Korea Collections by Htet

Korea Collections by Htet Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Korea Collections by Htet, Shopping & retail, Yangon.

01/01/2021
အသားကောင်းလွန်းလို့ ကျေနပ်နေပြီ 😍တစ်မျိုးဝယ်ရုံနဲ့ ၃ မျိုးပါတယ်နော်😱Code - P 669Price -  20000SZ.  S to 2Xl (3 in 1)Preo...
28/12/2020

အသားကောင်းလွန်းလို့ ကျေနပ်နေပြီ 😍
တစ်မျိုးဝယ်ရုံနဲ့ ၃ မျိုးပါတယ်နော်😱
Code - P 669

Price - 20000
SZ. S to 2Xl (3 in 1)

Preorder ဖြစ်လို့ အနည်းဆုံး ၃ပတ်စောင့်ရပါမယ်နော်🍀

ကျေးဇူးပြုပြီး စောင့်နိုင်မှ မှာယူပေးပါရှင်🍀

မှာပြီး cancel မရပါ ❌❌❌

#မြို့ပေါင်း ၄၀ ကျော် ကို အိမ်ရောက်ငွေချေဖြင့် ပို့ဆောင်ပေးတယ်ရှင်

Merry Christmas 2020
25/12/2020

Merry Christmas 2020

" စိတ်ဓာတ်ကျတိုင်း အမြဲဖတ်ဖို့ "♣♣♣♣♣♣♣♣♣◼ လိုချင်တာတွေများနေရင် _ ရင်မောရတတ်တယ် ။◼ ဖြစ်ချင်တာတွေများနေရင် _ စိုးရိမ်နေရ...
23/12/2020

" စိတ်ဓာတ်ကျတိုင်း အမြဲဖတ်ဖို့ "
♣♣♣♣♣♣♣♣♣

◼ လိုချင်တာတွေများနေရင် _ ရင်မောရတတ်တယ် ။
◼ ဖြစ်ချင်တာတွေများနေရင် _ စိုးရိမ်နေရတတ်တယ် ။
◼ မျှော်လင့်တာတွေများနေရင် _ ပူပန်နေရတတ်တယ် ။

◼ မလိုအပ်တဲ့အရာတွေကိုလည်း _ မခင်တွယ်မိစေနဲ့ ။
◼ စိုးရိမ်သောကတွေကိုလည်း _ လိုအပ်တာထက်မပိုနဲ့ ။
◼ မဖြစ်သေးတဲ့ကိစ္စကိုတွေးပြီး _ သောကမရောက်ပါနဲ့ ။

◼ လောကဓံဆိုတာ...
◼ မလိုချင်တာတွေလည်း _ ရလာတတ်တယ်...။
◼ မဖြစ်ချင်တာတွေလည်း _ ဖြစ်လာတတ်တယ်..။
◼ မမျှော်လင့်တာတွေလည်း _ ကြုံလာရတတ်တယ်....။

◼ ကိုယ်လိုချင်တာတွေမရလို့လည်း_ စိတ်ညစ်မနေပါနဲ့”
◼ ကိုယ်မလိုချင်တာတွေရပြီး စိတ်ညစ်နေရတဲ့သူတွေ
◼ လောကြီးမှာ ဒုနဲ့ဒေးရှိနေပါတယ်....။

◼ ”အတိတ်ကရခဲ့တဲ့ နာကျင်စရာတွေကို မေ့လိုက်ပါ”
◼ ဒါပေမဲ့ အဲ့ဒီကရလိုက်တဲ့ သင်ခန်းစာတွေကိုတော့
◼ ဘယ်တော့မှ မေ့မပစ်လိုက်ပါနဲ့....။

◼ ”ရင့်ကျက်မှုတွေရဖို့ မျက်ရည်တွေနဲ့ ရင်းခဲ့ရတယ်”
◼ ”ခွင့်လွှတ်တတ်ဖို့ သည်းခံစိတ်တွေ မွေးခဲ့ရတယ်”
◼ ”နာလည်ပေးဖို့ ဒေါသတွေ လျှော့ခဲ့ရတယ်”
◼ ”အဆင်ပြေသွားဖို့ ဖြစ်ချင်တာတွေ စွန့်လွှတ်ခဲ့ရလို့ပါ”

◼ လူ့ဘဝ လူ့သက်တမ်းဆိုတာက..
◼ ဖိနပ်တစ်ရံလိုပါပဲ ရုပ်ဝတ္တူတွေနောက် လိုက်ရင်း ……
◼ ပျော်ရွှင်မှုတွေဆီလျှောက်ရင်း ……
◼ ပါးလျကုန်ကျရတာလေ....
◼ ဘဝဟာတိုတိုလေးမို့ အမုန်းတရားတွေနဲ့
◼ အချိန်ကုန်မခံပါနဲ့.....။

◼ ပြောချင်တာက...
◼ လောကဓံဆိုတာ လူတိုင်းကြုံနေရတာပါ..။

◼ အောင်မြင်လိုက် ရှုံးနိမ့်လိုက်နဲ့ပေါ့..
◼ ဘယ်သူမှ တသမတ်တည်း မရှိနိုင်ပါဘူး..။

◼ ဒါဟာ သဘာဝပါပဲ...။

◼ သဘာဝရဲ့ တခဏကို ……
◼ ထာဝရလို့ မထင်လိုက်ပါနဲ့လို့ ပြောလိုက်ပါရစေ..။

ကြမ်းတမ်းတဲ့စကားကို ပြောဖို့ကြံရွယ်လိုက်တိုင်း ……
ဆွံ့အပြီးစကားမပြောနိုင်သူများကို သတိရမိပါရစေ။

အစားအသောက်မကောင်းလို့ စိတ်ညစ်မိတဲ့အခါတိုင်း ……
စားစရာမရှိ၍ ငတ်ပြတ်နေသောသူများကို သတိရမိပါရစေ။

ကိုယ့်ဇနီးနဲ့မိသားစုကို စိတ်ကျေနပ်မှု မရှိကာစိတ်တို……
ဒေါသထွက်သည့်အခါတိုင်း တစ်ကိုယ်တည်းအဖော်မဲ့ကာ ……
အထီးကျန်နေသူများကို သတိရမိပါရစေ။

ကိုယ့်ဘဝကိုယ် မကျေမနပ်ဖြစ်မိသည့်အခါတိုင်း ……
ရှင်သန်ခြင်းဘဝအား စောစီးစွာကျောခိုင်းသွားရသူများကို……
သတိရမိပါရစေ။

ကိုယ့်သားသမီးများကို စိတ်ကျေနပ်မှု မရှိသည့်အခါတိုင်း……
သားသမီးမရနိုင်၍ ယူကြုံးမရဖြစ်နေသူများကို သတိရမိပါရစေ။

တစ်ယောက်ယောက်က စည်းကမ်းလိုက်နာမှု အားနည်းလို့……
ကိုယ့်အိမ်နဲ့ ပတ်ဝန်းကျင်အပေါ် မကျေမချမ်း၊
စိတ်တို ဒေါသထွက်နေပါက နေစရာအိမ်မရှိလို့ ……
လမ်းပေါ်အိပ်၊ လမ်းပေါ်စားနေရသူများကို သတိရမိပါရစေ။

ကားမောင်းရတဲ့လမ်းခရီးဟာ ရှည်လျားကြမ်းတမ်းလို့ ……
ငြီးငွေ့၊ စိတ်တို ၊ဒေါသထွက်နေပါက အဲဒီလမ်းခရီးကိုပဲ ……
လမ်းလျှောက်သွားနေရတဲ့ သူများကို သတိရမိပါရစေ။

ကိုယ့်အလုပ်မှာ ပင်ပန်းလွန်းလို့၊ အဆင်မပြေတာတွေကြုံရလို့
မကျေမချမ်းဖြစ်ကာ စိတ်ညစ်နေပါက
အလုပ်လုပ်ချင်သော်လည်း အလုပ်မရရှိကြသူများ၊
အလုပ်ထုတ်ခံရသူများ၊ ကိုယ်အင်္ဂါချို့တဲ့သဖြင့်
အလုပ်မလုပ်နိုင်သူများကို သတိရမိပါရစေ။

တစ်စုံတစ်ယောက်ကို အပြစ်မြင်ကာ စိတ်တို၊ဒေါသထွက်နေပါက
မိမိကိုယ်တိုင် အမှားတစ်ခုမဟုတ်တစ်ခု ပြုမိခဲ့ဖူးတာကို
သတိရမိပါရစေ။

အဆင်မပြေမှုများကြုံတွေ့ကာ စိတ်ဓာတ်ကျနေပါက
အနည်းဆုံးတော့ အသက်ရှင်သန်နေသေးတယ်ဆိုတာကို
သတိရမိပါရစေ။]

Credit
အလွမ်း ရက်တွေ လွန်ပါစေ

" အသည်းနဲ့ကျောက်ကပ် ကြိုက်တာလာ ငယ်နိုင်လို ပျောက်စေတဲ့ ဆေးစွမ်းကောင်း ဆင်နှာမောင်းပင် "" ဆေးပင်ကြို ပုံ "၁။ ဆင်နှာမောင်း...
22/12/2020

" အသည်းနဲ့ကျောက်ကပ် ကြိုက်တာလာ ငယ်နိုင်လို ပျောက်စေတဲ့ ဆေးစွမ်းကောင်း ဆင်နှာမောင်းပင် "

" ဆေးပင်ကြို ပုံ "

၁။ ဆင်နှာမောင်းပင် ၄ / ၅ ပင်ခန့် ကို ( အရွက်၊ အရိုး၊ အမြစ် ပါမကျန် )
ရေ သေချာစွာဆေးပါ။

၂။ ရေဆေးပြီးသား ဆင်နှာမောင်းပင်ကို ဓားဖြင့် နှုတ်နှုတ်စဉ်းပါ။

၃။ ထိုနောက် မြေအိုးထဲတွင် ရေသင့်တင့်ရုံ ထည့်ပြီး ၃ ခွက် ၁ ခွက် တင်အောင်
မီးသွေးမီးဖိုဖြင့် ကျိူပါ။ ( ထန်းလျက် ၃ ခဲ ခန့် ထည့်ကျိူ ပါက ဆေးသောက်ရတာ
ပိုပြီးအဆင်ပြေပါတယ်။ အာနိသင်လည်း ပိုရှိပါတယ်)

၄။ ကျိူ ပြီးသား ဆေးရည်ကို အချိန်အနည်းငယ်မျှကြာအောင် အအေးခံပါ။
၅။ ခပ်နွေးနွေးလေး ဖြစ်သောအခါ မနက် ၁ကြိမ် ည ၁ကြိမ် သောက်ပါ။

"မိတ်ဆွေ၏အသည်းနဲ့ ပတ်သက်သော ရောဂါ၊ ကျောက်ကပ်နှင့် ပတ်သက်သော ရောဂါကို ငွေကုန်ကြေးကျ မရှိပဲ သက်သာပျောက်ကင်းနိုင်ပါပြီ။"

ပုံပါအပင်က အခုမြင်နေရသော ကျနော် သမီးငယ်လေး
ရဲ့ကယ်တင်ရှင်ဆေးပင်လေးပါ။

အပင်နာမည်ကဆင်နှာမောင်းပင် နားကပ်ပင်လို့လည်း
ခေါ်ပါတယ် ။

သမီးလေ ၂၀၁၅ း၂၀၁၆.ခုနှစ် ပညာတက္ကသိုလ်ပညာ
သင်နှစ်နဲ့ ၂၀၁၆ း ၂၀၁၇ ပညာသင်နှစ်တွေမှာကျောက်ကပ်ဖြစ်ပြီး ကျောင်းမတက်နိုင်ဘဲဆေးခန်းဆေးရုံး အထူကုတွေနဲ့အချိန်ကုန်ခဲ့ပါတယ်။

ယခုပုံပါအပင်ဖြစ်တဲ့ ဆင်းနှာမောင်းပင်အား မြန်မာဆေးဆရာက အပင်နုတ်.ရေဟြေင်အောင်ဆေး၍ ပဉ္စ ငါးပါးပြုတ်၍ သောက်ခိုင်းခဲ့ရာ

ရောဂါသည် လုံးဝပေါက်ကင်းသက်သာပြီး ယခုနှစ်တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပါတယ်။

မိဘပြည်သူတွေလည်း ဤဆေးပင်လေးအကြောင်း သိအောင်နှင့်ဆေးစွမ်းလေးအကြောင်း တင်ပြပေးလိုက်ပါတယ်။

ကျောက်ကပ်နဲ့ပတ်သတ်လျှင် အထူးကောင်းကြောင်း
ကိုယ်တွေ့ခံစားရလို့မျှဝေးပေးလိုက်တာပါ။

Aung Zaw Soe

"ပိုက်ဆံရှာပါ ငွေစုပါ"*ပိုက်ဆံရှာမှဖြစ်တော့မယ်လို့တွေးမိတဲ့အချိန်ဟာခရီးတစ်ခုကိုစတင်ဖို့ လက်မှတ်စဝယ်တာနဲ့တူပါတယ်။-လောကမှာ...
22/12/2020

"ပိုက်ဆံရှာပါ ငွေစုပါ"
*ပိုက်ဆံရှာမှဖြစ်တော့မယ်လို့
တွေးမိတဲ့အချိန်ဟာ
ခရီးတစ်ခုကိုစတင်ဖို့ လက်မှတ်
စဝယ်တာနဲ့တူပါတယ်။
-လောကမှာပိုက်ဆံရှိမှ အရာရာကို
ပိုအဆင်ပြေနိူင်ပါတယ်။
*မိသားစုထဲမှာကြည့်ပါ-
ပိုက်ဆံရှာနိူင်သူက
ပိုအရေးပါအရာရောက်ပါတယ်။
*အပေါင်းအသင်းတွေကြားထဲကြည့်ပါ-
ပိုက်ဆံရှိတဲ့သူက ပိုပြီး
လူရာဝင်ပါတယ်။
*လူမှုအဖွဲ့အစည်းတစ်ခုခုကိုကြည့်ပါ-
ပိုက်ဆံရှိတဲ့သူက ပိုပြီးအရာ
ရောက်ပါတယ်။
*ဒါဟာလောကကြီးထဲမှာ
ရာခိုင်နူန်းတော်တော်များများ
ဖြစ်နေတာပါ။
*ဘယ်နည်းနဲ့ကြည့်ကြည့်-
သင်-ပိုက်ဆံရှာပြီးငွေစု ရပါမယ်။
*သင့်မှာပိုက်ဆံရှိမှ-
သင်ချစ်တဲ့သူတွေအတွက်
သင်လုပ်ချင်တဲ့အရာတွေအတွက်
သင်ပြောချင်တဲ့စကားတွေအတွက်
သင်လိုချင်တဲ့အရာတွေအတွက်
အားလုံးမဟုတ်ရင်တောင်
တော်တော်များများလုပ်လို့ရမှာပါ။
#ခင်မင်မှုကအရေးကြီးတယ် #
ဟုတ်ကဲ့-လူတော်တော်များများကတော့
ငွေရှိရင်ပိုခင်ကြပါတယ်။
#ရိုးသားမှုကပိုအရေးကြီးတယ် #
ဟုတ်ကဲ့-လူတော်တော်များများကတော့
မရိုးသားရင်တောင် ငွေရှိတဲ့လူဆိုရင်
သိပ်မပြောရဲကြပါဘူး။
#ပညာကပိုအရေးကြီးတယ် #
ဟုတ်ကဲ့-ငွေရှိမှပညာသင်လို့
ရတဲ့ခေတ်မှာ ပညာရွှေအိုးဆိုတာ
ငွေရှိမှဝယ်လို့ရတာပါ။
#ကိုယ်ကျင့်တရားကအရေးကြီးဆုံး #
ဟုတ်ကဲ့-ကိုယ်ကျင့်တရား မကောင်းတဲ့
သူတွေ ငွေရှိနေရင်အမှန်တရားက
ရောက်လာဖို့ခြေလှမ်းက
သိပ်နှေးလွန်းပါတယ်။
#အချစ်ကအရေးကြီးတယ် #
ဟုတ်ကဲ့-ရယ်စရာအကောင်းဆုံး
ပြက်လုံးပါ
လူအားလုံးလိုလိုကတော့
ငွေမရှိရင်ရုပ်ဆိုးတယ်လို့မြင်တယ်
ငွေမရှိရင်နံတယ်လို့ထင်တယ်
ငွေမရှိရင် ရင်မခုန်ကြတော့ပါဘူး။
ဒါပါပဲ-
ဘယ်နည်းနဲ့ပဲတွေးတွေး
ဘယ်ဘက်ကတွေးတွေး
ငွေရှိမှအရာအားလုံးလိုလို
အဆင်ပြေနိူင်ပါမယ်။
*တစ်သောင်းဆယ်ခါဖြုန်းရင်တစ်သိန်း
တစ်သိန်းဆယ်ခါဆိုဆယ်သိန်းပါ။
ကျွန်တော်တို့အများကြီးဖြုန်းခဲ့ပြီးပါပြီ
မလိုတာတွေလည်းဝယ်ခဲ့ဖူးတယ်
မတန်တာတွေလည်းစားခဲ့ဖူးတယ်
မတန်တာတွေလည်းဝတ်ခဲ့ဖူးတယ်
မရှိရင်လည်းချေးငှားပြီးပျော်ခဲ့ဖူးတယ်
သဒ္ဒါမပါပဲကွားဝါပြီးလှူခဲ့ကြဖူးတယ်
အားနာပြီးကုန်ခဲ့ကြဖူးတယ်။
*အချိန်တန်တော့
ကျွန်တော်တို့ဆီမှာအဖတ်တင်ပြီး
ဘာမှမကျန်ခဲ့ပါဘူး။
အသုံးနိူင်ဆုံးဆုလည်းမရခဲ့ပါဘူး
အစားနိူင်ဆုံးဆုလည်းမရခဲ့ပါဘူး
အဝတ်နိူင်ဆုံးဆိုပြီး ကမ္ဘာမကျော်
နိူင်ငံမကျော်ခဲ့ပါဘူး။
*သူ့နေရာနဲ့သူသုံးသင့်တဲ့နေရာသုံး
မဖြုန်းသင့်တဲ့နေရာမဖြုန်းပဲ
စနစ်တစ်ကျစုဆောင်းတဲ့သူတွေ
အလုပ်လုပ်သွားတဲ့သူတွေကသာ
သူဌေးဖြစ်ပြီးနာမည်ကျော်သွားတာပါ။
*ကျွန်တော်တို့ဖြုန်းခဲ့တဲ့အတွက်
ဘာရလိုက်သလဲ- - -?
ဒါကြောင့်-
ကျွန်တော်တို့သိပ်နောက်မကျခင်မှာ
ငွေကိုစပြီးစုကြရအောင်လား-
*ကဲ-မိတ်ဆွေ
သင်ဖြုန်းမယ်ပြင်ထားတဲ့
ငွေစက္ကူတွေကို
အိတ်ထဲပြန်ထည့်ထားလိုက်ပါ။
Credit
မူရင်းရေးသားသူအားလေးစားစွာဖြင့်

Address

Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Website

Alerts

Be the first to know and let us send you an email when Korea Collections by Htet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share