06/09/2026
Mystery နဲ့ Adventure အရသာကို အပြည့်အဝ ပေးနိုင်တဲ့ Middle Grade Fictions ကောင်းများ Collection
🧩 ဉာဏ်စမ်း ပဟေဠိတွေ (Puzzles)၊ လျှို့ဝှက်ကုဒ်များ (Codes) အဖြေရှာရတာတွေကို ကြိုက်တယ်
🕵🏻♀️ စူးစမ်း စုံထောက်ရတာတွေ၊ Teamwork နဲ့ အဖွဲ့လိုက် စုပေါင်း ပုစ္ဆာဖော်ထုတ်ရတဲ့ Plotlines တွေကို သဘောကျတတ်သူများအတွက်
📖 The Mystery of Black Hollow Lane (by Julia Nobel)
Genre: Boarding School Mystery, Secret Society
🎬 အင်္ဂလန်နိုင်ငံက ရှေးဟောင်းအဆောင်ကျောင်းကို ရောက်သွားတဲ့ Emmy တစ်ယောက် သူ့ရဲ့ ပျောက်ဆုံးနေတဲ့ အဖေနှင့် ပတ်သက်တဲွ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုကို စုံစမ်းဖော်ထုတ်ရမည့် ဇာတ်လမ်း ဖြစ်ပါတယ်။ လျှို့ဝှက်ချက်ပေါင်းများစွာကို တစ်လွှာချင်း ခွာကြည့်ရသလို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ခံစားမှုကိုပေးမယ့် စာအုပ်ပါ။
〰️ 〰️ 〰️ 〰️ 〰️ 〰️ 〰️ 〰️ 〰️ 〰️
📖 Escape from Mr. Lemoncello’s Library (by Chris Grabenstein)
Genre: Puzzle Adventure, Interactive Mystery
🎬 နာမည်ကျော် ကစားစရာဒီဇိုင်နာကြီး ဆောက်လုပ်ထားတဲ့ နည်းပညာမြင့် စာကြည့်တိုက်ကြီးထဲမှ ၁၂ နာရီအတွင်း ပဟေဠိများဖြေရှင်းပြီး ထွက်ပေါက်ရှာရမယ့် ပျော်စရာစွန့်စားခန်း ဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ စာပေဆိုင်ရာ Trivia များနှင့် ဉာဏ်စမ်းများစွာ ပါဝင်တာမို့ စာဖတ်သူကိုယ်တိုင်က character တွေနဲ့အတူ ပဟေဠိလိုက်ဖော်ရတဲ့ အတွေ့အကြုံကို ပေးယ့် စာအုပ်ပါ။
〰️ 〰️ 〰️ 〰️ 〰️ 〰️ 〰️ 〰️ 〰️ 〰️
📖 The Mysterious Benedict Society and the Riddle of Ages (by Trenton Lee Stewart)
Genre: Mind-Bending Mystery, Teamwork & Friendship
🎬 ထက်မြက်တဲ့ ပါရမီရှင် ကလေးတစ်ရဲ့ ပဟေဠိဖော်ထုတ်မှု စွန့်စားခန်းဖြစ်ပြီး၊ အခက်အခဲနဲ့ အန္တရာယ်အသစ်တွေကို အဖွဲ့လိုက် ဉာဏ်သုံးပြီး ရင်ဆိုင်ကြရမယ့် ဇတ်လမ်းလေးပါ။
〰️ 〰️ 〰️ 〰️ 〰️ 〰️ 〰️ 〰️ 〰️ 〰️
📖 The Westing Game (by Ellen Raskin)
Genre: Classic Mystery, Whodunit, Newbery Medal Winner
🎬 သန်းကြွယ်သူဌေးကြီး Samuel W. Westing သေဆုံးသွားပြီးနောက် သူ့ရဲ့ အမွေဆက်ခံသူ ၁၆ ဦးကို ၂ ယောက်တစ်တွဲတွဲပြီး သူ့ကိုသ.တ်ခဲတဲ့ လူသ.တ်သမားကို ရှာဖွေခိုင်းတဲ့ ဂိမ်းတစ်ခု စတင်ခဲ့ပါတယ်။
ဇာတ်ကောင်တိုင်းမှာ လျှို့ဝှက်ချက်စီရှိကြပြီး ကစားပွဲစတိုင် ရေးဖွဲ့ထားတဲ့ လှည့်ကွက် (Twist) များနဲ့ စာအုပ်ကောင်းတစ်အုပ်။
〰️ 〰️ 〰️ 〰️ 〰️ 〰️ 〰️ 〰️ 〰️ 〰️
📖 Holes (by Louis Sachar)
Genre: Adventure Mystery, Fate & Family Secrets, Newbery Medal Winner
🎬 မတရား စွပ်စွဲခံရပြီး Camp Green Lake ပြစ်ဒဏ်ခေတ်စခန်းသို့ ပို့ဆောင်ခံခါးရတဲ့ Stanley Yelnats တစ်ယောက် ကန္တာရထဲမှာ ကျင်းတွေ တူးရင်းကမှ အတိတ်နှင့် ဆက်စပ်နေတဲ့ လျှို့ဝှက်ချက်ကြီးကို ဖော်ထုတ်မိသွားပါတယ်။ အတိတ်နှင့် ပစ္စုပ္ပန် ဇာတ်ကြောင်းများကို အကွက်စေ့စေ့ ချိတ်ဆက်ပြထားပြီး စာအုပ်ကိုလက်ကချမရအောင်ကို ဆွဲဆောင်နိုင်လွန်းတဲ့ ဂန္ထဝင်မြောက် စွန့်စားခန်း ဇာတ်လမ်းကောင်း တစ်အုပ် ဖြစ်ပါတယ်။
〰️ 〰️ 〰️ 〰️ 〰️ 〰️ 〰️ 〰️ 〰️ 〰️
📖 The Whipping Boy (by Sid Fleischman)
Genre: Historical Adventure, Friendship & Identity, Newbery Medal Winner
🎬 မင်းသားလေး အမှားလုပ်ရင် မင်းသားအစား ရိုက်နှက်ပြစ်ဒဏ်ခံယူရတဲ့ ကောင်လေး Jemmy နဲ့ ဆိုးသွမ်းပြီး စာမကြိုးစားတဲ့ မင်းသား Horace တို့ နန်းတော်ထဲကနေ ထွက်ပြေးကြရင်း ဓားပြတွေနဲ့ တိုးပြီး ဘေးအန္တရာယ် စွန့်စားခန်းတွေနဲ့ ရင်ဆိုင်ရတဲ့ ဇာတ်လမ်း ဇတ်လမ်းလေးဖြစ်သလို ရယ်ရတဲ့ ရသစုံ စာအုပ်လေး ဖြစ်ပါတယ်။
〰️ 〰️ 〰️ 〰️ 〰️ 〰️ 〰️ 〰️ 〰️ 〰️
🌟 ၆ အုပ် လုံးက 🏆 Newbery Award Winner သို့မဟုတ် Newbery Award Norminated စာအုပ်တွေပါ။
✔️ Age: 9 ကနေစပြီး ဖတ်လို့ရတဲ့ Middle Grade Fiction အမျိုးအစားတွေဖြစ်ပါတယ်။
✔️ Reading Levels (CEFR Level) တွေအရဆိုရင်
B1 - B2+ Level များဖြစ်ပါတယ်။