23/11/2024
* " ပြောရတာထက် လုပ်ရတာခက်တယ် ၊ အထူး သဖြင့် လုပ်ရတာထက် ပြောသလောက်မှန်ကန်ကြောင်းသက်သေပြရတာပိုခက်တယ် "
* ခုတလောတောင်သူတွေဆီကွင်းဆင်းဖို့မကြိုးစားတော့ဘူး ၊ သူတို့ကိုယ်တိုင်က လိုလိုလားလား လာကြည့်ပေးပါဦးဆိုမှဘဲသွားဖြစ်တာများတယ် ။ကိုယ်ရဲ့ထုတ်လုပ်ရောင်းချမှုစနစ်ကိုက တောင်သူအခြေပြုထားတာဆိုတော့ တောင်သူအချင်းချင်း သတင်းစကားကိုဘဲအလေးထားလိုက်တယ် ။
* တခါတလေကြ ပြောပြတာမျိုးကိုသံသယရှိလာရင် မခံချင်တဲ့စိတ်မဟုတ်ပေမဲ့ လုပ်ဘဲပြချင်စိတ်ကြောင့်လုပ်ပြလိုက်တယ် ။အချိန်ယူရပေမဲ့ခိုင်မာတယ် ။
* ခုဘာပြောလာလဲသိလား ! သူတို့မြေကတနှစ်ထက်တနှစ်ညံ့လာတယ် ၊မနှစ်က ၆ဧကကို ၄၂၅တင်းဘဲထွက်တယ်၊ဒီနှစ် ဘန်နီဖစ်ကိုစမ်းသုံးတာ တင်း ၆၀၀ ထွက်တယ် ၊ ဓါတ်မြေတွေဈေးတက်နေချိန်မှာ သဘာဝမြေဩဇာသုံးလိုက်တော့တစ်ဝက်လောက်အကုန် အကျ သက်သာပြန်တယ် ၊ ဒီနှစ်မိုးများတော့ ရောဂါကစုံလို့ ကျွန်တော်တို့ဘဲဘာမှမဖြစ်တာ တဲ့လေ ။
* တောင်သူတစ်ယောက်ရှိသေးတယ် ၊ မနှစ်ကစမ်းသုံးစိုက်ပေးပါရစေဆိုပြီးစံပြကွက်စိုက်ပေးခဲ့တယ် ၊ဒဿမ ၇၀ကို ၉၂ တင်း ( ၁၃၁တင်းနုန်း )ထွက်တယ် ၊ သူ့မြေကကောင်းလို့ထွက်တာပါတဲ့ ။ဒီနှစ်တော့ဥပေက္ခာပြုလိုက်တယ် ၊သူ့စိတ်ကြိုက်မြေသြဇာနဲ့စိုက်တယ်ပေါ ၊ထွက်တော့အသာလေးမေးကြည့်ရတယ် ၊ ကုန်ကျစရိတ်ကနှစ်ဆကျော်ပြီး တင်း ၇၀(၁၀၀တင်းနုန်း)ထွက်တယ် ၊ဒီကြားထဲရွက်ဖျားခြောက်ရောဂါဝင်လို့အတော်ကုလိုက်ရတယ်ဆိုဘဲ ။
* တချို့ကအစွဲကြီးတယ် ၊ သိနေ မြင်နေ လုပ်ပြနေတာတောင်မှ ကံကောင်းလို့ လို့ထင်ကြတယ် ။ ကံကောင်းအောင်ဘယ်လိုကြိုးစားထားရတယ် ရင်းနှီးအားထုတ်ထားရတယ်ဆို့တဲ့အကြောင်းတရားတွေကိုတော့မသိကြပါဘူး။
* Benefits အကျိုးပြုဆိုတဲ့သဘာဝမြေဩဇာထုတ်တဲ့ရည်ရွယ်ချက်ကိုက တောင်သူတွေရဲ့မြေဆီလွှာလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးပြီး အကုန်အကျနည်းနည်းနဲ့အကျိုးအမြတ်များများရစေဖို့ပါ ၊မြေဩဇာချင်းတူရင်ရင်တောင် ဖြေရှင်းပေးကြတဲ့နည်းပညာတွေမတူနိုင်ပါဘူး ၊နည်းပညာချင်းတူရင်နေရင်တောင်ဖြေရှင်းပေးတဲနည်းလမ်းချင်းမတူကြပါဘူး ၊ မြေဩဇာချင်းအတူတူ ၊နည်းပညာချင်းအတူတူ ၊ဖြေရှင်းပေးတဲနည်းလမ်းချင်းအတူတူဖြစ်ဦးတော့ တောင်သူအပေါ်မှာထားရှိတဲ့ရပ်တည်ချက်နဲ့စေတနာထက်သန်မှုကမတူကြတာမို့ တကယ်လို့သာတောင်သူကလိုအပ်မယ်ဆိုရင်နည်းပညာလည်းဖြန်ဝေပေးမယ် ၊လိုအပ်တဲ့အထောက်အကူတွေလည်းပေးဖို့အဆင်သင့်ပါဘဲ ။ ဟင်းစားလည်းပေးမယ်၊ကွန်ချက်လည်းပြမယ်ပေါ့ ။