Myanmar K-Power Group Company Limited

Myanmar K-Power Group Company Limited Clothing, Sport Wears & Sport Gears Distribution.

Happy birthday to September Born🎉🎉September Born လေးတွေအားလုံးမွေးနေ့မှစ ပျော်ရွှင်ချမ်းမြေ့ပြီး လိုအင်ဆန္ဒတွေပြည့်ဝကြစေ...
07/09/2026

Happy birthday to September Born🎉🎉

September Born လေးတွေအားလုံးမွေးနေ့မှစ ပျော်ရွှင်ချမ်းမြေ့ပြီး လိုအင်ဆန္ဒတွေပြည့်ဝကြစေဖို့ K-Power မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်🙏

Leader က အမိန့်ပေးသူမဟုတ်ဘူး။ Team ကို ဦးဆောင်ပေးနိုင်သူပါ။ 👔 Leader တစ်ယောက်က “ဒီဟာလုပ်” “ဒါလုပ်” ဆိုပြီး အလုပ်ခိုင်းတတ...
05/09/2026

Leader က အမိန့်ပေးသူမဟုတ်ဘူး။ Team ကို ဦးဆောင်ပေးနိုင်သူပါ။ 👔

Leader တစ်ယောက်က “ဒီဟာလုပ်” “ဒါလုပ်” ဆိုပြီး အလုပ်ခိုင်းတတ်ရုံနဲ့ Leader မဖြစ်သေးပါဘူး။

တကယ့် Leader ဆိုတာ—
💡 Team Member တွေရဲ့ အမြင်ကို နားထောင်ပေးတယ်။
🤝 အခက်အခဲရှိရင် အတူဖြေရှင်းပေးတယ်။
🎯 Team ရဲ့ Goal ကို ရှင်းရှင်းလင်းလင်း သိအောင် ပြောပြတယ်။
🚀 ကိုယ်တိုင်လုပ်ပြပြီး Team ကို လမ်းပြတယ်။
👏 အောင်မြင်မှုရရင် Team ကို Credit ပေးတယ်။

“ငါ့အောက်မှာ အလုပ်လုပ်နေတဲ့ လူတွေ” ဆိုတဲ့ Mindset ထက်
“ငါတို့ Team” ဆိုတဲ့ Mindset က ပိုအရေးကြီးပါတယ်။

Leader ကောင်းတစ်ယောက်ရဲ့ အောင်မြင်မှုကို သူ့ရဲ့ Position နဲ့မတိုင်းပါဘူး…
သူ့နောက်က Team ဘယ်လောက်တိုးတက်လာလဲဆိုတာနဲ့ တိုင်းတာပါတယ်။

သင်ကရော ဘယ်လို Leader ဖြစ်ချင်လဲ? 👇

Happy birthday to August Born🎉🎉August Born လေးတွေအားလုံးမွေးနေ့မှစ ပျော်ရွှင်ချမ်းမြေ့ပြီး လိုအင်ဆန္ဒတွေပြည့်ဝကြစေဖို့ K...
06/08/2026

Happy birthday to August Born🎉🎉

August Born လေးတွေအားလုံးမွေးနေ့မှစ ပျော်ရွှင်ချမ်းမြေ့ပြီး လိုအင်ဆန္ဒတွေပြည့်ဝကြစေဖို့ K-Power မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်🙏

“ဝါဆိုလပြည့် ဓမ္မစကြာနေ့”ယနေ့ကျရောက်သော ဝါဆိုလပြည့် ဓမ္မစကြာအခါသမယနေ့မြတ်မှာ ၇ ရက်သားသမီးများအားလုံး စိတ်ချမ်းသာကိုယ်ကျန...
29/07/2026

“ဝါဆိုလပြည့် ဓမ္မစကြာနေ့”
ယနေ့ကျရောက်သော ဝါဆိုလပြည့် ဓမ္မစကြာအခါသမယနေ့မြတ်မှာ ၇ ရက်သားသမီးများအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာ၊ ကုသိုလ်မင်္ဂလာများတိုးပွားပြီး လိုအင်ဆန္ဒမှန်သမျှ အောင်မြင်ဖြစ်ထွန်းကြပါစေကြောင်း ကျွန်တော်ကျွန်မတို့ Myanmar K-Power မိသားစုမှဆုတောင်းမေတ္တာပို့သလိုက်ပါတယ်🙏✨
#ဝါဆိုလပြည့်နေ့

06/07/2026

Happy birthday to July Born🎉🎉
July Born လေးတွေအားလုံးမွေးနေ့မှစ ပျော်ရွှင်ချမ်းမြေ့ပြီး လိုအင်ဆန္ဒတွေပြည့်ဝကြစေဖို့ K-Power မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်🙏

ဇူလိုင်လ (၃) ရက်နေ့မှာကျရောက်တဲ့ “မြန်မာအမျိုးသမီးများနေ့” ကိုကြိုဆိုဂုဏ်ပြုရင်း မြန်မာနိုင်ငံရှိအမျိုးသမီးလေးများအားလုံ...
03/07/2026

ဇူလိုင်လ (၃) ရက်နေ့မှာကျရောက်တဲ့ “မြန်မာအမျိုးသမီးများနေ့” ကိုကြိုဆိုဂုဏ်ပြုရင်း မြန်မာနိုင်ငံရှိအမျိုးသမီးလေးများအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပြီး လိုအင်ဆန္ဒတွေ၊ ရည်မှန်းချက်တွေဖြစ်ထွန်းအောင်မြင်ကြစေဖို့ Myanmar K-Power Group မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်❤️

#မြန်မာအမျိုးသမီးများနေ့

Myanmar K-Power Group Company Limited မှ စီမံခန့်ခွဲမှုတာဝန်ယူထားသူများအတွက် ဒီနေ့ June.6th.2026 မှာ လုပ်ငန်းခွင်အတွင်းပ...
06/06/2026

Myanmar K-Power Group Company Limited မှ စီမံခန့်ခွဲမှုတာဝန်ယူထားသူများအတွက် ဒီနေ့ June.6th.2026 မှာ လုပ်ငန်းခွင်အတွင်းပိုမိုတိုးတက်ရန်၊ အပြောင်းအလဲကိုလက်ခံပြီး လိုက်လျောညီထွေဖြစ်အောင် Modify ဖြစ်အောင်လုပ်ဆောင်နိုင်သော ခေါင်းဆောင်ကောင်းများဖြစ်စေရန်ရည်ရွယ်ပြီး 💎DBU International College မှာ ဆရာဦးတင်ဇံကျော်သင်ကြားပို့ချမှုနဲ့အတူ 𝐀𝐝𝐚𝐩𝐭𝐢𝐯𝐞 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 & 𝐋𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩 သင်တန်းတက်ရောက်ခဲ့ကြပါတယ်။
✅ Adaptability (လိုက်လျောညီထွေရှိခြင်း) က မိမိရဲ့ Value ကို မြှင့်တင်ပေးတယ်
ခေတ်က အမြဲတမ်း ပြောင်းလဲနေတာပါ။ ဆရာဦးတင်ဇံကျော်ပို့ချခဲ့တဲ့ John Wooden ရဲ့ ကောက်နုတ်ချက်လိုပဲ "အချိန်နှင့်တပြေးညီ ပေါ်ပေါက်လာသည့် အခြေအနေဟူသမျှကို ချိန်ညှိဆောင်ရွက်နိုင်စွမ်းသည် လိုက်လျောညီထွေရှိမှုပင် ဖြစ်သည်"။ လုပ်ငန်းခွင်မှာ Adaptability ရှိတဲ့သူတစ်ယောက်ဟာ အတွေးအမြင်သစ်တွေကို ပွင့်လင်းစွာ လက်ခံနိုင်တယ်၊ အပြောင်းအလဲတွေကို ကြိုတင်ခန့်မှန်းနိုင်တယ်၊ ခံနိုင်ရည်ရှိပြီး ဘယ်လိုပတ်ဝန်းကျင်မှာမဆို ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ Team Player ကောင်း တစ်ယောက် ဖြစ်လာစေပါတယ်။

✅ Delegation (ခိုင်းစေခြင်း) နှင့် Empowerment (လုပ်ပိုင်ခွင့်အပ်နှင်းခြင်း) ရဲ့ ကွာခြားချက်
ဒီအချက်ကတော့ ခေါင်းဆောင်တစ်ယောက် ဖြစ်ချင်သူတိုင်း သတိပြုရမယ့်အချက်ပါ။
"လုပ်ငန်းတာဝန်တွေကို ရိုးရိုးခွဲဝေခိုင်းစေတာ (Delegate) က ခိုင်းတဲ့အတိုင်းပဲ လုပ်တတ်တဲ့ 'နောက်လိုက် (Follower)' တွေကိုပဲ ရရှိစေမှာဖြစ်ပြီး၊ ဝန်ထမ်းကို ပန်းတိုင်ပြပြီး ဆုံးဖြတ်ချက်ချပိုင်ခွင့်နဲ့ တာဝန်ယူမှုကိုပါ ယုံကြည်စွာ လွှဲအပ်ပေးခြင်း (Empower) ကသာ ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းရှိတဲ့ 'ခေါင်းဆောင် (Leader)' တွေကို ပေါ်ထွက်လာစေမှာပါ"။

✅ Continuous Learning (စဉ်ဆက်မပြတ် သင်ယူမှု) ကသာ အနာဂတ်အတွက် အာမခံချက်အဖွဲ့အစည်းတစ်ခုမှာဖြစ်ဖြစ်၊ ကိုယ်တိုင်အတွက်ဖြစ်ဖြစ် ရေရှည်အောင်မြင်ဖို့ဆိုရင် "လေ့လာသင်ယူလိုစိတ်ရှိတဲ့ လုပ်ငန်းယဉ်ကျေးမှု (𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐂𝐮𝐥𝐭𝐮𝐫𝐞)" ရှိဖို့ လိုအပ်ပါတယ်။ အမှားတွေဆီကနေ သင်ယူရဲရမယ်၊ အကြံပြုချက် (Feedback) တွေကို လမ်းဖွင့်လက်ခံရမယ်၊ စမ်းသပ်လုပ်ဆောင်ရဲတဲ့ စိတ်ဓာတ် (𝐄𝐱𝐩𝐞𝐫𝐢𝐦𝐞𝐧𝐭𝐚𝐭𝐢𝐨𝐧) ရှိရပါမယ်။ 𝐒𝐭𝐞𝐩𝐡𝐞𝐧 𝐇𝐚𝐰𝐤𝐢𝐧𝐠 ပြောသလိုပေါ့... “𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐢𝐬 𝐭𝐡𝐞 𝐚𝐛𝐢𝐥𝐢𝐭𝐲 𝐭𝐨 𝐚𝐝𝐚𝐩𝐭 𝐭𝐨 𝐜𝐡𝐚𝐧𝐠𝐞.” (အသိဉာဏ် စွမ်းရည် မြင့်မားခြင်းဆိုတာ အပြောင်းအလဲကို လိုက်လျောညီထွေ ကျင့်သုံးနိုင်စွမ်း ရှိခြင်းပါပဲ) အစရှိသည်တို့ကို သင်ယူစေခဲ့ပါတယ်။


ယနေ့ 22.May.2026 တွင် Myanmar K-Power Company မှ ဝန်ထမ်းများအတွက် Cross Culture Training ကို Audit Team မှ ဦးဆောင်ပြီး အ...
22/05/2026

ယနေ့ 22.May.2026 တွင် Myanmar K-Power Company မှ ဝန်ထမ်းများအတွက် Cross Culture Training ကို Audit Team မှ ဦးဆောင်ပြီး အောင်မြင်စွာ ပြုလုပ်ပေးခဲ့ပါသည်။
Training အတွင်းမှာတော့ Audit ဌာနရဲ့အရေးပါပုံများနှင့် လုပ်ငန်းစဥ်များ အကြောင်း၊ ဌာနတစ်ခုနဲ့တစ်ခု ပူးပေါင်းပြီးဆောင်ရွက်ကြရန် အပြင် ဌာနအသီးသီးမှ ဝန်ထမ်းများအနေဖြင့် မတူညီသော Culture များနှင့် ပိုမိုနားလည်စွာ အလုပ်လုပ်နိုင်ရန် အထောက်အကူဖြစ်စေခဲ့ပါသည်။
လုပ်ကိုင်နေရသော ဌာနများမတူ ၊ Culture များမတူပေမယ့် Respect & Understanding နဲ့အတူ တိုးတက်တဲ့ Workplace Environment တစ်ခုကို တည်ဆောက်သွားကြရန် Sharing လုပ်ပေးခဲ့ပါတယ်။

On 22 May 2026, Myanmar K-Power Company successfully conducted a Cross Culture Training session for employees, led by the Audit Team.
During the training, participants gained valuable insights into the role and importance of the Audit Department, its operational processes, and the significance of cross-department collaboration within the organization.
The session also encouraged employees from different departments to better understand and work effectively with diverse cultures, fostering stronger communication, mutual respect, and teamwork across the workplace.
Although we come from different departments and cultural backgrounds, the training emphasized the importance of building a progressive workplace environment through Respect, Understanding, and Collaboration.

Myanmar K Power Group Company မှာ အောက်ပါရာထူးများကို မန္တလေးရုံးခွဲအတွက် ခေါ်ယူနေပါတယ်။ ✅Inventory Supervisor (Female-2...
14/05/2026

Myanmar K Power Group Company မှာ အောက်ပါရာထူးများကို မန္တလေးရုံးခွဲအတွက် ခေါ်ယူနေပါတယ်။
✅Inventory Supervisor (Female-2 Posts)
✅Jr Accountant (Female-1 Post)
✅ယာဥ်မောင်း - ကျား (၂) ယောက်

💵 Salary – Negotiation
⏰Working Hours – 8:00 Am to 5:00 Pm
📢Offday – Sunday, Public Holiday
🚕Allowance- Ferry Provided, Lunch Provided
📌Location: 72B 114*115 , PyiGyiTaKon Dine, Mandalay
☎️Contact – 09-777046402, 09-777004680
📩Email - [email protected]
စိတ်ဝင်စားမှုရှိပါက အထက်ပါ email ကို တိုက်ရိုက်လျှောက်ထားနိုင်သလို ရာထူးများနှင့်ပတ်သတ်ပြီး အသေးစိတ် JD များကို အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Address

Yangon

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Telephone

+959772004319

Website

Alerts

Be the first to know and let us send you an email when Myanmar K-Power Group Company Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share