22/08/2021
Antibody Test Kit တွေကို FDA မပေးဘူး??
ယခုအခါ မှာ test kit များကို FDA မပေးဘူး ပေးတယ်ဆိုတာတွေ တွေ့ရလို့ ဒါလေးပြောပြချင်ပါတယ်
Antibody Test kit အများစု(အကုန်နီးပါး) တွေကို WHO ,EUL, FDA က approved မပေးကြပါဘူး
ICMR approved တွေ ရှိပါတယ်
(Indian Council of Medical Research) India ကပေးတာပါ
FDA, WHO, EUL ဘာလို့မပေးတာလဲဆိုတော့ IgG, IgM (immunoglobulin G & M) ဆိုတဲ့ ကိုယ်ခံအား ထွက်တယ် မထွက်ဘူးကိုပဲဖော်ပြနိုင်တာပါ
ဘယ်လောက် ပမာဏထွက်တယ် မထွက်ဘူး covid ပိုး တကယ်ကူးနိုင်လား မကူးနိုင်လား အာမခံချက်မပေးနိုင်တဲ့ အတွက်ပါ။ ပိုပြီး တိကျ သေချာတဲ့ အဖြေကို လိုချင်ရင်တော့ ဆေးရုံ ဆေးခန်းက laboratory test မှာ စစ်ဆေးနိုင်ပါတယ်၊
ဒါပေမဲ့ အခုလို မြန်မာနိုင်ငံအခြေအနေမှာ ဆရာဝန်တွေကိုယ်တိုင် လက်ရှိ ရောဂါကူးစက်ခံနေရတဲ့ သူတွေကို Antibody နဲ့ စစ်ပြီး လူနာ သက်သာလား မသက်သာဘူးလားတိုင်းတာကြတာပါ။
ဘာလို့လဲ?
Laboratory မှာတစ်ခါစစ်ရင် ၃သောင်းကနေ ၆ သောင်းအထိ ကုန်ပြီး လူတိုင်း စစ်ဖို့ ဘယ်လိုမှ မလွယ်ပါဘူး
US မှာ FDA ပိတ်တယ် ဆိုတာ သူတို့ နိုင်ငံ သူတို့ အတိုင်းအတာနဲ့ပါ
စစ်တဲ့ အဖြေမှားတယ် မှန်တယ်ဆိုတာ WHO ,EUL, FDA ရခြင်း မရခြင်းနှင့် မဆိုင်ဘဲ Test Kit ရဲ့ Quality နဲ့ပဲ ဆိုင်ပါတယ်. WHO approved ရတဲ့ antibody test kit မရှိပါဘူး။
အထက်ပါ အကြောင်းအရာများက ကျွန်တော်လေ့လာကြည့်ထားသမျှ အကြောင်းအရာတွေဖြစ်ပြီး လိုအပ်ပါက ဆွေးနွေးအကြံပြုပေးလို့ ရပါတယ်ခင်ဗျ