါတယ်။ ဧရာဝတီနဲ့ သံလွင်မြစ်ကြား မြန်မာနိုင်ငံအပူပိုင်းခြောက်သွေ့ဒေသတွေနဲ့ ကယား-ကရင် တောင်နိမ့်ပိုင်းဒေသတွေမှာ နေထိုင်ကြပါတယ်(ပုံ-၁မှာကြည့်နိုင်ပါတယ်)။ သူတို့နေထိုင်ရာ ဒေသကြီးတစ်ခုဖြစ်တဲ့ ပုပ္ပားတောင်မကြီးကို အစွဲပြုပြီး သူတို့အတွက် သိပ္ပံအမည်ကို (𝘛𝘳𝘢𝘤𝘩𝘺𝘱𝘪𝘵𝘩𝘦𝘤𝘶𝘴 𝘱𝘰𝘱𝘢) အဖြစ်အမည်ပေးကာ မြန်မာဌာနေရင်းမျောက်မျိုးစိတ်သစ်အဖြစ် 2020ခုနှစ်မှာ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

သူတို့ရဲ့ပုံပန်းသဏ္ဍာန်ကို အနည်းငယ်သရုပ်ဖော်ပေးချင်ပါတယ်။ သူတို့ရဲ့ကျောပိုင်းဟာ အညိုရင့်ရောင်/ အညိုရောင်ဘက်သမ်းတဲ့မီးခိုးရောင်ရှိပြီး ခြေလက်တွေကအနက်ရောင်ဖြစ်ပါတယ်။ အမြီးကတော့ မီးခိုးရောင်နုနုလေးဖြစ်ပါတယ်။ မျောက်လေးတွေရဲ့သိသာတဲ့တစ်ချက်ကတော့ မျက်လုံးလေးမှာ မျက်ကွင်းဖြူလေးအကွင်းလိုက်ရှိနေတာပါဗျ။ ဒါလေးကိုအစွဲပြုပြီး သူတို့ကို မျောက်မျက်ကွင်းဖြူလို့လည်း ခေါ်ကြပါတယ်။ သူတို့လေးတွေဟာ ငယ်စဉ်အခါ ရွှေရောင်ဝင်းနေပြီး၊ အရွယ်ရောက်လာတာနဲ့အမျှ သူတို့အရောင်ဟာမီးခိုးရောင်ကိုပြောင်းလဲသွားပါတယ်။ ရသေ့ပျံဒေသခံများကတော့ ဒီမျောက်လေးတွေကို ဆ်ုအုဂ်အွာမေံ (ဆ်ုအုဂ် = မျောက်၊ အွာမေံ = မျက်နှာဖြူ) (အသံထွက် - ချအောင်အွာမေး) မျောက်မျက်နှာဖြူလို့ ကရင်ဘာသာစကားနဲ့ခေါ်ဆိုကြပါတယ်။

ဒီမျောက်မြီးရှည်လေးတွေရဲ့အရေအတွက်ဟာ ခန့်မှန်းချေအားဖြင့် ကောင်ရေ ၂၅၀လောက်ထိ ရှိနိုင်ပါတယ်။ ပုပ္ပားတောင်တွင် ၂၀၁၉ခုနှစ်တွင်ကောက်ယူခဲ့သော စစ်တမ်းအရ ကောင်ရေ ၁၁၁ကောင်ခန့်၊ ရသေ့ပျံဂူမှာ ကောင်ရေ ၂၀မှ ၃၀ခန့်၊ ပဲခူးရိုးမမှာ ၂၂ကောင်ဝန်းကျင်ခန့်နဲ့ ပန်းလောင်-ပြဒါးလင်းဂူတောရိုင်းဘေးမဲ့တောမှာ ကောင်ရေ ၄၆ကောင်မှ ၉၆ကောင်ခန့်ထိရှိမယ်လို့ ခန့်မှန်းထားကြကြောင်း ကျွန်တော်တို့NSCIဂရုရဲ့ အဖွဲ့ဝင်အစ်ကိုကြီး ကိုအောင်ကိုလင်းအပါအဝင် တခြားသော ပညာရှင်များက မှတ်တမ်းတင်ထားကြပါတယ်။ သို့သော်လည်း မြို့ကြီးတောရကျောင်းမှာရှိတဲ့ မျောက်မြီးရှည်လေးတွေကတော့ ပုပ္ပားမျောက်မြီးရှည် (𝘛𝘳𝘢𝘤𝘩𝘺𝘱𝘪𝘵𝘩𝘦𝘤𝘶𝘴 𝘱𝘰𝘱𝘢) နဲ့ ရှမ်းမျောက်မြီးရှည် (𝘛𝘳𝘢𝘤𝘩𝘺𝘱𝘪𝘵𝘩𝘦𝘤𝘶𝘴 𝘮𝘦𝘭𝘢𝘮𝘦𝘳𝘢) စပ်ထားသောမျိုးစိတ်ဖြစ်တယ်လို့ ယူဆထားကြကြောင်း သိရပါတယ်။

သူတို့ဟာ သစ်တောအမျိုးအစားမျိုးစုံမှာ ပေါက်ပွါးရှင်သန်နေနိုင်ကြပြီး၊ အမြဲစိမ်းတော(ရွက်မပြတ်တော)၊ ရွက်ပြတ်ရောနှောတောနဲ့ ဝါးတောတွေမှာ အများဆုံးနေထိုင်ကြပါတယ်။ မျောက်မြီးရှည်လေးတွေဟာ သစ်ပင်ပေါ်မှာပဲအများဆုံးနေပြီး အရွက်တွေကို နေ့အချိန်မှာ အဓိကရှာဖွေစားသောက်တတ်တဲ့ မျောက်မျိုးလေးတွေဖြစ်ပြီး သူတို့ရဲ့အဓိကအစာတွေကတော့ အရွက်တွေ၊ အသီးတွေနဲ့ ရွက်ညှာလေးတွေဖြစ်ပါတယ်။ ပုပ္ပားမျောက်မြီးရှည်လေးတွေဟာ အစားအစာအဖြစ်ရော တိုင်းရင်းဆေးဝါးအဖြစ်ပါ အသုံးချဖို့အတွက် ဖမ်းဆီးသတ်ဖြတ်ခံနေကြရပါတယ်။

အမဲလိုက်ခံရခြင်း၊ ကျက်စားရာဒေသပျောက်ဆုံးခြင်း၊ စိုက်ပျိုးမြေချဲ့ထွင်ခြင်း၊ တရားမဝင်သစ်ထုတ်လုပ်ခြင်း၊ လူသားများရဲ့ နှောင့်ယှက်ဖျက်ဆီးခြင်းနဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်းတွေဟာ သူတို့ရဲ့အသက်ရှင်ရပ်တည်နိုင်မှုကို ခြိမ်းခြောက်လျက်ရှိပါတယ်။ မြန်မြန်ဆန်ဆန်ကာကွယ်စောင့်ရှောက်ပေးဖို့ အရေးတကြီးလိုအပ်နေပြီး၊ အသိပညာပေးအစီအစဉ်များဆောင်ရွက်ခြင်း၊ ထိန်းသိမ်းရေးနယ်မြေများကို ဒေသဓလေ့ထုံးတမ်းများနှင့်အညီတည်ထောင်ပေးခြင်း စသည်တို့ဖြင့် ဥပဒေအရ အကာကွယ်ပေသင့်ပြီး အရေအတွက်စာရင်းကောက်ယူတာမျိုးတွေလည်း ထပ်မံလုပ်ဆောင်ရန်လိုအပ်နေပါတယ်။ ပုပ္ပားတောင်အမျိုးသားဥယျာဉ်နဲ့ ပန်းလောင်-ပြဒါးလင်းဂူတောရိုင်းဘေးမဲ့တောတွေမှာ နေထိုင်နေတဲ့ ပုပ္ပားမျောက်မြီးရှည်လေးတွေ ထိန်းသိမ်းကာကွယ်ပေးဖို့နဲ့ ရသေ့ပျံဂူဝန်းကျင်ရှိ တသီးတသန့်ဖြစ်နေသော ပုပ္ပားမျောက်မြီးရှည်တွေအတွက် အလားအလာရှိသော ဒေသအစုအဖွဲ့ကို အခြေပြုသည့် ထိန်းသိမ်းရေးနည်းလမ်းများဖြင့် ထိန်းသိမ်းကာကွယ်ပေးဖို့တွေဟာ အရေးတကြီးလိုအပ်လျက်ရှိပြီး ဒီကိစ္စတွေပေါ်ကို လူထုအာရုံစိုက်မှုရှိဖို့လည်း လိုအပ်ပါတယ်။ ပုပ္ပားလန်ဂါတွေကို ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ရန်အတွက် အမျိုးသားနဲ့နိုင်ငံတကာ ထိန်းသိမ်းရေးစာရင်းများတွင် ခြိမ်းခြောက်ခံနေရသော မျိုးစိတ်များအဖြစ် စာရင်းပြုစုရန် လည်းအရေးကြီးပါတယ်။ နိဂုံးချုပ်အနေဖြင့် ဒေသခံတွေမပါဝင်သောထိန်းသိမ်းမှုတွေဟာ မအောင်မြင်နိုင်ပါဘူး။ ဒါကြောင့်ဒေသအခြေပြုသောထိန်းသိမ်းရေးနည်းလမ်းများကို ထည့်သွင်းစဉ်းစားပြီး ပုပ္ပါးလန်ဂါလေးများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်သင့်ပါတယ်။ Campaign လေးရဲ့ရည်ရွယ်ချက်အတိုင်း မြန်မာ့ဌာနေမျိုးရင်း ပုပ္ပါးလန်ဂါလေးတွေကိုချစ်ရင် #မစားနဲ့ #မရောင်းနဲ့ #မမွေးမြူကြပါနဲ့ ခင်ဗျာ။

I am Langur - ကျွန်တော် လန်ဂါ
ပုပ္ပားမျောက်မြီးရှည်လေးတွေအကြောင်းကို Native Species Conservation and Identification in Myanmar Groupမှာလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်ခင်ဗျ။
လိပ်ပြာလေးတွေအကြောင်းကိုတော့ Butterflies and Moths of Myanmar (မြန်မာ)မှာ လေ့လာလို့ရပါတယ်ဗျ။
ဒီလိုမျိုး ရေးသားနိုင်ဖို့ အဖက်ဖက်မှ ကူညီရေးသားပေးတဲ့ ကိုရဲထက်လွင်အပါအဝင်၊မှတ်တမ်းဓာတ်ပုံလေးတွေအသုံးပြုခွင့်ပေးတဲ့ ကိုတိုးနိုင်ထွန်း၊ အစစအရာရာကူညီပေးတဲ့ ကိုအောင်ကိုလင်း၊ ကျွန်တော်တို့ NSCI groupလေးကို အမြဲအသိအမှတ်ပြုကူညီပြီး အားပေးနေတဲ့ ဆရာသက်ဇော်နိုင်၊ ဆရာနေမျိုးရွှေ၊ ဆရာငွေလွင်၊ ကိုစောကိုဦးနဲ့ WCS ၊ WWF ၊ FFI၊ TSA တို့မှ အစ်ကိုကြီးအစ်မကြီးများ ၊ ဆရာဆရာမများကို ကျေးဇူးတင်ရှိအပ်ပါတယ်ခင်ဗျာ။

Popa Langur ,𝘛𝘳𝘢𝘤𝘩𝘺𝘱𝘪𝘵𝘩𝘦𝘤𝘶𝘴 𝘱𝘰𝘱𝘢

The Popa langur, also known as (𝘛𝘳𝘢𝘤𝘩𝘺𝘱𝘪𝘵𝘩𝘦𝘤𝘶𝘴 𝘱𝘰𝘱𝘢), is an endangered primate species endemic to Myanmar, specifically the central dry zone between the Ayeyarwaddy and Thanlwin rivers, and the western foothills of the Kayah-Karen Mountains (Fig. 1). Named after Mount Popa, it was officially identified in 2020 (Roos et al., 2020). The langurs have dark brown or gray-brown coloration on their dorsal side, black hands and feet, and a paler tail (Roos et al., 2020). The total population size of the Popa langur is approximately 250 individuals, including approximately 111 individuals at Mount Popa in 2019 (Thaung Win pers. comm.), 20-30 individuals at Mount Yathae Pyan (Aung Ko Lin and Aung Lin pers. obs.), around 22 individuals in Bago Yoma (Aung Ko Lin pers. obs.), and 46-96 individuals at Panlaung-Pyadalin Cave Wildlife Sanctuary (Quyet et al., 2019). However, the estimated 75-100 individuals found at Myogyi Monastery are believed to be hybrids between T. popa and Shan state langur T. melamera (Quyet et al., 2019, Matauschek et al., 2022). They inhabit various forest types, including evergreen and semi-evergreen, mixed deciduous and bamboo forests. These langurs are predominantly arboreal, diurnal, and folivorous, with their diet consisting of leaves, fruits, and petioles (Molur et al., 2003).
The Popa langur is heavily hunted in some region for local consumption and traditional medicine (Matauschek et al., 2022).

Threats such as hunting, habitat loss, degradation, and fragmentation pose significant risks to their survival, driven by agricultural encroachment, illegal timber extraction, and disturbances from human activities (Quyet et al., 2019, Thant et al., 2013). Urgent conservation efforts are needed, including improved protected area management, law enforcement, and population surveys. Special attention should be given to protecting the langurs in Popa Mountain Park and Panlaung-Pyadalin Cave Wildlife Sanctuary, and exploring the potential for a community-protected area designation for the isolated population at Mount Yathae Pyan. To ensure the conservation of T. popa, it is vital to conduct further surveys for a comprehensive understanding of its population status and to list it as a threatened species on national and international conservation lists (Matauschek et al., 2022).

References

1. Christian Roos, Kristofer M. Helgen, Roberto Portela Miguez, Naw May Lay Thant, Ngwe Lwin, Aung Ko Lin, Aung Lin, Khin Mar Yi, Paing Soe, Zin Mar Hein, Margaret Nyein Nyein Myint, Tanvir Ahmed, Dilip Chetry, Melina Urh, E. Grace Veatch, Neil Duncan, Pepijn Kamminga, Marcus A. H. Chua, Lu Yao, Christian Matauschek, Dirk Meyer, Zhi-Jin Liu, Ming Li, Tilo Nadler, Peng-Fei Fan, Le Khac Quyet, Michael Hofreiter, Dietmar Zinner, Frank Momberg. Mitogenomic phylogeny of the Asian colobine genus Trachypithecus with special focus on Trachypithecus phayrei (Blyth, 1847) and description of a new species. Zoological Research, 2020, 41(6): 656-669. doi: 10.24272/j.issn.2095-8137.2020.254
2. Matauschek, C., Meyer, D., Lwin, N., Ko Lin, A., Lin, A., Momberg, F. & Roos, C. 2022. Trachypithecus popa. The IUCN Red List of Threatened Species 2022: e.T196344474A196344962. https://dx.doi.org/10.2305/IUCN.UK.2022-1.RLTS.T196344474A196344962.en
3. Molur, S., Brandon-Jones, D., Dittus, W., Eudey, A., Kumar, A., Singh, M., Feeroz, M. M., Chalise, M., Priya, P. and Walker, S. 2003. Status of South Asian Primates: Conservation Assessment and Managment Plan Report. Workshop Report, 2003. Zoo Outreach Organization/CBSG-South Asia, Coimbatore, India.
4. Quyet LK, Lin AK, Oo KN, Naing KK. 2019. Survey of Shan States Langur (Trachypithecus phayrei ssp. shanicus) in Panlaung-Pyadalin Cave Wildlife Sanctuary and Myogyi Monastery, Shan State, Myanmar. Fauna & Flora International – Myanmar Programme, Yangon.
5. Thant NML, Kim BJ, Ko HS, Yi KM, Lee WS. 2013. Molecular phylogenetic analysis of non-invasive samples for the endangered Phayre’s leaf monkey (Trachypithecus phayrei) in Popa Mountain Park, Central Myanmar. Journal of Animal and Veterinary Advances 12(5): 626-632.

Established in 1964, the IUCN Red List of Threatened Species has evolved to become the world’s most comprehensive information source on the global conservation status of animal, fungi and plant species.

20/02/2022

မင်္ဂလာပါ
M3Z family online shop ကနေ ဒီနေ့ ပြောပြပေးမှာကတော့ အရင် တင်ခဲ့ဖူးတဲ့ Binocularလေးတွေရဲ့ မှန်ဘီလူး coatingတွေပဲဖြစ်ပါတယ်။

မှန်ဘီလူး coating တွေကိုဘာကြောင့်အသုံးပြုရသလဲဆိုရင် မှန်ဘီလူးကိုအသုံးပြုတဲ့အခါ အလင်းပြန်မှုကိုလျော့ကျစေပြီး မြင်ကွင်း အလင်းရောင်လျော့နည်းမှုမဖြစ်စေရန်ပဲဖြစ်ပါတယ်။ coating ပါမပါ ဘယ်လိုစစ်ဆေးလို့ရလဲဆိုရင်တော့ objective lensကို ကြည့်လိုက်လို့ အစိမ်းရောင် အပြာရောင် ရောင်ပြေးလေး‌တွေရှိနေရင် coating ပါပါတယ်။
Coating အမျိုးအစား ကတော့ အဓိကအားဖြင့် 4 မျိုးဖြစ်ပါတယ်။
Partial coating
သူကတော့ မှန်ဘီးလူးမှာပါတဲ့ objective lensရဲ့ တစ်ဖက်ကို coating လုပ်ထားတယ်လို့ဆိုလိုတာပါ။
Fully coating
သူကတော့ objective lens ရဲ့ မျက်နှာပြင် နှစ်ဖက်လုံးကို coating လုပ်ထားတယ်လို့ဆိုလိုပါတယ်။

Multi-coating
သူကတော့ coating အထပ်ထပ်လုပ်ထားတယ်ပြောတာပါ။ 2ထပ် ဖြစ်ချင်ဖြစ်မယ် 3ထပ်ဖြစ်ချင်ဖြစ်မယ်ပေါ့။ ဒါပေမယ့် objective lens ရဲ့ မျက်နှာပြင်တစ်ဖက်တည်းကို ပဲ coatingလုပ်ထားတာဖြစ်နိုင်သလို 2ဖက်လုံးလည်းဖြစ်နိုင်ပါတယ်။

Fully multi coating

သူကတော့ အပြည့်အဝ အထပ်ထပ် coating လုပ်ထားတယ်လို့ပြောတာပါ။ အကောင်းဆုံး binoculars တွေမှာသုံးပါတယ်။

မှန်ဘီလူး ဝယ်တဲ့အခါ အထက်ပါ အချက်လေးတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး ဝယ်လို့ရပါတယ်။ စကားမစပ် M3Z ကနေ ရောင်းပေးတဲ့မှန်ဘီလူးလေးတွေကတော့ fully coatedပါခင်ဗျ။

အားလုံးပဲ အဆင်ပြေကြပါစေ။

ဒီနေ့  ကျနော်တို့ M3Z Online shopရဲ့ ပထမဆုံးသောထမင်းရှင်ဖြစ်တဲ့ ပြင်ဦးလွင်မြို့မှ ကိုရှိုင်းမင်းခန့်ဆီသို့  Binocularလေ...
20/02/2022

ဒီနေ့ ကျနော်တို့ M3Z Online shopရဲ့ ပထမဆုံးသောထမင်းရှင်ဖြစ်တဲ့ ပြင်ဦးလွင်မြို့မှ ကိုရှိုင်းမင်းခန့်ဆီသို့ Binocularလေး ရောက်ရှိသွားပါပြီ။ ကျနော်တို့ M3Z ကို ယုံကြည်စွာ အားပေးခဲ့တဲ့အတွက် ကိုရှိုင်းမင်းခန့်ကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုရှိုင်းမင်းခန့် လိုရာဆန္ဒတွေ ပြည့်ဝပါစေလို့ M3Zမှ ဆုမွန်တောင်းပေးလိုက်ပါရစေခင်ဗျာ😀

https://youtu.be/VTaPXhUNyv8
20/02/2022

https://youtu.be/VTaPXhUNyv8

Cody breaks down everything you need to know about binoculars. Magnification, exit pupil, objective, focus, field of view, etc. If you have any questions ple...

မင်္ဂလာပါ မိတ်ဆွေတို့ဈေးနှုန်းမှန်ကန်ပြီး အရည်အသွေးကောင်းတဲ့ binocularsလေးတွေကို M3Z Family ကနေရောင်းချပေးနေပါပြီ။Binocu...
13/02/2022

မင်္ဂလာပါ မိတ်ဆွေတို့
ဈေးနှုန်းမှန်ကန်ပြီး အရည်အသွေးကောင်းတဲ့ binocularsလေးတွေကို M3Z Family ကနေရောင်းချပေးနေပါပြီ။
Binocularsလေးတွေဟာဆိုရင်ဖြင့် ခရီးသွားလာတဲ့အခါမှာပဲဖြစ်ဖြစ်၊ငှက်ကြည့်တာပဲဖြစ်ဖြစ်၊ သဘာဝပတ်ဝန်းကျင်ကို စူးစမ်းလေ့ချင်တာပဲဖြစ်ဖြစ် အသုံးဝင်တဲ့ ကိရိယာလေးပါပဲ။
အခုရောင်းချပေးမယ့် Binocularsလေးတွေရဲ့ specifiactionsတွေကတော့

အရောင် - အနက်ရောင်
အသုံးပြုမှု - အရပ်ဘက်ဆိုင်ရာ အထွေထွေ
ပါဝါ - 10ဆ
မြင်ကွင်း - 7.2 °
ကြည့်နိုင်သော အကွာအဝေး - ၁၂၆ မီတာ/ ၁၀၀၀မီတာ (၁၀၀၀မီတာအကွာက အရာဝတ္ထုကို ကြည့်လျှင် ၁၂၆မီတာ အကွာက ကြည့်သလိုမြင်ရ)
မှန်ဘီလူး coating - fully coating
မှန်ဘီလူး အမျိုးအစား - BAK 7 roof prism
ကိုယ်ထည် - ဖိုင်ဘာ + သားရေ
ဈေးနှုန်း - ၁၉၅၀၀ကျပ်တိတိ

ဝယ်ယူချင်သော မိတ်ဆွေများအနေဖြင့် Message boxတွင် အော်ဒါတင်ပေးနိုင်ပါတယ်ခင်‌ဗျာ

မှတ်ချက် ။ နယ် customerများငွေလွှဲဝင်မှ အော်ဒါအတည်ပြုပါမယ်။ ရန်ကုန်မြို့အတွင်း အိမ်အရောက်ငွေချေရပါသည်။

မင်္ဂလာပါ မိတ်ဆွေတို့ #ဒီနေ့ ကျွန်တော်တို့ M3Z Family Online Shopကနေ မိတ်ဆွေတို့ကို ဝေမျှပေးချင်တဲ့ အကြောင်းလေးကတော့ Bin...
30/01/2022

မင်္ဂလာပါ မိတ်ဆွေတို့
#ဒီနေ့ ကျွန်တော်တို့ M3Z Family Online Shopကနေ မိတ်ဆွေတို့ကို ဝေမျှပေးချင်တဲ့ အကြောင်းလေးကတော့ Binocularsတွေရဲ့ သိမှတ်စရာ လေးတွေပဲဖြစ်ပါတယ်ဗျား #

Binoculars (ဘိုင်နိုကူလာ)ခေါ် နှစ်ဖက်ကြည့်မှန်ဘီလူး
Binoculars တွေကတော့ မိတ်ဆွေတို့သိကြတဲ့အတိုင်း အဝေးကအရာဝတ္ထုတွေကို ကြည့်ချင်တဲ့အခါမှာ သုံးတဲ့ ကိရိယာလေးတစ်ခုပါပဲ။ ဒါ့အပြင် နိုင်ငံတာကာတပ်ဖွဲ့တွေသာမက ရှာဖွေစူးစမ်းသူတွေ၊ တောတွင်းစွန့်စားသွားလာကြတဲ့သူတွေ၊ ကျေးငှက်တိရိစာ္ဆန်နဲ့ သဘာဝပတ်ဝန်းကျင် လေ့လာကြသူတွေ နဲ့ ခရီးသွားခြင်းကို ခုံမင်ကြသူတွေပါ မရှိမဖြစ် ဆောင်ထားတတ်ကြတဲ့ အသုံးအဆောင်ပစ္စည်းဆိုရင်လည်း မမှားပါဘူး။ Binoculars မှာသိထားရမယ့် အစိတ်အပိုင်းလေးတွေကို ပြောပြပါ့မယ်။ အဲ့တာတွေကတော့ eyepieces, body, focus k**b နှင့် objective lensတို့ပဲဖြစ်ပါတယ်။
ဒီတော့ binocularsကို အသုံးပြုတော့မယ်ဆိုရင် သိထားရမယ့်အချက်လေးတွေ ရှိပါတယ်။ အဲ့ဒီထဲကမှ အရေးကြီးတဲ့ အချက်တစ်ချို့ကို ဒီနေ့မှာ ပြောပြပေးမှာပဲ ဖြစ်ပါတယ်ဗျာ။

* 8x 42, 7 x 40, 10 x 50, 12 x 60, ????
အခုအပေါ်မှာ ရေးထားတဲ့ ဂဏန်းတွေက သင်္ချာတွက်ပြနေတာမဟုတ်ပါဘူး 😁။ အဲ့ဒါလေးတွေက မှန်ဘီလူး ကိုင်ဆောင်တဲ့ သူတိုင်း တွေ့မြင်နေရမယ့် အရေးကြီးတဲ့ အချက်လေးပါ။ ဥပမာ 10 x 50 မှန်ဘီလူးမှာဆိုရင် ရှေ့က ဂဏန်း(10)က ပုံကို ချဲ့ပြီးမြင်ရမယ့် မှန်ဘီလူးရဲ့ magnifying powerကိုပြောတာပါ။ နောက်က ဂဏန်း(50)ကတော့ Objective Lens ရဲ့ အကျယ်ကို milimeterနဲ့ ပြောတာပါ။ နံပတ်ကြီးလေလေ မြင်ကွင်းပိုကျယ်လေလေပါပဲ။ ပြီးတော့ ဘယ်လောက်အကွာအဝေးဆိုရင် ဘယ်လောက်အဝေးလိုပဲ မြင်ရမယ်ဆိုတာလည်း ရှိပါသေးတယ်။ ဥပမာ ၁၀၀၀မီတာအဝေးက အရာကို ၁၂၄မီတာအဝေးကလို့မြင်ရတယ်ဆိုတာမျိူးပေါ့။ မြင်ကွင်းကို ဘယ်လောက်နီးနီးထိဆွဲပေးနိုင်လဲဆိုတာကို ရည်ညွှန်းတာပါ။

* အမျိုးအစားများ
မှန်ဘီလူးမှာ အမျိုးအစားအနေနဲ့ကတော့ အများကြီးရှိပေမယ့် အဓိက ၂မျိုးကိုပြောပြပေးပါမယ်။ အဲ့ဒါတွေကတော့ roof prism binoculars နဲ့ porro prism binoculars တို့ပဲဖြစ်ပါတယ်။ Roof prismအမျိုးအစားကတော့water proof ဖြစ်ပြီး စိုစွတ်တဲ့ နေရာတွေမှာ အသုံးပြုနိုင်ပါတယ်။စျေးလည်းများပါတယ် Porro prism အမျိုးအစားကတော့ ရေစိုမခံပါဘူး၊ စိုထိုင်းတဲ့ ရာသီဥတုမှာ မှန်ဘီလူးထဲ ရေငွေ့ဝင်နိုင်ပါတယ်။ သူ့ရဲ့ အဓိကအားသာချက်ကတော့ roof prism တွေထက် စျေးသက်သာတာပါပဲ။

ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲ။
နောက်တစ်ခါကျရင် prism တွေမှာ အုပ်တဲ့ coatingတွေအကြောင်း ပြောပြပါမယ်။

မှန်ဘီလူးလေးတွေကို စိတ်ဝင်စားလို့ ဝယ်ယူချင်တယ်ဆိုရင် ကျွန်တော်တို့ရဲ့ M3Z Family Online Shop မှာ ဝယ်ယူရရှိနုင်ပါတယ်ဆိုတဲ့ အကြောင်း သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ။
မိတ်ဆွေအပေါင်း စီးပွားလာဘ်လာဘ ဒီရေအလား ဆထက်တံပိုး တိုးပွားကြပါစေ



tools

သံလိုက်အိမ်မြှောင်များ အကြောင်း သိမှတ်စရာသံလိုက်အိမ်မြှောင်ဆိုတာကတော့ လမ်းကြောင်းရှာဖွေတဲ့အခါ အရပ်မျက်နှာတည်နေရာ ကို ဖော...
24/11/2021

သံလိုက်အိမ်မြှောင်များ အကြောင်း သိမှတ်စရာ

သံလိုက်အိမ်မြှောင်ဆိုတာကတော့ လမ်းကြောင်းရှာဖွေတဲ့အခါ အရပ်မျက်နှာတည်နေရာ ကို ဖော်ပြနိုင်တဲ့ လမ်းကြောင်းပြကိရိယာ တစ်ခုဖြစ်ပါတယ်

ဒီနေ့မှာတော့ ကျွန်တော်တို့ M3Z Familyကနေပြီးတော့ သံလိုက် အိမ်မြှောင်အမျိုးမျိုး ရှိသည့်အနက်မှ အသုံးအများဆုံး သံလိုက်အိမ်မြှောင် (၃)မျိုးအကြောင်းကို ပြောပြပေးမှာဖြစ်ပါတယ်..

နံပတ်(၁) Baseplate compass
ဘေ့စ်ပလိတ် သံလိုက်အိမ်မြှောင်ဟာဆိုရင်တော့ မြေပုံဖတ်တဲ့ အခါ အများဆုံးအသုံးပြုတဲ့ သံလိုက်အိမ်မြှောင်ပဲဖြစ်ပါတယ်။ သူ့မှာဆိုရင်တော့ ကိုယ်ထည် ပလတ်စတစ်ပြားပေါ်မှာ ထည့်သွင်းထားတဲ့ လားရာညွှန်းအမှတ်အသား၊ စကေး၊ ဒီဂရီအမှတ်တို့ပါဝင်ပါတယ်။ Trekking , hikingသမားတွေ အများဆုံးအသုံးပြုလေ့ရှိပါတယ်။

နံပတ်(၂) Lensatic compass
သူကတော့ စစ်သုံး သံလိုက်အိမ်မြှောင်ပဲဖြစ်ပါတယ်။
သူကတော့ မြေပုံဖတ်တာအပြင်..ပကတိမြေပြင်အနေအထားမှာလည်း တည်နေရာညွှန်းကိန်း ရှာပေးနိုင်ပါတယ်။ စစ်တပ်တွေမှာအသုံးများပြီး..တချို့သော စွန့်စားလေ့လာသူတွေ အသုံးပြုကြပါတယ်

နံပတ်(၃) GPS compass
သူကတော့ ခေတ်မီနည်းပညာဖြစ်တဲ့ GPSကို အသုံးပြုပြီးဖန်တီးထားတာဖြစ်ပါတယ်။ ကျွန်တော်တို့ နေ့စဥ်အသုံးပြုနေတဲ့ စမတ်ဖုန်းတွေထဲမှာ applicationတစ်ခုအနေနဲ့ ထည့်သွင်းအသုံးပြုနိုင်ပြီ...အလွယ်ကူဆုံး..သံလိုက်အိမ်မြှောင်ပဲဖြစ်ပါတယ်။
ဟုတ်ကဲ့..သံလိုက်အိမ်မြှောင်အကြောင်းကတော့ ဒီလောက်နဲ့ပဲ ရပ်နားပါရစေခင်ဗျာ။ ဖတ်ရှုပေးသူအားလုံးကိုလည်း ကျေးဇူးအထူးပဲတင်ရှိပါတယ်။ နောက်လည်း ဗဟုသုတရစရာအကြောင်းအရာတွေကိုလည်း တင်ပေးသွားပါဦးမယ်။..အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ..

Address

Pyay Road
Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 15:00

Telephone

+959771590324

Website

Alerts

Be the first to know and let us send you an email when M3Z Family Online Shopping posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share