13/06/2026
ဖြစ်ပုံ 😂 ဖြစ်ပုံ 🤪ပြောပြမယ် ဖတ်တာကြည့်တော့ ကျမတို့အိမ်မှာ မမမီးဆိုတဲ့ အမဝမ်းကွဲတစ်ယောက်ရှိတယ် 9ရက်နေ့က ကျမကမေမေ့ကို ထမင်းကျွေးနေတုန်း ဆိုင်ရှေ့မှာ red&blue စီးကရက်ကားကရောက်လာရော အာ့နဲ့ ကျမက မမမီး လက်သစ်လား လက်ဟောင်းလားလို့မေးပေးပါလို့ပြောလိုက်တာ အယ်မတို့ရယ် အော်ပြီး အားရပါးရမေးလိုက်တယ်
မျက်စိလား နှာခေါင်းလား တဲ့ 😂😁😂
ကျမလေ စိတ်တွေကလည်းတို ဘာပြောလို့ပြောရမှန်းတောင် မသိတော့ဘူး
🤭🤭🤭😓😓😓
အာ့ နဲ့ မေမေ ခဏလေးနော် ဆိုပြီး ကျမဘဲ ဆိုင်ရှေ့ကို သွားရပါတော့တယ်ရှင်
ကျမမှာ အဲ့လိုတွေ အားကိုးရတဲ့သူတွေရှိတယ်လို့ 🤪😓😅🤣
အယ်မတို့ရော ကျမလို အားကိုးရတဲ့သူတွေ အိမ်မှာရှိလားလို့ 😅🤣😂