LadyChaw OnlineShop

LadyChaw OnlineShop အသုံးအဆောင်အမျိူးမျိုးနှင့်အဝတ်အထ?

သူ့ရဲ့အရသာကလေ 😋 ချိုစိမ့်ကြွတ်ရွမွလေးစက်ကြာမုန့်လေး🥰ကိုယ်တိုင်အရမ်းကြိုက်လို့ အမြဲဝယ်စားဖြစ်တဲ့မုန့်လေး😃😄တစ်ထုပ်.... ၁၂၀...
08/12/2022

သူ့ရဲ့အရသာကလေ 😋 ချိုစိမ့်ကြွတ်ရွမွလေး
စက်ကြာမုန့်လေး🥰
ကိုယ်တိုင်အရမ်းကြိုက်လို့ အမြဲဝယ်စားဖြစ်တဲ့မုန့်လေး😃😄
တစ်ထုပ်.... ၁၂၀၀mmk
စမ်းချောင်းမြို့နယ်အတွင်းဆို ၁၀ထုပ်မှစပြီး deli free ပို့ပေးပါတယ်ရှင့်
အိမ်လာယူလို့လည်းရပါတယ်🥰🥰
ကဲ အကုန်မြန်တာမို့ အခုပဲ Hello လိုက်တော့နော်😀
၀၉-၈၈၁၈၇၆၂၂၄

08/12/2022

Hello

ငယ်တုန်းကပိုက်ဆံမရှိတော့ဘူးလို့မိဘကိုအမြဲညာတတ်တယ်ကြီးလာတော့ပိုက်ဆံရှိသေးတယ်ဆိုပြီးမိဘကိုအမြဲညာပြန်တယ်ငယ်တုန်းကမိဘပိုက်ဆံ...
08/01/2022

ငယ်တုန်းက
ပိုက်ဆံမရှိတော့ဘူးလို့
မိဘကိုအမြဲညာတတ်တယ်

ကြီးလာတော့
ပိုက်ဆံရှိသေးတယ်ဆိုပြီး
မိဘကိုအမြဲညာပြန်တယ်

ငယ်တုန်းက
မိဘပိုက်ဆံနဲ့ မိဘက
ပစ္စည်းဝယ်ခိုင်းရင်
ဈေးအမြဲ ပိုပြောတတ်တယ်

ကြီးလာတော့
ကိုယ့်ပိုက်ဆံနဲ့ မိဘကို
ပစ္စည်းဝယ်ပေးတတ်လာတော့
ဈေးအမြဲ လျော့ပြောပြန်တယ်

ငယ်တုန်းက
အခက်အခဲနည်းနည်းမရှိလိုက်နဲ့
ရှိတာနဲ့အိမ်ပြန်ရောက်တာနဲ့ ငိုယိုပြီး
မိဘကိုတိုင်တန်းတတ်တယ်

ကြီးလာတော့
အပြင်မှာအဆင်မပြေလေ
အိမ်ရောက်ရင်ပြုံးလေပဲ

ကိုယ်ကတဖြည်းဖြည်းနဲ့
ရင့်ကျက်လာသော်လည်း
မိဘကြတော့အိုးမင်းရင့်ရော်သွားပြီ

Crd--------

တာထွက်ချိန်ချင်းမတူကြပါအိုဘားမားကအသက်၅၅နှစ်မှာ အနားယူတယ်။ဒေါ်နယ်ထရမ့်ပ်ကအသက်၇၀မှာ စတင်တာဝန်ထမ်းဆောင်တယ်။ဘန်ကောက်ကစင်ကာပူ...
04/12/2021

တာထွက်ချိန်ချင်းမတူကြပါ
အိုဘားမားက
အသက်၅၅နှစ်မှာ အနားယူတယ်။
ဒေါ်နယ်ထရမ့်ပ်က
အသက်၇၀မှာ စတင်တာဝန်ထမ်းဆောင်တယ်။
ဘန်ကောက်က
စင်ကာပူထက် တစ်နာရီပိုစောတယ်။

ဒါပေမယ့်
⏩ဘန်ကောက်တစ်နေ့တာနဲ့
⏩စင်ကာပူတစ်နေ့တာဟာ
ကြာချိန်ချင်းတော့ အတူတူပါပဲ။

ဘန်ကောက်က
ပို..........မမြန်သလို
စင်ကာပူက
ပို..........မနှေးပါဘူး။

တချို့က
အသက်၂၂နှစ်မှာ ဘွဲ့ရကြတယ်။
ဒါပေမယ့်
ဘဝအာမခံချက်ရှိတဲ့အလုပ်မျိုးရဖို့
၅နှစ်လောက် အချိန်ယူနေရတယ်။

တချို့က
အသက်၂၅နှစ်လောက်နဲ့ CEOဖြစ်လာတယ်။
အသက်၅၀လောက်ကျတော့ အနိစ္စရောက်ရော။

တချို့ကျတော့
အသက်၅၀ကျမှ CEOနေရာရောက်တယ်။

ပြီးတော့
အသက်၉၀လောက်ထိ နေသွားရတယ်။

တကယ်တော့
ကမ္ဘာပေါ်ကလူတစ်ဦးချင်းစီဟာ

သူတို့ရဲ့ ကိုယ်ပိုင်Time Zoneကိုအခြေခံပြီး
အလုပ်လုပ်နေကြတာပါ။

ဥပမာ-

ကျွန်တော်အခု
ဒီစာကိုရေးနေတဲ့အချိန်က
သောကြာနေ့ နေ့လယ်၁၁နာရီဝန်းကျင်။
ကျွန်တော်ရုံးတက်နေရတယ်။

ဒါပေမယ့်
လော့စ်အိန်ဂျလိစ်က

ရုံးဝန်ထမ်းတစ်ယောက်အတွက်တော့
ကြာသပတေးနေ့ ည၁၀နာရီဝန်းကျင်။

သူဘီယာသောက်ရင်သောက်နေမှာပေါ့။
ကျွန်တော်တို့အနေနဲ့
ကိုယ့်ပတ်ဝန်းကျင်ကိုတစ်ချက်ပြန်ကြည့်ရင်

လူတချို့က
ကျွန်တော်တို့ထက် ရှေ့ရောက်နေတယ်။
တချို့ကတော့
ကျွန်တော်တို့နောက်မှာကျန်ခဲ့တယ်ဆိုတာမျိုး
ခံစားရပါလိမ့်မယ်။

ဒါပေမယ့်
တကယ်တမ်းတော့ တစ်ယောက်ချင်းစီဟာ
သူတို့ရဲ့ကိုယ်ပိုင်ပြေးလမ်းအတိုင်း

ပြေးနေကြတာပါ။

#တစ်ယောက်နဲ့တစ်ယောက်ပြေးလမ်းချင်းမတူကြဘူး။

ပိုအရေးကြီး တာက
တာထွက် ချိန်. ချင်း မ တူ ကြ တာ ပဲ
တစ်စုံတစ်ယောက်ဟာ အမြင်အားဖြင့်

⏩ကျွန်တော်တို့ရှေ့ကိုရောက်နေသည်ပဲဖြစ်စေ
⏩နောက်မှာကျန်ခဲ့သည်ပဲဖြစ်စေ

မနာလိုစရာ / ဝမ်းနည်းစရာ မလိုအပ်ပါဘူး ။
သူ.......
⏩ဘယ်နေရာကစပြီးတာထွက်တယ်
⏩ဘယ်နေရာမှာပန်းဝင်မယ်ဆိုတာ
ကျွန်တော်တို့သိနိုင်ကြလို့လား။

သူတို့က
သူတို့Time Zoneကိုအခြေခံပြီး
အလုပ်လုပ်တယ်။

ကျွန်တော်တို့က
ကျွန်တော်တို့Time Zoneကိုအခြေခံပြီး
အလုပ်လုပ်တယ်။
အရေးကြီးတာက

# ကိုယ့်အတိုင်းအဆနဲ့ကိုယ်ပုံမှန်ကြိုးစားနေဖို့ပါပဲ။
အချိန်တန်ရင် ပန်းတိုင်ရောက်ပါလိမ့်မယ်။

အဲဒါကြောင့်
စိတ်အေးအေးထားပါ။
ကျွန်တော်တို့ ကြိုရောက်မနေပါဘူး။

ဒီလိုပဲ
ကျွန်တော်တို့ နောက်ကျမနေပါဘူး။
" ရပ် မ နေ ဖို့ ပဲ လို အပ် ပါ တယ်။ "

Credit : Original writer

Hello December🤗
01/12/2021

Hello December🤗

Just Kidding😁😁Fighting!!!!💪💪
15/11/2021

Just Kidding😁😁Fighting!!!!💪💪

13/11/2021

ငယ်ငယ်တုန်းကတော့ ပိုက်ဆံရှိလာရင် ပုဇွန်ခြောက်တွေ စိတ်ကြိုက်ဝယ်စားမယ်လို့ တွေးခဲ့ဖူးတယ်။ အမေ ပုဇွန်ခြောက်ဗူး ဖွက်ထားတုန်းက ကြိမ်းဝါးခဲ့တာ။

နည်းနည်း အသက်ကြီးလာတော့ ဝက်သားတုတ်ထိုးကို တုတ်ချောင်း မရေတွက်ပဲနဲ့ စားနိုင်အောင် ပိုက်ဆံရှာရမယ်လို့ ထပ်တွေးပြန်တယ်။

တုတ်ထိုးတစ်ချောင်း ငါးဆယ်တန်ဆိုင် ရှာရတာ သိပ်ခက်သလို အိပ်ကပ်ထဲ ငွေတစ်ထောင်နဲ့ တုတ်ထိုးကို ချိန်ဆစားရတာလည်း သိပ် ပင်ပန်းခဲ့တယ်။

ဒီအချိန်မှာတော့ ပုဇွန်ခြောက်လည်း အဝစားနိုင်သလို ဝက်သားတုတ်ထိုးလည်း ရေတွက်မစားရလောက်တော့ပါဘူး။

ဒါပေမဲ့ ပုဇွန်ခြောက်က ငယ်ငယ်တုန်းကလောက် မချိုတော့သလို ဝက်သားတုတ်ထိုးလည်း အရင်လောက် အရသာမရှိတော့ဘူး။

ဘာမှမဟုတ်ဘူးလို့ထင်တဲ့ ဆန္ဒသေးသေးလေးတွေဟာ အဲဒီအချိန်ကျတုန်းကတော့ ဘဝကြီးဖြစ်နေတတ်တာကို ပြောချင်တာပါ။

တချို့ဆန္ဒတွေက လိုချင်တုန်း လိုအပ်တုန်းသာ အဓိပ္ပါယ်ရှိတာ။
အချိန်တခုကျော်လွန်တဲ့အခါ ဒါတွေဟာ အရင်လို မချိုမြိန်တော့ဘူး။
Crd

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအားအလေးပြုပါသည်
19/07/2021

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအားအလေးပြုပါသည်

Address

Baho Road
Yangon

Telephone

+959796160856

Website

Alerts

Be the first to know and let us send you an email when LadyChaw OnlineShop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to LadyChaw OnlineShop:

Shortcuts

Share