Calm Chaos Kome

Calm Chaos Kome Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Calm Chaos Kome, Hobby Store, North Okkalapa, Yangon.

20/03/2026

Life is a mix of skincare, cooking, meetings, assignments,
meal prep because I’m responsible (sometimes),
café exploring because I’m a foodie,
and a sword because life gets dramatic for no reason. 🙄

This page is for:
• the ones who meal-prep but still order food
• the ones who use skincare but forget water
• the ones who plan to sleep early but never do
• the ones who procrastinate but still get things done
• the ones balancing office work, student chaos, and small joys

I share the things that keep me functioning —
food I cook, food I find, routines that save me,
tools that help, tiny habits, tiny jokes,
and the chaos that makes life weirdly interesting.

Calm Chaos Kome.
Life is chaos. Kome if you want.

07/08/2024
14/02/2024
Henry's fav Serum 4 မျိုးထဲက ရာသီဥတုနဲ့အကိုက်ဆုံး 2 မျိုးပါ အဲ့ပြင် budget serum တွေမို့ 1မျိုးတော့သုံးကိုသုံးကြည့်သင့်😐...
07/05/2023

Henry's fav Serum 4 မျိုးထဲက ရာသီဥတုနဲ့အကိုက်ဆုံး 2 မျိုးပါ အဲ့ပြင် budget serum တွေမို့ 1မျိုးတော့သုံးကိုသုံးကြည့်သင့်😐

ဥတုပူလို့ skincare ဖို့လက်ဖျားခါနေပေမယ့် glow လည်း glow ချင်သပဆိုသူတွေအတွက် sharing လုပ်ပေးချင်လို့ပါ just short content ❣️

ဘာလို့လဲဆို အဆီထိန်းပေးနိုင်တဲ့ function တွေအပြင် နည်း''ဆိုဆိုသလောက် effective ဖြစ်လို့ပါ ဒါကိုမှ piggy serum လေးက whitening ဘက် Niacinamide က Brighting ဘက် တူတူလောက်ဘဲ

တစ်ထပ်တည်းမတူပေမယ့်

-ချွေးပေါက်ကျဉ်းချင်တယ်
-အသားကြည်ချင် ဖြူချင် အမဲစက်သက်သာချင်
-အဆီပြန်သက်သာချင်
-ရေဓာတ်ပြည့်ပြီး Skin barrier strong ဖြစ်ချင်တယ်
Etc... Overall ဒီ effect တွေလိုချင်တယ် ရွေးမယ်ဆိုတစ်ခုပဲကြည့်ရမယ်

ဝက်ခြံသမားက whitening ရှောင်ပြီး

ဝက်ခြံသမား oily သမား ဒါမှမဟုတ်
brightening ပိုလိုချင်ရင် Niacinamide ကိုရွေး နည်း''တော့ risk များမယ်

ဝက်ခြံမဆိုးဘူး risk မယူချင် ပေါ့ပေါ့ပါးပါး brightening effectလေးလိုချင်တယ်ဆို Piggy serum ကိုရွေး

Dry skin or Zincနဲ့မတည့်တာမျိုး Zinc သုံးရင် Vit C နဲ့ခြားပေးရမှာမျိုး‌ေတွတော့မပြောတော့ဘူး‌ေပါ့နော်
(တစ်မျိုး ရွေးပြီးပြီးဆိုရင်‌တော့ Detail review လေးတွေဖတ်ကြည့်"ပါဗျ✌️)

နောက်တစ်ခု❤️‍🔥 NEXT STEP နေနဲ့

၂မျိုးလုံးက moisturizer ကောင်း"လိုတယ်
ကောင်းကောင်းဆိုတာ ဈေးကြီးတာမဟုတ်ဘဲ

Aqua💦 base နဲ့ သိပ်သည်းတဲ့ formula ရှိတဲ့ brand ‌တွေပါ

Lebelage ကိုတော့အကြိုက်ဆုံး
1.Lebelage Water drop Ampoule cream🌟
2.Lebelage Collagen hyaluronic cream🌟
3.Greymelin Mugwort calming gel
4.Iunik calming gel🌟
5.Clinique DD gel
6.Loreal Alore vera Moisturizer
Etc..

မှတ်ညဏ်ကကောင်းကောင်းဆိုတော့ နာမည်တွေတောင်မမှန်ဘူးရယ်🥴 ဒါမဲ့ရှာလို့ရလောက်အောင်ရေးထားပါတယ်

🌟တွေက oxidized မဖြစ်ဘဲ budget လည်း save သုံးလို့လည်းကြိုက်တဲ့ ဟာလေးတွေပါ

PIGGY SERUM က Hyaluronic acid ကနောက်တစ်ထပ်လိမ်းမဲ့ moisture molecules တွေကိုဆွဲယူပြီး ထိန်းသိမ်း support လုပ်ပေးမှာမို့ moisturizer မကောင်းရင် မသုံးရင် ကိုယ့်skin အတွင်းက moisture တွေကိုပြန်ဆွဲနိုင်ပြီး loss မဖြစ်တောင် မfine ဘူပေါ့ဗျာ

The Ordinary Niacinamide+Zinc ကတော့ Ingredients အနေနဲ့ ထည့်နိုင်တဲ့ အမြင့်ဆုံး Niacinamide % ပါတဲ့အပြင် Zinc ပါပါလာတဲ့အခါ exfoliating သဘောဖြစ်လာပြီး ဆဲလ်သေတွေဖယ်ပြီး ဆလ်‌သစ်တွေဖြစ်တဲ့အခါ ဝက်ခြံတွေကန်ထွက်လာမဲ့အပြင် အသားခြောက်ခြင်းကို ကာကွယ်ဖို့ moisturizer မဖြစ်မနေ လိုအပ်ပါတယ် သူကတော့အ‌ရေးအကြောင်းနဲ့ အမဲစက်တွေအပြင် pinkish color လေးနဲ့ skin ကို glow glass လာမှာပါ

Knowledge နဲ့ပတ်သက်ရင် ဘယ်နယ်ပယ်မဆို ကျယ်ပြန့်တာမို့ လိုအပ်ချက်ရှိနိုင်ပြီး
ဒီထပ်ပိုသိချင်‌တယ် ဘာရွေးရမှန်းမသိဘူး အခြားအကြောင်းတွေပါ သိချင်သပဆို Henry's cb ကိုအချိန်မရွေး Hi လိုက်ပါဗျ

ဈေးသက်သက်သာနဲ့ Authentic လေးတွေလိုချင်လည်း Henry ကိုမှာလို့ရပါတယ်

Hello my lovely cus ✨ပထမဦးဆုံး တစ်မူထူးခြားတဲ့ ..အောင်ပန်း လဖ္ဘက်​ခြောက်ကောင်း🍃''လေးကို အဆင်ပြေတဲ့ amount လေးနဲ့ ထုပ်ပိ...
28/10/2022

Hello my lovely cus ✨
ပထမဦးဆုံး တစ်မူထူးခြားတဲ့ ..
အောင်ပန်း လဖ္ဘက်​ခြောက်ကောင်း🍃''လေးကို အဆင်ပြေတဲ့ amount လေးနဲ့ ထုပ်ပိုးထားပြီး စတင်မှာယူနိုင်ပြီလည်းဖြစ်ပါတယ်။

တစ်ထုပ်စျေးနှုန်း - ၁၀၀၀ ကျပ်
◾ ၇ ကျပ်သားက အရွက်ကြီးဖြစ်ပြီး
◾ ၅ကျပ်သားက ရွက်သေးဖြစ်ပါတယ်။
နှစ်မျိုးလုံးက premium quality ဖြစ်ပါတယ်။( အဲ့လဲ့ ps: packing တော့မပါဘူး 😄)

အနံ့အရသာနှင့်ပြည့်စုံတာမို့ တကူးတစ်က အောင်ပန်းထိမသွားရပါဘဲ အောင်ပန်းဒေသထွက်လဖ္ဘက်ခြောက် စစ်''ကို မင်''ဆီမှာ မှာယူသောက်သုံးနိုင်ပါပြီ။

COD အိမ်ရောက်ငွေရှင်းဖြင့်မှာယူနိုင်ပါသည်။
Chat box / 09751753618
မင်''က မြောက်ဥက္ကလာ ကမို့ မ/ဥအတွင်း deli ခသက်သာပါသည်။❣

Attention plz✨ အိမ်၊ခြံ၊မြေ၊ကား နဲ့ ရွှေငွေ... ဆိုတာ ပိုက်ဆံရှိလေ ဝယ်စုထားလို့ကောင်းလေဟုတ်။ဒါနဲ့ ဒီလိုခြံမျိုးကို ဘာလို့...
14/11/2021

Attention plz✨ အိမ်၊ခြံ၊မြေ၊ကား နဲ့ ရွှေငွေ... ဆိုတာ ပိုက်ဆံရှိလေ ဝယ်စုထားလို့ကောင်းလေဟုတ်။

ဒါနဲ့ ဒီလိုခြံမျိုးကို ဘာလို့ရောင်းရတာလဲ‼
( အပန်းမကြီးရင် မေတ္တာဖြင့် share ပေးနိုင်ပါတယ် 💗)

▪ ပဲခူးဟံသာဝတီလေဆိပ်🖼 စီမံကိန်းကို သိတယ်ဟုတ်။
ခု​တော့ခဏရပ်ထားပေမယ့် တစ်ချိန်ကျဒီ​မြေနေရက Inter air pot ကြီးနားက ခေါင်ခိုက်နေမယ့် အလုအယက်ဝယ်လာနိုင်ခြေ ရှိတဲ့မြေနေရာပါ။

▪ ပဲခူးသားဆို မဇင်းဆယ်ကို သိတယ်ဟုတ်။
ကျောင်းသားတွေတစ်ဝှီးဝှီး လာတဲ့နေရာက နောက် ကိုက် ၃၀၀ ​တောင်မဝေးဘူး ကိုက်နော်။

▪ပဲဲခူးမြို့ရှောင်လမ်းကနေ မဇင်းဆယ်သို့ဆို ကွန်ကရစ်လမ်းကဖြူးနေပြီ လမ်းတစ်လျှောက်သာဝင်လာ သုံးကျော့လောက်ပြန်ပတ်ချင်မယ့် လမ်းမျိုး ''ဦးသီလဗိမ္မာန်'' ဘုန်းကြီးကျောင်းရဲ့ရှေ့တည့်တည့် အဲ့ဒါတောင်ကုန်းလေးပေါ်က ခြံတစ်ဝက် မျက်နှာစာက ပေ ၁၀၀ ထက်ကျော်တကိုး.... ⛺

DETAILS:
မျက်နှာစာ ပေ 100 ကျော်
ဝါးရုံပင်မှ သီဟိုပင်ထိ
ခန့်မှန်းခြေ 100 ' × 80 (မေ''ဆုံးပြီး သေချာမသိပေမယ့် အကုန်စစ်ပေးလို့ရ)(ဘိုးဘွားပိုင်မြေ)
အရှုပ်အရှင်းကင်း ဆလစ်အမည်ပေါက်...🌟

သိန်း ၅၁၀ ကိုအလျှော့အတင်းရှိပါတယ်
‼ဘာလို့လဲဆို သွားမကြည့်နိုင်တာရယ် အဆင်မပြေတာရယ်ပေါ့နော်🙂 ပွဲစား အကျိုးဆောင် ရ
(Contact လုပ်ပေးပါ 09:751753618
09:5184818)

တကယ်မိုက်တဲ့ခြံပါ honest review ပါ⛅✨
(skincare တွေနဲ့ရောကုန်ပြီ)
ပြည်တွင်းဖြစ်ကိုအားပေးပါ​ေနာ့်ပလိစ် 😂❣
(နိုင်ငံရေး post တွေဖုံးသွားရင် တောင်းပန်ပါတယ်နော် ပျော်မနေပါ)

Recycle လုပ်လို့မရရင် Eco bricks တွေလုပ်မယ် mental health လည်းအထောက်အကူဖြစ်မယ်။🍃 သဘာဝပတ်ဝန်းကျင်ကို ချစ်​ကြတဲ့သူတိုင်း z...
07/10/2021

Recycle လုပ်လို့မရရင် Eco bricks တွေလုပ်မယ် mental health လည်းအထောက်အကူဖြစ်မယ်။🍃

သဘာဝပတ်ဝန်းကျင်ကို ချစ်​ကြတဲ့သူတိုင်း zero waste ဆိုတာနဲ့အကျွမ်းဝင်သလို recycle ဆိုတာနဲ့လည်းရင်းရင်းနှီးနှီး ရှိကြပြီးသားဖြစ်ပါတယ်။

ဒါပေမယ့် Eco bricks ကတော့တစ်ချို့တွေ သိပ်မရင်းနှီးကြသေးဘူးလို့ ထင်တာကြောင့် အကျယ်တစ်ဝင့် မဟုတ်ပေမယ့် စတင်ပြုလုပ်လို့ရအောင် sharing လုပ်ပေးချင်ပါတယ်။🤘❣

Eco bricks ကလုပ်ရတာ လွယ်ကူပြီး
သင့်ရဲ့ mental health ကိုလည်း တကယ်အထောက်အကူပြုနိုင်ပါတယ်။ တကယ်လား?

ဘာလို့လဲဆို
environmentalist (အသုံးပြုလို့ရမလားမသိ) သမားတွေက မြန်မာနိုင်ငံအခြေအနေနဲ့ဆို တော်တော်ကြီးကို အားရစရာမရှိတာပါ🤦‍♂️
အဲ့ကြားထဲကမှ
နေ့စဥ်ဘဝမှာ စတိုးဆိုင်က
Plastic အိတ်မယူလိုက်တာ
recycle bag လေးသုံးတာ
မုန်းဟင်းခါးဘာညာ ဂျိုင့်လေးသုံးဝယ်လိုက်ရတာ

အရင်ကဆို တစ်မြို့လုံးဆိုးဝါးနေတာသိပေမယ့်
တစ်နေရာလောက်က
​အမှိုက်ပုံကြီးတွေ မြောင်းတွေ
နောက်ဖေးလမ်းကြားတွေ squid လိုက်
သိမ်းလိုက်ရှင်းလိုက်ကြတာ မျိုးတွေဆို
တစ်ခြားသူတွေထက်
အပျော်တစ်မျိုး ပီတိတစ်မျိုးထူးကဲရတတ်ကြတယ်မလား

အဲ့လိုမျိုးပဲ နေ့စဥ်ဘဝမှာ eco brick ထဲထည့်စရာတွေဆိုတာပုံလို့ Eg.,သကြားလုံးခွံ၊ နေကြာစိအိတ်ခွံလို၊ ကော်ဖီမစ် အခွံ(ပုံစံမပျက်ရင် ဖျာရက်လို့ရတယ်)၊ ရေသန့်ဗူးကပလက်စတစ်တံဆိပ်ခွံ aluminum foil တွေ နို့မုန့်ဗူးထဲက foil အခွံလိုအရာတွေပေါ့ ဖြစ်နိုင်တာတွေ ပြောရင်တော့မကုန် စဥ်းစားပြီးထည့်ကြပေါ့

သေးသေးမွှားမွှားတွေလည်းဖြစ် အမြဲတမ်းထည့်ချင်စရာလည်းဖြစ်နေတာမို့ အမှိုက်တစ်ခုထည့်လိုက်တိုင်း ရလာတဲ့ပီတိက သင့်ရဲ့ mental health ကိုအထောက်အကူပြုပြီး productive rate ကိုမြင့်မြင့်လာစေနိုင်တာပါ ဘယ်လောက်အကျိုးရှိလဲ😎💁‍♂️

Eco bricks လုပ်နည်းဖြည့်စွက်ချက်(ပုံမှာအဓိက)

1️⃣- ခုနကပြောတဲ့အရာတွေကို အတတ်နိုငိဆုံးသေးသေး ဖြစ်အောင်လိမ်ပြီးညှပ်ပြီးထည့်ပါ။
1.5 or 2L ဗူးခွံတွေပဲသုံးတာကောင်းတယ်

2️⃣- ပြီးရင် ဗူးခွံထဲမှာနေရာလွတ်မကျန်ကျစ်ကျစ်လစ်လစ်ဖြစ်အောင်ပြထားတဲ့တုတ်တံအမာနဲ့အောက်ခြေရောက်အောင်ထိုးသိပ်ပါ။
(တုတ်တော့နည်းနည်းရှာဖို့လိုမယ်)

3️⃣- ဗူးခွံထဲပြည့်သွားရင် ဗူးကို နင်းကြည့်ပါ ချိုင့်၀င်သွားတာမရှိရင် အုတ်ခဲလိုမာတဲ့ eco brickရပါပြီ။

*ပြန်သုံးလို့လည်းမရ recycle လည်းလုပ်လို့မရတဲ့ အပေါ်ကဥပမာလို အရာတွေပဲနော် စက္ကူတွေနဲ့ အရည်ထွက် bacteria တက်တဲ့ သားငါး သီးနှံအမှိုက်ခွံလို့အရာတွေ မထည့်ရဘူးနော်...

အသုံးပြုနည်းတွေကိုတော့ နောက်တစ်ခေါက်မှာ သေချာရှာဖွေပြီး ထပ်တင်ပေးပါ့မယ်။



Pics credit :
(စကားလုံးအသုံးအနှုန်း၊ information လိုအပ်တာရှိရင် ဖြည့်စွက်အကြုံပေးပါ😘 )

တံဆိပ်လည်းမရိုက်ဘူး ဘူးသစ်လည်းမသုံးဘူး😃Fighter လိုစျေးသက်သက်သာ''နဲ့ ရောင်းပေးမလို့မင်မင်က zero waste🌎♻ ကိုတက်ကြွအားပေးတာ...
25/09/2021

တံဆိပ်လည်းမရိုက်ဘူး ဘူးသစ်လည်းမသုံးဘူး😃
Fighter လိုစျေးသက်သက်သာ''နဲ့ ရောင်းပေးမလို့

မင်မင်က zero waste🌎♻ ကိုတက်ကြွအားပေးတာကြောင့်ရယ် စျေးသက်''သာ'' နဲ့ သုံးရအောင်ရယ်ကြောင့်💓 ဘူးသစ်မသုံးဘူး 1L ကို refill အနေနဲ့သုံးကြပေါ့နော်...sec water bottle🔄 တွေကို ပြန်ဝယ် သေချာဆေးပြီးမှသုံးပါတယ်။

တံဆိပ်မရိုက်တာလည်း စျေးသက်သာအောင်ရယ် ( hobby+business)အခုမှအစပျိုးထားရုံ:(ရှိသေးတယ် မအေးလို့စ်(အဲကွန်း)ကြောင့်ရယ်😈 LS ကိုပဲလှူဖို့ရော သုံးဖို့ရော ထုတ်ဖို့အတွက်အဆင်ပြေဆုံးမို့... အားပေးကြပါအုံး ဟဲ'' ( အခဲလေးတွေက ပျော်မနေတော့ စမ်းလည်းမစမ်းချင်ဘူး ပိုက်''လည်း မဖြုန်းချင်ဘူးဆိုတော့ကာလေ...)

Description:)
လေဖောနေတာ ဘာမှန်းမသိဖြစ်နေအုံးမယ်😅
ဆပ်ပြာဆီပါဗျ ဘက်စုံသုံး ( especially ပန်ကန်ဆေးနဲ့ အဝတ်လျှော်အတွက် သုံးစေချင်ပါတယ် လက်လုံးဝမပေါက်ပါဘူး ဒါပေမယ့် လက်ဆေးသီးသန့်မသုံးစေချင်ပါဘူး )
ရှယ်စပ်ထားတဲ့ သံပုရာနဲ့ -----အနံ့သင်း''လေးကတော် လန်းဆန်း​ပြီး luxဆန်နေရောပဲ ဘာအနံ့လဲသုံးပြီးဖြေပေးရင် gift ပေးအုံးမှာ ပျင်းနေလို့😆

‼💰
အဲ့လောက်စျေးသက်သာနေချင်တာ
ဘယ်လောက်လဲဆို 1L - 700ks နဲ့.....
ရောင်းနိုင်လောက်အောင်ပါပဲ😎🤘(Q ကစိတ်ချ)
-လက်ကားပါ ရတယ် (အများကြီးတော့မရဘူး🙁)

Contact: Ph-09751753618, Page Messenger

How it passed midnight tonight. 💙🎶...tired🤕Simple form:  Multipurpose lime🍋liquid soap🌊 (order)Not SLS free:  more inten...
30/08/2021

How it passed midnight tonight. 💙🎶...tired🤕

Simple form:
Multipurpose lime🍋liquid soap🌊 (order)

Not SLS free: more intended for dishwashing and laundry.
1 liter - 700ks
12 liter - 8000ks
--------------------------------------------------------------------
Plastic waste မဖြစ်အောင် ♻
ပိုမိုစျေးသက်သာအောင် သန့်ရှင်းသော ရေသန့်ဗူးခွံများအား ပြန်လည် အသုံးပြုသည်။
--------------------------------------------------------------------

ဘက်စုံသုံး သံပုရာဆပ်ပြာဆီ🍋
SLS free မဟုတ်ပါ: ပန်ကန်ဆေးခြင်းနှင့်အဝတ်လျှော်ချင်းအတွက် ပိုမိုရည်ရွယ်ပါသည်။
၁လီတာ - ၇၀၀ ကျပ်
၁၂ လီတာ - ၈၀၀၀ ကျပ်

FYI🍃Journalism📰 ကိုဝါသနာအပါကြီးမဟုတ်ပေမယ့် English လေ့လာရင်း ဗဟုသုတရရုံ content ရေးရင်လည်းအဆင်ပြေအောင် တက်​​ဖြစ်ပါတယ်။အရ...
30/08/2021

FYI🍃
Journalism📰 ကိုဝါသနာအပါကြီးမဟုတ်ပေမယ့် English လေ့လာရင်း ဗဟုသုတရရုံ content ရေးရင်လည်းအဆင်ပြေအောင် တက်​​ဖြစ်ပါတယ်။

အရမ်းလည်းမခက် heavy မဖြစ်ပဲ Canvas Network ကလည်းသုံးရတာအဆင်ပြေလို့ အချိန်လေးဖဲ့ပြီး learn လုပ်စေချင်ပါတယ် ပိုနေတဲ့အချိန်လေးတွေအကျိုးရှိအောင် sharing လုပ်ပေးတာပါ။
(Page ကအခုမှပြန်ရတယ်)

ခုတစ်ပတ်တော့ Scholarship Opportunities တွေအပြင် ဆုကြေးငွေတွေပါ ရမယ့် Fellowship၊ Paid Internship နဲ့ Free Course တွေကိုလည်း MYEO ကနေ ထပ်မံမျှဝေပေးလိုက်ပါတယ်💚💚👇👇

✅ English for Journalism Free Course
အင်္ဂလိပ်စာနဲ့ Journalism လေ့လာသူတွေ လက်မလွှတ်သင့်တဲ့ အွန်လိုင်းမှတဆင့် အခမဲ့လေ့လာသင်ယူနိုင်မယ့် အခွင့်အလမ်း
📍Deadline - As soon as possible
Program အကြောင်းအသေးစိတ်ကြည့်ရှုရန်
Link >> https://bit.ly/englishforjournalism

✅ Outreachy Internship Program
Global organization တစ်ခုဖြစ်တဲ့ Outreachy အဖွဲ့အစည်းမှာ အွန်လိုင်းကနေ ဆက်သွယ်လုပ်ကိုင်နိုင်မယ့် Paid Internship အလုပ်အကိုင်အခွင့်အလမ်း
📍Deadline - September 3, 2021
Program အကြောင်းအသေးစိတ်ကြည့်ရှုရန်
Link >> https://bit.ly/outreachyinternship

✅ Facebook Fellowship Program
Ph.D ကျောင်းသားတွေ Computer Science နဲ့ Engineering field အတွက် Research paper လုပ်ပြီး ဆုငွေ $42000 နဲ့ တခြားဆုကြေးတွေလည်း ရယူနိုင်မယ့် အခွင့်အလမ်း
📍Deadline - September 20, 2021
Program အကြောင်းအသေးစိတ်ကြည့်ရှုရန်
Link >> https://bit.ly/facebookfellowshipprogram

✅ Harvard Academy Scholars Program
Ph.D တက်ရောက်မယ့် ကျောင်းသားတွေအနေနဲ့ အမေရိကန်နိုင်ငံမှာ သွားရောက်ပညာသင်ယူနိုင်မယ့် Fully Funded Scholarship အခွင့်အရေး
📍Deadline - October 1,2021
Program အကြောင်းအသေးစိတ်ကြည့်ရှုရန်
Link >> https://bit.ly/harvardscholarsprogram

✅ Boise State University Undergraduate Scholarships
Undergraduate ကျောင်းသားတွေအနေနဲ့ တစ်နှစ်ကို $16,920 အထိ ရရှိနိုင်မယ့် Partially Funded Scholarship အခွင့်အရေး
📍Deadline - October 15, 2021
Program အကြောင်းအသေးစိတ်ကြည့်ရှုရန်
Link >> https://bit.ly/boiseundergraduate

အခုလို Scholarship Opportunities တွေ သာမကဘဲ Scholarship ရဖို့ ပြင်ဆင်လေ့လာသင့်တဲ့ အချက်တွေနဲ့ Online Safety, Digital Skills နဲ့ Mental Health အကြောင်းအရာများကိုလည်း သိချင်ရင်တော့ အောက်က Link ကနေ ၀င်ရောက်လေ့လာလို့ ရပါတယ်။
👉👉Link >> https://bit.ly/myeo_library

အခွင့်အလမ်း‌တွေကို တစုတစည်းတည်း အပတ်စဉ်ဝေမျှပေးသွားမှာဖြစ်လို့ MYEO Page ကို မျက်ခြေမပြတ်စေနဲ့နော်။🤩

ဒီအခွင့်အလမ်းတွေကို တခြားသူတွေကိုလည်း Share လုပ်ပေးဖို့ ‌တိုက်တွန်းလိုက်ပါတယ်။🤗



Credit:Red Movement ‼️လုံးဝအုပ်ချုပ်လို့မရစေရ လူထုလှုပ်ရှားမှု  ---------------------------------------------------ကိုယ်...
08/04/2021

Credit:
Red Movement ‼️
လုံးဝအုပ်ချုပ်လို့မရစေရ လူထုလှုပ်ရှားမှု
---------------------------------------------------

ကိုယ်နေတဲ့ နေအိမ်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ် အသီးသီးက လမ်းသွယ်၊ လမ်းမတွေ၊ ဓာတ်တိုင်၊ နံရံ၊
ကားမှတ်တိုင်တွေ အားလုံးကို ဆေးနီတွေသုံးပြီး

🔴အနီရောင် ဖုံးလွှမ်းကြ။

🔴အနီရောင်စာရွက်တွေကပ်ကြ။

🔴အနီရောင်အဝတ်အစားတွေ ထုတ်လှမ်းကြ။

🔴အနီရောင်အလံတွေ ထောင်ကြ။

🔴အနီရောင်အဝတ်တွေ ကို ဆင်မြန်းကြ။

အနီရောင်ဟာ လူထုရဲ့ အာဏာဖီဆန်ခြင်း ပြယုဂ်တခုဖြစ်တယ်။

ဧပြီ ၈ ရက်နေ့ ရန်ကုန်ကစမယ့် အနီရောင်လှုပ်ရှားမှု ဟာ ပြည်သူလူထုက စစ်ကောင်စီကို တုန့်ပြန်တဲ့
" လုံးဝအုပ်ချုပ်လို့ မရစေရ " ရာဇသံဖြစ်တယ်။

Gen Z နဲ့ ပြည်သူလူထုအပေါင်းတို့ ခင်ဗျား....
ဧပြီ ၅ ရက်နေ့က စပြီး ရန်ကုန်မြို့က ပြန့်ပွားပျံ့နှံ့မယ့်
အနီရောင်လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ကြပါ။

" လုံးဝအုပ်ချုပ်လို့မရစေရ " သံဓိဌာန် နဲ့ ကျင့်သုံးလှုပ်ရှားမှုဟာ အာဏာရှင်တွေ အမတန်ကြောက်ရွံ့တဲ့ လှုပ်ရှားမှု ဖြစ်တယ်။
အနီရောင်လွှမ်းတဲ့ တိုက်တွေ လမ်းတွေ ဆိုင်တွေ
လူတွေ များလာတာနဲ့ အမျှ ကျွန်တော်တို့ရဲ့ ဆန့်ကျင်မှု ဟာ
ပိုပြီး အသက်ဝင် လာ ပါလိမ့်မယ်။

" အရေးတော်ပုံ အောင်ရမည် "


#လုံးဝအုပ်ချုပ်လို့မရစေရ



Address

North Okkalapa
Yangon
11031

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 00:00

Telephone

+9595124629

Website

Alerts

Be the first to know and let us send you an email when Calm Chaos Kome posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category